• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

by ဧရာဝတီ
6 October 2025
in သတင်း
A A
စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ / ဧရာဝတီ

1.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင် (ထန်းသစ်ရွာ)ရွာမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသည့် ဘုန်းကြီး ဦးဝေပုလ္လ ဦးဆောင်၍ စစ်မှုထမ်းအတွက် လူငယ်များအား ပေါ်တာဆွဲနေကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးယူထားသည့် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့များ နှင့်အတူ ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လ၏တပည့် စစ်ကိုင်းအနောက်တာသား စောပြည့်ချမ်းသာ ဦးဆောင်၍ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရပ်ကွက်တွင်းဝင်၍ သေနတ်ပစ်ဖောက်မှုများလုပ်သလို အိမ်ထဲထိပါဝင်ပြီး ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“ဒီကောင်တွေက လူတွေကိုဆွဲပြီးတော့ ဝေပုလ္လဆိုတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားကြပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတာ။ လူ တယောက်ကို ပြန်လိုချင်ရင် အနည်းဆုံး သိန်း ၅၀/၆၀ ဆိုတာမျိုး တောင်းနေတာ။ မပေးနိုင်ရင် စစ်တပ်ထဲ ထည့်ပစ်လိုက် တာပဲ။ သူတို့က လူတွေကို ဖမ်းပြီးရောင်းစားနေကြတာမျိုး။ တရားဝင်လိုင်စင်ရ လူကုန်ကူးခွင့်ရနေတာမျိုးပေါ့” ဟု စစ်ကိုင်းမြို့ခံတဦးက ပြောသည်။

စက်တင်ဘာ နောက်ဆုံးပတ်အတွင်း၌ပင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အနည်းငယ်သာ ပြန်လွတ်မြောက်လာကာ အများစုမှာ ပြန်လွတ်လာခြင်းမရှိကြောင်း စစ်ကိုင်းမြို့ပေါ် ရှိ စစ်ရှောင်များနေထိုင်ရာ ရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများကို ဧည့်စာရင်းအကြောင်းပြ၍ လူငယ်များအား ပစ်မှတ်ထားဖမ်းဆီးနေကြောင်း၊ မြို့ပေါ်၌ စစ်တပ် ဖွဲ့စည်းပေး ထားသည့် ပျူစောထီးအဖွဲ့ဝင် ထောင်ကျော်ထိရှိနေပြီး ဧည့်စာရင်းစစ်ရာတွင် ပျူစောထီးအဖွဲ့များက ဦးဆောင်နေခြင်းဟု လည်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ဘုန်းကြီး ဦးဝေပုလ္လသည် စစ်ကိုင်းတောင်ရိုးပေါ်မှ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) တည်ရှိသော ထွဋ်ခေါင် (ထန်းသစ်ရွာ)ကျေးရွာတွင် မြေဝယ်ယူကာ ကိုယ်ပိုင်ကျောင်းဆောက်၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးနေသူ ဖြစ်ပြီး လက်ရှိ ပျူစောထီးအထိုင်စခန်းအဖြစ် ဖွင့်လှစ်ထားကာ ကျောင်းပရဝုဏ်ကို လုံခြုံရေးအထပ်ထပ်ချထားကြောင်း မြို့ခံများက ဆိုသည်။

စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ/ CJ

“သူက သင်္ကန်းဝတ်ထားပေမယ့် မိန်းမနဲ့ဗျ။ အဲဒီမိန်းမက လက်ကောက်တွေ ဝတ်ထားတာမှ တံတောင်ဆစ်လောက်အထိ ရှိတယ်။ အဲဒါကို ထွဋ်ခေါင်တရွာလုံး သိကြတယ်။ ဘုန်းကြီးဝေပုလ္လ၊ သူ့လက်အောက်က ရွှေပုတီးတို့၊ ဘုန်းကြီး ဦးဂန္ဓမာတို့ ဆိုတာ စာတတ်ပေတတ်ထဲမှာမပါ။ ကျနော်တို့သိရသလောက် အကြီးတန်းလောက်ပဲ အောင်ထားတာ။ မြေဝယ်ပြီး ကိုယ့် ကျောင်းကိုယ်ဆောက် ကျောင်းထိုင်နေတာမျိုး” ဟု ဒေသခံတဦးက ပြောသည်။

ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက တရားမဝင်လုပ်ငန်းများဖြစ်သော နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သလို သစ်၊ ဓာတုဆေး စသဖြင့် ကန့်သတ် တရားမဝင်ကုန် စည်များ သယ်ဆောင်နိုင်ရေး ငွေကြေးရယူ လုပ်ဆောင်ခဲ့သူလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ခတ်မှုအတွင်း ရတနာပုံတံတား (စစ်ကိုင်း)တံတား ထိခိုက်မှုများရှိခဲ့သဖြင့် ကုန်တင်ကားကြီးများကို ပေးမဖြတ်ဘဲ ဇက်သင်္ဘောဖြင့် ဧရာဝတီမြစ်ဖြတ်ကူးမှုတွင်လည်း ဘုန်းကြီးဦးဝေပုလ္လ၏ တပည့်ဖြစ်သူ ရွှေပုတီးဘုန်းကြီး ဦးဆောင်၍ ဇက်ဆိပ်၌ ငွေကြေးကောက်ခံနေသလို စစ်တပ်အလိုကျ လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အလားတူ ပျူစောထီးခေါင်းဆောင်ဖြစ်နေသူ စောပြည့်ချမ်းသာသည်လည်း ရပ်နားလိုက်ရသည့် စစ်ကိုင်းမြို့ အခြေ စိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက်ဟောင်းတယောက်ဖြစ်ပြီး ၂၀၂၁ ဇွန် ၂၆ ရက်၌ စစ်ကိုင်းခရိုင် ဒုစရိုက်နှိမ် နင်းရေးအဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန် ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနအား ပိတ်သိမ်းကာ အယ်ဒီတာချုပ် ကိုစောရန် ပိုင် အပါအဝင် သတင်းထောက်များကို အမှုဖွင့်ခဲ့ပြီး ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်း၊ စောပြည့်ချမ်းသာတို့ ဖမ်းဆီးခံရကာ လက်ရှိ ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်းတို့ ထောင်ချခံထားရသော်လည်း စောပြည့်ချမ်းသာတဦးတည်း ပြန်လည်လွတ် မြောက်လာခြင်း ဖြစ်သည်။

လက်ရှိ စစ်ကိုင်းမြို့အနှံ့တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ အိမ်စီးကားများဖြင့် ကင်းလှည့်နေသလို လမ်းပေါ်သွားလာနေ သည့် ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ရတနာပုံတံတား (စစ်ကိုင်း) ပေါ်၌လည်း ခရီးသွားပြည်သူများအား မှတ်ပုံတင်စစ်ဆေးပြီး အမျိုးသမီးများ အပါအဝင် လူငယ်များ နေ့စဉ် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

You may also like these stories:

PDF များ၏ စစ်ကိုင်းတိုင်း ပြောက်ကျားဒေသနှင့် လွတ်မြောက်ဒေသ

မန္တလေးနှင့် စစ်ကိုင်းရောက်စစ်ရှောင်များအား မဲပေးရန် ငွေဖြင့်စည်းရုံး

စစ်ပွဲသာမက သဘာ၀၀န်းကျင်ပျက်စီးမှု အကျိုးဆက် ပြည်သူတို့ ခံစားနေရ

Your Thoughts …
Tags: စစ်ကိုင်းမြို့စစ်မှုထမ်းပေါ်တာဆွဲပျူစောထီးဘုန်းကြီး ဦးဝေပုလ္လလူငယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

Next Post
မဲရုံကို သွားကြစို့

မဲရုံကို သွားကြစို့

အစွန်း ၂ ဖက်မှ သံတမန်ရေးကို လေ့လာခြင်း

အစွန်း ၂ ဖက်မှ သံတမန်ရေးကို လေ့လာခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved