• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
in ဆောင်းပါး
A A
လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

ဂလိုဘယ်တိုင်းမ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသည့် မီဒီယာ ဖြစ်သည်

5.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တရုတ် ဂလိုဘယ်တိုင်းမ် သတင်းဝက်ဘ်ဆိုဒ်၌ “အမေရိကန်နှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကို အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကျဉ်သင့်သည်” ဆိုသည့် အယ်ဒီတာ့အာဘော်ကို တွေ့ခဲ့ရ၏။ ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ အာဘော် ဖော်ပြသည့်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခုခံစစ်ပွဲစတင်ရန် ကြေညာသည့် နေ့ဖြစ်၏။

ထိုရက်ထိုနေ့က ဖော်ပြခဲ့သည့် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ မြန်မာပြည်၏ အခြေအနေနှင့် ပတ်သက်၍ သုံးသပ်ချက်များ၊ ကောက်ချက်များ၊ အာဘော်များသည် နှစ်နှစ်ကြာမြင့်ပြီဖြစ်သည့် ယနေ့အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ လုံးဝ လွဲချော်သွားခဲ့ပြီ ဖြစ်သည်ကို တွေ့ရပေသည်။

ဤနေရာတွင် အထူးဖော်ပြလိုသည်မှာ တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်အား အလေးထား ဝေဖန်သုံးသပ်ရခြင်းမှာ တရုတ် ဂလိုဘယ်တိုင်းမ် မီဒီယာသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ ပေါ်လစီ၊ သဘောထားကို ထင်ဟပ်ဖော်ပြသည့် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသည့် မီဒီယာဖြစ်၍ ဖြစ်သည်။ တရုတ်အစိုးရသည်လည်း မြန်မာအရေးတွင် ထဲထဲဝင်ဝင် ပတ်သက်နေ၍ ဖြစ်၏။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
422
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
168
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k

တရုတ် ဂလိုဘယ်တိုင်းမ် မီဒီယာသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ ပေါ်လစီ၊ သဘောထားကို ထင်ဟပ်ဖော်ပြသည့် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသည့် မီဒီယာဖြစ်သည်။

မြန်မာစစ်တပ်နှင့် ပတ်သက်သည့် ကောက်ချက်

ထိုစဉ်က ဖော်ပြသည့် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ အာဘော်အရ “မြန်မာ့စစ်တပ်သည် တိုင်းပြည်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အာဏာရှိသည်” ဟုဆို၏။ မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ အကျပ်အတည်း ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထောက်ခံသူများ၏ ဆန္ဒပြပွဲများ၊ ပြည်သူ့ ကာကွယ်ရေးတပ်၏ ဗုံးခွဲတိုက်ခိုက်မှုများ၊ ပြည်ပနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ဖြတ်သန်းခဲ့ပြီး သူတို့သည် အခြေအနေကို အမြဲတမ်း ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့စစ်တပ်သည် အခြားစစ်တပ်များနှင့် ကွဲပြားသည့် ထူးခြားသော နိုင်ငံရေးအင်အားစုတခုဖြစ်သည်ဟု ဂလိုဘယ် အယ်ဒီတာက ဆိုခဲ့သည်။

အဆိုပါကောက်ချက်သည် ပြန်လည်ဆန်းစစ်ပါက လက်ရှိ ဖြစ်ထွန်းတိုးတက်နေသည့် မြန်မာပြည်၏ မြေပြင်အခြေအနေများနှင့် ကွဲပြားနေသည်ကို တွေ့ရ၏။ နှစ်နှစ်တာကာလ လွန်မြောက်ပြီးနောက်တွင် ထိုကောက်ချက်သည် လွဲချော်ခဲ့ကြောင်း ပြသနေ၏။

NUG နှင့် PDF တို့အား ၂၀၂၁ ခုနှစ်၊ မေလအတွင်း ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ခုခံစစ်ပွဲ စတင်ရန် ကြေညာခဲ့၏။ စစ်ကောင်စီတပ်သည် လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း (ဧရာဝတီအနောက်ခြမ်း)၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်များတွင် ဒေသအများစု၊ ဆက်သွယ်ရေးလမ်းကြောင်း အများစုကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ မြို့ကြီးများကိုသာ ထိန်းချုပ်နိုင်တော့၏။

ကချင်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းများတွင် နယ်မြေအစိတ်အပိုင်း အတော်များများနှင့် ဆက်သွယ်ရေးလမ်းကြောင်း အချို့သည် EAO နှင့် PDF များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ စစ်ကောင်စီတပ် အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟု ဆိုနိုင်သော နေပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်ပင် PDF လှုပ်ရှားတိုက်ခိုက်မှုများ၊ စည်းရုံးဖွဲ့စည်းမှုများ ရှိနေ၏။

မြန်မာစစ်တပ်က ၎င်းတို့ထိန်းချုပ်နိုင်မှု မရှိသောနယ်မြေအား အနက်ရောင်နယ်မြေ၊ အပြန်အလှန် အားပြိုင်ထိန်းချုပ်နိုင်သည့် နယ်မြေအား အညိုရောင်နယ်မြေ၊ ၎င်းတို့ အပြည့်အဝ ထိန်းချုပ်နိုင်သည့် နယ်မြေအား အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထား၏။ လက်ရှိ မြန်မာပြည်တွင် အဖြူရောင်အဖြစ် သတ်မှတ်နိုင်သည့် နယ်မြေမရှိဘဲ အနက်ရောင်နှင့် အညိုရောင်နယ်မြေများသာ ရှိသည်။

ထို့ပြင် အာဏာသိမ်းပြီး နှစ်နှစ်ခွဲကြာလာသည်အထိ စစ်ကောင်စီက မြန်မာပြည် နယ်မြေအချို့ တည်ငြိမ်အေးချမ်းမှု မရှိသေးပါဟု ဝန်ခံပြောဆိုပြီး စစ်ကောင်စီအား သက်တမ်းတိုးနေ၏။

အာဏာသိမ်းပြီး နှစ်နှစ်ခွဲကြာလာသည်အထိ စစ်ကောင်စီက မြန်မာပြည် နယ်မြေအချို့ တည်ငြိမ်အေးချမ်းမှု မရှိသေးပါဟု ဝန်ခံပြောဆိုပြီး စစ်ကောင်စီအား သက်တမ်းတိုးနေ၏။

ရွေးကောက်ပွဲပြုလုပ်ပြီး ကိုယ့်ကိုကိုယ် သမ္မတအဖြစ် အာဏာလွှဲပေးလိုသော စစ်ကောင်စီဥက္ကဋ္ဌ အမှန်တကယ် တိုင်းပြည်အခြေအနေ ထိန်းချုပ် မရနိုင်သေး၍ သန်းခေါင် စာရင်းကောက်မည်ဟု အကြောင်းပြပြီး ၂၀၂၅ ခန့်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြံရွယ်နေ၏။

လက်နက်၊ လေ့ကျင့်သား မပြည့်ဝသည့် PDF များကို နှစ်နှစ်ခွဲအတွင်း မထိန်းချုပ်နိုင်သည့် စစ်ကောင်စီသည် လက်နက်နှင့် လေ့ကျင့်သား ပိုမိုပြည့်ဝလာမည့် PDF များအား နောက်တနှစ်ခွဲအတွင်း ထိန်းချုပ်လာနိုင်ရန် မဖြစ်နိုင်ပေ။ လာမည့်တနှစ်အတွင်း PDF နှင့် EAO များ ပိုမိုထိန်းချုပ်လာနိုင်မည်ကို စစ်မြေပြင်တွင် တွေ့နေရပြီဖြစ်၏။ သို့ဖြစ်ရာ ဂလိုဘယ်တိုင်းမ် အယ်ဒီတာ ကောက်ချက်ချထားသည့် မြန်မာစစ်တပ်က အခြေအနေကို ထိန်းချုပ်ထားနိုင်သည်ဆိုသည်မှာ လွဲချော်နေပြီဖြစ်၏။

ထို့ပြင် ဂလိုဘယ်တိုင်းမ် အယ်ဒီတာက “မြန်မာစစ်တပ်တွင် အင်အား ၆ဝဝ,၀၀၀ ခန့်ရှိသည့် တောင့်တင်းသန်စွမ်းသော စစ်တပ်ရှိသည်” ဟုဆို၏။ လက်တွေ့တွင် စစ်ဆင်ရေးဝင်နေသည့် ခြေလျင်၊ ခြေမြန်တပ်ရင်း ၅၀၀ ကျော်သည် တရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ သာရှိ၏။ တကယ့် တိုက်ခိုက်ရေးအင်အား၊ စစ်ထွက်အင်အားမှာ ၁၀၀ ခန့်သာရှိသည်ကို မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် PDF နှင့် EAO သာမက အရပ်သားလူထုပင် သိကြ၏။

သို့ဖြစ်ရာ မြန်မာစစ်တပ်၏ စစ်မြေပြင် တိုက်ခိုက်ရေးအင်အားမှာ ၁ သိန်းခန့်သာရှိပြီး ရေတပ်၊ လေတပ်၊ လက်ရုံးတပ်များ စုစုပေါင်းမှာ ၂၅၀,၀၀၀ ခန့်သာ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် စစ်အင်အား မလုံလောက်၍ အိမ်ထောင်သည် ရဲမေများပါ ကင်းစောင့်ရခြင်း၊ အငြိမ်းစား စစ်သားများအား နေ့စားဖြင့် ပြန်လည်ခန့်ထားခြင်း၊ ပျူစောထီးများ ဖွဲ့စည်းခြင်း၊ စစ်သားဝယ်ခြင်းများ ပြုလုပ်နေရ၏။

တပြည်လုံးအနှံ့ စစ်မျက်နှာဖွင့်နေရ၍ စစ်အင်အား မလုံလောက်သည်ကို စစ်တိုင်းဌာနချုပ် နယ်မြေတိုင်းတွင် တွေ့နေရ၏။ ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် တရုတ်၏ အာမခံမှုကြောင့်သာ တရုတ်နယ်စပ်မှ တပ်များကို ထုတ်နုတ်ပြီး ကရင်နီပြည်နယ်ကို အင်အားဖြည့်နိုင်ကြောင်း တွေ့ရ၏။ ပြီးခဲ့သော နှစ်နှစ်ခွဲအတွင်း ရဲနှင့် စစ်သား ၁၄,၀၀၀ ခန့် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့သည့်အပြင် အင်အား ၄၅၀ ခန့်မှာ PDF အဖြစ် တိုက်ပွဲဝင်နေကြ၏။

ထို့ကြောင့် စစ်ကောင်စီတပ် စစ်အင်အားနှင့် ပတ်သက်၍ ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ ကိန်းဂဏန်းသည် လက်ရှိ မြေပြင်အခြေအနေနှင့် လွဲချော်နေရာ ထိုကိန်းဂဏန်းသည် စစ်ကောင်စီ၏ ထုတ်ပြန်ချက် သက်သက်အား ကြည့်၍ပြောသည်‌လော၊ လက်တွေ့အခြေအနေမှန်ကို မသိ၍ပြောသည်လော သို့မဟုတ် မြန်မာစစ်တပ်အား ဖုံးဖိအရောင်တင်လို၍ ပြောသည်လော ဆိုသည်ကတော့ ဂလိုဘယ်တိုင်းမ် အယ်ဒီတာမှ သိပေလိမ့်မည်။

စစ်ကောင်စီတပ် စစ်အင်အားနှင့် ပတ်သက်၍ ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ ကိန်းဂဏန်းသည် လက်ရှိ မြေပြင်အခြေအနေနှင့် လွဲချော်နေသည်

လက်ရှိ အရှိန်မြင့်လာသည့် စစ်ပွဲတွင် နှစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲပေါင်း ၁ သောင်းဝန်းကျင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုတွင် စစ်ကောင်စီတပ် အထိနာခဲ့၊ ရှုံးခဲ့သည်ကို တွေ့ရ၏။ စစ်တပ်သည် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ ရေးခဲ့သကဲ့သို့ တောင့်တင်းသန်စွမ်းသည့်စစ်တပ် မဟုတ်တော့ပေ။

PDF နှင့် ပတ်သက်သည့် ကောက်ချက်

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို မေလတွင် စတင်ဖွဲ့စည်းခဲ့သည်။ NLD ကို သစ္စာစောင့်သိမည်ဟု ကတိပြုထားသည့် အဖွဲ့ဝင် အရေအတွက် အနည်းငယ်သာရှိသည်” ဟု ဆိုသည်။ ထိုအချက်မှာလည်း နှစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် “လုံးဝ” မှားယွင်းနေသည်ကို တွေ့ရပြီဖြစ်၏။

လက်ရှိ PDF မှာ တပ်ရင်း ၂၉၃ ရင်း၊ စိစစ်ဆဲ ၆၈ ရင်း၊ စုစုပေါင်း ၃၆၁ ရင်းနှင့် အင်အား ၇၀,၀၀၀ ခန့်ရှိ၏။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များကို မြို့နယ် ၂၅၀ တွင် ဖွဲ့စည်းထားပြီး အင်အား ၈၀,၀၀၀ ခန့်ရှိ၏။

ကရင်နီပြည်နယ်၌ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အင်အား ၈,၀၀၀ ခန့်၊ ချင်းပြည်နယ်၌ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CDF) အင်အား ၁ သောင်းခန့်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပါအဝင် အခြားအမည်အမျိုးမျိုးဖြင့် ဖွဲ့စည်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းများမှာ အင်အား ထောင်ဂဏန်းရှိသည်။

သို့ဖြစ်ရာ မူလ EAO များ မပါဘဲ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် NUG နှင့် ဆက်စပ်နေသည့် PDF, KNDF, CDF, ပကဖ များနှင့် အခြား ဒေသခံတော်လှန်ရေး တပ်ဖွဲ့များမှာ အင်အား ၁၈၀,၀၀၀ ခန့်ရှိ၏။ ထို့ကြောင့်လည်း နယ်မြေအများအပြားတွင် တိုက်ပွဲဆင်နွှဲနိုင်ခြင်း ဖြစ်၏။

သို့သော် PDF တွင် အားနည်းချက် မရှိသည်တော့ မဟုတ်။ အဓိက အားနည်းချက်မှာ လက်နက်ခဲယမ်း တပ်ဆင်မှုဖြစ်၏။ NUG ၏ တပ်ဆင်ပေးမှုရော၊ မိမိအစီအစဉ်နှင့် တပ်ဆင်မှုပါ ပေါင်းပါက ပျမ်းမျှ အင်အား ၂၅ ရာခိုင်နှုန်းခန့်သာ လက်နက်တပ်ဆင်နိုင်သေးသည်။

PDF တွင် အားနည်းချက် မရှိသည်တော့ မဟုတ်။ အဓိက အားနည်းချက်မှာ လက်နက်ခဲယမ်း တပ်ဆင်မှုဖြစ်၏။ NUG ၏ တပ်ဆင်ပေးမှုရော၊ မိမိအစီအစဉ်နှင့် တပ်ဆင်မှုပါ ပေါင်းပါက ပျမ်းမျှ အင်အား ၂၅ ရာခိုင်နှုန်းခန့်သာ လက်နက်တပ်ဆင်နိုင်သေးသည်။

သို့သော် အားသာချက်မှာ ကျန်သူများအား လက်လုပ်သေနတ်များ တပ်ဆင်ထားနိုင်သည့်အပြင် လက်လုပ်မိုင်း၊ လက်လုပ်ဒုံးများ ထုတ်လုပ်တိုက်ခိုက်နိုင်သည်။ ထို့ပြင် ဒရုန်းများကို ကိုယ်တိုင် တီထွင်ထုတ်လုပ်ပြီး ဒရုန်းစင်ဆင်ရေးများ၊ တိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်တိုက်ခိုက်နိုင်ခြင်း ဖြစ်၏။ ဒရုန်းတီထွင်၊ ထုတ်လုပ်တိုက်ခိုက်မှုတွင် PDF များသည် ယခင် EAO များထက် သာလွန်သည့် အကြောင်းအချက် ဖြစ်၏။ ဒရုန်းစစ်ဆင်ရေးသည် မျိုးဆက်သစ် PDF များ၏ အမှတ်တံဆိပ် ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ‌ကောက်ချက်ချခဲ့သော ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ ကောက်ချက်မှာ အလွဲကြီးလွဲခဲ့ပြီးဖြစ်၏။ ဂလိုဘယ်တိုင်းမ် အယ်ဒီတာသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပိုတွက်ပြီး PDF များကို လျှော့တွက်ခဲ့ခြင်းသည် နှစ်နှစ်ခန့်အကြာတွင် မြန်မာပြည်၏ လက်တွေ့ အခြေအနေများနှင့် များစွာကွာခြားသွားသည်ကို တွေ့ရ၏။

ထို့ကြောင့်လည်း ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာစစ်တပ်သည် အခြားစစ်တပ်များနှင့် မတူသည့် နိုင်ငံရေးအင်အားစု ဖြစ်သည်၊ အင်အား ၆ သိန်းခန့်ရှိသည့် တောင့်တင်းသော စစ်တပ်ဖြစ်၏၊ PDF ဆိုသည်က နောက်လိုက် အနည်းငယ်သာ ရှိ၏၊ သို့ဖြစ်ရာ မြန်မာစစ်တပ်ကို ဗဟိုပြု ကျားကန်ပြီး မြန်မာပြဿနာကို ဖြေရှင်းရမည်ဟု ဆိုခဲ့သည့် အယ်ဒီတာ့ အာဘော်သည် လွဲချော်နေ၏။ တရုတ်တို့သည် ဤသဘောထားကို ပြင်ဆင်ခြင်းမပြုဘဲ မြန်မာစစ်တပ်ကို ဆက်ဆံရုံသာမက ကျောထောက်နောက်ခံ ပြုနေပါက မြန်မာပြည် ပဋိပက္ခသည် ပို၍ ပြင်းထန်လိမ့်မည်ဖြစ်၏။

အနောက်တိုင်းပုံစံစနစ်တဲ့လား

ဂလိုဘယ်တိုင်းမ် အယ်ဒီတာ၏ ကောက်ချက်တခုအဖြစ် တွေ့ရသည်မှာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံပေါ် သဘောထားကို ဝေဖန်ခြင်းနှင့်အတူ “အနောက်တိုင်း ပုံစံစနစ်များသည် မြန်မာပြည်နှင့် သင့်တော်မှု မရှိကြောင်း သက်သေပြခဲ့ပြီ” ဟူ၍ ကောက်ချက်ချခဲ့သည်ကို တွေ့ရ၏။ ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်မှာ လွဲချော်နေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်း တွေ့ဆုံစဉ်

ပါတီစုံ ဒီမိုကရေစီစနစ်သာမက၊ တရုတ်တို့ ကျင့်သုံးနေသည့် ကွန်မြူနစ်စနစ်သည်လည်း အနောက်တိုင်းမှ လာခြင်းဖြစ်၏။ ကွန်မြူနစ်ဝါဒသည် ဂျာမနီ၊ အင်္ဂလန်စသည့် ဥရောပတွင် မွေးဖွားလာပြီး ပြင်သစ်နှင့် ရုရှားမှ တဆင့် တရုတ်သို့ ရောက်လာခြင်းဖြစ်၏။

ပါတီစုံ ဒီမိုကရေစီစနစ်သာမက၊ တရုတ်တို့ ကျင့်သုံးနေသည့် ကွန်မြူနစ်စနစ်သည်လည်း အနောက်တိုင်းမှ လာခြင်းဖြစ်၏။ ကွန်မြူနစ်ဝါဒသည် ဂျာမနီ၊ အင်္ဂလန်စသည့် ဥရောပတွင် မွေးဖွားလာပြီး ပြင်သစ်နှင့် ရုရှားမှ တဆင့် တရုတ်သို့ ရောက်လာခြင်းဖြစ်၏။

ပါတီစုံဒီမိုကရေစီစနစ်ကို မြန်မာပြည်တွင် ယခုမှ တောင်းဆိုကြသည် မဟုတ်ပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးသည်မှစ၍ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းသည်အထိ ၁၄ နှစ်တိုင် ကျင့်သုံးနိုင်ခဲ့၏။ မြန်မာပြည်နှင့် ကိုက်ညီသည့်ပုံစံဖြစ်သည်ကို သက်သေပြခဲ့ပြီဖြစ်၏။ ပါတီစုံစနစ်ကျင့်သုံးသည့် ကာလအတွင်း တိုင်းပြည်စီးပွားရေး၊ ပညာရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

ဘက်မလိုက်ဝါဒကို ကျင့်သုံးပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့၏။ မြန်မာဒီမိုကရေစီအစိုးရသည် တရုတ်ပြည်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နယ်စပ်ပြဿနာကိုလည်း ပြေလည်စွာ ဖြေရှင်းနိုင်ခဲ့၏။ အဆိုပါ ဒီမိုကရေစီအစိုးရသည် ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး၌တွင်သာ အားနည်းချက်ရှိခဲ့၏။ ဤသည်မှာလည်း ဖဆပလ အစိုးရ၏ အားနည်းချက်အပြင် ဖက်ဒရယ်အရေး ဆွေးနွေးဖြေရှင်းရန် ဖဆပလအစိုးရ၏ ကြိုးစားမှုကို စစ်တပ်က လက်မခံဘဲ အာဏာသိမ်းခဲ့ခြင်းက အကြောင်းအချက်တခုဖြစ်၏။

တကယ်တော့ မြန်မာပြည်နှင့် သင့်တော်မှု မရှိဟု သက်သေပြခဲ့သည့်ပုံစံမှာ တပါတီအာဏာရှင်စနစ် ဖြစ်သည်။ မြန်မာစစ်တပ်က ကျင့်သုံးခဲ့သည့် မဆလ တပါတီအာဏာရှင်စနစ်သည် ၂၆ နှစ်တာ ကာလအတွင်း မြန်မာပြည် ပိုမွဲပြာကျစေခဲ့သည်ကို သက်သေပြခဲ့ပြီဖြစ်သည်။

ဒုတိယအားဖြင့် ၁၉၈၈ မှ ၂၀၁၀ အထိ ကျင့်သုံးခဲ့သည့် စစ်တပ် အာဏာရှင်စနစ်သည်လည်း တိုင်းပြည်တိုးတက်မှုမရှိဘဲ စစ်အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များသာ ချမ်းသာကြွယ်ဝသွားကြောင်း သက်သေပြခဲ့ပြီဖြစ်၏။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်အာဏာသိမ်းမှုကို တရုတ်ရပ်တည်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြနေကြသူများ / ဧရာဝတီ

၂၀၁၁ မှ ၂၀၂၀ အထိ ကျင့်သုံးသည့် ပြုပြင်ပြောင်းလဲရေးကာလက သက်သေပြခဲ့သည်မှာမြန်မာစစ်တပ်အား နိုင်ငံရေးထဲမှ ဖယ်မထုတ်နိုင်ပါက မြန်မာစစ်တပ်၏ ဗိုလ်ကျရမ်းကားမှု၊ အကျင့်ပျက် အဂတိလိုက်စားမှု၊ ကိုယ်ကျိုးရှာမှုတို့ကြောင့် တိုင်းပြည်သည် နိုင်ငံရေးအရ တည်ငြိမ်မှု မရှိဘဲ စီးပွားရေးအရလည်း တိုးတက်မှု မရှိနိုင်ဟူ၍ ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာပြည်နှင့် မသင့်တော်သည်မှာ တရုတ်ပုံစံ တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် ဖြစ်သည်။ မြန်မာလူထု လိုလားသည်မှာ အနောက်တိုင်းပုံစံ ဒီမိုကရေစီမဟုတ်ဘဲ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကဲ့သို့ နိုင်ငံရေးထဲမှ စစ်တပ် ထွက်ခွာသည့် ဒီမိုကရေစီ ပုံစံဖြစ်၏။ အရှေ့တောင်အာရှပုံစံ ဖြစ်သည်။

မြန်မာပြည်နှင့် မသင့်တော်သည်မှာ တရုတ်ပုံစံ တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် ဖြစ်သည်။ မြန်မာလူထု လိုလားသည်မှာ အနောက်တိုင်းပုံစံ ဒီမိုကရေစီမဟုတ်ဘဲ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကဲ့သို့ နိုင်ငံရေးထဲမှ စစ်တပ် ထွက်ခွာသည့် ဒီမိုကရေစီ ပုံစံဖြစ်၏။

သို့ဖြစ်ရာ တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာသည် လွန်ခဲ့ နှစ်နှစ်က သုံးသပ်ခဲ့သော အထက်ပါ ကောက်ချက်များသည် နှစ်နှစ်ခန့်အကြာတွင် မြန်မာပြည် လက်တွေ့အခြေအနေများနှင့် ကိုက်ညီခြင်းမရှိဘဲ လွဲချော်၍နေသည်ကို တွေ့ရ၏။ ဤသို့ လွဲချော်ခြင်းမှာ ဂလိုဘယ်တိုင်းမ် အယ်ဒီတာသည် ‌မြန်မာပြည်၏ မြေပြင်ရှိ ပကတိအချက်အလက်များကို မျက်ကွယ်ပြုပြီး တရုတ်အကျိုးစီးပွား အခြေခံပေါ်မှ မြန်မာပြဿနာကို သုံးသပ်၍ ဖြစ်သည်ဟု ဆို၍ရသကဲ့သို့ မြန်မာပြည်ပြဿနာကို ခေါက်ရိုးကျိုးနေသည့် ပုံစံခွက်အတွင်းမှ ကြည့်မြင်၍ ဖြစ်သည်။

မြန်မာပြည်ပြဿနာကို ကြည့်မြင်သုံးသပ်လေ့ရှိကြသည့် ခေါက်ရိုးကျိုးနေသည့် ပုံစံခွက်မှာ မြန်မာစစ်တပ် အင်စတီကျူးရှင်းကို ဗဟိုပြု၍ မြန်မာပြည်ပြဿနာကို သုံးသပ်ဖြေရှင်းရန် ကြိုးစားကြခြင်းဖြစ်သည်။ ယခု စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်ခွဲတာကာလ၊ NUG နှင့် PDF တို့၏ ခုခံစစ် ကြေညာပြီး နှစ်နှစ်တာကာလတွင် မြန်မာပြည်၏ လက်တွေ့မြေပြင် အခြေအနေသည် သမရိုးကျပုံစံခွက်ထဲမှ ခွဲထွက် ပြောင်းလဲလာပြီကို အသိမှတ်ပြုရန် လိုအပ်သည်။ မြန်မာပြည် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းသူများအနေနှင့် ထိုပြောင်းလဲမှုကို အသိအမှတ်ပြုရန်လို၏။ သို့မှသာ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။

(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

မီဒီယာ ကြိုးကိုင်ခြယ်လှယ်ရန် တရုတ်ထံမှ စစ်ကောင်စီ လေ့လာနေ

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်

Your Thoughts …
Tags: EAONLDNUGPDFစစ်ကောင်စီတရုတ်ဒရုန်းစင်ဆင်ရေးပြည်တွင်းစစ်မီဒီယာရွေးကောက်ပွဲ
ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပုလောဒေသခံ ၁၀၀ ကျော် စစ်တပ်ဖမ်းထား

ပုလောဒေသခံ ၁၀၀ ကျော် စစ်တပ်ဖမ်းထား

ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး

ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved