ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆယ်ကျော်သက်ရှမ်းလူငယ်တစုက ဓားခုတ်ရမ်းကားခဲ့လို့ လူငယ် ၁၅ ဦးပါ ဂိုဏ်းတခုကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက် ည ၁၁ နာရီကျော်က ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အထူးသဖြင့် ရှမ်းတိုင်းရင်းသားတွေကို ပစ်မှတ်ထား စစ်ဆေးမေးမြန်း ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ချင်းမိုင်မှာ ပြန်ပေါ်လာတဲ့ ရှမ်းလူငယ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးဖို့ Shan Herald Agency for News သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် စိုင်းမိဏ်းကို ဒီတပတ် တွေ့ဆုံမေးမြန်းခန်းအတွက် ဖိတ်ခေါ်ဆွေးနွေးထားပါတယ်။
သျှမ်းသံတော်ဆင့် သတင်းဌာနဟာ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးနဲ့ လူ့အခွင့်အရေးတွေအပြင် ထိုင်း-မြန်မာနယ်စပ်က ရှမ်းစစ်ရှောင်တွေနဲ့ ရှမ်းရွှေ့ပြောင်း လုပ်သားတွေ အရေးကိုလည်း နှစ်ပေါင်းများစွာ အထူးပြုရေးသားနေတဲ့ သတင်းဌာနဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













