ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ (Tsang Yin) လို့ခေါ်တဲ့ Adidas ဖိနပ်စက်ရုံမှာ လုပ်အားခ တိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စက်ရုံအလုပ်သမား ၆၀၀၀ ကျော်ဟာ မေလ ၁၄ ရက်နေ့ကတည်းက ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပြီး အခုဆိုရင် ၆ ရက်မြောက်နေ့ကို ရောက်ရှိလာပါပြီ။
စတင်ဆန္ဒပြစဉ်ကတည်းက အလုပ်သမားတွေရဲ့ ကိုယ်စားပြုအနေနဲ့ စက်ရုံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုယ်စားလှယ် ၄ ဦး ရွေးချယ်ထားပေမယ့် နောက်ဆုံးမှာ ကိုယ်စားလှယ်တွေက အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ စက်ရုံနဲ့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဒါကြောင့် ကိုယ်စားလှယ်တွေရဲ့ လက်မှတ်ရေးထိုးမှုက အလုပ်သမားတွေနဲ့ သက်ဆိုင်မှုမရှိဘူးဆိုတဲ့အကြောင်း ဒီနေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အလုပ်သမား #ဆန္ဒပြ #ချန်းရိ #Tsang Yin #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













