• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး

by ဧရာဝတီ
19 September 2023
in သတင်း
A A
ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး

စက်တင်ဘာ ၁၈ ရက်တွင် အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေး / MOFA

1.6k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များ၌ နှစ်နိုင်ငံ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းတို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းသည် လေးကြိမ်မြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်နှင့် တိုက်ဆိုင်နေပြီး အဆိုပါ ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်ထား ခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန်လည်းရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “သံတမန်ရေးရာကျရှုံးနေတဲ့ စစ်ကောင်စီကို စိတ်ဓာတ်ရေးရာအရ အားပေး နှစ်သိမ့်တဲ့ တွေ့ဆုံမှုလို့ပဲ ယူဆပါတယ်။ နောက်တခုက တရုတ်အနေနဲ့ လုံခြုံရေးကောင်စီကနေတဆင့် ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာကို စစ်ကောင်စီက စေလွှတ်ထားတဲ့ ကိုယ်စားလှယ်ကို နေရာပေးဖို့ တွန်းတွန်းတိုက်တိုက် ဖိအားပေးလာနိုင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် ဦးကျော်မိုးထွန်းကို ဆက်လက်အသိ အမှတ်မပြုဘဲနဲ့ နေရာကိုလစ်လပ်ထားဖို့အထိ တရုတ်က ကြိုးစားလာမယ့်သဘောရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် ထိပ်သီးအစည်းအဝေးများ၌ စစ်ကောင်စီအား ဆက်လက်ချန်လှပ်ထားရန်နှင့် မြန်မာ့ အရေးပြဿနာကို အလှည့်ကျဥက္ကဋ္ဌ ပါဝင်သည့် သုံးနိုင်ငံအဖွဲ့ဖြင့် ကိုင်တွယ်ဆောင်ရွက်ရေးတို့အား ပြီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

အာဆီယံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးရေး စသည့် ဘုံသဘော တူညီချက် ၅ ရပ် ချမှတ်ထားသော်လည်း စစ်ကောင်စီဘက်က ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိ သောကြောင့် ဝေဖန်မှုများရှိနေသည့်အပြင် အာဆီယံအနေဖြင့်လည်း မြန်မာ့အရေးအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတကာ၏ တောင်းဆိုမှုများအား ရင်ဆိုင်ရလျက်ရှိသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124
စက်တင်ဘာ ၁၈ ရက်တွင် အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေး / MOFA

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း “အာဆီယံကို စစ်ကောင်စီက ဘာမှလိုက်လျောတာ လည်းမရှိဆိုတော့ လာပြီးသတိပေးတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီကတော့ သူ့အတွက် ဝါဒဖြန့်ဖို့ အခွင့်အရေး ရတယ်ဆိုပြီး ပြောနေတာဖြစ်မှာပေါ့။ ကုလသမဂ္ဂမှာလည်း ဦးကျော်မိုးထွန်းပဲ ပြန်ရဖို့များပါတယ်။ တကယ်တမ်း တရုတ်ရဲ့ လုပ်နည်းကိုင်နည်းက စစ်ကောင်စီနဲ့လည်း မိတ်မပျက်အောင် ဘာကြောင့် ဘယ်လိုလုပ်ရတယ်ဆိုတာ လာပြီးပြောတာ လည်း ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်သည်။

ထို့ပြင် လာမည့်အောက်တိုဘာလအတွင်း၌လည်း တရုတ်အစိုးရအနေဖြင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်မှု ၁၀ နှစ်ပြည့်အဖြစ် ညီလာခံတရပ်ကျင်းပရန် ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်ရန်ရှိနေသော စီမံကိန်းအခြေအနေများနှင့်ပတ်သက်ပြီး လာရောက်တိုက်တွန်းခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေါက်တာလှကျော်ဇောက “မြန်မာပြည်မှာ ပိုးလမ်းမစီမံကိန်းတွေက ဘာမှအကောင်အထည်မပေါ်၊ အလုပ်မဖြစ်သလို ဖြစ်နေတာပေါ့။ အဲဒီဟာအတွက် လာပြီးတော့လေ့လာတာ၊ တွန်းအားပေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်ကမူ တိန့်ရှီကျွန်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေး နှင့်တည်ငြိမ် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအားထုတ်မှုများကို တရုတ်မှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ဆိုထားသည်။

ထို့ပြင် ဝန်ကြီးဦးကိုကိုလှိုင်နှင့် တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက် အခမ်းအနားကျင်းပရေး၊ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည်ဖော်မှုနှင့် လူသားချင်းစာနာမှု အကူအညီများပေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်းလည်း သိရ သည်။

တရုတ်-မြန်မာနယ်စပ် ဒေသတည်ငြိမ်ရေးနှင့်ပတ်သက်၍မူ လတ်တလောတွင် တရုတ်နယ်စပ်အနီး မူဆယ်မြို့နယ်အတွင်း ၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်ကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကွဲမှု ဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်လာပြီး မြန်မာစစ်တပ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တွေ့ဆုံခဲ့သေးသည်။

You may also like these stories:

တတိယမ္ပိ တိန့်ရှီကျွန်း ခရီးစဉ်နှင့် တရုတ်တို့၏ ဒုတိယခြေလှမ်း

တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား

Your Thoughts …
Tags: စစ်ကောင်စီတရုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အွန်လိုင်းငွေလိမ်သူများ ရန်ကုန်တွင် ရုံးခန်းများဖွင့်လာ

အွန်လိုင်းငွေလိမ်သူများ ရန်ကုန်တွင် ရုံးခန်းများဖွင့်လာ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved