ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် ညက ချင်းမိုင်မြို့ ဆန်ကဖန်းရပ်ကွက်တွင် ရှမ်းလူငယ် စိုင်းအိုက်မောင်(ခေါ်)အမ်နှင့် အိုက်ထော့ဆိုသူတို့ ဦးဆောင်သည့် လူငယ်ဂိုဏ်းသည် ထိုင်းနိုင်ငံသားလူငယ် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးနှင့် အမျိုးသားနှစ်ဦးတို့အား ဓားဖြင့်ခုတ်ခဲ့သည့်အတွက် ထိုင်းလူငယ်များ ဒဏ်ရာရရှိခဲ့ကြသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုင်းအိုက်မောင်နှင့် အိုက်ထော့ အပါအဝင် ၎င်းတို့ဂိုဏ်းအဖွဲ့ဝင် ၁၅ ဦးထက်မနည်းအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ ဥပဒေအရ အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောထားသည်။
ထိုဓားခုတ်မှုနောက်ဆက်တွဲအနေဖြင့် ထိုင်းအာဏာပိုင်များက အထူးရဲအဖွဲ့များဖြင့် ချင်းမိုင်မြို့၌ ကင်းလှည့်၊ ဂိတ်ချစစ်ဆေးခြင်းများ ပိုမိုတင်းကျပ်စွာပြုလုပ်ခဲ့ရာ နေထိုင်ခွင့်အထောက်အထား မပြည့်စုံသူများ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ထိုင်းရောက် ရှမ်းလူငယ်တချို့၏ အုပ်စုဖွဲ့ဂိုဏ်းဖွဲ့၍ အိမ်ရှင် နိုင်ငံသားများကို တိုက်ခိုက်ရန်ပြုသည့် လုပ်ရပ်များအား ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ထိုင်းနိုင်ငံဥပဒေများ လိုက်နာကြရန် အောက်တိုဘာ ၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ထိုင်းရောက် ရှမ်းလူငယ်တချို့၏ အုပ်စုဖွဲ့ဂိုဏ်းဖွဲ့၍ အိမ်ရှင် နိုင်ငံသားများကို တိုက်ခိုက်ရန်ပြုသည့် လုပ်ရပ်များအား ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ထိုင်းနိုင်ငံဥပဒေများ လိုက်နာကြရန် အောက်တိုဘာ ၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ရှမ်းလူငယ်ဂိုဏ်းများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းနှင့် ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်များကို ဧရာဝတီက မေးမြန်းထားသည်။
ရှမ်းအမျိုးသမီးအဖွဲ့ အတိုင်ပင်ခံ ဒေါ်ဟန်နွန်း
သတင်းကြားတာက များပြီ။ တဖွဲ့ပြီးတဖွဲ့ ရှမ်းလူငယ်လေးတွေ။ ကျမတို့အထင် သူတို့နောက်မှာ ကြိုးကိုင်တဲ့သူ တယောက်ယောက် တဖွဲ့ဖွဲ့ရှိမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို ဖမ်းပေါင်းများပြီ။ လုပ်ခဲ့ပေါင်း များပြီ။ ပြီးရင်လည်း ပြန်ပေါ်လာတယ်။ တဖွဲ့ပျောက်သွားပြီးရင် နောက်ထပ်တဖွဲ့တက်လာ။ အဲဒါဆိုရင် ကြိုးကိုင်ထားတဲ့ အာဏာရှိတဲ့သူ မငြိမ်မသက်အောင် လှုံ့ဆော်တဲ့အဖွဲ့လူကြီး ရှိကို ရှိမယ်။ ဘာဖြစ်လို့လဲဆိုရင် ရှမ်းကောင်လေးတွေက အလုပ်လာလုပ်တဲ့ အများအားဖြင့် ဘုမသိ ဘမသိတွေ။ ကျမတို့ထင်တာတော့ နောက်ကကြိုးကိုင်တာတွေ ရှိမယ်။ ကြီးကြီးမားမားတွေကို မဖမ်းဆီးနိုင်မချင်း အယောက်တရာ ဖမ်းလည်း ပေါ်လာမှာပဲ။ ဆူပူအောင်လုပ်မယ့်ဟာ ထွက် ထွက်လာမှာပဲဆိုတာ ယုံကြည်တယ်။
ကိုယ့်အသိုင်းအဝိုင်းထဲမှာတော့ ရိုးရိုးသားသား နေထိုင်စားသောက်တာတွေပဲ တွေ့ကြတယ်။ ဆိုးနေတာတွေကို မတွေ့ခဲ့၊ မဆုံခဲ့ဘူး။ ဒါပေမယ့် ရှမ်းအသိုင်းအဝိုင်းထဲတော့ မကောင်းဘူး။ နာမည်ပျက်တယ်ပေါ့။ ရှမ်းတိုင်းရင်းသားအားလုံးအတွက် နာမည်ပျက်အောင်လုပ်တယ်ပဲ ယူဆရတယ်။ အများအားဖြင့် သူများနိုင်ငံမှာ ခိုလှုံကြတယ် မဟုတ်လား။ ပူရာကနေ အေးရာကို လာခိုလှုံကြတော့ အခုဒီလိုမျိုးဆိုးတဲ့ ကောင်လေးအဖွဲ့တဖွဲ့ကြောင့် တမျိုးသားလုံး ရွှေ့ပြောင်းအလုပ်သမားအားလုံး ရှမ်းတင် မဟုတ်ဘူး။ အားလုံး နာမည်ပျက်တယ်။ သူတို့တွေက မူးယစ်ဆေးဝါးများ သုံးကြသလားပေါ့။ မူးယစ်ဆေးဝါးကြောင့်လည်း ပါမယ်ထင်တာပဲ။
ကျမတို့ ရှမ်းအဖွဲ့အစည်းထဲမှာ လူမှုရေးအဖွဲ့အစည်းလည်း ရှိတယ်။ ဆွေးနွေးကြမယ်။ တိုင်ပင်ကြမယ်။ ငါတို့ဘယ်လိုမျိုးနေကြမလဲဆိုတာ ပြောနေကြတယ်။ ရှမ်းလူငယ်တွေနာမည်ကောင်းရအောင် ရှမ်းတွေ မကဘူး။ မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့လူတွေအားလုံး မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုစွမ်းဆောင်မလဲ။ ဘယ်လိုပညာပေးကြမလဲ။
ကျမတို့ ရှမ်းအဖွဲ့အစည်းထဲမှာ လူမှုရေးအဖွဲ့အစည်းလည်း ရှိတယ်။ ဆွေးနွေးကြမယ်။ တိုင်ပင်ကြမယ်။ ငါတို့ဘယ်လိုမျိုးနေကြမလဲဆိုတာ ပြောနေကြတယ်။ ရှမ်းလူငယ်တွေနာမည်ကောင်းရအောင် ရှမ်းတွေ မကဘူး။ မြန်မာပြည်က ရွှေ့ပြောင်းလာတဲ့လူတွေအားလုံး မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုစွမ်းဆောင်မလဲ။ ဘယ်လိုပညာပေးကြမလဲ။ ဒီတိုင်းငြိမ်နေလို့တော့ မသင့်တော့ဘူးလို့ တယောက်စ ၂ယောက်စတော့ ပြောကြတာပေါ့။ ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်လိုထွက်ပေါက်ရှာကြမလဲ။ ဒီတိုင်းပစ်ထားလို့ မသင့်တော်တော့ဘူး။

ကျန်တဲ့သူတွေအတွက် အဖတ်ဆည်ဖို့ နာမည်ကောင်းရအောင် ဘယ်လိုလုပ်မလဲဆိုတာ။ သူများနိုင်ငံမှာ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်ကြရအောင်၊ အသက်မွေးဝမ်းကြောင်းရှာကြရအောင် ဘယ်လိုလုပ်မလဲ။ နောက်ထပ် ဒီလိုအဖွဲ့အစည်းတွေ မပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သက်ဆိုင်တဲ့ ရှမ်းအဖွဲ့အစည်း လူကြီးတွေနဲ့ ဘယ်လိုတိုင်ပင်ကြမလဲ။ အဲဒီလိုမျိုးပဲ စဉ်းစားနေကြတယ်။
အခုကလည်း ထိုင်းထဲမှာ တရားဝင်နေရဖို့အတွက် တဖက်က လက်ခံအောင် ကြိုးစားနေရတဲ့အချိန်မှာ သူများ လက်မခံချင် ဖြစ်မှာစိုးလို့ ဒီလိုမျိုး လူဆိုးများ၊ နာမည်ပျက်များလာရင် ကျန်တဲ့သူတွေအတွက် ဘယ်လိုလုပ်မလဲပေါ့။
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်း
အခုလိုမျိုးကိစ္စက အခုမှ ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး။ ခဏ ခဏဖြစ်တယ်။ အရင်တုန်းကလည်း ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုတဲ့အတိုင်းပဲ၊ အခု ရှမ်းလူငယ်တွေ ဆိုးသွမ်းတယ်၊ ရမ်းကားတယ်၊ ရိုက်နှက်တယ်၊ ခုတ်ထစ်တယ် ဆိုတာက အကုန်လုံး ရိုက်ခတ်တယ်။ ရှမ်းလူထုကြားထဲမှာလည်း စိတ်မကောင်းဘူး။ တချို့ကိုယ်တိုင်လည်း လုပ်ငန်းခွင်မှာ ကောင်းကောင်း မလုပ်နိုင်ဘဲ တိမ်းရှောင်ရတဲ့အနေအထားထိ ရောက်တယ်။ ဒါတွေက ရှင်းရှင်း ပြောရရင် ကိုင်တွယ်ရခက်တဲ့အနေအထားတခု ဖြစ်တယ်။
ဒီဖြစ်စဉ်က ကျနော်တို့မြန်မာနိုင်ငံရေးကြောင့် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်မှာ ၁၉၉၆ ကနေ ၁၉၉၈ ထိ မြန်မာစစ်တပ်က ရှမ်းပြည်ရဲ့ မြို့ပေါင်း ၁၁ မြို့နယ် ကျေးရွာမြို့နယ်ပေါင်း ၁၀၈၀ ကို အဓမ္မ ပြောင်းရွှေ့တယ်။ မိန်းကလေးတွေကို အဓမ္မပြုကျင့်တယ်။ သူတို့တွေ ထွက်ပြေးတိမ်းရှောင်ရတော့ ထိုင်းနိုင်ငံထဲကို ရောက်လာတယ်။ မိဘတွေက ထိုင်းနိုင်ငံသား မဖြစ်တော့ ကလေးတွေကလည်း ထိုင်းနိုင်ငံသားဖြစ်ခွင့် မရှိဘူး။ ဖြစ်ခွင့် မရှိတော့ အဲဒီတုန်းက ၄၊ ၅ နှစ်နဲ့ မွေးလာတဲ့ ကလေးတွေက ဒီဘက်ရောက်လာရင် ထိုင်းမှာမွေးတာ မဟုတ်တော့ ထိုင်းနိုင်ငံသားဖြစ်ခွင့် မရတော့ မြန်မာစကားကလည်း မတတ်ဘူး။ မြန်မာမှတ်ပုံတင်လည်း မရှိဘူး။ ထိုင်းကျောင်းမှာနေရတော့ ထိုင်းစကား ကောင်းကောင်းတတ်တယ်။ ထိုင်းစာ ကောင်းကောင်းတတ်တယ်။ ဒါပေမယ့် ခြေသလုံးအိမ်တိုင်ဆိုတာထက် နိုင်ငံမဲ့တဲ့အခြေအနေမှာဖြစ်တော့ မြန်မာပြည်မှာလည်း နေလို့မရဘူး။ ထိုင်းနိုင်ငံသားလည်း ဖြစ်ခွင့် မရဘူး။ ပညာလည်းကောင်းကောင်း မဆည်းပူးရဘူးဆိုတော့ လမ်းပေါ်မှာ ရောက်နေတဲ့ကလေးတွေ ဖြစ်တယ်။
၂၀၁၂ ၊ ၂၀၁၃ မှာ ရှမ်းပြည်အလယ်ပိုင်း တိုက်ပွဲအကြီးအကျယ် ဆင်နွှဲတယ်။ အဲဒီတုန်းက မိဘနဲ့ လိုက်လာတဲ့ ကလေးတွေက အထိန်းအကွပ်မဲ့ဖြစ်သွားတယ်။ မိဘတွေက ထိုင်းကိုရောက်တော့ အိမ်ထောင်ကွဲတယ်။ သားသမီးတွေက ခိုကိုးရာမဲ့လမ်းပေါ်ရောက်တယ်။ ဒီလိုဖြစ်တဲ့ကိစ္စက မြန်မာ့နိုင်ငံရေးကြောင့်ဖြစ်ရတဲ့ကိစ္စ။ ရှမ်းပဲနာမည်ပျက်တာ မဟုတ်ဘူး။ ဖမာ့ (မြန်မာ) လို့ ပြောတော့ မြန်မာပြည်သားတွေအားလုံးကို ဂယက်ရိုက်ပါတယ်။
ကလေးတွေကို မူးယစ်ဆေးဝါး စွဲနေလား။ အရက်စွဲနေလား။ လမ်းပေါ်ရောက်နေလားဆိုပြီး အာဏာပိုင်တွေ ပူးပေါင်းပြီး ပြုပြင်တဲ့ကျောင်းတွေ ရောက်သွားတဲ့ ကလေးတွေလည်း ရှိပါတယ်။ သိပ်မပြင်းထန်တဲ့သူတွေကျတော့ ထိုင်းရဲက ဖမ်းပြီးတော့ နယ်စပ်ကို ပြန်ပို့တယ်။ ထိုင်းရဲတောင် ပြန်မရောက်သေးဘူး။ သူတို့က ပြန်ရောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဘက်လည်း ပြန်မရဘူး။ ဗမာစကားကလည်း မတတ်ဘူး။ မှတ်ပုံတင်ကလည်း မရှိဘူး။ ထိုင်းမှာလည်း ထိုင်းနိုင်ငံသားကတ် မရှိဘူး။ အဲဒီလိုဆိုတော့ ထိန်းကွပ်ရတာခက်ခဲတဲ့ကိစ္စဖြစ်တယ်။
ကလေးတွေကို မူးယစ်ဆေးဝါး စွဲနေလား။ အရက်စွဲနေလား။ လမ်းပေါ်ရောက်နေလားဆိုပြီး အာဏာပိုင်တွေ ပူးပေါင်းပြီး ပြုပြင်တဲ့ကျောင်းတွေ ရောက်သွားတဲ့ ကလေးတွေလည်း ရှိပါတယ်။ သိပ်မပြင်းထန်တဲ့သူတွေကျတော့ ထိုင်းရဲက ဖမ်းပြီးတော့ နယ်စပ်ကို ပြန်ပို့တယ်။ ထိုင်းရဲတောင် ပြန်မရောက်သေးဘူး။ သူတို့က ပြန်ရောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဘက်လည်း ပြန်မရဘူး။ ဗမာစကားကလည်း မတတ်ဘူး။ မှတ်ပုံတင်ကလည်း မရှိဘူး။ ထိုင်းမှာလည်း ထိုင်းနိုင်ငံသားကတ် မရှိဘူး။ အဲဒီလိုဆိုတော့ ထိန်းကွပ်ရတာခက်ခဲတဲ့ကိစ္စဖြစ်တယ်။
ဒါပေမယ့် ရှမ်းစာပေယဉ်ကျေးမှုကနေ ဘယ်လောက်လုပ်နိုင်လဲဆိုတာက ဒီကလေးတွေအရေးကို ကိုင်တွယ်ဖို့ အရမ်းခက်နေတဲ့အရာဖြစ်တယ်။ လူမှုရေးအဖွဲ့အစည်းတွေကတော့ ကွင်းဆင်းပြီးတော့ ပညာပေးတယ်။ မူးယစ်ဆေးဝါး ကင်းစင်အောင် ၊ လမ်းပေါ် မရောက်အောင်၊ အလုပ်ကြိုးစားအောင်၊ ရောဂါတွေကင်းဝေးအောင် လုပ်နိုင်သလောက်လုပ်တယ်။ ဒါပေမယ့် ထိရောက်မှုတော့ အားနည်းတာပေါ့၊ တတ်နိုင်သလောက်လုပ်နေတဲ့အပိုင်းတွေတော့ ရှိနေတာပေါ့။
အနှိမ်ခံရတဲ့ကိစ္စက ဖမာ့ (မြန်မာ) က နိမ့်ကျတဲ့လူ လာရင် အလုပ်ကြမ်းတွေပဲ လုပ်တဲ့လူ၊ သူတို့နိုင်ငံထဲမှာ ရှုပ်ရှုပ်ထွေးထွေး လာဖြစ်နေတဲ့လူတွေဆိုပြီး တောက်လျောက် အနှိမ်ခံရတယ်။ ထိုင်းယိုင်လို့ပြောတဲ့ဟာက ရှမ်းတွေက ထိုင်းနဲ့ နီးစပ်တယ်ဆိုပေမယ့် အများအားဖြင့် ထိုင်းလို့ မမြင်ဘူး။ မြန်မာပြည်ကလာတော့ ဖမာ့ (မြန်မာ)လို့ပဲ ခေါ်ကြတယ်။ ဒါပေမယ့် တချို့တွေကတော့ ရှမ်းကို ရှမ်းလို့မခေါ်ဘဲ ထိုင်းယိုင်လို့ခေါ်တာကျတော့ ထိုင်းစကားအရ ကျနော်တို့ကို ရှမ်းလူမျိုးလို့ခေါ်တာဖြစ်တယ်။ ရှမ်းကြီးပေါ့။ အနှိမ်ခံရတဲ့ကိစ္စကတော့ ရိုးတော့ ရိုးနေပြီ။ ဗမာစကားပြောလည်း မပီဘူး။ ရေးလည်း မတတ်ဘူး။ ဝတ္ထုတွေဇာတ်လမ်းတွေတောင် အများကြီးထွက်တယ်။ အနှိမ်ခံရတာက။

အခုလိုကိစ္စဖြစ်တာ ကျနော်တို့လည်း စိတ်မကောင်းဘူး။ အားလုံး ဂယက်ရိုက်တယ်။ ကိုယ့်ရဲ့ နိုင်ငံသားအားလုံး အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ အခုလိုမျိုး လူငယ်ဂိုဏ်းက အဲဒီလိုမျိုးဖြစ်တော့ အဆင်မပြေသေးတဲ့၊ လာခါစ အသိုင်းအဝိုင်းတွေ၊ မြန်မာလူငယ်တွေလည်း သိမ်းကျုံးပြီးတော့မှ ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။ အနည်းနဲ့ အများ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ ကျနော်တို့လည်း ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။ ထိုင်းနိုင်ငံအနေနဲ့ လက်ရှိ အခြေအနေအရ အခုပြဿနာကို ဖြေရှင်းဖို့ကလည်း ခက်ခဲလိမ့်မယ်။ ပန်းရောင်ကတ်တွေ ရိုက်ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့သူဌေးတွေ ဘယ်သူဘယ်ဝါဖြစ်တယ်။ အထောက်အထား ရှိပြီဆိုတော့ အရေးယူဖို့ လမ်းကြောင်းလေးတခု ကနေ ထိန်းချုပ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေအတွက်လည်း အခုနောက်ပိုင်းကတ်တွေ ထုတ်ပေးလာတာဟာ ဒီပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ပါပဲ။
ဒေါ်နန်းခမ်း (ရှမ်းအမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ သာရေး၊ နာရေး ကူညီဆောင်ရွက်ပေးသူ)
အများအားဖြင့်တော့ သဘောမကျဘူးပေါ့နော်။ သူတို့ကြောင့်မို့လို့တော့ တခြားသူတွေ လွတ်လွတ်လပ်လပ် မနေရတော့ဘူးပေါ့။ အထောက်အထားမရှိတဲ့သူဆို ပိုဆိုးတာပေါ့။ သွားရလာရတာ အနေကျပ်တယ်။ ထိုင်းလူမျိုးတွေကြားမှာ မျက်နှာငယ်ရတယ်။ တချို့ဆို ရှမ်းလို့တောင် မပြောချင်တော့ဘူး။ နေရ ပိုခက်တာပေါ့။
သူတို့က မြန်မာပြည်ထဲက ငယ်ငယ်ကတည်းက ထွက်လာတယ်။ စာလည်း မသင်ခဲ့ရတော့ ဒီလိုပုံစံဖြစ်တယ် ထင်ပါတယ်။ လူ့ကျင့်ဝတ်တွေ နားမလည်ဘူး။ ရှမ်းပြည်မှာကျတော့ လူ့အခွင့်အရေးတွေ ဘာတွေ မရှိဘူး။ တချိန်လုံးကြောက်ပြီး ဟိုလက်နက်ကိုင် ကြောက်ရ၊ ဒီလက်နက်ကိုင် ကြောက်ရဆိုတော့ ထိုင်းရောက်တော့ လွတ်လပ်သွားတာ။ အဲဒီလွတ်လပ်မှုကို အသုံးမချတတ်ဘူး။ ထိုင်းကြားထဲမှာတောင် မဟုတ်ဘူး။ ကိုယ့်လူမျိုးအချင်းချင်းကြားမှာလည်း ရှမ်းကို တော်တော်ပြောတယ်။
သူတို့က မြန်မာပြည်ထဲက ငယ်ငယ်ကတည်းက ထွက်လာတယ်။ စာလည်း မသင်ခဲ့ရတော့ ဒီလိုပုံစံဖြစ်တယ် ထင်ပါတယ်။ လူ့ကျင့်ဝတ်တွေ နားမလည်ဘူး။ ရှမ်းပြည်မှာကျတော့ လူ့အခွင့်အရေးတွေ ဘာတွေ မရှိဘူး။ တချိန်လုံးကြောက်ပြီး ဟိုလက်နက်ကိုင် ကြောက်ရ၊ ဒီလက်နက်ကိုင် ကြောက်ရဆိုတော့ ထိုင်းရောက်တော့ လွတ်လပ်သွားတာ။ အဲဒီလွတ်လပ်မှုကို အသုံးမချတတ်ဘူး။ ထိုင်းကြားထဲမှာတောင် မဟုတ်ဘူး။ ကိုယ့်လူမျိုးအချင်းချင်းကြားမှာလည်း ရှမ်းကို တော်တော်ပြောတယ်။
ကောင်းကောင်းမွန်မွန်နေနေကြတဲ့ ရှမ်းလူငယ်အဖွဲ့တွေလည်း ရှိတယ်။ ပရဟိတအဖွဲ့တွေလည်း ရှိတယ်။ သူတို့လည်း လူငယ်တွေ လမ်းမှားမရောက်ဖို့ ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့အတွက် လုပ်နေကြတာတွေ ရှိတယ်။ ရှမ်းလူငယ်အဖွဲ့ကတော့ အကုန်လုံးကို လက်ကမ်းကြိုတယ်။ ဖြစ်နိုင်ရင် ဒီအဖွဲ့အစည်းတွေကို ဝင်လာစေချင်တယ်။
ထိုင်းရောက် ရှမ်းလူငယ်တဦး
ပထမဆုံး ပြောချင်တဲ အချက်က ရမ်းကားနေတဲ့ လူငယ်လူမိုက် စာမတတ်ပေမတတ်ထဲမှာပါပြီး သူတို့နောက်ခံမှာ ဂိုဏ်းချုပ်တယောက် ထိန်းချုပ်ထားတာမျိုး ရှိလိမ့်မယ်။ အခုလိုသူတို့ရမ်းကားပြီး မိုက်နေတာ သာမန်တနေ့ရှာ တနေ့ဝမ်းစာရေးအတွက် ရိုးသားပြီး ကြိုးစားနေတဲ့ လူငယ်တွေအတွက် ပတ်ဝန်းကျင် ယုံကြည်မှုပိုင်း ထိခိုက်တယ်လို့ မြင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီလို လူမိုက် ရမ်းကား ထိုင်းယိုင်လူငယ်အုပ်စုတွေ အပြင်မှာ အုပ်စုဖွဲ့ မဟုတ်မမှန် တွေ့ရှိပါက သက်ဆိုင်ရာ ရဲစခန်းအကြောင်းကြားပြီး ထိုင်းနိုင်ငံဥပဒေ စည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်စေလိုပါတယ်။
You may also like these stories:
ရှမ်းလူငယ်ဂိုဏ်းတွေက ချင်းမိုင်မှာ ခုမှပေါ်တာ မဟုတ်ဘူး (ရုပ်/သံ)
လက်ခံထားသော “အိမ်ရှင်” နှင့် ဆင်ခြင် နေထိုင်ရမည့် “ဧည့်သည်”
စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ
အပြိုင်အဆိုင် စစ်သားစုမှုကြား ပူပန်နေရတဲ့ ရှမ်းပြည်သားတွေ
သီပေါနဲ့ နမ္မတူမြို့တွေကို ဆက်တိုက် ဗုံးကြဲနေ (ရုပ်/သံ)
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်













