• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်အုပ်စုကို တရုတ်က မျက်နှာသာ ပြန်ပေးလိုက်သည်

by Bertil Lintner
6 September 2025
in သူ့အတွေး သူ့အမြင်
A A
မြန်မာစစ်အုပ်စုကို တရုတ်က မျက်နှာသာ ပြန်ပေးလိုက်သည်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တီယန်ကျင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး မစ္စ ဖိန်းလိယွမ်တို့ကို တွေ့ရစဉ်

2.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသည် မြန်မာတွင် ၎င်း၏အင်အားကို ထပ်မံပြသလိုက်ပြီး ဘေဂျင်းမှ ခေါင်းဆောင်များ၏ မကြာသေးမီက လုပ်ရပ် နှစ်ခုသည် ကနဦးတွင် အလွန်အောင်မြင်သည့် နွေဦးတော်လှန်ရေး၏ ကံကြမ္မာကို ကန့်သတ်ထားလိုက်သည်။

ပထမလုပ်ရပ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တရားဝင် တွေ့ဆုံခြင်းဖြစ်ပြီး နောက်ထပ်လုပ်ရပ်မှာ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များသို့ လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ဖိအားပေးခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမနှစ်တွင် တရုတ်နိုင်ငံသည် ရွေးချယ်စရာများကို ဖွင့်ထားပုံရသည်။ တရုတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကင်းကင်းနေပြီး UWSA ထံမှ လက်နက်များ မြောက်ပိုင်း ညီနောင်မဟာမိတ်ကဲ့သို့ EAO များသို့ ရောက်ရှိခြင်းကို မသိကျိုးကျွံပြုနေသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
125
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
457
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
92

ညီနောင်မဟာမိတ် သုံးဖွဲ့တွင် ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ ပါဝင်ပြီး ၎င်းတို့သည် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ကြသည်။

သို့သော် ယခုအခါ တရုတ်သည် လက်နက်ကိုင်တော်လှန်ရေး အောင်မြင်မည်မဟုတ်ဟု ကောက်ချက်ချပြီး ထိုကောက်ချက်အတိုင်း လုပ်ကိုင်နေကြောင်း ထင်ရှားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သမ္မတ ရှီကျင့်ဖျင် ပထမအကြိမ် တွေ့ဆုံသည်မှာ မေလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုတွင်ဖြစ်ပြီး ၁၉၄၅ ခုနှစ်က နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်နိုင်သည့် နှစ် ၈၀ မြောက် အထိမ်းအမှတ် အခမ်းအနား၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သမ္မတ ရှီကျင့်ဖျင် ပထမအကြိမ် တွေ့ဆုံသည်မှာ မေလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုတွင်ဖြစ်ပြီး ၁၉၄၅ ခုနှစ်က နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်နိုင်သည့် နှစ် ၈၀ မြောက် အထိမ်းအမှတ် အခမ်းအနား၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခြင်းဖြစ်သည်။

မေလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် စာတစောင်ထုတ်ပြန်ပြီး “ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်း ထူထောင်ရေး ပိုမိုနက်ရှိုင်းစေရန်၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်လမ်း ပူးပေါင်းဆောင်ရွက်ရေးကို ပူးတွဲတိုးတက်စေရန်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကမ္ဘာ့လုံခြုံရေး အစီအစဉ်နှင့် ကမ္ဘာ့ယဉ်ကျေးမှုလူ့အဖွဲ့အစည်း အစီအစဉ်များကို အကောင်အထည်ဖော်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးကျေးဇူးများ ဆောင်ယူပေးရန် တရုတ်နိုင်ငံသည် မြန်မာနှင့် ပူပေါင်းဆောင်ရွက်မည်” ဟု ပြောသည်။

“ကြီးမားသော ထိခိုက်သေဆုံးမှုများနှင့် အဆောက်အအုံပျက်စီးမှုများဖြစ်စေသည့် မကြာသေးမီက မန္တလေးမှ ပြင်းထန်သော ငလျင်အပြီးတွင် တရုတ်နိုင်ငံသည် ကယ်ဆယ်ရေးအဖွဲ့များနှင့် လူသားချင်းစာနာမှု အကူအညီများကို အလျင်မြန်ဆုံးပေးပို့ခဲ့သည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို ဆက်လက် ထောက်ပံ့မည်ဖြစ်သည်။ မြန်မာ၏ အမျိုးသားအခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အကောင်အထည်ဖော်ရာတွင်၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်တံ့ခိုင်မာမှု၊ အမျိုးသားတည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ရာတွင်နှင့် ပြည်တွင်းနိုင်ငံရေး အစီအစဉ်ကို ဆင်ခြင်တုံတရားရှိရှိ အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံသည် မြန်မာကို ဆက်လက် ထောက်ခံနေမည်ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။

နောက်တကြိမ် တွေ့ဆုံမှုမှာလည်း အခြား အထိမ်းအမှတ် အခမ်းအနားတွင်ဖြစ်သည်။ တရုတ်နိုင်ငံက ဂျပန်ကို အောင်ပွဲအဖြစ် သတ်မှတ်သည့် နှစ် ၈၀ မြောက် အခမ်းအနားကို ကျင်းပနေစဉ် သြဂုတ်လကုန်တွင် တရုတ်ဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များသည် မြောက်ပိုင်းဆိပ်ကမ်းမြို့ကြီး တီယန်ကျင်းတွင် တွေ့ဆုံကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧည့်သည်တဦးဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံတို့သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှ အဓိက စီမံကိန်းများကို တိုးတက်အောင် လုပ်သင့်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကာ မြန်မာမှ တရုတ်ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ၏ လုံခြုံရေး အာမခံချက်ရှိအောင် လုပ်သင့်သည်ဟု ထပ်မံပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာတွင် ကျင်းပမည့် ရွေးကောက်ပွဲများကိုလည်း ထောက်ခံပြီး စစ်အုပ်စုက ထိုရွေးကောက်ပွဲသို့ လေ့လာသူများ စေလွှတ်ရန် တရုတ်နိုင်ငံကို ဖိတ်ခေါ်သည်။

မြန်မာမှ စစ်မြေပြင်များတွင် တိုက်ပွဲဝင်နေသည့် EAO များအတွက် များစွာပိုမိုထိခိုက်စေသည့် လုပ်ရပ်တခု သြဂုတ်လ ၂၀ ရက်နေ့တွင် ဖြစ်ပေါ်သည်။ MNDAA, TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ကိုယ်စားလှယ်များကို UWSA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) သို့ ဆင့်ခေါ်သည်။

ဝ သတင်းအေဂျင်စီက YouTube တွင်တင်သည့် ဗီဒီယိုအရ ပန်ခမ်းတွင် ထိုကိုယ်စားလှယ်များအား “မည်သည့်အဖွဲ့အစည်းကိုမှ လက်နက်၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် ဘဏ္ဍာရေးအကူအညီများကို မည်သည့်ပုံစံဖြင့်ဖြစ်စေ၊ မည်သည့်အကြောင်းအတွက်ဖြစ်စေ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မှ ဆက်လက် ထောက်ပံ့တော့မည်မဟုတ်” ဟု ပြောကြားလိုက်ကြောင်း သိရသည်။

UWSP ပြောခွင့်ရသူတဦးက “ခင်ဗျားတို့ အဖွဲ့အစည်းတွေကို ထောက်ပံ့လို့ တရုတ်နိုင်ငံက ဝပြည်နယ်အစိုးရကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးစေတယ်” ဟု ပြောသည်။

UWSP ပြောခွင့်ရသူတဦးက “ခင်ဗျားတို့ အဖွဲ့အစည်းတွေကို ထောက်ပံ့လို့ တရုတ်နိုင်ငံက ဝပြည်နယ်အစိုးရကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးစေတယ်” ဟု ပြောသည်။

ထိုပြောခွင့်ရသူမှာ သတင်းများတွင် “စပ်ကော်အန်း” ဟု ရည်ညွှန်းခေါ်ဝေါ်သည့် ကျောက်ကော်အန်း ဖြစ်သည်။ သူ့ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နန်ဆန်တွင် မွေးဖွားပြီး ၁၉၆၀ ပြည့်နှစ်များနှောင်းပိုင်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့်အတူ တိုက်ခိုက်ရန် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် စေတနာ့ဝန်ထမ်း တပ်နီတပ်သားများတွင် သူလည်းပါဝင်သည်။

၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ပြီးနောက် ထိုစေတနာ့ဝန်ထမ်းအများစုကို ပြန်လည် ရုတ်သိမ်းပြီး တရုတ်နိုင်ငံ၏မူဝါဒသည် တော်လှန်ရေးကို တင်ပို့ခြင်းမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးသို့ ပြောင်းသွားသော်လည်း အချို့သည် မြန်မာနိုင်ငံတွင် ဆက်လက်ကျန်ရစ်ကာ ကျောက်ကော်အန်းသည် ထိုသို့သောသူများအနက် တဦးဖြစ်သည်။

၁၉၈၉ ခုနှစ် ပုန်ကန်မှုအပြီးတွင် ကျောက်ကော်အန်းသည် UWSP သို့ ဝင်ရောက်သည်။ ထိုပုန်ကန်မှုတွင် ဗကပ ခေါင်းဆောင်မှုတခုလုံးသည် တရုတ်နိုင်ငံသို့ ထွက်ပြေးရပြီး ယခင်ကွန်မြူနစ် သူပုန်များသည် တိုင်းရင်းသားတပ်မတော် လေးခုအဖြစ် ကွဲသွားပြီး ထိုအဖွဲ့များတွင် UWSA သည် အင်အားအကြီးမားဆုံး ဖြစ်နေဆဲဖြစ်သည်။

ထို့နောက် UWSA သည် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူကာ ကျောက်ကော်အန်းသည် ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အများအပြားတွင် ပါဝင်ခဲ့သည်။ သူသည် ဝ အာဏာပိုင်းများ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံလည်းဖြစ်ပြီး သူ၏ဆရာ ရှောင်မီလျံ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်သောအခါ UWSP ဒုဥက္ကဋ္ဌဖြစ်လာသည်။

ဝ ၏ ကြေညာချက် မတိုင်မီကပင် တရုတ်တို့သည် MNDAA ကို လားရှိုးမှ ဆုတ်ခွာစေသည်။ လားရှိုးသည် ရှမ်းပြည်မြောက်ပိုင်းမှ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အချာဖြစ်ပြီး MNDAA က ထိုမြို့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် သိမ်းပိုက်ခဲ့သည်။ တရုတ်တို့သည် ပုံမှန်အခြေအနေကို မြင်လိုပြီး ထိုကိစ္စသည် နယ်စပ်ကုန်သွယ်ရေးကို ထုံးစံအတိုင်း ပြုလုပ်နိုင်ရေးဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် TNLA သည်လည်း မန္တလေးမှ တရုတ်နယ်စပ်သို့ အဓိကလမ်းမကြီးမှ ၎င်းတို့သိမ်းပိုက်ထားသည့် အဓိကမြို့များမှ ဆုတ်ခွာပေးရန် တရုတ်၏ ဖိအားပေးခြင်းခံနေရသည်။ TNLA သည် လက်ရှိအချိန်အထိ လိုက်နာရန် ငြင်းဆန်နေသော်လည်း ၎င်း၏ စစ်လက်နက်ပစ္စည်း အဓိကရင်းမြစ် UWSA ၏ ထောက်ပံမှု အဆုံးသတ်သွားသောကြောင့် မည်မျှကြာကြာ တောင့်ခံနိုင်မည်မှာ မရေမရာဖြစ်နေသည်။

UWSA က လက်နက် ထောက်ပံ့မှု အဆုံးသတ်လိုက်ခြင်းသည် ဗမာလူမျိုးစုများ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ ထိုအဖွဲ့များသည် MNDAA, TNLA တို့နှင့် မဟာမိတ်ဖြစ်ပြီး ထိုအဖွဲ့များက ထောက်ပံ့သည့် လက်နက်ခဲယမ်းကို အလုံးစုံ မှီခိုနေရသည်။

UWSA က လက်နက် ထောက်ပံ့မှု အဆုံးသတ်လိုက်ခြင်းသည် ဗမာလူမျိုးစုများ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ ထိုအဖွဲ့များသည် MNDAA, TNLA တို့နှင့် မဟာမိတ်ဖြစ်ပြီး ထိုအဖွဲ့များက ထောက်ပံ့သည့် လက်နက်ခဲယမ်းကို အလုံးစုံ မှီခိုနေရသည်။

ထူးထူးခြားခြားရှိသည်မှာ အဓိကကျသည့် EAO နှစ်ခုဖြစ်သည့် AA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ပန်ခမ်း အစည်းအဝေး တက်ရောက်မှု မရှိခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစတင်ပြီး AA သည် UWSA ၏ ထောက်ပံ့မှုမှ အကျိုးခံစားနေရပြီး MNDAA နှင့်အတူ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်နေသည်။

မကြာသေးမီ နှစ်များအတွင်း AA သည် ရခိုင်ပြည်နယ်နေရာအများစုကို သိမ်းပိုက်ခဲ့ပြီး စစ်အုပ်စုထံမှ သံချပ်ကာယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်း အများအပြား သိမ်းဆည်းမိသည်။ ထို့ကြောင့် AA သည် UWSA သို့မဟုတ် MNDAA က ထောက်ပံ့သည့် လက်နက်များကို ဆက်လက် မမှီခိုတော့ဘဲ ပြည်နယ်တခုလုံးကို သိမ်းပိုက်ရန် စိတ်အားထက်သန်နေပုံရသည်။

တချိန်တည်းတွင် KIA သည် ကိုယ်ပိုင်လက်နက်စက်ရုံများရှိပြီး UWSA ထံမှ ခဲယမ်းအချို့ကို အနည်းငယ်သာ ရရှိသည်။ သို့သော် KIA သည် ဓာတ်ဆီ၊ ဒီဇယ်၊ စားနပ်ရိက္ခာနှင့် ဆေးဝါး စသည့် စစ်ရေးနှင့်မဆိုင်သော အထောက်အပံ့များအတွက် တရုတ်ကို မှီခိုရသောကြောင့် နေပြည်တော်မှ အာဏာပိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်ဖိအားကို လျစ်လျူရှုရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ KIA သည် ဗဟိုအာဏာပိုင်များနှင့် ဆွေးနွေးရန် စိတ်ဝင်စားမှု မရှိပေ။

ကချင်တို့သည် ဗဟိုအာဏာပိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာလအတွင်းက ခါးသီးသော အမှတ်သညာများလည်း ရှိနေသည်။ မြန်မာစစ်တပ်သည် ၎င်းတို့ သဘောတူထားသမျှ အရာရာကို ချိုးဖောက်ပြီး နောက်ဆုံးတွင် KIA ကို ထိုးစစ်ပင်ဆင်သည်။

ထို့ကြောင့် UWSA/UWSP ၏ ညွှန်ကြားချက်သစ်များသည် မြန်မာမှ ပြည်တွင်းစစ်၏ အလုံးစုံပုံစံအပေါ် သက်ရောက်မှု အကန့်အသတ်ဖြင့်သာ ရှိမည်ဖြစ်သည်။ သို့သော် ထိုဆုံးဖြတ်ချက်များသည် EAO အချို့အနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က တိုက်ခိုက်ခဲ့သကဲ့သို့ တိုက်ခိုက်ရန် များစွာ ပိုမိုခက်ခဲမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတခွင်မှ အဓိကကျသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ရှင်းလင်းရန် နည်းလမ်းလိုချင်ပြီး ရှိလည်းရှိကြောင်းနှင့် နောက်ဆုံးတွင် သေနင်္ဂဗျူဟာအရ အရေးပါသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတခုလုံးနှင့် အိန္ဒိယသမုဒ္ဒရာအထိကို လုံခြုံစေလိုကြောင်း တရုတ်က ရှင်းလင်းစွာ ပြောကြားထားပြီးဖြစ်သည်။ ထိုစီမံကိန်းများသည် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် ဒေသဆိုင်ရာအုတ်မြစ်ဖြစ်သည်။

တရုတ်၏ မူဝါဒများသည် မည်သည့်လူမျိုးစုဖြစ်စေ မြန်မာနိုင်ငံသားများ အာဏာရှင်အုပ်စုအောက်တွင် ကြိုမြင်နိုင်သော အနာဂတ်၌ ဆက်လက်နေထိုင်ပြီး မပြီးဆုံးနိုင်သည့် ပြည်တွင်းစစ်ကို ဆက်လက် ခံစားရမည်ဖြစ်သည်။

တရုတ်၏ မူဝါဒများသည် မည်သည့်လူမျိုးစုဖြစ်စေ မြန်မာနိုင်ငံသားများ အာဏာရှင်အုပ်စုအောက်တွင် ကြိုမြင်နိုင်သော အနာဂတ်၌ ဆက်လက်နေထိုင်ပြီး မပြီးဆုံးနိုင်သည့် ပြည်တွင်းစစ်ကို ဆက်လက် ခံစားရမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ China Plumps Squarely for Myanmar Junta ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

မင်းအောင်လှိုင် တရုတ်ကို လိမ်တာလား (ရုပ်/သံ)

တရုတ်အားကိုး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပစွက်ဖက်မှုကို ရှုတ်ချ

မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်ကို ဒူးထောက်လိုက်ရတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

မင်းအောင်လှိုင်ကို အသက်ဆက်ပေးလိုက်တဲ့ တရုတ် ဆေးမြီးတို စွမ်းမလား (ရုပ်/သံ)

မင်းအောင်လှိုင် တရုတ်သွားတောလား (သို့မဟုတ်) အပယ်ခံမှ လတ်တလော တရားဝင်မှုဆီသို့

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးEAOUWSAစစ်ကော်မရှင်စစ်အာဏာသိမ်းမှုစီးပွားရေးစင်္ကြံညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်စပ်ကုန်သွယ်ရေးနွေဦးတော်လှန်ရေးပြည်တွင်းစစ်ရွေးကောက်ပွဲ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်

မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဝရမ်းထုတ်ဖို့တောင်းဆိုမှု AA ဘာပြောလဲ (ရုပ်/သံ)

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဝရမ်းထုတ်ဖို့တောင်းဆိုမှု AA ဘာပြောလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved