• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

by Lisandro Claudio
13 March 2025
in ဆောင်းပါး
A A
ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်သူများ / Anthony Kwan/Getty Images

3.4k
VIEWS
Share on FacebookShare on Twitter

ဒူတာတေးကို ဖမ်းဆီး၊ တရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး မည်သို့သိထားကြသနည်း

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) က ထုတ်ပြန်သည့် ဖမ်းဝရမ်းတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အတွင်း ဖြစ်ရပ်များနှင့် ပတ်သက်၍ ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် စွဲချက်တင်ထားသည်။

ထိုကာလသည် ဒူတာတေး သမ္မတတာဝန်ယူသည့် ကာလသာမက မင်ဒါနာအိုကျွန်းမှ အချမ်းသာဆုံးမြို့ဖြစ်သည့် ဒါဗောင်းမြို့တွင် မြို့တော်ဝန်အဖြစ် တာဝန်ယူသည့် ကာလလည်း ပါဝင်သည်။

ဒူတာတေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သမ္မတတာဝန် ဆက်လက် ထမ်းဆောင်ပြီး ICC ထူထောင်သည့် ရောမသဘောတူစာချုပ်မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်သည်။ သို့သော်လည်း ထိုရာဇဝတ်မှုများသည် ဖိလစ်ပိုင်နိုင်ငံ ICC မှ မနုတ်ထွက်မီက ဖြစ်ပွားသောကြောင့် စီရင်ပိုင်ခွင့်အတွင်းရှိသည်ဟု ပြောသည်။

ဒူတာတေးသည် အရပ်သားများကို စနစ်တကျ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုများကို ကြီးကြပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။

သူသည် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ထိုမြို့နှင့် ပတ်ဝန်းကျင်မှ လူ ၁,၀၀၀ ကျော်ကို လူသတ်မှု သို့မဟုတ် အစဖျောက်မှုများအတွက် တာဝန်ရှိသည့် ဒါဗောင်း လူသတ်တပ်ဖွဲ့၏ နောက်ကွယ်မှ ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံရသည်။

သူသည် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ထိုမြို့နှင့် ပတ်ဝန်းကျင်မှ လူ ၁,၀၀၀ ကျော်ကို လူသတ်မှု သို့မဟုတ် အစဖျောက်မှုများအတွက် တာဝန်ရှိသည့် ဒါဗောင်း လူသတ်တပ်ဖွဲ့၏ နောက်ကွယ်မှ ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံရသည်။

သို့သော် ပိုမိုအရေးကြီးသော ကိစ္စမှာ ဒူတာတေးသည် ထိုလူသတ်တပ်ဖွဲ့ သေနင်္ဂဗျူဟာကို တနိုင်ငံလုံးတွင် ကျင့်သုံးသည်ဟု စွဲချက်တင်ခြင်းဖြစ်သည်။ အာဏာရလာပြီးနောက် သူသည် ရဲတပ်ဖွဲ့၏ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” မူဝါဒတွင် ထည့်သွင်းသည်။

ICC ဝရမ်းကို ရေးသားထားပုံနှင့် ဖိလစ်ပိုင်မှသတင်းများအရ လူသတ်သမားမှ ဖော်ကောင်ဖြစ်လာသူ အဂ္ဂါ မာတိုဘာတိုနှင့် ဒါဗာအိုမြို့တော် ရဲအရာရှိဟောင်း အာတူရို လာစကန်နာ့စ် အပါအဝင် ဒါဗာအို လူသတ်တပ်ဖွဲ့ အဖွဲ့ဝင်ဟောင်းများနှင့် ရဲအရာရှိများသည် စစ်ဆေးမှုတွင် သက်သေခံမည့်သဘောရှိသည်။

ဖမ်းဆီးမှုတွင် အစိုးရ ပါဝင်ပတ်သက်သလား

ဒူတာတေးကို ဖမ်းဆီးခြင်းနှင့် နယ်သာလန်သို့ လွှဲပြောင်းပေးပို့ခြင်းသည် ဖိလစ်ပိုင်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြစ်ပွားသည်။

ဒူတာတေးကို ဆက်ခံသည့် သမ္မတ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျူနီယာသည် ထိုဖမ်းဆီးမှုအပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်တော့သော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ကို ထောက်ခံရန် ကတိပြုထားကြောင်း ပြောသည်။ ထိုဝရမ်းကို ICC ထံမှ ရပြီးနောက် အကောင်အထည်ဖော်ရန် ဖိလစ်ပိုင်အစိုးရကို ပြောခဲ့သည်မှာ အင်တာပို ဖြစ်ကြောင်း ၎င်းကပြောသည်။

မစ္စတာ မားကို့စ်ပြောသည့်အချက်မှာ ဖိလစ်ပိုင်အစိုးရသည် အင်တာပိုပြောသည့်အတိုင်း လိုက်နာရန်မှအပ အခြားရွေးစရာမရှိသည့်အကြောင်း နှစ်ခုရှိသည်ဆိုသည့်အချက် ဖြစ်သည်။ ပထမအချက်မှာ နိုင်ငံတကာစံနှုန်းများ လိုက်နာခြင်းသည် ဒီမိုကရေစီနိုင်ငံတခု၏ အပြုအမူဖြစ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ အင်တာပိုသည် မြို့ဝန်ဟောင်းနှင့် တရုတ်သူလျှိုဟု သံသယရှိသူ အဲလစ်ဂူအို အပါအဝင် ဝရမ်းပြေးများကို ဖမ်းဆီးရန် ဖိလစ်ပိုင်ကို ယခင်က ကူညီခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

အတိုချုပ်အားဖြင့် ဆိုရလျှင် မားကို့စ်က ICC ဖမ်းဝရမ်းကို လိုက်နာခြင်းသည် အမျိုးသားအကျိုးစီးပွားဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။

အတိုချုပ်အားဖြင့် ဆိုရလျှင် မားကို့စ်က ICC ဖမ်းဝရမ်းကို လိုက်နာခြင်းသည် အမျိုးသားအကျိုးစီးပွားဖြစ်သည်ဟု ပြောခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို သယ်ဆောင်သွားသည့် လေယာဉ် / AP

သမ္မတ မားကို့စ်၏ နိုင်ငံရေး အကျိုးစီးပွားလည်း ပါသလား

ဖိလစ်ပိုင်သည် မည်သည့်အချိန်တွင် မည်သူ့ကိုဖမ်းရန် ICC ကို ဝရမ်း မထုတ်ခိုင်းနိုင်ပေ။

ICC တရားစွဲရှေ့နေ မစ္စတာ ကာရင် ခန်က ထိုဝရမ်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်းခံသည်။ ထို့ကြောင့် အချိန်အခါကို မစ္စတာ မားကို့စ် မဆုံးဖြတ်နိုင်ပေ။

သို့သော် ထိုသို့ပြောခြင်းသည် အချိန်အခါကောင်းမဟုတ်ဟု မဆိုလိုပေ။

မေလတွင် အရေးပါသော သက်တမ်းလယ် ရွေးကောက်ပွဲရှိပြီး မစ္စတာ မားကို့စ်သည် ယခုအဖမ်းခံရသော သမ္မတဟောင်း၏ သမီး ဒုသမ္မတ မစ္စ ဆာရာ ဒူတာတေးနှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် သူ၏ အာဏာခိုင်မာရေး ထိုရွေးကောက်ပွဲကို အသုံးချရန် စိတ်အားထက်သန်နေသည်။

၂၀၂၂ ခုနှစ်တွင် မစ္စ ဆာရာ ဒူတာတေးနှင့် မစ္စတာ မားကို့စ်တို့သည် ဒုတိယ သမ္မတနှင့် သမ္မတ ရာထူးများအတွက် ပူးတွဲယှဉ်ပြိုင်ခဲ့သည်။ သို့သော် ဖိလစ်ပိုင်အာဏာရှင်ဟောင်း မစ္စတာ ဖာဒီနန်မားကို့စ်နှင့် အာဏာကြီးမားဆဲဖြစ်သော မိခင် အီမယ်လ်ဒါတို့၏သား ဘောင်ဘောင် မားကို့စ်နှင့် ဒူတာတေးမိသားစုကြား မဟာမိတ်သည် လျင်မြန်စွာ ပြိုကွဲသွားသည်။ မစ္စ ဆာရာ ဒူတာတေးနှင့် သမ္မတ မားကို့စ်၏ ညီအကို ဝမ်းကွဲ လွှတ်တော်ဥက္ကဋ္ဌ မာတင် ရိုမောဒက်ဇ်အကြား တိုက်ခိုက်မှုသည်လည်း ဆက်ဆံရေး တင်းမာစေသည်။

ပုဂ္ဂိုလ်ရေး ပြဿနာများအပြင် ဒူတာတေးနှင့် မားကို့စ်အကြား မူဝါဒသဘောထား ကွဲလွဲမှုလည်းရှိသည်။ အထူးသဖြင့် မားကို့စ် ဂျူနီယာ လက်ထက်တွင် ဖိလစ်ပိုင်သည် အမေရိကန်တပ်များကို နိုင်ငံသို့ ပြန်လာစေခြင်းနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ပတ်သက်ပြီး ပိုမိုတင်းမာသော သဘောထားဖြင့် အမေရိကန် ပြည်ထောင်စုကို ပြန်လည် ဗဟိုပြုသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
146
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
103
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

ထိုရပ်တည်ချက်ကို တရုတ်နှင့် ပိုမိုနီးစပ်သည့် ဒူတာတေး မိသားစုက စိန်ခေါ်သည်။ မားကို့စ် အစိုးရသက်တမ်း ပထမနှစ်တွင် ရိုဒရီဂို ဒူတာတေးသည် ဘေဂျင်းသို့ အထူးသံတမန်သဖွယ် ဆောင်ရွက်သော်လည်း ထိုကိစ္စသည် သမ္မတဟောင်းနှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အကြား သီးခြားလွတ်လပ်သည့် ဆက်ဆံရေးဖြစ်ကြောင်း ထင်ရှားလာသည်။

ဒူတာတေး သြဇာ နိဂုံးလား

ထိုကိစ္စသည် သမ္မတမားကို့စ် အားထားသည့် ကိစ္စဖြစ်နိုင်သည်။

ဖခင်ကို ICC က စီရင်ခြင်းနှင့်အတူ သမီးဖြစ်သူကို စွဲချက်တင်ခြင်းသည် ဒူတာတေး မိသားစု၏ အာဏာကို နှိပ်ကွပ်ခြင်းဖြစ်သည်။

ဖခင်ကို ICC က စီရင်ခြင်းနှင့်အတူ သမီးဖြစ်သူကို စွဲချက်တင်ခြင်းသည် ဒူတာတေး မိသားစု၏ အာဏာကို နှိပ်ကွပ်ခြင်းဖြစ်သည်။

ထိုကိစ္စသည် မားကို့စ်အတွက် အရေးကြီးသည်။ ဆာရာ ဒူတာတေးက လာမည့်သမ္မတ ဖြစ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။ ၎င်းတို့ နှစ်ဦးအကြား ဆက်ဆံရေး အဆင်မပြေသောကြောင့် သူ အာဏာရလျှင် မားကို့စ်မိသားစုများကို ပြဿနာရှာမည်ဆိုသည့် ယူဆချက်များရှိသည်။

ဒူတာတေးသည် သည်ဟိဂ်တွင် သူ့အမှုကို ခုခံကာကွယ်ရန် ကြိုးစားနေစဉ် သူသည် လာမည့် သက်တမ်းလယ် ရွေးကောက်ပွဲတွင် သူ၏ အထက်လွှတ်တော်အမတ်များ ရွေးကောက်ခံရရေး အားထုတ်မှုများကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ဒါဗောင်းမြို့တော်ဝန်အဖြစ် ပြန်လည် ရွေးကောက်ခံရရေးကိုလည်း အဆုံးသတ်သွားစေနိုင်သည်။ ထိုရာထူးသည် သြဇာကြီးမားသော ပြောဆိုခွင့်ရ ရာထူးဖြစ်သည်။

ရိုဒရီဂို ဒူတာတေး၏ စည်းရုံးဆွဲဆောင်နိုင်မှုကို မည်သူမှ လျှော့မတွက်သင့်ပေ။ သူသည် ဒေါ်နယ်ထရမ့်နှင့်တူသည်။ သူ၏ စည်းရုံးဆွဲဆောင်နိုင်မှု၊ ဟာသဉာဏ်နှင့် ထောက်ခံသူများအပေါ် သူ၏ နွေးထွေးမှုကို ဝေဖန်သူအများအပြား အပြည့်အဝ နားမလည်ပေ။ သို့သော် ထိုအချက်ကြောင့် သူအာဏာရစဉ် သူ့ကို လူကြိုက်များမှု မြင့်မားစေသည်။

ထိုသို့သော စည်းရုံးဆွဲဆောင်မှုမျိုးကို လက်ရှိ ဒုသမ္မတ မစ္စ ဆာရာ ဒူတာတေး အပါအဝင် သူ၏ သားသမီး သုံးဦးတွင် ပြည်သူလူထု မတွေ့ရပေ။ ထိုသို့ဖြစ်ရခြင်း၏ တစိတ်တပိုင်းမှာ ဖိလစ်ပိုင်မှ လိင်ခွဲခြားမှုကြောင့် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံရေးတွင် လိင်ခွဲခြားမှုများပြီး ထို့ကြောင့်ပင် ပြည်သူများသည် သူ့သမီးထက် စကားကို ပြတ်ပြတ်သားသား ပြောတတ်သည့် မစ္စတာ ရိုဒရီဂို ဒူတာတေးကို ပိုမိုထောက်ခံသည်။

ထို့ပြင် မစ္စ ဆာရာ ဒူတာတေးတွင် သူ့ပြဿနာနှင့်သူ ရှိနေသည်။ ပညာရေးဝန်ကြီး လုပ်ခဲ့စဉ်က အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး စွဲချက်တင်ခံရခြင်းသည် အထင်ရှားဆုံး ဖြစ်သည်။

မစ္စ ဆာရာ ဒူတာတေးနှင့် မစ္စတာ မားကို့စ်တို့ကြား ဆက်ဆံရေးက ပြန်ရင်ကြားစေ့ရန် မလွယ်ကူတော့/AFP

နိုင်ငံရေးသဘောထားကွဲမှု ပိုဖြစ်လာမည်လား

ရေတိုတွင် ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးခြင်းသည် မားကို့စ်အတွက် ကောင်းသည်။ ဒူတာတေး လိုလားသည့် ဆန္ဒပြပွဲအတိုင်းအတာ သေးငယ်သောကြောင့် ယခုဖမ်းဆီးမှုသည် အုံကြွမှု ကြီးကြီးမားမား မဖြစ်စေနိုင်ပေ။

ဖိလစ်ပိုင်နိုင်ငံသားများသည် နိုင်ငံရေး အာဇာနည်ကို ချစ်ကြသည်။ ယခင် သမ္မတဟောင်း ဂျိုးဇက် အက်စ်ထရာဒါကို ဖမ်းဆီးပြီး ပြည်သူ့ဘဏ္ဍာ ခိုးယူမှုဖြင့် ၂၀၀၁ ခုနှစ်က တရားစီရင်သောအခါ ထိုအချက်ကို တွေ့ရသည်။ တနိုင်ငံလုံးမှ သူ့ကိုထောက်ခံသူများက သူ့ကို ရဲမှတ်တမ်းအတွက် ရိုက်ကူးသည့် ဓာတ်ပုံအတိုင်း အတုခိုး လိုက်လုပ်ကြသည်။ ဒူတာတေးကိစ္စတွင်လည်း အလားတူဖြစ်နိုင်သည်။

သို့သော် မည်သို့ ဆက်ဖြစ်မည်နည်းက အရေးပါသည်။ ဖိလစ်ပိုင်နိုင်ငံသားများသည် နိုင်ငံရေး အာဇာနည်ကို ချစ်ကြသည်။ ယခင် သမ္မတဟောင်း ဂျိုးဇက် အက်စ်ထရာဒါကို ဖမ်းဆီးပြီး ပြည်သူ့ဘဏ္ဍာ ခိုးယူမှုဖြင့် ၂၀၀၁ ခုနှစ်က တရားစီရင်သောအခါ ထိုအချက်ကို တွေ့ရသည်။ တနိုင်ငံလုံးမှ သူ့ကိုထောက်ခံသူများက သူ့ကို ရဲမှတ်တမ်းအတွက် ရိုက်ကူးသည့် ဓာတ်ပုံအတိုင်း အတုခိုး လိုက်လုပ်ကြသည်။ ဒူတာတေးကိစ္စတွင်လည်း အလားတူဖြစ်နိုင်သည်။

(The Conversation ပါ Lisandro Claudio ၏ Arrest of ex-president Duterte will shake up dynastic politics in the Philippines – and hand initiative to rival Marcos family ကို ဘာသာပြန်သည်။ လီဆန်ဒရို က‌လော်ဒီယိုသည် အမေရိကန်၊ ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနမှ တွဲဖက် ပါမောက္ခဖြစ်သည်။)

You may also like these stories:

ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ (ရုပ်/သံ)

ICC ကို ဂရုမစိုက်ဟု ဒူတာတေး ပြော

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

Lockdown မလိုက်နာသူတွေကို ပစ်သတ်မယ်လို့ ဒူတာတေး ပြော

“နိုးကြားနေအောင် ဆေးခြောက်သုံးတယ်”ဟု ဒူတာတေး ပြော

ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူကို “ငရဲပြည်သွားဖို့” သမ္မတ ဒူတာတေး ပြော

Your Thoughts …
Tags: ICCဒူတာတေးဖိလစ်ပိုင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရောမစာချုပ်ရွေးကောက်ပွဲလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ
Lisandro Claudio

Lisandro Claudio

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
အိမ်ဖြူတော် ကားရောင်းပွဲကို ကျော်လွန်၍ (ရုပ်/သံ ဆွေးနွေးခန်း)

အိမ်ဖြူတော် ကားရောင်းပွဲကို ကျော်လွန်၍ (ရုပ်/သံ ဆွေးနွေးခန်း)

စစ်အာဏာရှင်တွေ မမြင်ချင်တဲ့ သမိုင်းဝင်အိမ် (ရုပ်/သံ)

စစ်အာဏာရှင်တွေ မမြင်ချင်တဲ့ သမိုင်းဝင်အိမ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved