• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

by Tom Smith
30 November 2024
in Politics, ဆောင်းပါး
A A
မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

သမ္မတ မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျုနီယာနှင့် ဒုသမ္မတ မစ္စ ဆာရာ ဒူတာတေး

2k
VIEWS
Share on FacebookShare on Twitter

ဖိလစ်ပိုင်မှ နိုင်ငံရေးသည် အကောင်းဆုံးအချိန်များတွင်ပင် ဆွေမျိုးစု အားပြိုင်မှုကြောင့် ထိခိုက်နေသည်။ သို့သော် မကြာသေးမီက ဖြစ်ရပ်များသည် ထိုပြဿနာကို လူသိရှင်ကြား အထုပ်ဖြည် ကြေညာလိုက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် တလအတွင်း တိုင်ဖွန်းမုန်တိုင်း ခြောက်ခု တိုက်ခတ်သေကြောင့် ဒုက္ခရောက်နေစဉ် ဒုသမ္မတ မစ္စ ဆာရာ ဒူတာတေးက သမ္မတ မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျုနီယာကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် တလအတွင်း တိုင်ဖွန်းမုန်တိုင်း ခြောက်ခု တိုက်ခတ်သေကြောင့် ဒုက္ခရောက်နေစဉ် ဒုသမ္မတ မစ္စ ဆာရာ ဒူတာတေးက သမ္မတ မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျုနီယာကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်သည်။ တချိန်တည်းတွင် ဒုသမ္မတ၏ ဖခင် သမ္မတဟောင်း မစ္စတာ ဒူတာတေးသည် “လက်မရွံ့တပ်ဖွဲ့များ” နှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်အတွက် အထက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှု ခံနေရသည်။

ဖိလစ်ပိုင်နိုင်ငံရေး၏ အမြင့်ဆုံးထုံးစံများအရ ကြည့်လျှင်ပင် ထိုကိစ္စသည် ဖရိုဖရဲဖြစ်ပြီး စိတ်ပျက်စရာ ကောင်းသည်။

ထိုဇာတ်လမ်းသည် အပြန်အလှန် အကျိုးစီးပွားအတွက် တခါက ပူးပေါင်းဆောင်ရွက်ကြသည့် အားပြိုင်နေသော ဆွေမျိုးစု နှစ်စု၏ ဇာတ်လမ်းဖြစ်သည်။

လက်ရှိသမ္မတ မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျုနီယာသည် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်၏ သားဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရွေးကောက်ခံရသည်။ ဖာဒီနန် မားကို့စ်သည် နိုင်ငံကို ၁၉၆၅ ခုနှစ်မှ စတင်ပြီး ၁၉၈၆ ခုနှစ်တွင် ဇနီး၊ မိသားစုနှင့် နိုင်ငံ၏ချမ်းသာကြွယ်ဝမှု အများစုနှင့်အတူ အမေရိကန်၊ ဟာဝိုင်အီသို့ ထွက်ပြေးသည်အထိ အုပ်ချုပ်ခဲ့သည်။

မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်သူ မစ္စတာ ရိုဒရီဂို ဒူတာတေးကို ဆက်ခံသည်။ မစ္စတာ ဘောင်ဘောင်သည် မဲ ၆၀ ရာခိုင်နှုန်းနီးပါးဖြင့် အဆုံးအဖြတ်ကျသည့် အနိုင်ရသူဖြစ်သည်။ ထိုအောင်ပွဲကို မစ္စတာ ရိုဒရီဂို ဒူတာတေး၏ သမီး ယခု ဒုသမ္မတ ဆာရာ ဒူတာတေးက တစိတ်တပိုင်းအားဖြင့် ထောက်ကူပေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လက သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး တွေ့ရသည့် မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျုနီယာနှင့် မစ္စ ဆာရာ ဒူတာတေး / EPA-EFE

မစ္စ ဆာရာ ဒူတာတေးသည် ၂၀၂၂ ရွေးကောက်ပွဲတွင် မစ္စတာ မားကို့စ်အတွက် ကြောက်စရာကောင်းသော ပြိုင်ဘက် ဖြစ်နိုင်သောကြောင့် မားကို့စ်မျိုးနွယ်စုနှင့် ဒူတာတေးမျိုးနွယ်စုအကြား ညီညွတ်ခြင်းသည် အတော်ပါးနပ်သည့် လုပ်ဆောင်မှုဖြစ်သည်။

သို့သော် မစ္စ ဆာရာဒူတာတေးသည် ဒုတိယသမ္မတအဖြစ် စိတ်ပျက်နေပုံရသည်။ နိုင်ငံအများအပြားတွင်ကဲ့သို့ပင် ဖိလစ်ပိုင် ဒုသမ္မတသည် အာဏာ သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် များများမရှိဘဲ အများအားဖြင့် အဆောင်အယောင်မျှသာ ဖြစ်သည်။

သို့သော် တဇွတ်ထိုးသမား သူ့ဖခင်ကဲ့သို့ပင် မစ္စ ဆာရာဒူတာတေးသည် နှုတ်ဆိတ်နေသည့် လူထုခေါင်းဆောင်မျိုး မဟုတ်ပေ။ အထူးသဖြင့် ယခုနောက်ဆုံးဖြစ်ရပ် အပြီးတွင်ပင် သူသမ္မတရွေးကောက်ခံရမည့် အလားအလာ ရှေ့ဆုံးမှရှိနေသည့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီအထိ နှုတ်ဆိတ်နေမည် မဟုတ်ပေ။

နိုဝင်ဘာလ ၂၃ ရက်နေ့က သူ၏ Facebook စာမျက်နှာတွင်တင်သည့် ဗီဒီယိုပို့စ်တခုတွင် မစ္စ ဆာရာ ဒူတာတေးက သမ္မတကို ဆန့်ကျင်သော မေ့ဖျောက်မရနိုင်မည့် ပြင်းထန်သော တိုက်ခိုက်မှု စတင်လိုက်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က သူ၏ Facebook စာမျက်နှာတွင်တင်သည့် ဗီဒီယိုပို့စ်တခုတွင် မစ္စ ဆာရာ ဒူတာတေးက သမ္မတကို ဆန့်ကျင်သော မေ့ဖျောက်မရနိုင်မည့် ပြင်းထန်သော တိုက်ခိုက်မှု စတင်လိုက်သည်။

“သမ္မတ ဘယ်လိုလုပ်ရမယ်မှန်း မသိတဲ့ လူလိမ်တယောက်က ကျမတို့ကို ခေါင်းဆောင်နေတော့ နိုင်ငံက ငရဲကို ရောက်တော့မယ်။ ကျမရဲ့လုံခြုံရေးကို မစိုးရိမ်နဲ့။ ကျမ အသတ်ခံရရင် ဘောင်ဘောင်၊ လီဇာ အာရန်နီတာ (သမ္မတကတော်) နဲ့ မာတင် ရိုမော်လ်ဒက် (ပါလီမန်ဥက္ကဋ္ဌ) ကို သွားသတ်ဖို့ လူတယောက်ကို ပြောထားပြီးပြီ။ ဟာသပြောနေတာ မဟုတ်ဘူး၊ ဟာသ မဟုတ်ဘူးနော်။ သူတို့ကို မသတ်ရမချင်း မရပ်နဲ့လို့ ပြောထားတယ်။ သူကလည်း အဲဒီအတိုင်း လုပ်မယ်လို့ ပြောတယ်” ဟု ထိုဗီဒီယိုတွင် သူကပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
365
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.1k
ရိုဒရီဂို ဒူတာတေးနှင့် သူ့သမီး ဆာရာဒူတာတေး/AFP

ရိုဒရီဂို ဒူတာတေး သမီး၏ အဆက်အသွယ်စာအုပ်တွင် အလားအလာရှိသော လုပ်ကြံသတ်ဖြတ်သူများ ရှိနိုင်ခြေ များသည်ကို မည်သူမှ ထင်ယောင်ထင်မှား မဖြစ်ပေ။ ရိုဒရီဂို ဒူတာတေးက သူကိုယ်တိုင် လူသတ်ဖူးကြောင်းနှင့် ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် တာဝန်ယူစဉ် လက်မရွံ့တပ်ဖွဲ့ကို ဦးဆောင်ကြောင်း လူသိရှင်ကြား ပြောထားသောကြောင့် သူ၏ မိသားစုတွင် ယခင်ဥပမာ အများအပြားရှိသည်။ သူသမ္မတဖြစ်လာသော အခါတွင်လည်း တနိုင်ငံလုံး ကျယ်ပြန့်သည့် “မူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲ” ကို ကြီးကြပ်ကာ လူ ၃ သောင်း သေဆုံးခဲ့သည်။

ပေါ်တင် ပုန်ကန်ခြင်း

ထိခိုက်လွယ်သော မားကို့စ်-ဒူတာတေး ညီညွတ်ရေးသည် ၂၀၂၃ ခုနှစ်ကုန်တွင် မစ္စ ဆာရာ ဒူတာတေး ပညာရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်သောအခါ စတင် အစည်းပြေလာသည်။ ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီက စစ်ပြင်ဆင်မှု သမိုင်းရှိသော်လည်း သူ၏အဓိက စီမံကိန်းဖြစ်သော ကျောင်းများတွင် စစ်မှုထမ်းရန် ချမှတ်ခြင်း မအောင်မြင်ပေ။ ထို့ကြောင့် သူသည် နိုင်ငံရေးအရ အစွမ်းအစမဲ့ဖြစ်ရပြီး သူမက်မောသည့် ကာကွယ်ရေးဝန်ကြီး ရာထူးကိုလည်း မရပေ။

ထို့နောက် ဆာရာ ဒူတာတေးကို အဂတိလိုက်စားမှု စွပ်စွဲချက်များ ဖြစ်လာသည်။ ဒုသမ္မတနှင့် ပညာရေးဝန်ကြီးအဖြစ် သူ့ကိုချထားပေးသည့် “လျှို့ဝှက်ရန်ပုံငွေ” ပီဆို ၆၁၂ သန်း (အမေရိကန် ဒေါ်လာ သန်း ၃၀) သုံးစွဲမှုနှင့် ပတ်သက်ပြီး ရှင်းလင်းရန် ပါလီမန်ဥက္ကဋ္ဌ ရိုမော်လ်ဒက်က တောင်းဆိုမှု မတိုင်မီ စတင်သည်။

ထိုငွေကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းသောအခါ ဆာရာ ဒူတာတေး၏ အရာရှိချုပ် ဇူလိုက်ကာ လိုပက်ဇ်သည် မထေမဲ့မြင်ပြုမှုဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထောင်ချခံရသည်။

ထိုကိစ္စသည် ဆာရာ ဒူတာတေးကို လွန်ခဲ့သောအပတ်က ဒေါသပေါက်ကွဲစေပြီး အလွန် ထူးခြားသော Facebook ပို့စ်ကို တင်ဖြစ်ပုံရသည်။ ဆာရာ ဒူတာတေးသည် နိုဝင်ဘာလ ၂၅ ရက်နေ့ ကြားနာမှုသို့ ရောက်လာသောအခါ နောင်တမရဘဲ လိုပက်ဇ်အမှုကို တရားရုံးတွင် ဆက်လက် တိုက်ပွဲဝင်မည်ဟု ကြိမ်းဝါးသည်။

ဆာရာ ဒူတာတေး ရှုံးနိမ့်ခြင်း သို့မဟုတ် နိုင်ငံရေးစင်မြင့်မှ ထွက်ခွာရေး အလားအလာ လွန်စွာနည်းသည်။ အထူးသဖြင့် သူ၏ဖခင်သည် အာရုံစိုက်ခံရမှု ရှိနေသမျှ အလားအလာနည်းသည်။

ဆာရာ ဒူတာတေး ရှုံးနိမ့်ခြင်း သို့မဟုတ် နိုင်ငံရေးစင်မြင့်မှ ထွက်ခွာရေး အလားအလာ လွန်စွာနည်းသည်။ အထူးသဖြင့် သူ၏ဖခင်သည် အာရုံစိုက်ခံရမှု ရှိနေသမျှ အလားအလာနည်းသည်။ သူ့ဖခင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲသည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ အာရုံစိုက်မှု ဆွဲဆောင်နိုင်သော်လည်း ရိုဒရီဂို ဒူတာတေးသည် သူ၏လက်မရွံ့တပ်များနှင့် ပတ်သက်သည့် ကိစ္စကို အောက်တိုဘာလကုန်မှသာ ဝန်ခံသည်။

မကြာသေးမီက အလေးထားဖော်ပြသည်မှာ ရိုဒရီဂို ဒူတာတေးနှင့် သူ့ကို အပြင်းထန်ဆုံး ဝေဖန်သူများအနက် တဦးဖြစ်သော လူ့အခွင့်အရေးလှုပ်ရှားသူ အထက်လွှတ်တော် ကိုယ်စားလှယ်ဟောင်း မစ္စ လိုင်လာ ဒီ လီမာ ထိပ်တိုက်တွေ့ရာမှ လူသိရှင်ကြားဖြစ်လာသည်။

ရိုဒရီဂို ဒူတာတေး၏ လက်မရွံ့တပ်များအကြောင်း ဆယ်စုနှစ်နှင့်ချီ စုံစမ်းစစ်ဆေးပြီးနောက် ဒီ လီမာကို မူးယစ်ဆေးဝါးစွပ်စွဲချက်များဖြင့် ၂၀၁၇ ခုနှစ်တွင် ထောင်ချသည်။ ထိုစွဲချက်များသည် နိုင်ငံရေး ပယောဂမကင်းသည့် စွပ်စွဲချက်များဖြစ်ကြောင်း မစ္စ ဒီ လီမာက ပြောသည်။

သူသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ခံဝန်ဖြင့် ပြန်လွတ်လာပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စွဲချက်အားလုံးမှ ကင်းလွတ်ကြောင်း ကြေညာသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြားနာမှုအတွင်း ဒူတာတေးသည် ဒီ လီမာကို ပြန်လည် ထိုးနှက်လာသည်။

မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင် ရေဘေးဒုက္ခသည်များ/AFP

သူ၏ “မူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲ” ကို အပြည့်အစုံ စုံစမ်းစစ်ဆေးရန် ၂၀၂၁ ခုနှစ်က ခွင့်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံးရုံး (ICC) ကို လှောင်ပြောင်ရန် မစ္စတာ ရိုဒရီဂို ဒူတာတေးက ကွန်ဂရက်ကြားနာမှုကိုလည်း အသုံးချသည်။ မားကို့စ်က လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသောကြောင့် ထိုစုံစမ်းစစ်ဆေးမှုကို စနစ်တကျ မလုပ်နိုင်သေးပေ။

သို့သော် ရိုဒရီဂို ဒူတာတေးက ကြားနာစစ်ဆေးမှုတွင် စုံစမ်းစစ်ဆေးမှု မြန်ဆန်စွာလုပ်ရန် ICC ကို တိုက်တွန်းသောအခါ မားကို့စ်၏ ရပ်တည်ချက် ပျော့ပျောင်းလာသည်။ “အဲဒါက ဒူတာတေးရဲ့ဆန္ဒဆိုရင် ကျနော်တို့က ICC ကို ပိတ်ဆို့မှာ မဟုတ်ဘူး” ဟု မားကို့စ်က ပြောပြီး ဖိလစ်ပိုင်သည် ICC နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်သော်လည်း “သူက စုံစမ်းစစ်ဆေးခံဖို့ သဘောတူရင် သူ့ကိစ္စပဲ” ဟု ဆက်လက် ပြောကြားသည်။

ဘာတွေ ဆက်ဖြစ်နိုင်သနည်း

သမ္မတ မားကို့စ် ဂျူနီယာသည် ရာထူးသက်တမ်း ထက်ဝက်သာရှိသေးပြီး လာမည့်ရွေးကောက်ပွဲကို ၂၀၂၈ ခုနှစ်တွင် စီစဉ်ထားသည်။ သို့သော် သြဇာအကြီးမားဆုံး မိသားစု နှစ်စု ဗြောင်ကျကျ တိုက်ခိုက်နေသည့် လက်ရှိအခြေအနေသည် ထိုအချိန်အထိ ကြာမည်မဟုတ်ဘဲ တစုံတခုဖြစ်ပေါ်နိုင်သည်။ ဖြစ်နိုင်ခြေအများဆုံးမှာ မိသားစု နှစ်ခုအကြား ဗြောင်ကျသည့် နိုင်ငံရေးပဋိပက္ခဖြစ်လာပြီး အကြမ်းဖက်မှုများပင် ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေအများဆုံးမှာ မိသားစု နှစ်ခုအကြား ဗြောင်ကျသည့် နိုင်ငံရေးပဋိပက္ခဖြစ်လာပြီး အကြမ်းဖက်မှုများပင် ဖြစ်နိုင်သည်။

သို့မဟုတ် ပို၍ မဖြစ်နိုင်သောကိစ္စမှာ ထိုဆွေမျိုးစု နှစ်ခု ငြိမ်းချမ်းရေးသဘောတူညီမှု ရမည်ဆိုသည့်ကိစ္စ ဖြစ်သည်။ သို့သော် မားကို့စ်ဆွေမျိုးစုက ဆန့်ကျင်ခြင်းမရှိဘဲ ဆာရာ ဒူတာတေး သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့်ပေးမည့် ထိုသဘောတူညီချက်သည် ဖိလစ်ပိုင်မှ ထိခိုက်လွယ် ဒီမိုကရေစီကို ပိုမိုအားနည်းစေမည်ဖြစ်သည်။

သူ၏ ဖခင်ကို ICC က အရေးမယူနိုင်အောင် ဆက်လက် အကာအကွယ်ပေးထားပါက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ကြိုးစားသည့် မည်သည့် နိုင်ငံတော်အင်စတီကျူးရှင်းကိုမဆို ယုံကြည်မှု အားနည်းစေမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အမှန်တကယ် ပြဿနာများ ရှိနေသည်။ ထိုဇာတ်လမ်းရှည်သည် ကြည့်ကောင်းသော်လည်း မုန်တိုင်းဒဏ်ခံ ရေဘေးဒုက္ခသည်များ နေအိမ်များကို ပြန်လည် တည်ဆောက်ရန် အထောက်အကူ မပြုသလို ရိုဒရီဂို ဒူတာတေး သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ် ဥပဒေမဲ့သတ်ဖြတ်ခံရသည့် လူထောင်ပေါင်းများစွာအတွက် တရားမျှတမှု လိုလားနေသော မိသားစုများကိုလည်း အထောက်အကူပြုမည် မဟုတ်ပေ။

တစုံတရာဖြစ်လာမည်ဆိုလျှင် ပိုမိုဆိုးရွားသည့် အုပ်ချုပ်ရေးသာ ဖြစ်လာမည့်သဘောရှိသည်။

(The Conversation ပါ Tom Smith ၏ Feud between Marcos and Duterte families distracts from suffering of typhoon-hit Philippines ကို ဘာသာပြန်သည်။ တွမ် စမစ်သည် ပို့စ်မောက်သ် တက္ကသိုလ်၊ ကရန်ဝဲလ် တော်ဝင်လေကြောင်းကောလိပ်၏ နိုင်ငံတကာဆက်ဆံရေး တွဲဖက်ပါမောက္ခနှင့် ပညာရပ်ဆိုင်ရာ ဒါရိုက်တာ ဖြစ်သည်။)

You may also like these stories:

နိုင်ငံရေးစန်း တက်ပြီးရင်း တက်နေတဲ့ သမီး ဒူတာတေး

ကာရင် ဒါဗီလာ – စိန်ခေါ်မှုတွေကို မကြောက်တဲ့ ဖိလစ်ပိုင် အမျိုးသမီးဂျာနယ်လစ်

ဖိလစ်ပိုင်အစိုးရကို ဝေဖန်သည့် EUသံတမန်များ နိုင်ငံမှထွက်ခွာဖို့ သမ္မတဒူတာတေးပြော

“နိုးကြားနေအောင် ဆေးခြောက်သုံးတယ်”ဟု ဒူတာတေး ပြော

ICC ကို ဂရုမစိုက်ဟု ဒူတာတေး ပြော

Your Thoughts …
Tags: ICCဆာရာ ဒူတာတေးတိုင်ဖွန်းမုန်တိုင်းဖိလစ်ပိုင်မားကို့စ် ဂျူနီယာမူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲရေဘေးဒုက္ခသည်ရွေးကောက်ပွဲလုပ်ကြံသတ်ဖြတ်မှုအကြမ်းဖက်မှု
Tom Smith

Tom Smith

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

by ဧရာဝတီ
13 June 2024
27.6k

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီတပ်များကို အလစ်အငိုက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ရန်ကုန်တွင် အကြမ်းဖက်သမားများကို ဂရုစိုက်ရန် မင်းအောင်လှိုင်က သူ့လူများကို ‌ပြောသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

အာရှတိုက်မှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင် ဖြစ်သွားနိုင်တယ် (ရုပ်/သံ)

အာရှတိုက်မှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင် ဖြစ်သွားနိုင်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved