စက်တင်ဘာလလယ်တွင် မြန်မာစစ်အုပ်စု အဆင့်မြင့်ခေါင်းဆောင်ပိုင်းသည် တရုတ်တွင် သံတမန်ရေး “အင်အားပြပွဲ” ပြုလုပ်သည်။ တပတ်အတွင်း အနည်းဆုံး အရာရှိရှစ်ဦးဖြစ်သည့် ဝန်ကြီး ခြောက်ဦး၊ ရေတပ်အကြီးအကဲနှင့် မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌတို့သည် ရှန်ကျန်၊ ရှန်ဟိုင်းနှင့် နန်နင်းတို့သို့ ညီလာခံများ၊ ဖိုရမ်များနှင့် “ချစ်ကြည်ရေးခရီးများ” ခေါက်တုံ့ခေါက်ပြန် သွားရောက်သည်။
အစီအစဉ်တွင်ပါဝင်သည်မှာ ပူးတွဲလုံခြုံရေး စစ်ဆင်ရေးများ၊ ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အချက်အလက်မျှဝေရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတိုးတက်မှု စသည်တို့ ပါဝင်သည်။
ထိုကိစ္စသည် သာမန်ဝန်ကြီးအဆင့်ခရီးစဉ် မဟုတ်ပေ။ ချောင်ပိတ်မိနေသော စစ်အုပ်စု ဆက်လက် ရှင်သန်ရေးအတွက် အရေးပါသောကဏ္ဍတိုင်းဖြစ်သည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ စက်မှု၊ ထောက်လှမ်းရေးနှင့် သံတမန်ရေးတို့တွင် တရုတ်ထံမှ အသက်သွေးကြောရရန် ပူးပေါင်းဆောင်ရွက်ရေး တွန်းအားဖြစ်သည်။
စစ်အုပ်စုသည် တရုတ်ထောက်ခံမှုကိုသာ စည်းရုံးနေသည်မဟုတ်ဘဲ မြန်မာ၏ အနာဂတ်ကို တရုတ်၏ ဒစ်ဂျစ်တယ်နှင့် လုံခြုံရေးစနစ်အတွင်း ချိတ်ဆက်နေခြင်းဖြစ်ကြောင်းနှင့် တရုတ်က ၎င်း၏ချုပ်ကိုင်မှုကို တင်းကျပ်ရန် သေနင်္ဂဗျူဟာကျသည့် အခွင့်အလမ်းဖြစ်ကြောင်း ထိုအစီအစဉ်က ပြသနေသည်။
စစ်အုပ်စုသည် တရုတ်ထောက်ခံမှုကိုသာ စည်းရုံးနေသည်မဟုတ်ဘဲ မြန်မာ၏ အနာဂတ်ကို တရုတ်၏ ဒစ်ဂျစ်တယ်နှင့် လုံခြုံရေးစနစ်အတွင်း ချိတ်ဆက်နေခြင်းဖြစ်ကြောင်းနှင့် တရုတ်က ၎င်း၏ချုပ်ကိုင်မှုကို တင်းကျပ်ရန် သေနင်္ဂဗျူဟာကျသည့် အခွင့်အလမ်းဖြစ်ကြောင်း ထိုအစီအစဉ်က ပြသနေသည်။
ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် စင်္ကြံနိုင်ငံတော်
နန်နင်းတွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောက ဒစ်ဂျစ်တယ် ကုန်သွယ်ရေး၊ AI အကူအညီကိုရယူသည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆိုက်ဘာလုံခြုံရေးတွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုသည်။
စကားလုံးများကို လှည့်ပတ်ပြောထားသော်လည်း ဇာတ်ညွှန်းသည် အားလုံးသိပြီးသည့် ဇာတ်ညွှန်းဖြစ်သည်။ မြန်မာသည် ဒေသတွင်း ဒစ်ဂျစ်တယ် ကုန်သွယ်ရေးတွင် တန်းတူညီမျှသည့် သက်ဆိုင်သူအဖြစ် လူရာသွင်းမခံရပေ။ မြန်မာကို စင်္ကြံနိုင်ငံတော် သို့မဟုတ် တရုတ်အခြေခံအဆောက်အအုံနှင့် အချက်အလက် စီးဆင်းသည့် လမ်းကြောင်းအဖြစ် ဖော်ပြသည်။
တရုတ်က ဒစ်ဂျစ်တယ် ပိုးလမ်းမသည် အာဆီယံ ဆက်သွယ်ရေးအတွက် ကျောရိုးဖြစ်သည့်ပုံဖြင့် တင်ပြသော်လည်း စစ်ကော်မရှင်အတွက် တွက်ချက်မှုသည် မျှော်လင့်ချက် များစွာပိုမိုကင်းမဲ့သည်။ ဗိုလ်ချုပ်များသည် မြန်မာ့စီးပွားရေးကို မြှင့်တင်ရန် ပေါင်းစည်းရေးကြိုးစားခြင်း မဟုတ်ဘဲ လုံးဝနီးပါး နိုင်ငံတကာ အထီးကျန်မှုကာလတွင် တရုတ်ထံမှ နိုင်ငံရေးအကာအကွယ်ရရန် ကြိုးစားခြင်းဖြစ်သည်။
ထို့ကြောင့် “ဆက်သွယ်ရေး” ဆိုသည့် တောက်ပသောစကားလုံးများသည် အနှစ်သာရကင်းမဲ့သည်။ တရုတ်အတွက် ထိုကိစ္စသည် သြဇာဟု အဓိပ္ပာယ်ရသည်။ မြန်မာ၏ ကွန်ရက်များ၊ ကုန်သွယ်ရေးနှင့် စောင့်ကြည့် ထောက်လှမ်းရေးစွမ်းရည်ကို တရုတ်၏ ပတ်လမ်းအတွင်း ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ စစ်အုပ်စုအတွက် ထိုကိစ္စသည် ထိန်းချုပ်နိုင်စွမ်းဖြစ်ပြီး ပြည်တွင်းမှ အတိုက်အခံများကို ထိန်းချုပ်ရန်နှင့် ပြည်ပတွင် တရုတ်၏ စောင်မမှု ဆက်လက်ရနေရန် အသုံးချခံဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ် ရင်မင်ဘီ ငွေပေးချေမှုများ
အရေးအပါဆုံးအစီအစဉ်မှာ ရှန်ကျန်နှင့် ရှန်ဟိုင်းတွင်ဖြစ်ပြီး ထိုနေရာများတွင် မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဟွာဝေး၏ ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ထိပ်သီးဆွေးနွေးပွဲနှင့် ဝါရင့်ဘဏ္ဍာရေးအရာရှိများ အစည်းအဝေးတွင် ဒစ်ဂျစ်တယ် ရင်မင်ဘီ (RMB) ဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကို အတည်ပြုသည်။
နေပြည်တော်အတွက် ထိုကိစ္စသည် တီထွင်ဆန်းသစ်မှု သို့မဟုတ် အနာဂတ် မဟုတ်ပေ။ ဘဏ္ဍာရေး ဆက်လက် ရှင်သန်နိုင်ရေးဖြစ်သည်။ အရေးယူပိတ်ဆို့မှုများက ကမ္ဘာ့ဈေးကွက်သို့ ပိတ်ပင်ထားခြင်းနှင့်အတူ နိုင်ငံခြားငွေကြေး အရန်ငွေ ခန်းခြောက်လာပြီး ကျပ်ငွေသည် ထိုးစိုက်ဆင်းကာ ဒစ်ဂျစ်တယ် ရင်မင်ဘီ ပေးချေမှုသည် ကုန်သွယ်ရေးနှင့် ငွေလွှဲပို့မှုများ တည်ငြိမ်စေရန် ကျဉ်းမြောင်းသောလမ်းကြောင်း ဖြစ်ပုံရသည်။
လက်တွေ့တွင် မြန်မာဗဟိုဘဏ်၏ အဓိက အစီအစဉ်သည် မြန်မာပြည်တွင်း ၎င်း၏ ကွန်ရက်စနစ်ကို တရုတ်၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် (CIPS) နှင့် ချိတ်ဆက်ရန်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) ၏ ရန်ကုန်ဘဏ်ခွဲသည် CIPS တွင် ပထမဆုံး တိုက်ရိုက်ပါဝင်လာပြီး မြန်မာနှင့် နယ်စပ်တွင် ယွမ်ငွေဖြင့် ငွေပေးငွေယူခြင်းကို ချောမွေ့စေသည်။ ထိုကိစ္စသည် ပထမခြေလှမ်းသာဖြစ်ပြီး မြန်မာဗဟိုဘဏ်သည် CIPS နှင့် အပြည့်အဝ မချိတ်ဆက်ရသေးပေ။
လက်တွေ့တွင် မြန်မာဗဟိုဘဏ်၏ အဓိက အစီအစဉ်သည် မြန်မာပြည်တွင်း ၎င်း၏ ကွန်ရက်စနစ်ကို တရုတ်၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် (CIPS) နှင့် ချိတ်ဆက်ရန်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) ၏ ရန်ကုန်ဘဏ်ခွဲသည် CIPS တွင် ပထမဆုံး တိုက်ရိုက်ပါဝင်လာပြီး မြန်မာနှင့် နယ်စပ်တွင် ယွမ်ငွေဖြင့် ငွေပေးငွေယူခြင်းကို ချောမွေ့စေသည်။ ထိုကိစ္စသည် ပထမခြေလှမ်းသာဖြစ်ပြီး မြန်မာဗဟိုဘဏ်သည် CIPS နှင့် အပြည့်အဝ မချိတ်ဆက်ရသေးပေ။
မြန်မာ၏ ပြည်တွင်း ဗဟိုဘဏ်ကွန်ရက်ကို CIPS နှင့် ချိတ်ဆက်ခြင်းအားဖြင့် စစ်အုပ်စုသည် တရုတ်နိုင်ငံသို့ တိုက်ရိုက် ဘဏ္ဍာရေးလမ်းကြောင်းရရှိပြီး SWIFT ကွန်ရက်ကဲ့သို့ အနောက်တိုင်းထိန်းချုပ် အစဉ်အလာလမ်းကြောင်းများကို ရှောင်ကွင်းနိုင်သည်။
ဒေါ်လာအခြေပြု ငွေပေးငွေယူများကို အနောက်တိုင်း အရေးယူပိတ်ဆို့မှုများက ကန့်သတ်ပြီး သဘာဝဓာတ်ငွေ့တင်ပို့မှု၊ သစ်နှင့် အခြားနိုင်ငံပိုင်လုပ်ငန်းများကဲသို့သော ဝင်ငွေလမ်းကြောင်းများကို ပစ်မှတ်ထားခြင်းကြောင့် စစ်အုပ်စုသည် ၎င်း၏အာဏာချုပ်ကိုင်မှုကို ထိန်းသိမ်းထားရန် အခြားဘဏ္ဍာရေးလမ်းကြောင်း ရှာဖွေနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
ဘဏ္ဍာရေး အသက်သွေးကြောများကို တရုတ်၏ စနစ်များအတွင်း ပေါင်းစည်းခြင်းဖြင့် မြန်မာသည် ငွေရေးကြေးရေး အချုပ်အခြာအာဏာကိုလည်း ဆုံးရှုံးသည်။ တရုတ်၏ အကျိုးအမြတ်မှာ သေနင်္ဂဗျူဟာကျပြီး ရေရှည်သဘောဆောင်သည်။ ၎င်း၏ ဒစ်ဂျစ်တယ်ငွေကြေးသို့ ခွဲထုတ်မရအောင် ချိတ်ဆက်လာသည့် စီးပွားရေးရှိသည့် အိမ်နီးချင်းနိုင်ငံတခုကို ရရှိခြင်းဖြစ်သည်။

စက်မှုမှီခိုမှုနှင့် နည်းပညာပိတ်မိခြင်း
နန်နင်းတွင် မြန်မာစစ်အုပ်စု စက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် စမတ် ကုန်ထုတ်လုပ်မှုဖိုရမ်သို့ တက်ရောက်ပြီး AI အကူအညီကိုရယူသည့် ထုတ်လုပ်မှုနှင့် စွမ်းအင်စနစ်များကို ထောက်ခံအတည်ပြုသည်။
တရားဝင်ပြောကြားချက်များအရ ထိုကိစ္စသည် စက်မှုအဆင့်မြှင့်တင်ရေးဖြစ်သည်။ လက်တွေ့တွင် ထိုကိစ္စသည် တရုတ်စံနှုန်းများကို ဒေသတွင်း ပင်မစံနမူနာပုံစံအဖြစ် ပြသသည်။ ပဋိပက္ခကြောင့် တုံ့ဆိုင်းပြီး ပျက်စီးနေသည့် မြန်မာ့စက်မှုကဏ္ဍသည် ထိုနည်းပညာများကို အမှီအခိုကင်းစွာ ရယူရန် သို့မဟုတ် ကျင့်သုံးရန် ပြည်တွင်းစွမ်းရည် မရှိပေ။
ယနေ့ ခေတ်မီရေးကဲ့သို့ဖြစ်သော်လည်း မြန်မာနိုင်ငံအား နည်းပညာပိတ်မိသည့် ထောက်ချောက်မိနိုင်ပြီး မြန်မာက မထိန်းချုပ်သလို အပြည့်အဝ နားမလည်သော တရုတ်စနစ်များကို အမြဲတမ်းမှီခိုရနိုင်သည်။
ကျန်းမာရေးအချက်အလက်နှင့် အချုပ်အခြာအာဏာ
အန္တရာယ်ကင်းပုံရသည့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုတွင်ပင် အလားတူပုံစံမျိုး ရှိနေသည်။ နန်နင်းတွင် ကျင်းပသည့် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် စစ်အုပ်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ကူးစက်ရောဂါစောင့်ကြည့်ရေးနှင့် AI အကူအညီကိုရယူသည့် ဆေးဘက်ဆိုင်ရာ အချက်အလက်ဖလှယ်ရေးတို့ကို ဆွေးနွေးသည်။ ဆွေးနွေးသည့်ကိစ္စမှာ အနာဂတ်ကပ်ရောဂါ စုပေါင်းလုံခြုံရေး ဖြစ်သည်။
သို့သော် ကျန်းမာရေးသံတမန်ရေး အပေါ်ယံ၏ အောက်တွင် ပိုမိုတိတ်ဆိတ်သော အပေးအယူရှိသည်။ မြန်မာ၏ အရေးပါသော ကျန်းမာရေဆိုင်ရာ အချက်အလက်များသည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်၏ ဇီဝနည်းပညာနှင့် AI ဂေဟစနစ်သို့ စီးဆင်းသွားနိုင်ခြေရှိသည်။
အကာအကွယ်၊ လုပ်ထုံးလုပ်နည်း အခြေခံအဆောက်အအုံ လုံးဝနီးပါး မရှိသောနိုင်ငံတခုတွင် တရုတ်သည် ၎င်း၏ လုပ်ငန်းများကို အားပေးရန် ကျန်းမာရေးအချက်အလက်များ စုဆောင်းမှုများကို ဈေးသက်သာစွာ ရရှိနိုင်သည်။ တဖက်တွင် စစ်ကော်မရှင်သည် ကိရိယာများ၊ အကန့်အသတ်ဖြင့် အချက်အလက် သိခွင့်နှင့် စကားအားဖြင့် သွေးစည်းခိုင်မာမှု ရမည်ဖြစ်သည်။
အကာအကွယ်၊ လုပ်ထုံးလုပ်နည်း အခြေခံအဆောက်အအုံ လုံးဝနီးပါး မရှိသောနိုင်ငံတခုတွင် တရုတ်သည် ၎င်း၏ လုပ်ငန်းများကို အားပေးရန် ကျန်းမာရေးအချက်အလက်များ စုဆောင်းမှုများကို ဈေးသက်သာစွာ ရရှိနိုင်သည်။ တဖက်တွင် စစ်ကော်မရှင်သည် ကိရိယာများ၊ အကန့်အသတ်ဖြင့် အချက်အလက် သိခွင့်နှင့် စကားအားဖြင့် သွေးစည်းခိုင်မာမှု ရမည်ဖြစ်သည်။
သို့သော် ထိုဖလှယ်ခြင်းသည် တဖက်စောင်းနင်း ဖြစ်နေပုံရသည်။ မြန်မာသည် အရေးပါသော သတင်းအချက် အချုပ်အခြာအာဏာပိုင်မှုကို အနည်းငယ်သော ပြန်လည်ရရှိမှုဖြင့် ဖလှယ်နေရသည်။
ပညာရေးနှင့် လုပ်သားအင်အားစု မှီခိုမှု
ပညာရေးမျက်နှာစာသည် မှီခိုမှု၏ ပိုမိုသိမ်မွေ့သောပုံစံကို ဖော်ပြနေသည်။ တရုတ်-အာဆီယံ အသက်မွေးဝမ်းကြောင်းပညာရေး ပူးပေါင်းဆောင်ရွက်ရေး ညီလာခံတွင် စစ်အုပ်စု ပညာရေးဒုဝန်ကြီး ဒေါက်တာ ဇော်မြင့်က တရုတ်မှ ပုံစံထုတ်လုပ်သည့် AI ပေါင်းစပ် လေ့ကျင့်ရေး ပလက်ဖောင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်။
အပေါ်ယံအားဖြင့်ကြည့်ပါက ထိုကိစ္စသည် ကျွမ်းကျင်မှု တိုးတက်ရေး ရိုးရှင်းသည့်လုပ်ငန်း ဖြစ်ပုံရသည်။
သို့သော် ထိုသို့သော အစီအစဉ်များသည် မြန်မာ၏ အနာဂတ်လုပ်သားအင်အားစု၏ အရေးပါသော အုတ်မြစ်ကို ပုံဖော်နိုင်ပြီး လူငယ်ပညာရှင်များကို တရုတ်က ချမှတ်သည့်စနစ်များနှင့် စံနှုန်းများသို့ မောင်းသွင်းနိုင်သည်။ လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံမှုဖြစ်ပုံရသောကိစ္စသည် လက်တွေ့တွင် မျိုးဆက်အဆင့်၌ မှီခိုမှုတွင် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်သည်။
မြန်မာလုပ်သားများ၏ လာမည့်လှိုင်းသည် AI ကိရိယာများတွင် ပိုမိုကျွမ်းကျင်လာနိုင်သော်လည်း အခြေခံအားဖြင့် တရုတ်ကုမ္ပဏီများက ပိုင်ဆိုင်၊ လည်ပတ်၊ ထိန်းချုပ်ထားသော ကိရိယာများသာဖြစ်သည်။
ကာကွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေး ပေါင်းစည်းခြင်း
သတိပြုစရာကောင်းသော အလှည့်အပြောင်းတခုမှာ တရုတ်၏ အရေးအပါဆုံး နှစ်ပတ်လည် ကာကွယ်ရေးညီလာခံဖြစ်သည့် ဘေဂျင်း ရှန်ရှန်းဖိုရမ်အတွင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တရုတ်လက်နက်ထုတ်လုပ်သူများနှင့် တွေ့ဆုံခြင်းဖြစ်သည်။
စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနှင့် နည်းပညာမှီခိုမှုသည် ပူးတွဲပါလာသည့် လက္ခဏာဖြစ်သည်။ သူနှင့်အတူ လိုက်ပါလာသူမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် မြန်မာစစ်တပ်အထက်လွှာမှ တတိယမျိုးဆက်များဖြစ်ပြီး မျိုးဆက်အလိုက်ဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှုကို မီးမောင်းထိုးပြနေသည်။
စက်တင်ဘာလ သံတမန်ရေးတွင် တုန်လှုပ်စရာအကောင်းဆုံးမှာ လူသိအနည်းဆုံး အစည်အဝေးများဖြစ်သည်။ မြန်မာပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးများသည် တရုတ်ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးများနှင့် “ပူးတွဲတရားဥပဒေစိုးမိုးရေး” နှင့် “နယ်စပ်လုံခြုံရေး” ဆွေးနွေးရန် အစည်းအဝေးများ ကျင်းပသည်။
ထိုစကားလုံးများသည် ကြားနေကျစကားလုံးများ ဖြစ်သော်လည်း သက်ရောက်မှု ပိုမိုပြင်းထန်သည်။ မြန်မာသို့ တရုတ်ထောက်လှမ်းရေးပို့ကုန် တိုးချဲ့ခြင်းဖြစ်သည်။ “ဘေးကင်းလုံခြုံသောမြို့ကြီးများ” အတွက် နည်းပညာများ၊ ကြိုတင်ခန့်မှန်းနိုင်သော ရဲလုပ်ငန်းဆော့ဖ်ဝဲလ်နှင့် အီလက်ထရွန်းနစ် စောင့်ကြည့်စနစ်များသည် ပြည်သူငြိမ်ဝပ်ပိပြားရေး အသုံးချရန်သာမက ဖိနှိပ်ရေးကိရိယာများလည်းဖြစ်သည်။
AI အကူအညီကိုရယူသည့် ပုဂ္ဂိုလ်ရေး စောင့်ကြည့်ခြင်း၊ ဇီဝအချက်အလက် ခြေရာခံခြင်းနှင့် မဲဆန္ဒရှင် မှတ်ပုံတင်ရေးအကူအညီအတွက် ၂၀၂၄ ခုနှစ်က ပေးခဲ့သော အထောက်အပံ့များနှင့် ပေါင်းစပ်လိုက်သောအခါ လမ်းကြောင်းကို ရှင်းလင်းစွာမြင်ရသည်။ စစ်အုပ်စု၏ ထောက်လှမ်းရေးယန္တရားသည် တရုတ်ကို ပိုမိုမှီခိုလာရသည်။
AI အကူအညီကိုရယူသည့် ပုဂ္ဂိုလ်ရေး စောင့်ကြည့်ခြင်း၊ ဇီဝအချက်အလက် ခြေရာခံခြင်းနှင့် မဲဆန္ဒရှင် မှတ်ပုံတင်ရေးအကူအညီအတွက် ၂၀၂၄ ခုနှစ်က ပေးခဲ့သော အထောက်အပံ့များနှင့် ပေါင်းစပ်လိုက်သောအခါ လမ်းကြောင်းကို ရှင်းလင်းစွာမြင်ရသည်။ စစ်အုပ်စု၏ ထောက်လှမ်းရေးယန္တရားသည် တရုတ်ကို ပိုမိုမှီခိုလာရသည်။
စစ်တပ်အတွက် ထိုစနစ်များသည် အတိုက်အခံများကို စောင့်ကြည့်၊ ခြိမ်းခြောက်၊ နှုတ်ပိတ်နိုင်သည့် စွမ်းရည်ကို ထိရောက်စေသည်။ ထိုအကူအညီများသည် မြန်မာနိုင်ငံသားများကို အင်အားမပေးဘဲ စစ်အုပ်စုကို အင်အားပေးကာ အာဏာရှင်ထိန်းချုပ်အတွက် ဒစ်ဂျစ်တယ် အကာအရံသစ်ပေးသည်။
ထိုဖိုရမ်များ၏ ပုံစံသည် ရှင်းလင်းသည်။ တရုတ်အတွက် မြန်မာသည် ဒစ်ဂျစ်တယ် ရင်မင်ဘီကို လက်ခံကာ၊ AI ကိရိယာများကို ကျင့်သုံးကာ အာဆီယံတွင် ဒစ်ဂျစ်တယ် ပိုးလမ်းမအတွက် ပြကွက်တခု ၏ဖြစ်ရန် စိတ်အားထက်သန်သည့် တိမ်းညွတ်လွယ်သော မိတ်ဖက်ဖြစ်သည်။
နေပြည်တော်အတွက် ထိုအစီအစဉ်သည် ကာလတို ဆက်လက်ရှင်သန်ရေးသာဖြစ်သည်။ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ရရှိရေး၊ နည်းပညာအကူအညီနှင့် နိုင်ငံရေးအကာအကွယ်အတွက်သာ ဖြစ်သည်။
သို့သော် မညီမျှမှုသည် အလွန်ထင်ရှားသည်။ တရုတ်သည် စစ်အုပ်စုထက် ပိုမိုသက်တမ်းရှည်မည့် စနစ်ဆိုင်ရာ သြဇာတည်ဆောက်နေသည်။ မြန်မာစစ်အုပ်စုသည် လတ်တလော သက်သာရေးကို ရေရှည် အချုပ်အခြာအာဏာနှင့် လဲလှယ်နေသည်။

ဒစ်ဂျစ်တယ် ချိုးနှိမ်ခံရခြင်း
စက်တင်ဘာလ သံတမန်ရေး ပြေးပွဲသည် ရှင်းလင်းသော ပကတိအခြေအနေကို ပြသနေသည်။ မြန်မာ အာဏာသိမ်း ဗိုလ်ချုပ်များသည် ရေရှည် အချုပ်အခြာအာဏာကို ၎င်းတို့၏ ကာလတို ရှင်သန်မှုနှင့် အလဲအထပ်လုပ်သည်။
အန္တရာယ်များသည် ရှင်းလင်းသည်။ ပထမအချက်မှာ ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းဖြစ်သည်။ ဘဏ္ဍာရေးစနစ်များ၊ ကျန်းမာရေးမှတ်တမ်းများ၊ ပညာရေးပလက်ဖောင်းများနှင့် စက်မှုအချက်အလက်များသည် တရုတ်၏ ထိန်းချုပ်မှုအောက် ပိုမိုရောက်သွားသည်။
ဒုတိယအချက်မှာ အာဏာရှင်စနစ် အမြစ်တွယ်လာခြင်းဖြစ်သည်။ စောင့်ကြည့်ထောက်လှမ်းသည့် နည်းပညာများနှင့် AI ဆင်ဆာဖြတ်တောက်မှုသည် စစ်အုပ်စုက အတိုက်အခံကို ချေမှုန်းခွင့်ရစေသည်။
တတိယအချက်မှာ ပထဝီနိုင်ငံရေး သိမ်းပိုက်မှုဖြစ်သည်။ တရုတ်၏စံနှုန်းများ လွှမ်းမိုးပြီး မြန်မာကို အခြားရွေးစရာ မဟာမိတ်များသို့ လမ်းပိတ်ထားသည်။ စတုတ္ထမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ စီးပွားရေးအရမှီခိုမှုဖြစ်သည်။ မြန်မာသည် နည်းပညာကို သုံးစွဲသော်လည်း ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုဂေဟစနစ် မတည်ဆောက်နိုင်ပေ။
ပဉ္စမမှာ ဒေသတွင်း လုံခြုံရေးအန္တရာယ်များဖြစ်သည်။ တရုတ်စောင့်ကြည့်ထောက်လှမ်းရေးသည် နယ်စပ်ကိုကျော်လွန်ပြီး အိမ်နီးချင်းများအား တုန်လှုပ်စေသည်။ ဆဋ္ဌမအချက်မှာ အကျပ်ကိုင်ခံရနိုင်ခြင်း ဖြစ်သည်။ တရုတ်သည် ၎င်း၏ စိတ်တိုင်းကျ အသုံးပြုခွင့် ကန့်သတ်နိုင်၊ ဖိအားပေးနိုင်သည်။
စစ်အုပ်စုအတွက် တရုတ်နည်းပညာသည် လတ်တလော ဆက်လက် ရှင်သန်ခွင့်ပေးသည်။ တရုတ်အတွက် မြန်မာ့စီးပွားရေး၊ လုံခြုံရေး၊ အချက်အလက်နှင့် လုပ်သားအင်အားစုကို စနစ်ဆိုင်ရာထိန်းချုပ်မှု တည်ဆောက်သည်။ မြန်မာနိုင်ငံအတွက် မှီခိုမှု ပိုမိုနက်ရှိုင်းစေသည်၊ လူမှုနယ်ပယ် ကျဉ်းမြောင်းစေသည်၊ အချုပ်အခြာအာဏာကို တိုက်စားသည်။
စစ်အုပ်စုအတွက် တရုတ်နည်းပညာသည် လတ်တလော ဆက်လက် ရှင်သန်ခွင့်ပေးသည်။ တရုတ်အတွက် မြန်မာ့စီးပွားရေး၊ လုံခြုံရေး၊ အချက်အလက်နှင့် လုပ်သားအင်အားစုကို စနစ်ဆိုင်ရာထိန်းချုပ်မှု တည်ဆောက်သည်။ မြန်မာနိုင်ငံအတွက် မှီခိုမှု ပိုမိုနက်ရှိုင်းစေသည်၊ လူမှုနယ်ပယ် ကျဉ်းမြောင်းစေသည်၊ အချုပ်အခြာအာဏာကို တိုက်စားသည်။
မြန်မာဗိုလ်ချုပ်များအတွက် ရေတိုသက်သာရေးသည် နိုင်ငံအတွက် ရေရှည်တန်ဖိုး ပေးဆပ်ရစေသည်။ မြန်မာသည် ဒစ်ဂျစ်တယ်အရ အနှိမ်ခံမည့်အန္တရာယ် ရင်ဆိုင်နေရပြီး မြန်မာအနာဂတ်ကို မြန်မာ၏ အကျိုးစီးပွားထက် တရုတ်၏ အကျိုးစီးပွားက ပုံဖော်မည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ With Its China Tour, Myanmar Junta Wires Itself Into Beijing’s Digital Grip ကို ဘာသာပြန်သည်။)
You may also like these stories:
စက်တင်ဘာ တလလုံး မြန်မာဗိုလ်ချုပ်တွေ တရုတ်ကို သွား
မြန်မာစစ်ကောင်စီကို တရုတ်က ဘက်ပေါင်းစုံ ကူညီနေ
မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု
တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)
တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင် (ရုပ်/သံ)
တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ)














