• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

by မောင်ကဝိ
19 May 2025
in သူ့အတွေး သူ့အမြင်
A A
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၂၅ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုတွင် တွေ့ဆုံစဉ်

1.2k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မကြာသေးခင်က တွေဆုံခဲ့ ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် သူတို့ နှစ်ဦး ပထမဆုံးတွေ့ဆုံမှုဟာ မင်းအောင်လှိုင်အတွက် သံတမန်ရေးနဲ့ နိုင်ငံရေးစစ်မျက်နှာမှာသာမက ပြည်တွင်းစစ်မှာလည်း အားသာချက်ဖြစ်စေသလို မြန်မာပြဿနာတွေနဲ့ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကြား ညှိနှိုင်းဆောင်ရွက်မှု နက်ရှိုင်းလာတာကိုလည်း မီးမောင်းထိုးပြ နေပါတယ်။

သမ္မတ ရှီကျင့်ဖျင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မေလ ၉ ရက်က မော်စကိုမှာ ကျင်းပတဲ့ ဆိုဗီယက်ယူနီယံရဲ့ နာဇီဂျာမနီအပေါ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲရဲ့ သီးခြားဆွေးနွေးပွဲမှာ လက်ခံတွေ့ဆုံတာ ဖြစ်ပါ တယ်။ သမ္မတ ရှီကျင့်ဖျင်က ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီကို တရုတ်က ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ထောက်ခံကြောင်း ဖော်ပြပါတယ်။

မင်းအောင်လှိုင်ကို ကရင်မလင်နန်းတော်မှာ သမ္မတ ရှီကျင့်ဖျင်ရဲ့ သီးခြားတွေ့ဆုံခြင်းဟာ မြန်မာဗိုလ်ချုပ်တွေအတွက် အရေးပါတဲ့ သံတမန်ရေးအောင်ပွဲတခုဖြစ်တယ်လို့ နိုင်ငံရေးသုတေသီ သက်ထားမောင်က မှတ်ချက်ချပါတယ်။

သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ မြန်မာက အရပ်သားတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုအကြောင်း ဘာမှမပြောဘူးဆိုတဲ့အချက်ဟာ စစ်ကောင်စီရဲ့ အပြစ်ဒဏ် ကင်းလွတ်တယ်ဆိုတဲ့အသိကို လက်ရဲဇက်ရဲဖြစ်အောင် ထပ်မံအားဖြည့်ပေးလိုက်တာ ဖြစ်တယ်လို့ ၎င်းပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူတွေကို နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အနောက်ဒီမိုကရေစီနိုင်ငံတွေက ဖယ်ကျဉ်ခံရတဲ့ မြန်မာ စစ်ကောင်စီဟာ သံတမန်ရေးအရနဲ့ စစ်ရေးအရ တရုတ်နဲ့ ရုရှားကို ပိုမိုမှီခိုလာတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူတွေကို နောက်ဆက်တွဲ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် အနောက်ဒီမိုကရေစီနိုင်ငံတွေက ဖယ်ကျဉ်ခံရတဲ့ မြန်မာစစ်ကောင်စီဟာ သံတမန်ရေးအရနဲ့ စစ်ရေးအရ တရုတ်နဲ့ ရုရှားကို ပိုမိုမှီခိုလာတယ်။

ဒါပေမယ့် မြန်မာမှာ မရှိမဖြစ်လိုအပ်တဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရပ်ဝန်းနဲ့လမ်းစီမံကိန်းတွေ၊ အင်အားကြီးတဲ့ အနီးကပ် အိမ်နီးချင်းနိုင်ငံတခုအဖြစ်နဲ့ မြန်မာက စစ်ကောင်စီဆန့်ကျင်ရေးမှာ အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ဆက်ဆံရေးရှိတာကြောင့် တရုတ်ဟာ စစ်ကောင်စီအတွက် ပိုမိုအရေးပါလာတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာမှာ ပိုမိုခိုင်မာတဲ့ တရုတ်ထောက်ခံမှုရရှိရေးအတွက် စစ်ကောင်စီဟာ “တရုတ်အစိုးရရဲ့ ရုပ်သေး” ဆိုတဲ့ အမည်ရလောက်အောင် တရုတ်ကို ထောက်ခံတယ်။

အဲဒီလို ကြီးထွားလာနေတဲ့ မှီခိုမှုကို ညွှန်ပြတဲ့အချက်တွေထဲမှာ မြန်မာက အရင်မလုပ်ဖူးတဲ့ တရုတ်နှစ်သစ်ကူးကို တရားဝင် အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် အသိအမှတ်ပြုတာ၊ မြန်မာက တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ တရုတ် လုံခြုံရေးတပ်တွေကို ခွင့်ပြုဖို့ ပြည်သူ့လုံခြုံရေး ဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းတာနဲ့ နိုင်ငံမှာ ဆက်လက် မတည်မငြိမ် ဖြစ်နေပေမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေဟာ ဦးစားပေးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အာမခံချက်တွေ ပါဝင်ပါတယ်။ ဒါ့ပြင် စစ်ကောင်စီဟာ တရုတ်ရဲ့ အွန်လိုင်းလိမ်လည်မှု ဖြိုခွင်းရေးကိုလည်း တက်ကြွစွာထောက်ခံပြီး အမျိုးသားရေးတာဝန် ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လေးနှစ်ကျော်ကြာအောင် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်ဆက်ဆံရေးကို ရှောင်ရှားပြီးနောက် သူ့ကိုတွေ့ဆုံဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီအုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တနိုင်ငံလုံး လက်နက်ကိုင် ခုခံတော်လှန်မှု ကျဆုံး တော့မယ့်နိုင်ငံကို တရုတ်က ထောက်ခံမှု ကြီးမားလာကြောင်း ပြသနေတယ်လို့ အရှေ့တောင်အာရှ လုံခြုံရေးကျွမ်းကျင်သူ ဂျေဆင်တာဝါက ဧရာဝတီကို ပြောပါတယ်။

ရုရှားမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံခြင်းဟာ မြန်မာပြဿနာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်ကြား ကြီးထွားလာနေတဲ့ ညှိနှိုင်းဆောင်ရွက်မှုကို ပြသနေတယ်လို့လည်း သူကပြောပါတယ်။

“ရုရှား-မြန်မာ ဆက်ဆံရေး နက်ရှိုင်းလာတာဟာ တရုတ်ကို ဒေါသဖြစ်စေတယ်လို့ သုတေသီတချို့ ပြောပေမယ့် ဒီအစည်း အဝေးအတွက် ရုရှားက နေရာထိုင်ခင်းနဲ့ အကာအကွယ် စီစဉ်ပေးတယ်ဆိုတဲ့အချက်က သူတို့ဟာ မြန်မာစစ်တပ်ကို သူတို့ရဲ့ထောက်ခံမှုနောက်ကွယ်မှာ ညီညွတ်နေကြောင်း ပြသနေတယ်” လို့ ဂျေဆင်တာဝါက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ တရားဝင်ဖိတ်ခေါ်မှုနဲ့ ကရင်မလင် ကို သွားရောက်ပြီးနောက် ကာလကြာမြင့်စွာ ကြိုးစားနေတဲ့ သံတမန်ရေးအောင်မြင်မှု နောက်တခုဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခြင်းဟာ မင်းအောင်လှိုင်ရဲ့ သူ့ကိုယ်သူ ယုံကြည်မှုကို အားဖြည့်ပေးပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို လျစ်လျူရှုကာ စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်ဖို့ အားပေးလိုက်ပုံရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ တရားဝင်ဖိတ်ခေါ်မှုနဲ့ ကရင်မလင်ကို သွားရောက်ပြီးနောက် ကာလကြာမြင့်စွာ ကြိုးစားနေတဲ့ သံတမန်ရေးအောင်မြင်မှု နောက်တခုဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခြင်းဟာ မင်းအောင်လှိုင်ရဲ့ သူ့ကိုယ်သူ ယုံကြည်မှုကို အားဖြည့်ပေးပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျစ်လျူရှုကာ စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်ဖို့ အားပေးလိုက်ပုံရပါတယ်။

ရုရှားနဲ့တရုတ်ဟာ စစ်ကောင်စီကို လက်နက် အဓိကထောက်ပံ့သူတွေဖြစ်ပြီး အရပ်သားတွေကို နေ့စဉ် လေကြောင်း တိုက်ခိုက်မှုလုပ်ဖို့ အထောက်အပံ့ ဖြစ်နိုင်စေပါတယ်။

အဲဒီ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကို ထောက်ခံပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ပထဝီနိုင်ငံရေး အဝန်းအဝိုင်းထဲကို သေနင်္ဂဗျူဟာအရ ဝင်ရောလိုက်နိုင်သလို တရုတ်၊ ရုရှားတို့နဲ့ပတ်သက်တဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ဖြစ်ပေါ်စေတယ်။

ဥပမာအားဖြင့်ဆိုရရင် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိက) နိုင်ငံတွေ အပါအဝင် အဓိက နိုင်ငံတွေနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့ဆက်ဆံရေးကို တောင့်တင်းအောင် လုပ်နိုင်တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာဗိုလ်ချုပ်တွေဟာ BRICS ရဲ့ ကြီးထွားလာနေတဲ့သြဇာကို ချီးကျူးပြီး အဲဒီအဖွဲ့ကို ဝင်ရောက်လိုတဲ့ သူတို့ဆန္ဒကို ဖော်ပြကြတယ်။

တရုတ်ကို ဦးညွတ်ဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးရှိကြောင်း လွန်ခဲ့တဲ့ ခြောက်လအတွင်းက ဖြစ်ရပ်တွေက ပြသနေတယ်။

မနှစ်က နိုဝင်ဘာလမှာ တရုတ်ဟာ မင်းအောင်လှိုင်ကို ကူမင်းမှာ မဲခေါင်ထိပ်သီးဆွေးနွေးပွဲဖိတ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို ဝန်ကြီးချုပ်တွေနဲ့ သီးခြားဆွေးနွေးဖို့ အခွင့်အလမ်းတွေ ပေးခဲ့တယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ သူက လာမယ့် ရွေးကောက်ပွဲတွေအတွက် သူ့အစီအစဉ်ကို ကာကွယ်ပြောကြားတယ်။

စစ်ကောင်စီဟာ အဖွဲ့ရဲ့ မြန်မာ့ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ၅ ချက်ပါ စီမံကိန်းကို မလိုက်နာလို့ အရင်တုန်းက စစ်ကောင်စီ အဆင့်မြင့်အရာရှိတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတွေမှာ ပိတ်ပင် ထားတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
453
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

အဲဒီခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရားဝင်ခရီး ဖြစ်တယ်။ နောက်တော့ သူခရီး အများအပြားသွားပြီး ရုရှားနဲ့ဘယ်လာရုစ်ကို သွားတယ်။ ထိုင်းနိုင်ငံမှာ ဘင်္ဂလားပင်လယ် အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) အစည်းအဝေးတက်ပြီး ဘန်ကောက်မှာ အာဆီယံ အထူးသံတမန်နဲ့ တွေ့တယ်။ နောက်ဆုံးတော့ သမ္မတ ရှီကျင့်ဖျင်ကို မော်စကိုမှာ တွေ့တယ်။

စစ်ကောင်စီဟာ နိုင်ငံရဲ့ပြည်တွင်းစစ်မှာ တရုတ်ထံက နိုင်ငံရေးနဲ့ စစ်ရေးထောက်ခံမှု ပိုမို ရလာ တယ်လို့ သုတေသီတွေက ပြောတယ်။ သူတို့က မကြာသေးမီက လားရှိုးဖြစ်ရပ်တွေကို ထောက်ပြကြတယ်။ လားရှိုးမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းမြို့တော်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဆီကနေ သေနတ်တချက်မှ မဖောက်ဘဲ ပြန်ရတယ်။

စစ်ကောင်စီဟာ နိုင်ငံရဲ့ပြည်တွင်းစစ်မှာ တရုတ်ထံက နိုင်ငံရေးနဲ့ စစ်ရေးထောက်ခံမှု ပိုမိုရလာတယ်လို့ သုတေသီတွေက ပြောတယ်။ သူတို့က မကြာသေးမီက လားရှိုးဖြစ်ရပ်တွေကို ထောက်ပြကြတယ်။ လားရှိုးမှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းမြို့တော်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဆီကနေ သေနတ်တချက်မှ မဖောက်ဘဲ ပြန်ရတယ်။

အလားတူစွာပဲ တရုတ်ဟာ ကျောက်မဲ၊ သီပေါနဲ့ နောင်ချို အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက်က မြို့တွေကို စစ်ကောင်စီထံ ပြန်ပေးဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကိုလည်း ဖိအားပေးနေတယ်။

တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှု ကြီးထွားလာခြင်းဟာ စစ်မြေပြင်က အရှက်တကွဲအကျိုးနည်း ဆုံးရှုံးမှု အများအပြားကနေ ပြန်လည် နာလန်ထစေတယ်လို့ ဂျေဆင်တာဝါက ပြောပါတယ်။

“ဘေဂျင်းရဲ့ အကူအညီရှိပေမယ့် စစ်ကောင်စီဟာ စစ်မြေပြင်မှာ ထပ်မံရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရပြီး ဆက်လက် ရှင်သန်ရေး အတွက် ဘေဂျင်းကို ဘယ်လို ပိုမို ဆက်လက်မှီခိုမလဲဆိုတာကို ပြသနေတယ်” လို့ သူက ပြောတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Leader Scores Diplomatic Win With Xi Meeting in Moscow ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ အကြီးစားစစ်လက်နက်တွေ ထုတ်ဖို့ တရုတ်နဲ့ ရုရှား ကူနေ (ရုပ်/သံ)

စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်

စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း

ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ

မြန်မာပြည်တွင် တရုတ် လှေနံ ၂ ဖက်နင်းနေသည်

မြန်မာ့တိုက်ပွဲကြား လူသားဒိုင်းဖြစ်မည့် တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်းများ

Your Thoughts …
Tags: BIMSTECBRICSစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်စပ်ကုန်သွယ်ရေးပြည်တွင်းစစ်ဘုံသဘောတူညီချက် ၅ ချက်ရုရှားရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအရပ်သားပစ်မှတ်အရေးယူပိတ်ဆို့မှုအာဆီယံ
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved