အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီလွန်မတ်စ်တို့ အတူတကွ အိမ်ဖြူတော်တွင် ထွက်လာကြပြန်သည်။ ဒီတခေါက် Tesla ကားအရောင်းမြှင့်တင်ရေး ဖြစ်သည်။ အကြီးအကျယ် ဝေဖန်ခံနေရသော အီလွန်မတ်နှင့် သမ္မတ ထရမ့်တို့ကြား ဆက်ဆံရေး အလွန်ခိုင်မာနေသေးကြောင်း သက်သေထပ်မံပြခြင်း ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အီလွန်မတ်စ်ကြား စကားများ ရန်ဖြစ်ခဲ့ကြသော်လည်း ထရမ့်က ကြားဝင်ဖြန်ဖြေ ရင်ကြားစေ့ပေးခဲ့သည်။
ယခုအခါ အမေရိကန် ကြားဝင်ဖြန်ဖြေနေသော ယူကရိန်းစစ် ရပ်စဲရေး အလုပ်ဖြစ်လာနေသည်။ မကြာမီ တရုတ်ဘက် ဦးလှည့်လာနိုင်သည်။ ယင်းသို့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများအပေါ် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးသုံးသပ်ချက်ကို နားဆင်နိုင်ပါသည်။
#မြန်မာ #ဧရာဝတီ #အိမ်ဖြူတော် #ဒေါ်နယ်ထရမ့် #Tesla #DOGE
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













