ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ထိုးစစ်ဆင်ဖို့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေကတဆင့် စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖားကန့်မြို့ဘက်ကို မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းက ဝင်လာသလို အင်းတော်ကြီး-ဖားကန့်လမ်းကြောင်းဘက်ကလည်း ဝင်ရောက်လာနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ကို ညှပ်တိုက်ဖို့ လမ်းကြောင်း ၂ ခုကနေ ဝင်လာတဲ့ စစ်ကြောင်းတွေကို KIA က ကြားဖြတ် တိုက်ခိုက်ရာကနေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ဖားကန့် #ကချင်ပြည်နယ် #ထိုးစစ် #စစ်ကောင်စီ #မြစ်ကြီးနား #အင်းတော်ကြီး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













