• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့တိုက်ပွဲကြား လူသားဒိုင်းဖြစ်မည့် တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်းများ

by စွယ်တော်
13 March 2025
in သူ့အတွေး သူ့အမြင်
A A
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်ပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် ထူထောင်ထားသည့် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီမှ တရုတ်စစ်သားများ

7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA / AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများ ပြင်းထန်နေချိန်တွင် တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်းများ ကျောက်ဖြူသို့ ရောက်လာခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ရန်ကုန်မှ ကျောက်ဖြူသို့ ပျံသန်းဆိုက်ရောက်လာသည့် ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၅ ဦး ပါဝင်ကြောင်း သိရ၏။ ထို တရုတ်နိုင်ငံသား ၂၅ ဦးမှာ တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (PSC) နှင့် စစ်ကောင်စီအကြား အကျိုးတူ ပူးပေါင်းပြီး ဆောင်ရွက်မည့် လုံခြုံရေးကုမ္ပဏီ (JVSC) တည်ထောင်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ရောက်လာသည့် လုံခြုံရေးဝန်ထမ်းများဟု သိရသည်။

ဖေဖော်ဝါရီလနှောင်းပိုင်း ကာလအတွင်း ကျောက်ဖြူသို့ စုစုပေါင်း ရောက်ရှိလာသည့် တရုတ် လုံခြုံရေးဝန်ထမ်း ၅၀ ဦးခန့်ရှိကြောင်းလည်း ဒေသအခြေစိုက် သတင်းများအရ သိရ၏။

အကျိုးတူ ပူးပေါင်းမည့် လုံခြုံရေးကုမ္ပဏီ (JVSC) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နှင့် စစ်ကောင်စီတို့အကြား တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းများကို ကာကွယ်ရန် ပူးတွဲလုံခြုံရေးကုမ္ပဏီတခု ထူထောင်ရန် တရုတ်နိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စစ်အစိုးရက နားလည်မှုစာချွန်လွှာ (MoU) ရေးဆွဲရန် လုပ်ငန်းကော်မတီတရပ်ကို စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ကော်မတီ ဖွဲ့စည်းမှုသည် တရုတ်တွင် ပြုလုပ်ခဲ့သည့် မဟာမဲခေါင် အစည်းအဝေး မတက်မီ အချိန်ကိုက် ဖွဲ့စည်းမှုလည်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ပါဝင်သည့် စီမံကိန်းများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိလာခြင်းကို ပြေလျော့စေရန် စစ်ခေါင်းဆောင်က အကြိုက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ပါဝင်သည့် စီမံကိန်းများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိလာခြင်းကို ပြေလျော့စေရန် စစ်ခေါင်းဆောင်က အကြိုက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း တကောင်း နီကယ်စက်ရုံ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး နောက်ပိုင်းတွင် တရုတ်စီမံကိန်းများ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။)

တရုတ်ဘက်က ယခုကဲ့သို့ လုံခြုံရေးဝန်ထမ်းများ စေလွှတ်မည်ကို စစ်ကောင်စီအနေဖြင့် လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည်။ တရုတ် လုံခြုံရေးများကို ကြားခံခုတုံးလုပ်ပြီး AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို လှည့်စားရန်အတွက် အသုံးချလိုခြင်းကြောင့် ဖြစ်သည်။

လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အနေဖြင့် စစ်ကောင်စီနှင့် ပစ်ခတ်တိုက်ခိုက်မှုက မဆန်းသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများကို ထိခိုက်မိပါက တရုတ်အစိုးရနှင့် ပွတ်တိုက်မှုများ ဖြစ်လာပေါ်နိုင်သည်။

ထို့ကြောင့် တရုတ်လုံခြုံရေးအဖွဲ့များ ဝင်ရောက်လာခြင်းက စစ်ကောင်စီအတွက် တချက်ခုတ် နှစ်ချက်ပြတ်ကိန်း ဆိုက်ခြင်းလည်း ဖြစ်သည်။ တရုတ်စီမံကိန်းများ လုံခြုံရေးအတွက် စစ်ကောင်စီတာဝန် လျော့ကျသွားသလို တရုတ် လုံခြုံရေးများရှိသည့် နေရာများကို တော်လှန်ရေးအင်အားစုများဘက်က တိုက်ခိုက်ရန် ကန့်သတ်ချက်များ ရှိလာခြင်းကြောင့် လုပ်ငန်းများ ရပ်တန့်သွားမည်ကိုလည်း မစိုးရိမ်ရတော့သောကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုဥပဒေကို စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂ (ခ) အရ နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမှ ခြေချခွင့်မပြုဟု ပြဋ္ဌာန်းထားမှုကို စစ်ကောင်စီက ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများကို လုံခြုံရေးပေးရန် နိုင်ငံပေါင်း ၄၀၊ အများအားဖြင့် အာဖရိကတွင် လုပ်ကိုင်နေသည့် တရုတ်စစ်ဘက်ကုမ္ပဏီ ၂၀ ခန့်ရှိသည်/AFP

တော်လှန်ရေးအင်အားစုများကို မနိုင်တော့သည့် စစ်ကောင်စီသည် အာဏာတည်မြဲရေး အထောက်အပံ့အဖြစ် နိုင်ငံတော် နယ်နိမိတ်အတွင်း တရုတ်လုံခြုံရေးအဖွဲ့ကို ခြေချခွင့်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ တရုတ် လုံခြုံရေးဝန်ထမ်းများ လက်နက်ကိုင်၍ ဝင်ရောက်ခွင့်ရအောင် စစ်ကောင်စီက အချိန်မီ ဆောင်ရွက်ပေးခဲ့ခြင်းဟုလည်း ဆိုနိုင်သည်။

ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများလည်း လိုင်စင်လျှောက်ထားနိုင်ပြီး လိုင်စင်ရရှိသည့်ကုမ္ပဏီက လိုအပ်ချက်အရ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်ကြောင်းလည်း ထည့်သွင်းပေးထားသည်။

ထို့ကြောင့် တရုတ်လုံခြုံရေးကုမ္ပဏီများမှ ဝန်ထမ်းများသည် ပြည်ပ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဟု ဆိုသော်လည်း လက်နက်ကိုင်ခွင့် ရမည်ဖြစ်သည်။ နွေဦးတော်လှန်ရေး ကာလအတွင်းက အချို့ တော်လှန်ရေးတပ်ဖွဲ့များ၌ တယောက်ချင်းစီ လူစုံအောင် လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်သေးသည့် အနေအထားတွင် နိုင်ငံခြားသားများက လက်နက်ကိုင်ပြီး ပြည်တွင်းရှိ နေရာအချို့တွင် လုံခြုံရေး ဆောင်ရွက်ပေဦးမည်။

တော်လှန်ရေးအင်အားစုများက ကြည်း၊ ရေ၊ လေ အစုံပိုင်ဆိုင်သည့် အာဏာသိမ်းစစ်တပ်ကို ဖိအားပေးထားချိန်တွင် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်ရန်အတွက် ရာခိုင်နှုန်း နည်းနိုင်သည်။

ထို့ကြောင့် ယခုဥပဒေသည် တရုတ်က လုံခြုံရေးဆိုင်ရာကုမ္ပဏီများအတွက် ရည်ရွယ်ခြင်းသက်သက် ဖြစ်သည်။

‘ငါတို့အရိုး စည်းရိုးထိုးမယ်’ ဟု ကြွေးကြော်ကြပြီး ‘သက်ရှိစည်းရိုး’ ဆိုသည့် ဝါဒဖြန့်ဇာတ်ကား ရိုက်ကူးထုတ်လွှင့်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်များ၏ အာဏာသိမ်းကာလတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ အနေဖြင့် စည်းရိုးကို ခွ၍ပင် ကျော်စရာ မလိုဘဲ မြန်မာ့ပိုင်နက်အတွင်း ပင့်ဖိတ် ခေါ်ဆောင်ခြင်းခံရသည့် သဘောကို တွေ့ရသည်။

‘ငါတို့အရိုး စည်းရိုးထိုးမယ်’ ဟု ကြွေးကြော်ကြပြီး ‘သက်ရှိစည်းရိုး’ ဆိုသည့် ဝါဒဖြန့်ဇာတ်ကား ရိုက်ကူးထုတ်လွှင့်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်များ၏ အာဏာသိမ်းကာလတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ အနေဖြင့် စည်းရိုးကို ခွ၍ပင် ကျော်စရာ မလိုဘဲ မြန်မာ့ပိုင်နက်အတွင်း ပင့်ဖိတ် ခေါ်ဆောင်ခြင်းခံရသည့် သဘောကို တွေ့ရသည်။

ထိုသို့ ပင့်ဖိတ်ခံရသည့် တရုတ် လုံခြုံရေးကုမ္ပဏီများကို လေ့လာကြည့်သည့်အခါ ရုရှားနိုင်ငံမှ ဝဂ္ဂနာအဖွဲ့ (Wagner Group) နှင့် အမေရိကန်မှ Blackwater ကုမ္ပဏီများကဲ့သို့ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်သည့် အဆင့်အထိ မရောက်သေးကြောင်းတွေ့ရသည်။

ထို့ပြင် ပြည်ပရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသည့် တရုတ် လုံခြုံရေးကုမ္ပဏီ အရေအတွက်မှာ ၂၀ ကျော်ခန့်သာရှိသေးကြောင်းလည်း သိရသည်။ မြန်မာကိုလာမည့် တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်းများသည် စစ်ကောင်စီ အကူအညီရယူပြီး ရပ်ဝန်းနှင့်လမ်းမ အစီအစဉ် (BRI) နှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှု ပေးမည့်သဘောကို တွေ့ရသည်။

တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ခရီးစဉ်တွင် ထပ်မံ အဆိုပြုထားသည်ဟု သိရသည့် BRI နှင့် ဆက်စပ်သည့် တရုတ်-မြန်မာ စင်္ကြံတွင် ရထားလမ်းနှင့်အတူ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခု ပါဝင်ကြောင်း တွေ့ရသည်။ မြန်မာပြည်တွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ချိတ်ဆက်ပေးမည်ဟုလည်း သိရသည်။

ထို့ကြောင့် တရုတ် အရပ်ဘက်လုံခြုံရေးအဖွဲ့များ ဝင်ရောက်လာသည့်ကိစ္စသည် ရခိုင်ဒေသတခုတည်းတွင်သာ ရင်ဆိုင်ရမည့်ကိစ္စ မဟုတ်ဘဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တလျှောက်နှင့် မြန်မာနိုင်ငံအတွင်းက တရုတ် စီမံကိန်းများအထိဟု မှတ်ယူရမည်ဖြစ်သည်။

လတ်တလော ကာလတွင် ရှမ်းမြောက်ရှိ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အနက် နှစ်ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှာ တရုတ်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နေရသည်။ တရုတ်က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသားလက်နက်ကိုင်များကို အပစ်ရပ်ရေးအတွက် ဖိအားပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် တရုတ်-မြန်မာ စီပွားရေးစင်္ကြံ စီမံကိန်း စတင်သည့်အခါ နယ်မြေအလိုက် တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း အနည်းနှင့်အများဆိုသလို တရုတ်၏ဖိအားကို ခံရဖွယ်ရှိနိုင်သည်။

၂၀၀၄ ခုနှစ် မတ်လ အီရတ်နိုင်ငံ ရာမဒီသို့ ရောက်ရှိလာသော အမေရိကန် အရပ်ဘက်အုပ်ချုပ်ရေးမှူးအား Blackwater ဝန်ထမ်းများက လုံခြုံရေး ယူပေးစဉ် / Reuters
၂၀၀၄ ခုနှစ် မတ်လ အီရတ်နိုင်ငံ ရာမဒီသို့ ရောက်ရှိလာသော အမေရိကန် အရပ်ဘက်အုပ်ချုပ်ရေးမှူးအား Blackwater ဝန်ထမ်းများက လုံခြုံရေး ယူပေးစဉ် / Reuters

ယခုရက်ပိုင်းအတွင်း TNLA ဘက်ကလည်း တရုတ်ဖိအားကြောင့်သာ စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးနေကြကြောင်း ထုတ်ပြောခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြသည့် MNDAA နှင့် TNLA တို့၏ ဆွေးနွေးပွဲများကို ကြည့်သည့်အခါ စစ်ကောင်စီက တရုတ်ဖိအားနှင့်အတူ နယ်မြေများ ပြန်တောင်းသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ တောင်းဆိုသည့် အချက်များကို အလေးမထားဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရှုံးသည့်အရှက်ကို ဖုံးကွယ်ရန်အတွက် နယ်မြေ ပြန်တောင်းဖို့ကိုသာ စစ်ကောင်စီ ကိုယ်စားလှယ်က ဆွေးနွေးခဲ့ကြောင်း တွေ့ရသည်။

ယခုရက်ပိုင်း ထပ်မံ ထွက်ပေါ်နေသည့် သတင်းများအရ အာရက္ခတပ်တော် (AA) က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။ AA သည် လတ်တလော ကာလတွင် စစ်တွေနှင့် ကျောက်ဖြူကို စစ်ရေးဖိအားပေး၍ ထိုးစစ်ဆင်နေသည်။ စစ်ရေးအရ သာလွန်နေသည့် AA အနေဖြင့် ကျောက်ဖြူနှင့် စစ်တွေတို့ကို ယခင်က တိုက်ခဲ့သည့်ဒေသများကဲ့သို့ အကွက်ချပြီး အပိုင်းလိုက် သိမ်းပိုက်သွားနိုင်သည်။

ထို့ကြောင့်လည်း စစ်ကောင်စီက တရုတ်လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းများကို စစ်ရေးတင်းမာနေသည့် ကာလအတွင်း ကျောက်ဖြူသို့ အရောက်ပို့နေခြင်းဟု ယူဆနိုင်သည်။ လူသားဒိုင်း အသုံးပြုရာတွင် နာမည်ကြီးသည့် မြန်မာစစ်တပ်သည် ယခုကြံနေသည့်အကြံက ပို၍ ကြီးသည်။ တရုတ်နိုင်ငံသားများကို ကြားခံ လူသားဒိုင်းအဖြစ် ထားလိုခြင်းဖြစ်၏။

ထို့ကြောင့်လည်း စစ်ကောင်စီက တရုတ်လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းများကို စစ်ရေးတင်းမာနေသည့် ကာလအတွင်း ကျောက်ဖြူသို့ အရောက်ပို့နေခြင်းဟု ယူဆနိုင်သည်။ လူသားဒိုင်း အသုံးပြုရာတွင် နာမည်ကြီးသည့် မြန်မာစစ်တပ်သည် ယခုကြံနေသည့်အကြံက ပို၍ ကြီးသည်။ တရုတ်နိုင်ငံသားများကို ကြားခံ လူသားဒိုင်းအဖြစ် ထားလိုခြင်းဖြစ်၏။

တကောင်း နီကယ်လ်စက်ရုံကဲ့သို့ စစ်ကောင်စီတပ်များ လက်နက်ချခဲ့လျှင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် အလွယ်တကူပင် တော်လှန်ရေးအင်အားစုများလက်သို့ အလွယ်တကူရောက်နိုင်သည်။ နေရာလုံခြုံရေးများအား တရုတ်နိုင်ငံသား လုံခြုံရေးအဖွဲ့များဖြင့် အစားထိုးပါက တော်လှန်ရေးအင်အားစုများအတွက် တိုက်ခိုက်ရန် ကန့်သတ်ချက်များစွာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီသည် တရုတ်နိုင်ငံသား လုံခြုံရေးအဖွဲ့များအား တိုက်ပွဲများအကြား မရောက် ရောက်အောင် ဥပဒေပါ ပြင်ဆင်ပြီး ဆွဲသွင်းနေခြင်းဖြစ်ကြောင်း ယူဆရသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
99
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
578
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

တရုတ်လုံခြုံရေးတပ်များ ချထားနိုင်မည့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ

Blackwater ကန်ထရိုက်တာဟောင်း မြန်မာမှာ လုံခြုံရေးကုမ္ပဏီ ဖွင့်

Your Thoughts …
Tags: AABRIULAစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေးစင်္ကြံညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဖွဲ့စည်းပုံအခြေခံဥပဒေရင်းနှီးမြှုပ်နှံမှုလူသားဒိုင်း
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

အိမ်ဖြူတော် ကားရောင်းပွဲကို ကျော်လွန်၍ (ရုပ်/သံ ဆွေးနွေးခန်း)

အိမ်ဖြူတော် ကားရောင်းပွဲကို ကျော်လွန်၍ (ရုပ်/သံ ဆွေးနွေးခန်း)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved