• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

by စွယ်တော်
19 September 2025
in ဆောင်းပါး
A A
မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

ဒုတပ်ချုပ် စိုးဝင်းလည်း တပ်ချုပ် မင်းအောင်လှိုင်နှင့် အတူ အနားယူပြီဟု ကောက်ယူလျှင် လက်ရှိ ဗိုလ်ချုပ်ကြီး ၅ ဦး ရှိသည်

12.4k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးမှ အနားယူမည် သို့မဟုတ် ဆက်လုပ်မည်ဆိုသည်အား အမျိုးမျိုးယူဆနေကြသည်။ စာရေးသူအနေဖြင့် သမ္မတကြီး ဆက်လုပ်နိုင်သည်ဟု ယူဆချင်သည်။ မကြာသေးမီကပင် သွားခဲ့သော တရုတ်နိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ယာယီသမ္မတဟု ခေါ်သည်ကို တွေ့ခဲ့ကြရပြီးပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သမ္မတရာထူးသည် အစိုးရအကြီးအကဲဖြစ်သည်သာမက ကာ/လုံတွင်လည်း ဥက္ကဋ္ဌလည်း ဖြစ်သောကြောင့် ယာယီသမ္မတမှ သမ္မတကြီး ဆက်လုပ်ဦးမည်ဟု ထင်ရသည်။

သမ္မတကြီး ဆက်လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ် ရာထူးမှ သူ ထွက်ရမည်။

ထိုအကောက်အယူအတိုင်း သမ္မတကြီး ဆက်လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ် ရာထူးမှ သူ ထွက်ရမည်။ တပ်ချုပ်ရာထူးမှ မထွက်ချင်၍ အသက်အပိုင်းအခြား ကန့်သတ်ထားသည်ကို ဖျက်သိမ်းထားသည့် တပ်တွင်းကျင့်ထုံးတခုကို တဖက်သက်ပြဌာန်းထားသော်လည်း သမ္မတ သို့မဟုတ် တပ်ချုပ် နှစ်ခုတွင် တခုခုကို သူ ရွေးရတော့မည်။

သမ္မတကြီး ဆက်လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ် ရာထူးမှ သူ ထွက်ရမည်/ AFP

တရုတ်သမ္မတ ရှီကျင်ဖျင့်လို သူသည် သမ္မတလည်း လုပ် စစ်တပ်အပေါ်လည်း ဩဇာညောင်းသည့် စစ်ကော်မရှင်၏ ဥက္ကဌလည်း လုပ်နိုင်သည်။ နီးစပ်သူများက ရွေးကောက်ပွဲအပြီး ခေါ်သည့် လွှတ်တော်သည် ထိုကိစ္စကို ပထမဆုံး အကောင်အထည်ဖော်မည်ဟု ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ မည်သူအား တပ်ချုပ်ရာထူးကို မင်းအောင်လှိုင် လွှဲပေးသွားမည်နည်းက မေးခွန်းဖြစ်သည်။

ရှေ့တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးတို့ အတွဲလို လက်ရှိ ဒုတပ်ချုပ် စိုးဝင်းလည်း တပ်ချုပ် မင်းအောင်လှိုင်နှင့် အတူ အနားယူပြီဟု ကောက်ယူလျှင် လက်ရှိ ဗိုလ်ချုပ်ကြီး ၅ ဦး ရှိသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေး

(၁) ဗိုလ်ချုပ်ကြီးမောင်မောင်အေး (DSA-25) ။ ပြန်တမ်းဝင်အမှတ် ကြည်း ၁၇၅၈၀ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က ကက (ကြည်း) ၏ စစ်ဦးစီးဗိုလ်မှူးချုပ်နှင့် နေပြည်တော်အခြေစိုက် အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၆) စကခမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသန်းရွှေ၏ တပည့်ဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်စဉ် တပ်ချုပ်နှင့် ဆက်ဆံရေး မပြေပြစ်ခဲ့သဖြင့် နေပြည်တော် တိုင်းမှူးဘဝကို ကာလရှည် နေခဲ့ရသူ ဖြစ်သည်။ နောက်မှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ညှိနှိုင်း ကွပ်ကဲရေးမှူးရာထူးမှ ဖယ်ရှားလိုသဖြင့် ဗိုလ်လောင်းအမှတ်စဉ် တူသည့် သူ့ကိုညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သူသည် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခမီးခမတ်တော်စပ်သူလည်း ဖြစ်သည်။ အသစ်ဖွဲ့လိုက်သည့် စစ်ကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သလို ဦးညိုစော ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်သည့် အစိုးရအဖွဲ့တွင်လည်း ကာကွယ်ရေး ဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်။ သို့သော် အသက်အရွယ်ကြီးခြင်း၊ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး အချင်းချင်း အမျိုး တော်စပ်နေခြင်း ၊ အုပ်စုဖွဲ့လာနိုင်ခြင်းတို့က တပ်ချုပ် ဖြစ်မလာနိုင်ကြောင်း ယူဆရသည်။

သူသည် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခမီးခမတ်တော်စပ်သူလည်း ဖြစ်သည်။ အသစ်ဖွဲ့လိုက်သည့် စစ်ကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သလို ဦးညိုစော ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်သည့် အစိုးရအဖွဲ့တွင်လည်း ကာကွယ်ရေး ဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်။ သို့သော် အသက်အရွယ်ကြီးခြင်း၊ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး အချင်းချင်း အမျိုး တော်စပ်နေခြင်း ၊ အုပ်စုဖွဲ့လာနိုင်ခြင်းတို့က တပ်ချုပ် ဖြစ်မလာနိုင်ကြောင်း ယူဆရသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး

(၂) ဗိုလ်ချုပ်ကြီးရဲဝင်းဦး ( OTS-77) ။ ပြန်တမ်းဝင်အမှတ် ကြည်း၂၁၄၄၀ ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဗိုလ်သင်တန်းအမှတ်စဉ် (၇၇) (DSA-30 ဝန်းကျင်နဲ့ တူ) သင်တန်းဆင်း ဖြစ်သည်။ စစ်ခေါင်းဆောင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်က ခြေမြန်တပ်ရင်းမှူး ဖြစ်ပြီး ရင်းနှီးသည့် ဆက်ဆံရေးရရှိခဲ့သူ ဖြစ်သည်။

ပုသိမ်အခြေစိုက် အနောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။ အရာရှိချုပ်များအနက် ပထမဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာသူ ဖြစ်သလို လက်ရှိမြန်မာစစ်တပ်တွင် ဗိုလ်သင်တန်းဆင်း အရာရှိကြီးများအနက် တဦးတည်းသော ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

အသစ်ဖွဲ့လိုက်သည့် စစ်ကော်မရှင်တွင် အတွင်းရေးမှူး ဖြစ်လာခဲ့သလိုနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာကိုပါ ဆက်ယူထားဆဲဖြစ်သည်။ စစ်ခေါင်းဆောင်၏ လူရင်းဖြစ်ပြီး သွားလေရာ နံဘေးတွင် အမြဲပါနေရသူ ဖြစ်သည်။ အချို့က သူ့ကို လောင်းကြေးထပ်ကြသည်။

ဗိုလ်ချုပ်ကြီးထိန်ဝင်း

(၃) ဗိုလ်ချုပ်ကြီးထိန်ဝင်း (DSA-29) ။ ပြန်တမ်းဝင်အမှတ် ရေ-၁၄၄၇ ဗိုလ်ချုပ်ကြီးထိန်ဝင်း သည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉) သင်တန်းဆင်းဖြစ်သည်။ ရခိုင်ဒေသ တိုက်ပွဲများတွင် ရေတပ်စစ်သင်္ဘောများ အရေးနိမ့်မှုကြောင့် ရေချုပ် ဒုတိယဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့် (DSA-30) ရာထူးမှ ဖယ်ရှားချိန်တွင် ရေချုပ်အဖြစ် အစားထိုးခန့်အပ်ခံရသူ ဖြစ်သည်။ အစဉ်အလာအရ ရေချုပ်ကို တပ်ချုပ်ရာထူးပေးအပ်ခြင်းမရှိသဖြင့် တပ်ချုပ် ဖြစ်မလာနိုင်ကြောင်း ယူဆရသည်။

ဗိုလ်ချုပ်ကြီးထွန်းအောင်

(၄) ဗိုလ်ချုပ်ကြီးထွန်းအောင် (DSA-29)။ ပြန်တမ်းဝင်အမှတ် လေ-၁၉၈၂ ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉) သင်တန်းဆင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့် အကြောင်းပြ၍ ဖယ်ရှားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် အစားထိုး ခန့်အပ်ခံရသူဖြစ်သည်။ အစဉ်အလာအရ လေချုပ်ကို တပ်ချုပ် ရာထူးပေးအပ်ခြင်း မရှိသဖြင့် တပ် ချုပ် ဖြစ်မလာနိုင်ကြောင်း ယူဆရသည်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်း

(၅) ဗိုလ်ချုပ်ကြီးကျော်စွာလင်း (DSA-35) ။ ပြန်တမ်းဝင်အမှတ် ကြည်း-၂၅၀၇၄ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၃၅) သင်တန်းဆင်းဖြစ်သည်။ နဝတ/နအဖ ဒုစစ်ခေါင်းဆောင်မောင်အေး၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ စစ်ရုံးတဝိုက်တွင်သာ ကျင်လည်ခဲ့ပြီး ကက(ကြည်း)၏ စစ်ဦးစီး ဗိုလ်မှူးချုပ်နှင့် နေပြည်တော် အခြေစိုက် အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ–၆) စကခမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူးအဖြစ်မှ အာဏာမသိမ်းမီ ကိုဗစ် ကာ လ၂၀၂၀ပြည့်နှစ်တွင် စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံရပြီး စီနီယာဗိုလ်ချုပ်များကို ကျော်ကာ ဒုဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ အာဏာသိမ်းကာလအတွင်း စစ်ထောက်ချုပ်အပြင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ စစ်ဦးစီး အရာရှိချုပ်ကြီး အရာချုပ်(ကြည်း) တာဝန်ပါ ထမ်းဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးထံမှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးကို လွှဲယူပြီး ဗိုလ်ချုပ်ကြီး အဆင့် ရရှိလာသည်။

လက်ရှိစစ်ခေါင်းဆောင်သည်လည်း ၂၀၁၀ အခင်းအကျင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးမှ ရွေးကောက်ပွဲအလွန်တွင် တပ်ချုပ်ဖြစ်လာသဖြင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း တပ်ချုပ်လောင်းအဖြစ် ခန့်မှန်းမှုများရှိနေသည်။

လက်ရှိစစ်ခေါင်းဆောင်သည်လည်း ၂၀၁၀ အခင်းအကျင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးမှ ရွေးကောက်ပွဲအလွန်တွင် တပ်ချုပ်ဖြစ်လာသဖြင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း တပ်ချုပ်လောင်းအဖြစ် ခန့်မှန်းမှုများရှိနေသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

အသစ်ဖွဲ့လိုက်သည့် စစ်ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါရှိလာခြင်းကြောင့် ယခုလတ်တလောအထိ စစ်ဗိုလ်ချုပ်ကြီးများအနက် တပ်ချုပ်ဖြစ်ရန် အလားအလာ အကောင်းဆုံးသူဟု ဆိုနိုင်သည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး USDP ကို ပြောင်းကြပြန်ပြီ

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

ကိုယ့်ဖဲကိုယ်ချိုးမယ့် စစ်တပ်ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စကမရွေးကောက်ပွဲမှာ ‘တပ်တွင်းမဲရုံ’ မရှိလို့ ဆိုသော်လည်း

Your Thoughts …
Tags: Sliderတပ်ချုပ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းဗိုလ်ချုပ်ကြီးထိန်ဝင်းဗိုလ်ချုပ်ကြီးထွန်းအောင်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဗိုလ်ချုပ်ကြီးရဲဝင်းဦးမင်းအောင်လှိုင်အလွန်
စွယ်တော်

စွယ်တော်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ရခိုင်မှာ စကမ စစ်တပ် လုံးဝအသံမထွက်နိုင် (ရုပ်/သံ)

ရခိုင်မှာ စကမ စစ်တပ် လုံးဝအသံမထွက်နိုင် (ရုပ်/သံ)

အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်တို့၏ အရင်းအနှီးကြီးသော မြေရှားသတ္တု အားပြိုင်ပွဲ

အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်တို့၏ အရင်းအနှီးကြီးသော မြေရှားသတ္တု အားပြိုင်ပွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved