• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဖိလစ်ပိုင်အစိုးရကို ဝေဖန်သည့် EUသံတမန်များ နိုင်ငံမှထွက်ခွာဖို့ သမ္မတဒူတာတေးပြော

by ဧရာဝတီ
13 October 2017
in သတင်းတို
A A
ဖိလစ်ပိုင်သမ္မတ ဒူတာတေး  / Reuters

ဖိလစ်ပိုင်သမ္မတ ဒူတာတေး / Reuters

46.5k
VIEWS
Share on FacebookShare on Twitter

ဥရောပသမဂ္ဂ(EU)မှ ဖိလစ်ပိုင်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် သမ္မတဒူတာတေးက ပြင်းပြင်း ထန်ထန် ရှုတ်ချ လိုက်ပြီး EU နိုင်ငံများ၏သံတမန်များ မိမိနိုင်ငံမှ ထွက်သွားကြရန် မနေ့က အတိအလင်း ပြောကြားလိုက်ပါတယ်။

သမ္မတ ဒူတာတေးက “ခင်ဗျားတို့အားလုံး ကျနော်တို့ နိုင်ငံထဲက ၂၄ နာရီအတွင်း ထွက်သွားကြပါ”လို့ မာလာကန်နောင်းရှိ အသစ်တဖန်မွမ်းမံရေး ကျမ်းသစ္စာကျိန်ဆိုသည့် သတင်းစာရှင်းလင်းပွဲခန်းမမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြား လိုက်ခြင်းဖြစ်ပါတယ်။

“ခင်ဗျားတို့က ကျနော်တို့ဆီကို ပိုက်ဆံတွေပေးပြီးတာနဲ့ ဟိုဟာလုပ်သင့်တယ်၊ ဒီဟာမလုပ်သင့် ဆိုပြီး ယိုးမယ်ဖွဲ့ပြော တော့တာပဲ။ တိရစ္ဆာန်တွေ။ ကျနော်တို့က တချိန်က ကိုလိုနီ သူ့ကျွန်ဘဝမှာ နေခဲ့ဖူးတဲ့သူတွေပါ။ ကျနော်တို့ကို လာမ လုပ်နဲ့”လို့လည်း သမ္မတ ဒူတာတေးက ဆိုပါတယ်။

တကယ်လို့ ဖိလစ်ပိုင်ကို ကုလသမဂ္ဂ အဝန်းအဝိုင်းမှ ထုတ်ပစ်ဖို့ EU နိုင်ငံများက ကြိုးစားလာပါ က မိမိအနေဖြင့် ဥရောပသံတမန်များကို နိုင်ငံထဲမှ မောင်းထုတ်ပစ်ရန် ပြင်ဆင်ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ခင်ဗျားတို့က ဒီမှာရှိတဲ့ ကျနော်တို့ကို ကျပ်မပြည့်ဘူးလို့ထင်နေကြတယ်။ အခု အဲဒီနိုင်ငံတွေက သံအမတ်ကြီးတွေ နားထောင်ကြပါ။ ကျနော်တို့ကိုပြောပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်ဆို ခင်ဗျားတို့နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်တော့မလို့ပါ။ ခင်ဗျားတို့အားလုံး ကျနော်တို့ တိုင်းပြည်ထဲက ၂၄ နာရီအတွင်း ထွက်သွားကြတော့”လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂမှ ဖိလစ်ပိုင်ကို ထုတ်ပစ်မယ့်ကိစ္စ ဥရောပသမဂ္ဂဘက်က ကြေညာချက် တစုံတရာ ထွက် ပေါ်လာခြင်း မရှိ ပေမယ့် တက်ကြွတဲ့ မဟာမိတ်များနှင့် ဥရောပဆိုရှယ်လစ်များပါတီမှ ကိုယ်စား လှယ် ၇ ဦး ဖိလစ်ပိုင်နိုင်ငံသို့ လာရောက် ပြီး ဒူတာတေး အစိုးရအနေဖြင့် မူးယစ်ဆေး ဝါးမှုဖြင့် သံသယရှိသူများအား သတ်ဖြတ်နေခြင်းမှ ရပ်တန့်ဖို့ တိုက် တွန်းခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားနေခြင်းအတွက် ဖိလစ်ပိုင်အနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ထုတ်ပယ်ခံမှုနှင့် ရင်ဆိုင်ရနိုင်တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် မှုအဖွဲ့က ဖိလစ်ပိုင်အား သတိပေးထားပါတယ်။

EU ကမူ မိမိတို့အနေဖြင့် ဖိလစ်ပိုင်ကို ကုလသမဂ္ဂအဝန်းအဝိုင်းမှ ထုတ်ပစ်ဖို့ မည့်သည့်အခါမှ တိုက်တွန်းခဲ့ခြင်းမရှိလို့ ကြေညာချက်မှာ ရေးသားထားသလို ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့က ဖိလစ်ပိုင်သို့ လာရောက်လည် ပတ်ခဲ့တဲ့ တက်ကြွသော မဟာမိတ်များ၏ နိုင်ငံတကာ ကိုယ်စားလှယ်များအဖွဲ့ဟာ ဥရောပသမဂ္ဂ၏ မစ်ရှင်မဟုတ်၊ မီဒီယာအချို့က မှားယွင်းသတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ် EUကဆိုပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
453
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

ဥရောပသမဂ္ဂနဲ့ ဖိလစ်ပိုင်တို့ဟာ ကုလသမဂ္ဂ သဘောတူညီချက် အပါအဝင်များစွာသော သဘောတူ ညီချက်များနဲ့ နယ်ပယ်အသီးသီးမှာ အတူတကွ နီးနီးကပ်ကပ် အပြုသဘောဆောင်ပြီး လက်တွဲခဲ့ကြ သလို မိမိတို့ ပူးပေါင်း ဆောင် ရွက်မှုဟာ ကုန်သွယ်ရေးအပါအဝင် အခြားကဏ္ဍတွေမှာလည်း ကြီးကြီး မားမားရှိ နေရာ ဒီနှစ်မှာ သာမန်ထူးကဲတဲ့ ပို့ကုန်များကိုပင် EU သို့ ဖိလစ်ပိုင်က တင်ပို့နိုင်နေပြီဖြစ် တယ်လို့ အဲဒီ ကြေညာချက်မှာ ရေးသားထားပါတယ်။

လတ်တလောအနေဖြင့် သံတမန်များ နှင်ထုတ်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံခြားဌာနက သမ္မတထံမှ ညွှန်ကြားချက်မရ ရှိသေးဘူးလို့ သိရပါတယ်။

Your Thoughts …
Tags: ဖိလစ်ပိုင် သမ္မတ ဒူတာတေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
တပတ်အတွင်းသတင်းဓာတ်ပုံ

တပတ်အတွင်းသတင်းဓာတ်ပုံ

ယခုနှစ် မေလ က ကျင်းပသည့် ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး / မျိုးမင်းစိုး / ဧရာဝတီ

မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်နေပြီလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved