• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကာရင် ဒါဗီလာ – စိန်ခေါ်မှုတွေကို မကြောက်တဲ့ ဖိလစ်ပိုင် အမျိုးသမီးဂျာနယ်လစ်

by ကရင်မ် ရတ်စ်လာမ်
18 October 2016
in သူ့အတွေး သူ့အမြင်
A A
ဒူတာတေးနှင့် ကာရင် ဒါဗီလာ / Boompanot.com

ဒူတာတေးနှင့် ကာရင် ဒါဗီလာ / Boompanot.com

2.9k
VIEWS
Share on FacebookShare on Twitter

ကာရင် ဒါဗီလာ (Karen Davila) က ဖိလစ်ပိုင်နိုင်ငံ၏ နက်ဂျ်ဝါ ရှီဟတ်ဘ် (Najwa Shihab) ဖြစ်မည်ဆိုလျှင် နက်ဂျ်ဝါ ရှီဟတ်ဘ်က အင်ဒိုနီးရှားနိုင်ငံ၏ ကာရင် ဒါဗီလာ ဖြစ်ပါလိမ့်မည်။

အရှေ့တောင်အာရှ၏ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ၂ ခုတွင် မီဒီယာက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထိန်းချူပ်၍ မရရနိုင်သလို ကြိုတင်ခန့်မှန်း၍လည်း မရဘဲ လွတ်လပ်စွာ ဆောင်ရွက်ရင်း အင်အားကောင်းလာနေသည်။

ထိုအချိန်တွင် အဆိုပါ အမျိုးသမီး ၂ ဦးက အာရှ၏ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ၂ ခု၏ မီဒီယာလောက ထိပ်တန်းနေရာ ရရှိ ထားသူများထဲတွင် မည်ကဲ့သို့ ပါဝင်နေကြပါသနည်း။ တနိုင်ငံက မွတ်ဆလင် အများစုရှိရာ နိုင်ငံဖြစ်၍ တနိုင်ငံက ခရစ်ယာန်အများစု နိုင်ငံ ဖြစ်နေသည်။

ပထမဆုံး အနေဖြင့် သူတို့လုပ်ကိုင်နေသည့် ကုမ္ပဏီများက အလွန်ကွဲပြားခြားနားသည်။ ကာရင် ဒါဗီလာ အလုပ် လုပ်နေသည့် ABS-CBN က အင်အားကြီးမားသည့် သတင်းဌာနတခု ဖြစ်ပြီး လေလှိုင်းမှတဆင့် ဆယ်စုနှစ်များစွာ လွှမ်းမိုးထားနိုင်ခဲ့သည်။ နက်ဂျ်ဝါ ရှီဟတ်ဘ် ၏ MetroTV ကတော့ အနည်းငယ်သေးငယ်သည်။ နိုင်ငံရေး အကြောင်းကို အသားပေးသည့် သတင်း ရုပ်သံလိုင်းဖြစ်သည်။

သူတို့၏ နောက်ကွယ်တွင် ထုတ်လုပ်သူများ၊ စာရေးဆရာများ နှင့် သုတေသီများ အမြောက်အများ ရှိနေခြင်းနှင့် အတူ သူတို့က အလွန် ရှုပ်ထွေးသော အဖွဲ့အစည်းများ၏ အလွန် ထိရှလွယ်သော အကြောင်းအရာများကို ရှေ့ဆောင် တင်ဆက် ပေးနေကြသည်။ သူတို့၏ ပါရမီ၊ နှစ်လိုဖွယ်ရာကောင်းမှု နှင့် ဉာဏ်ရည်ထက်မြက်မှုကလည်း အထောက်အကူ ဖြစ်စေခဲ့သည်။

ဥပမာ ကာရင် ဒါဗီလာကို ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) က ချစ်စရာ ကောင်းသူအဖြစ် ပြောခဲ့ဖူးသည်။ နက်ဂျ်ဝါ ရှီဟတ်ဘ် သည်လည်း အမျိုးသားပရိသတ် အင်အားကြီးမားစွာ ရရှိထားသူ ဖြစ်သည်။

မကြာသေးမီက ကာရင် ဒါဗီလာကို မနီလာမြို့တွင် တွေ့ဆုံမေးမြန်းခဲ့ရာ သူ၏ များမြောင်လှသည့် အချိန်ဇယားနှင့် အလုပ်မျိုးစုံ လုပ်နိုင်စွမ်းကို ကြည့်၍ ကျနော် အံ့အားသင့်ခဲ့ရပါသည်။

ကာရင် ဒါဗီလာ၏ တနေ့တာကို မနက် ၈ နာရီတွင် မျက်မှောက်ရေးရာ အစီအစဉ် တခုဖြစ်သည့် “Headstart” ဖြင့် စတင် ပါသည်။ ညနေ ၄ နာရီခွဲတွင် “Tagalog Radio-Show” ၌ တင်ဆက်သူအဖြစ် ပါဝင်ပေးရပြီး ည ၁၀ နာရီခွဲတွင် ညနက်ပိုင်း သတင်း အစီအစဉ်တခု ဖြစ်သည့် “Bandila” တွင် ပါဝင်ရသည်။

Twitter တွင် Follower ၂ ဒသမ ၄ သန်း နှင့် Instagram တွင် ၃၆၁၀၀၀ ရှိသော ကာရင် ဒါဗီလာ၏ လူမှုကွန်ရက် အောင်မြင်မှုကို နက်ဂျ်ဝါ ရှီဟတ်ဘ် ကလည်း အမီလိုက်နိုင်ပါသည်။

Headstart အစီ အစဉ်က ဒူတာတေး၏ အစိုးရ အရာရှိများအတွက် အသုံးဝင်သည့် မီဒီယာ ပလက်ဖောင်းတခု ဖြစ်ခဲ့သည်။ သူတို့ ဆရာသမား ဒူတာတေး မနေ့ညက ပြောခဲ့သည့် ဒေါသတကြီး စကားများကြောင့် ထိခိုက်ခဲ့သမျှကို နောက်တနေ့ နံနက်မှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။ Headstart အစီအစဉ်ကို ကြည့်ခဲ့သူ တယောက် အနေဖြင့် ကျနော်လည်း ထိုသက်ရောက်မှုကို ထောက်ခံပါသည်။

ထို အစီအစဉ်က နေ့တနေ့အတွက် နိုင်ငံရေး အစီအစဉ်ကို ချမှတ်ပေးနိုင်သည်။ ကြည့်ရှုသူ ပရိသတ် တယောက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ အာဏာအချက်အချာ နေရာများဖြစ်သည့် သမ္မတ နန်းတော်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် ပြိုင်ဘက် သတင်းခန်းများအထိ အကြောင်းအရာ အမျိုးမျိုး ကို ခြုံငုံမိစေခဲ့သည်။ ၄၅ မိနစ်အထိ ကြာမြင့်သည့် အင်တာဗျူး ရှည်က မျှော်လင့်မထားသည့် အကြောင်းအရာများကို အမိအရ ဖမ်းယူနိုင်ခဲ့သည်။

Headstart က တောင်တရုတ်ပင်လယ် (အနောက်ဖိလစ်ပိုင် ပင်လယ်ဟုလည်း ခေါ်ကြသည်)၊ တရားလက်လွတ် သတ်ဖြတ်ခြင်းမှသည် လူမှု စီးပွားလုပ်ငန်းများအထိ ကျယ်ပြန့်သော အကြောင်းအရာများကို တင်ဆက်ပေးနေသည်။

ကာရင် ဒါဗီလာက လက်တွေ့ကျသူ ဖြစ်သည်။ “ကျမ အရမ်းကြိုးစားပြီး အလုပ်လုပ်တယ်။ Headstart လို အစီအစဉ် မျိုးကို ဒီတိုင်းလွှင့်လို့ မရဘူး။ အိမ်စာတွေ အများကြီး လုပ်ရမယ်။ ကြိုတင် ပြင်ဆင်ထားရမယ်။ အကြောင်းအရာ ရှိရမယ်။ ကျမ ညတိုင်း စာရွက်တွေ တထပ်ကြီးနဲ့ အိပ်ယာဝင်ရတယ်။ ဒါပေမယ့် ဟန်ချက်ညီမျှအောင် လုပ်ဖို့တော့ လိုတယ်။ ကျမမှာ အရွယ်ရောက်လာနေတဲ့ သား၂ ယောက်နဲ့ ခင်ပွန်း ရှိတယ်။ ကျမအနေနဲ့ သူတို့ အိမ်စာတွေကိုလည်း ကူလုပ် ပေးရသေးတယ်။ မိသားစုနဲ့ အပြင်တွေ ဘာတွေလည်း သွားရတယ်။ အားလုံးကို စနစ်တကျ ဖြစ်အောင် စီစဉ်ရပါမယ်” ဟု သူက ပြောသည်။

မီဒီယာတွင် အမျိုးသမီးများ၏ အသံပါဝင်နေသည်ကို လူတိုင်းက ကျေနပ်လက်ခံခြင်း မရှိကြောင်းလည်း ထင်ထင်ရှားရှား တွေ့နေရပါသေးသည်။ ကာရင် ဒါဗီလာလည်း ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက သမ္မတရွေးကောက်ပွဲ၏ စကားစစ်ထိုးပွဲတွင် မော်ဒရေတာ အဖြစ်ဆောင်ရွက်ပေးခဲ့စဉ် ခက်ခဲသော အခြေအနေ တခုကို ရင်ဆိုင်ခဲ့ရသည်။

ကာရင် ဒါဗီလာက (ထိုစဉ်က) သမ္မတလောင်း ဒူတာတေးကို သူ၏ သားဖြစ်သူက မူးယစ်ဆေးဝါးကိစ္စတွင် ပါဝင် ပတ်သက်နိုင်ခြေနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။ ဒူတာတေးက မပတ်သက်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး စကားစစ်ထိုးပွဲကို ရှေ့ဆက်ခဲ့သည်။ သို့သော်လည်း ညရောက်သည့် အခါ ဒူတာတေး၏ လူမှုကွန်ရက်မှ Follower ၁၄ သန်း၏ ဝေဖန် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ သူတို့ အများစုက ကာရင် ဒါဗီလာကို ရိုင်းစိုင်း ကြမ်းတမ်းစွာ ရေးသားခဲ့ကြသည်။

“စကား စစ်ထိုးပွဲက အေးအေးဆေးဆေး ပြီးသွားတယ်လို့ ကျမ ထင်ခဲ့မိတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်သွားတယ်။ ဒါပေမယ့် Twitter နဲ့ Instagram က ဒေါသတကြီး Message တွေကြောင့် နိုးလာခဲ့ရတယ်။ ကျမကို မုဒိန်းကျင့်မယ်၊ သတ်ပစ်မယ် ဆိုတာတွေတောင် ပါတယ်။ ဒါကြောင့် ကျမက ဒူတာတေးလို ခေါင်းဆောင်မျိုးက ဒီလို မေးခွန်းမျိုးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ရေးပြီးတင်လိုက်တယ်”

နောက်တနေ့ ရောက်သည့် အခါ ဒူတာတေး ကိုယ်တိုင် ဝင်ပါရတော့သည်။ ကာရင် ဒါဗီလာကို နှောက်ယှက်ခြင်းများ ရပ်တန်းကရပ်ရန်လည်း သူ့ကို ထောက်ခံသူများအား ကြေညာချက်ထုတ်ပြန် တားဆီးခဲ့ရသည်။

“ချက်ချင်းလိုလိုပဲ နှောက်ယှက်တာတွေ လုံးဝ နီးပါးရပ်ဆိုင်းသွားတယ်” ဟု ကာရင် ဒါဗီလာက ရှင်းပြသည်။

သို့သော်လည်း မီဒီယာနှင့် မာလာကန်နန် (Malacanang) သမ္မတ နန်းတော်တို့ ကြားမှ ဆက်ဆံရေးက အထိုင်ကျစရာ လိုနေသေးသည်ဟု ယူဆရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

လက်ရှိ အခြေအနေ အပေါ် ကာရင် ဒါဗီလာ၏ အမြင်က ရိုးစင်းပါသည်။ “ဒူတာတေးက ထူးခြားတယ်၊ အများနဲ့ မတူဘူး။ မီဒီယာလောကမှာ ရှိတဲ့ ကျမတို့က လိုက်လျောညီထွေ ရှိဖို့လိုတယ်။ ပုံကြီးချဲ့ပြီးဖော်ပြတဲ့ နည်းလမ်းက မီဒီယာမှာ ရေရှည် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျမတို့ အားလုံးအတွက် နောက်ထပ် အဓိကကျတဲ့ စိန်ခေါ်မှုတခုက သူ့ကို ထောက်ခံသူ တွေကို ပညာပေးဖို့နဲ့ ထိတွေ့ဆက်ဆံဖို့ပါ။ မီဒီယာဆိုတာက မင်းမဲ့ ဝါဒတခု မဟုတ်ဘူး။ နိုင်ငံရေးအရ ခွဲခြားတာတွေ မရှိဘူး ဆိုတာကို သူတို့ နားလည်အောင် ကျမတို့က လုပ်ပေးရပါမယ်။ ဒါပေမယ့် တိုင်းပြည် ကောင်းစားရေးအတွက် ဆွေးနွေးဖို့ လိုအပ်တဲ့ အကြောင်းကိစ္စတွေ အများကြီး ရှိနေပါတယ်” ဟု သူက ပြောသည်။

အငြင်းပွားမှုများ ရှိနေသော်လည်း ကာရင် ဒါဗီလာကဲ့သို့ အမျိုးသမီး ဂျာနယ်လစ်တဦးက အာဏာပိုင်များကို တောင်းဆို နေသည်၊ မေးခွန်း ထုတ်နေသည်ကို မြင်ရခြင်းက စိတ်အားတက်ကြွဖွယ်ရာ ဖြစ်သည်။

ထိုကဲ့သို့ အောင်မြင်စွာ ပြုလုပ်နေနိုင်ရေး အတွက် စိန်ခေါ်မှုမှာ အမျိုးသမီးများ နေ့စဉ် ရင်ဆိုင်နေရသည့် အတားအဆီးများ တခါတရံ ဖြစ်နေတတ်သည်။ လိင်ခွဲခြားခြင်း၊ လုပ်ခ လစာခွဲခြားခြင်းနှင့် အမျိုးသမီးတို့၏ အသံကို အလေးအနက် မထားခြင်းတို့ အပါအဝင် ဖြစ်သည်။

သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံမှ တခြား အမျိုးသမီး မီဒီယာသမားများ ဖြစ်သော GMA မှ ဂျက်ဆီကာ ဆိုဟို (Jessica Soho)၊ Rappler မှ မာရီယာ ရက်စ်ဆာ (Maria Ressa)၊ KompasTV မှ ရိုစီယန်နာ ဆီလာလာဟီ (Rosianna Silalahi) နှင့် CNN Indonesia မှ ဒေစီ အန်နဝါ (Desi Anwar) တို့က ကာရင် ဒါဗီလာနှင့် နက်ဂျ်ဝါ ရှီဟတ်ဘ် တို့နှင့်အတူ ထိုးဖောက်ထွက်နိုင်ရန် ကြိုးစားနေကြသည်။

အရှေ့တောင် အာရှတွင် ပုံစံတခုက ရှင်းရှင်းလင်း ပေါ်ထွက်လာနေပါသည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံများက အမျိုးသမီးများကို ရှေ့တန်းတွင်၊ အလယ်ဗဟိုတွင် နေရာပေးပါသည်။ ခြွင်းချက်တခု အနေဖြင့် (နေရာပေးခြင်း) မဟုတ်ဘဲ စံ သတ်မှတ်ချက်တခု ဖြစ်လာရေးကို ကျနော်တို့ မျှော်လင့်ကြဖို့သာ ရှိပါသည်။

(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)

Your Thoughts …
Tags: မီဒီယာ
ကရင်မ် ရတ်စ်လာမ်

ကရင်မ် ရတ်စ်လာမ်

Contributor

Similar Picks:

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
5.7k

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်။

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုနီယာ ဂန္ဒီ / INCIndia

နယူဒေလီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုနီယာ ဂန္ဒီတို့ တွေ့ဆုံ

ဂိုအာမြို့တွင် ကျင်းပသော BIMSTEC အစည်းအဝေး၌ တွေ့ရသော ၂ နိုင်ငံ ခေါင်းဆောင်များ / MOI

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved