စစ်ကော်မရှင် (စကမ) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်မိသားစုများနှင့် တွေ့ဆုံသည့်ပွဲများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စများကို ဆက်တိုက်ဆိုသလို မှာကြားလျက်ရှိကြောင်း တွေ့ရသည်။
စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပထမဆုံး သွားရောက်ခဲ့သည့် တောင်ငူခရီးစဉ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များရှိ တပ်နယ်မိသားစုများကို တွေ့ဆုံစဉ် “လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးသွာကြရန် လိုကြောင်း” မှာကြားခဲ့သည်။
ထို့နောက် တပ်မိသားစုများကို ဒုတိယအကြိမ်အဖြစ် တွေ့ဆုံသည့် မကွေးခရီးစဉ်တွင်လည်း မကွေးတပ်နယ်ရှိ တပ်မိသားစုများကိုလည်း ရွေးကောက်ပွဲ၌ ဆန္ဒမဲများအား မပျက်မကွက်ပေး၍ နိုင်ငံသားကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း” မှာကြားခဲ့သည်ကို တွေ့ရပြန်သည်။
စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယာယီသမ္မတသို့ (တနည်းအားဖြင့် မင်းအောင်လှိုင်မှ မင်းအောင်လှိုင်သို့) ရာထူးပြောင်း လူမပြောင်း အာဏာပြန်အပ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကိစ္စကို တစိုက်မတ်မတ် ဆောင်ရွက်လာကြောင်းတွေ့ရသည်။
ထိုပြောကြားချက်များအရ စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယာယီသမ္မတသို့ (တနည်းအားဖြင့် မင်းအောင်လှိုင်မှ မင်းအောင်လှိုင်သို့) ရာထူးပြောင်း လူမပြောင်း အာဏာပြန်အပ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကိစ္စကို တစိုက်မတ်မတ် ဆောင်ရွက်လာကြောင်းတွေ့ရသည်။
တပ်ချုပ် မင်းအောင်လှိုင်၏ “လွတ်လပ်ပြီး တရားမျှတရမည်”၊ “ဆန္ဒမဲများအား မပျက်မကွက်ပေးရမည်” ဆိုသည့် စကားသံများနှင့်အတူ စာရေးသူကိုယ်တိုင် တပ်တွင်း၌ နေထိုင်စဉ် ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြန်လည်နှိုင်းယှဉ် စဉ်းစားကြည့်မိသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်လာလျှင် ပြည်သူအများစုအနေဖြင့် စစ်တပ်တွင်းကို သံသယဖြစ်စရာ အချက်များ ရှိခဲ့သည်။ ထိုအချက်များအနက် တပ်တွင်း မဲရုံထားရှိမှုနှင့် ကြိုတင်ဆန္ဒမဲကိစ္စများတွင် မသမာမှုများ ပြုလုပ်ခြင်းတို့မှာ လူပြောများသည်ဟု ထင်ပါသည်။
တပ်မတော်သား အရာရှိ၊ စစ်သည်များ၊ တပ်မိသားစုဝင်များနှင့် အစားခန့် အရပ်သားဝန်ထမ်းများအနေဖြင့် လွတ်လွတ်လပ်လပ် မဲပေးခွင့် မရှိနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြမှုများစွာကိုလည်း တွေ့ကြုံသိမြင်ခဲ့ရသည်။
တပ်တွင်းမဲရုံများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မဲမပေးဘဲ အခြားပါတီကိုပေးသည့် မဲပါ၍ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုပေးသည့် မဲပါ၍ဖြစ်စေ သက်ဆိုင်ရာတပ်က တာဝန်ရှိသူများမှာ အထက်ဌာနကြီးများ၏ သတိပေးဆုံးမမှုကို ခံယူရခြင်း၊ အပြစ်ပေး အရေးယူမှုခံရခြင်း စသည့် ဖြစ်စဉ်များကိုလည်း ကိုယ်တိုင် ကြားသိခဲ့ရဖူးသည်။
သို့သော် ထိုတပ်တွင်းမဲရုံ ပြဿနာသည် ၂၀၂၀ ရွေးကောက်ပွဲမှစတင်ကာ တပ်တွင်းမဲရုံများကို တပ်ပြင်ထုတ်သဖြင့် ပြီးဆုံးသွားခဲ့ရသည်။ တပ်တွင်းမဲရုံများကို တပ်ပြင်ထုတ်သဖြင့် ကြိတ်၍ ဝမ်းသာနေကြသူ အများစုမှာ သက်ဆိုင်ရာ တပ်အလိုက် တာဝန်ခံရသည့် တပ်မှူးများ ဖြစ်ကြသည်။
သို့သော် ထိုတပ်တွင်းမဲရုံ ပြဿနာသည် ၂၀၂၀ ရွေးကောက်ပွဲမှစတင်ကာ တပ်တွင်းမဲရုံများကို တပ်ပြင်ထုတ်သဖြင့် ပြီးဆုံးသွားခဲ့ရသည်။ တပ်တွင်းမဲရုံများကို တပ်ပြင်ထုတ်သဖြင့် ကြိတ်၍ ဝမ်းသာနေကြသူ အများစုမှာ သက်ဆိုင်ရာ တပ်အလိုက် တာဝန်ခံရသည့် တပ်မှူးများ ဖြစ်ကြသည်။
တပ်ပြင် ထုတ်သဖြင့် တပ်တွင်းက တစုံတယောက်က NLD ကို မဲပေးလည်း ရိပ်မိစရာမရှိ၍ ပြဿနာမတက်တော့သောကြောင့် ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ကသာ မဲရုံကိစ္စအဝဝကို ဆောင်ရွက်သဖြင့် တပ်မှူးများအနေနှင့် တာဝန်ခံစရာ မလိုတော့သောကြောင့် ဝန်ပေါ့၍သွားလေသည်။
သို့သော် ထိုတပ်တွင်းမဲရုံကိစ္စသည် စစ်ကော်မရှင်ပြုလုပ်မည့် ယခု ရွေးကောက်ပွဲတွင် ပြန်လည် ဖော်ဆောင်လာနိုင်သည့်သဘောကို တွေ့လာရပြန်သည်။
စစ်ကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေတွင် “တပ်တွင်းမဲရုံ” ဆိုသည့် ဝေါဟာရ မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုထားသော်လည်း ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆ (က) အရ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်က ရပ်ကွက်၊ ကျေးရွာအလိုက် ထားရှိမည့် မဲရုံအရေအတွက်ကို မဲပေးခွင့်ရှိသူဦးရေနှင့် နေရာဒေသ အခြေအနေပေါ် မူတည်ပြီး သင့်လျော်သလို သတ်မှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် “တပ်တွင်းမဲရုံ” ဝေါဟာရ မရှိတော့သော်လည်း တပ်များအနီးရှိ ရပ်ကွက်၊ ကျေးရွာက မဲရုံများကို တပ်တွင်းသို့သွင်းကာ ပြုလုပ်သွားနိုင်သည်။
ထို့ပြင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများ ယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး သုံးဦးဖြင့် ဖွဲ့စည်းရမည်၊ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ပြင်ဆင်ထားခဲ့သည်။
ထို့ကြောင့် စစ်တပ်အရာရှိများလည်း ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ပါဝင်လာနိုင်ပြီး မဲရုံနေရာ သတ်မှတ်မှုများ အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်နိုင်သည့် အခြေအနေ ရှိနေသည်။
ထိုသို့ ဝေါဟာရအရ တပ်တွင်းမဲရုံကိစ္စ ဆက်မရှိနိုင်သည့်တိုင် ရပ်/ကျေး မဲရုံများ တပ်အနီးနှင့် တပ်တွင်းသို့ ရောက်လာနိုင်သလို ပြည်သူများ သံသယဖြစ်စရာ ကြိုတင်မဲကိစ္စလည်း တပ်တွင်း၌ မသမာမှုများ ဆက်ဖြစ်နိုင်ပါသည်။
ထိုသို့ ဝေါဟာရအရ တပ်တွင်းမဲရုံကိစ္စ ဆက်မရှိနိုင်သည့်တိုင် ရပ်/ကျေး မဲရုံများ တပ်အနီးနှင့် တပ်တွင်းသို့ ရောက်လာနိုင်သလို ပြည်သူများ သံသယဖြစ်စရာ ကြိုတင်မဲကိစ္စလည်း တပ်တွင်း၌ မသမာမှုများ ဆက်ဖြစ်နိုင်ပါသည်။
ယခင် ရွေးကောက်ပွဲ အဆက်ဆက်တွင် တပ်တွင်းက အရာရှိ၊ စစ်သည်များ၊ တပ်မိသားစုဝင်များ၊ အစားခန့် အရပ်သားဝန်ထမ်းများအနေဖြင့် စစ်တပ်ဩဇာခံ In Line ဖြစ်သည့်ပါတီကိုသာ မဲပေးရန် ဖိအားပေးစည်းရုံးခံခဲ့ကြရသည်။
In Line ကိုက်ညီသည်ဆိုသောကြောင့် သေချာပေါက် NLD ပါတီကို မဲမထည့်ရန် သတိပေးသည့်အလား ဖြစ်ခဲ့သည်။ သို့သော် တပ်ပြင် မဲရုံများတွင် မဲထည့်ခွင့်ရလာသည့်အခါ ကိုယ်တိုင် ဆန္ဒမဲထည့်ခွင့်ရသူများအနေဖြင့် လွတ်လပ်စွာ မဲထည့်ခွင့်ရခဲ့သည်။
ထိုသို့ ကိုယ်တိုင် ဆန္ဒမဲပေးခွင့်ရသူများအနေဖြင့် အနည်းငယ် လွတ်လပ်ခွင့်ရလာခဲ့ကြသော်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရသူများကမူ လွတ်လပ်စွာ မဲပေးခွင့် မရခဲ့ကြပေ။ အထူးသဖြင့် တိုင်းစွန် ပြည်ဖျား သွားလာရန် ခက်ခဲသည့်နေရာများ၊ တိုက်ပွဲပြင်းထန်သည့် နယ်မြေများ၊ ရှေ့တန်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်လျက် ရှိကြသည့် အရာရှိ၊ စစ်သည်များ၏ ကြိုတင်ဆန္ဒမဲ လက်မှတ်ပေါ်က ရွေးချယ်မှုများသည်လည်း သူတို့ ကိုယ်တိုင် အမှန်တကယ် ရွေးချယ်ခဲ့ကြခြင်းထက် တာဝန်ရှိသူများက စိတ်ကြိုက်မဲပေးခဲ့ကြခြင်းက ပို၍များခဲ့သည်။
ထိုသို့ဖြင့် တပ်ပြင်တွင် တာဝန်အသီးသီးနှင့် ရောက်ရှိနေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကြိုတင်မဲပေးရမည့်စာရင်းတွင် ပါဝင်သော်လည်း ကိုယ်တိုင် မဲမထည့်လိုက်ရသည့်ဖြစ်စဉ်များလည်း ရွေးကောက်ပွဲ အဆက်ဆက်တွင် ရှိခဲ့သည်။
ထိုကြောင့် ပြည်သူက သံသယရှိသည့် အချက်များမှာလည်း အတွေ့အကြုံအရ မမှားဟု ဆိုရမည်ဖြစ်သည်။
စစ်တပ်အတွင်း၌ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့် ဆန္ဒမဲပေးမှုမှသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အလွဲပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးသည်။
စစ်တပ်အတွင်း၌ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့် ဆန္ဒမဲပေးမှုမှသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အလွဲပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့်ကာလမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အပစ်မရပ်သေးသည့်အချိန် ဖြစ်သည်။ ရှေ့တန်းရောက် စစ်သားများအား ထောက်ခံ၊ မထောက်ခံ ဆန္ဒမဲပေးရန်အတွက် ဆန္ဒမဲလက်မှတ်များကို စစ်ကြောင်းများဖြင့် ရှေ့တန်းစခန်းနေရာများသို့ လက်ဆင့်ကမ်း ပို့ဆောင်ကြသည်။
လမ်းတွင် တိုက်ပွဲဖြစ်သဖြင့် အချိန်မီ မရောက်နိုင်ကြောင်း တွက်ချက်မိသည့်အခါ စစ်ကြောင်းမှူးများက အာမခံပြီး ဆန္ဒမဲလက်မှတ်များကို လမ်းတွင် အကုန်လုံးကို အမှန်ခြစ်ကာ ပြန်ပို့ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
အလားတူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြုံရသည်မှာ တပ်တွင်းမဲရုံများနှင့် ပတ်သက်၍ တပ်နယ်မှူးများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတဆင့် ဖိအားပေးခဲ့သည်။
NLD ပါတီ မပါဝင်သည့် ရွေးကောက်ပွဲ ဆိုသော်ငြားလည်း USDP ပါတီ အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရေး တပ်ပြင်ရော တပ်တွင်းမှာပါ အသည်းအသန် လုပ်ဆောင်ခဲ့သည်။ တပ်နယ်မှူးက မဲရုံများကို ကြိုတင်၍ လာရောက် စစ်ဆေးချိန်တွင် USDP ကို မပေးဘဲ အခြားပါတီကိုပေးသည့် မဲတစောင်ပါရှိပါက ‘အရေးယူခံရဖို့ ပြင်ထား’ ဟု ခြိမ်းခြောက်ခဲ့သည်ကို ကြုံခဲ့ဖူးသည်။
မည်သည့် စစ်ဥပဒေနှင့် အရေးယူမည်ဆိုသည်ကိုမူ ထိုစဉ်က နားမလည်ခဲ့ပေ။ နောက်မှ တွေးမိသည်မှာ ထုံးစံအတိုင်း အမိန့်မနာခံမှုနှင့် အရေးယူနိုင်သည်ဟု တွေးမိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် NLD ပါတီ ပါဝင်လာသည့် ရွေးကောက်ပွဲ တောက်လျှောက်တွင်လည်း တပ်တွင်းမဲရုံများ၌ NLD ကို မဲမပေးရေး ပို၍ပင် တင်းကျပ်ခဲ့သည်။
တပ်တွင်းမဲရုံများ၏ နောက်ဆုံး ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ သာ၍ပင် ဆိုးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ တပ်ပြင်ရောက်လာသည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ တနှစ်ခန့်ကြို၍ တပ်ပြင် စည်းရုံးရေးအတွက် ဆေးကု၊ ဈေးရောင်း၊ သန့်ရှင်းရေးလုပ်ပြခဲ့သော်လည်း USDP ကမူ “ရှိပါစေ၊ ဒီတခါလည်း ရှုံးပြန်ပြီ” ဖြစ်ခဲ့ရသည်။
တပ်တွင်းမဲရုံများ၏ နောက်ဆုံး ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ သာ၍ပင် ဆိုးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ တပ်ပြင်ရောက်လာသည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ တနှစ်ခန့်ကြို၍ တပ်ပြင် စည်းရုံးရေးအတွက် ဆေးကု၊ ဈေးရောင်း၊ သန့်ရှင်းရေးလုပ်ပြခဲ့သော်လည်း USDP ကမူ “ရှိပါစေ၊ ဒီတခါလည်း ရှုံးပြန်ပြီ” ဖြစ်ခဲ့ရသည်။
တပ်တွင်းမဲရုံကိစ္စထက် ပိုမို နက်နဲသည့်ကိစ္စမှာ အနိုင်ရဖို့သေချာစေရန်အတွက် အချို့ မဲဆန္ဒနယ်များတွင် ဆန္ဒမဲပေးသည့် အရေအတွက် တိုးလာစေရေး မလိုအပ်ဘဲ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ဆန္ဒမဲပေးခွင့်ရှိသူ၏ သတ်မှတ်ချက် ကိုက်ညီစေရန် ကြိုတင်၍ တပ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့သည်။
ဆန္ဒမဲ ပိုမိုရရှိရေးအတွက် ရွေးကောက်ပွဲကာလနှင့် အချိန်ကိုက် တပ်ရွှေ့ပြောင်းမှုများကလည်း မရိုးသားသည့်လုပ်ရပ်ဟု ပြည်သူအများကလည်း ယူဆခဲ့ကြသည်။
ဥပမာ USDP ဥက္ကဋ္ဌဟောင်း ဦးသန်းဌေး ယှဉ်ပြိုင်သည့် ဇေယျာသီရိမဲဆန္ဒနယ်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တခုလုံးနီးပါး အင်အားကို နေပြည်တော်လုံခြုံရေး ခေါင်းစဉ်ဖြင့် တပ်ရွှေ့ပြောင်းခဲ့သည်ကို တွေ့ရသည်။ ဇေယျာသီရိ မဲဆန္ဒနယ်သည် စစ်ရုံး အပါအဝင် စစ်တပ်ဌာနချုပ်များနှင့် တပ်မိသားစုဝင်အင်အားများသည့် နယ်မြေ ဖြစ်သည်။
သို့တိုင် မဲအရေအတွက် ပိုမိုရရှိရေး စစ်တပ်ကျောထောက်နောက်ခံ ပါတီဥက္ကဋ္ဌ အနိုင်ရရေး သေချာစေရန်အတွက် နေပြည်တော်လုံခြုံရေး ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲကာလတွင် အကျုံးဝင်အောင် တပ်ရွှေ့ပြောင်းမှု ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် ဦးသန်းဌေး အနိုင်ရသည်မှာ သန်းခေါင်ယံ ကြိုတင်မဲကြောင့်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
အလားတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင်လည်း ရေချုပ်ဟောင်း သူရဦးသက်ဆွေ၏ ကိုကိုးကျွန်း မဲဆန္ဒနယ်အတွက် ရေတပ်မှ အရာရှိ၊ စစ်သည် အများအပြားကို ကိုကိုးကျွန်းသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ထိုအတွေ့အကြုံများအရ ယခု စစ်ကော်မရှင်က ကျင်းပမည့် ၂၀၂၅ ခုနှစ် အပိုင်းလိုက် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း မှန်းဆကြည့်မိသည်။
ယခင် ရွေးကောက်ပွဲများကဲ့သို့ USDP က ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အနိုင်ရရေးအတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးများကို အကြောင်းပြကာ အလားတူ တပ်ပြောင်းရွှေ့မှုများ ဖြစ်လာနိုင်သည်။ ထို့အတူ တပ်တွင်း ပျောက်ဆုံးစာရင်း သွင်းထားသည့် စစ်သားများ၏ အမည်စာရင်းကို ကြိုတင် မဲစာရင်းတွင် ထည့်သွင်းလာနိုင်သည်။
“တပ်တွင်းမဲရုံ” ဆိုသည့် ဝေါဟာရ မရှိတော့သော်လည်း နီးစပ်ရာ ရပ်/ကျေးမှ မဲရုံများကို လုံခြုံရေး အကြောင်းပြကာ တပ်တွင်းကို သွင်းလာနိုင်သည်။ တပ်ပြင်တွင် ရောက်ရှိနေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကြိုတင်မဲပေးရမည့်စာရင်းတွင်ထည့်ပြီး USDP ပါတီ ကိုယ်စားလှယ်လောင်းကို တာဝန်ရှိသူများက ကိုယ်စား မဲပေးနိုင်သည်။
“တပ်တွင်းမဲရုံ” ဆိုသည့် ဝေါဟာရ မရှိတော့သော်လည်း နီးစပ်ရာ ရပ်/ကျေးမှ မဲရုံများကို လုံခြုံရေး အကြောင်းပြကာ တပ်တွင်းကို သွင်းလာနိုင်သည်။ တပ်ပြင်တွင် ရောက်ရှိနေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကြိုတင်မဲပေးရမည့်စာရင်းတွင်ထည့်ပြီး USDP ပါတီ ကိုယ်စားလှယ်လောင်းကို တာဝန်ရှိသူများက ကိုယ်စား မဲပေးနိုင်သည်။
တိုက်ပွဲပြင်းထန်နေသည့် နေရာများတွင် ရောက်ရှိနေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကြိုတင်မဲလက်မှတ်ကိုပင် မမြင်တွေ့လိုက်ရပါဘဲ USDP က ကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်ပြီးသား ဖြစ်နေမည့်သဘောကို မှန်းဆရပါသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စကားများအရ “လွတ်လပ်ပြီး တရားမျှတရမည်” ဆိုသည်မှာ USDP နိုင်မှ၊ “ဆန္ဒမဲများအား မပျက်မကွက်ပေးရမည်” ဆိုသည်မှာ USDP ကိုယ်စားလှယ်များကိုသာဟု အဓိပ္ပာယ် ပြန်ဆိုနေမိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ကိုယ့်ဖဲကိုယ်ချိုးမယ့် စစ်တပ်ရွေးကောက်ပွဲ (ရုပ်/သံ)
စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ
စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ
ကြံ့ခိုင်ရေးပါတီအနိုင်ရဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော














