ပြင်ဆင်တွက်ချက်သော်လည်း ယခုထက် မရေရာမှု ပို မရှိတော့။
နိုဝင်ဘာလ ၅ ရက်နေ့ နံနက် မြန်မာ နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၇၉ သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်သည်။ ထိုလေယာဉ်သည် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သယ်ဆောင်လာသည်။ မင်းအောင်လှိုင်သည် တရုတ်နယ်စပ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်နေစဉ် ဇူလိုင်လတွင် တရုတ်နှစ်သစ်ကူးကို မြန်မာနိုင်ငံ အားလပ်ရက်အဖြစ် ကြေညာပြီး လူတိုင်းကို အံသြစေသူဖြစ်သည်။
မြန်မာ့ခေတ်သစ်သမိုင်းတွင် လူထုထောက်ခံမှု အနည်းဆုံး စစ်ခေါင်းဆောင်သည် မဟာမဲခေါင်ဒေသခွဲ (GMS) ထိပ်သီးဆွေးနွေးပွဲ၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သေနင်္ဂဗျူဟာ (ACMECS) အစည်းအဝေးကို ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့နှင့် အတူ တက်ရောက်သည်။
စစ်ခေါင်းဆောင်သည် GMS အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံရခြင်းဖြစ်သောကြောင့် သူ၏ခရီးစဉ်သည် နှိုင်းယှဉ်ချက်အားဖြင့် အဆင့်နိမ့်ခရီးစဉ် ဖြစ်သည်ဟု နိုင်ငံတကာ သံတမန်များ သုံးသပ်သည်။ နှိမ်ခံရသည်ဟု မင်းအောင်လှိုင် ခံစားရနိုင်သော်လည်း တရုတ်၏ ဖိတ်ကြားခံရခြင်းသည် မဖိတ်ကြားခံရခြင်းထက် သူ၏ စစ်ကောင်စီ တရားဝင်မှုအတွက် ပိုမိုကောင်းမွန်သောကြောင့် ထိုခရီးစဉ်ကို ပယ်မချပေ။
ထိုခရီးစဉ်အတွင်း သူတွေ့ဆုံသည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိများသည် ဝန်ကြီးချုပ်လီချန်းနှင့် ယူနန်ပြည်နယ်မှ အဆင့်မြင့် အရာရှိများဖြစ်သည်။ စစ်ခေါင်းဆောင်သည် GMS အစည်းအဝေးတက်ရောက်ရန်သာ ဖိတ်ကြားခံရသောကြောင့် နိုင်ငံတော်အဆင့် မဟုတ်ဘဲ နှိုင်းယှဉ်ချက်အားဖြင့် အဆင့်နိမ့်ခရီးစဉ် ဖြစ်သည်ဟု နိုင်ငံတကာ သံတမန်များကြား သုံးသပ်ကြသည်။ အနှိမ်ခံရသည်ဟု မင်းအောင်လှိုင် ခံစားရနိုင်သော်လည်း သူ၏ တရားဝင်မှုအတွက်တရုတ် ဖိတ်ကြားခံရခြင်းသည် မဖိတ်ကြားခံရခြင်းထက် ပိုမိုကောင်းမွန်သောကြောင့် ထိုခရီးစဉ်ကို ပယ်ချစရာ မဟုတ်ပေ။
ထိုခရီးစဉ်သည် မြန်မာတက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံအုပ်စုများနှင့် တရုတ်နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား စိတ်ခံစားမှုများဖြစ်စေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်၏ ပထမဆုံး တရုတ်ခရီးစဉ်သည် စစ်ကောင်စီအတွက်ဖြစ်စေ၊ နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက်ဖြစ်စေ တရုတ်က ကော်ဇောနီခင်းကြိုဆိုမည်ဆိုသည့် ခန့်မှန်းချက်များကို နိဂုံးချူပ်သွားစေသည်။ ဘေဂျင်းသည် ၎င်း၏ စီးပွားရေး အကျိုးစီးပွားများနှင့် အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုခွင့်အတွက် အကာအကွယ်ပေးမည့် မည်သည့် အာဏာကိုယ်စားပြုသူကိုမဆို ထောက်ခံရန် စိတ်အားထက်သန်ကြောင်း ပြသနေသည်။
ထိုခရီးစဉ်သည် မင်းအောင်လှိုင်၏ တရုတ်သို့ ပထမဆုံးခရီးစဉ် မဟုတ်ပေ။ အာဏာမသိမ်းမီ သူသည် ဘေ့ဂျင်းသို့ သွားရောက်ပြီး ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူသည် တရုတ်အတွက် သူစိမ်း မဟုတ်ပေ။
တဘက်တွင်လည်း တရုတ်သည် မြန်မာအတိုက်အခံများနှင့် စစ်ကောင်စီအောက်မှ လွတ်မြောက်လိုသည့် မြန်မာပြည်သူများကို တရားဝင် စစ်ကြေညာလိုက်သည်ဟု ဆိုလျှင် မမှားပေ။ ယခုအခါ တရုတ်သည် စစ်ကောင်စီနှင့် မင်းအောင်လှိုင်ကို အသက်ဆက်ပေးလိုက်သည်။ GMS အစည်းအဝေး တက်ရောက်ရန် တရုတ်၏ တရားဝင်ဖိတ်ကြားခြင်းနှင့် မင်းအောင်လှိုင်ကို တရားဝင် အသိအမှတ်ပြုခြင်းသည် ပြည်တွင်းပြည်ပမှ လူအများအပြားကို စိတ်ပျက်စေမည်မှာ သံသယဖြစ်စရာ မလိုပေ။
သို့သော် ထိုခရီးစဉ်သည် မေးခွန်းတခုကို ဖြစ်စေသည်။ တရုတ်က မင်းအောင်လှိုင်ကို ယုံကြည်သလားနှင့် မင်းအောင်လှိုင်ကရော တရုတ်ကို ယုံကြည်သလားဆိုသည့် မေးခွန်းဖြစ်သည်။
သို့သော် ထိုခရီးစဉ်သည် မေးခွန်းတခုကို ဖြစ်စေသည်။ တရုတ်က မင်းအောင်လှိုင်ကို ယုံကြည်သလားနှင့် မင်းအောင်လှိုင်ကရော တရုတ်ကို ယုံကြည်သလားဆိုသည့် မေးခွန်းဖြစ်သည်။
တရုတ်သည် လက်တွေ့ကျသည့် သဘောဆောင်သည်ဟု သုတေသီအချို့ပြောသည်။
မင်းအောင်လှိုင်၏ စစ်ကောင်စီကျဆုံးပါက စစ်ကောင်စီအလွန်ခေတ်သည် မြန်မာရှိ တရုတ်စီမံကိန်းများအတွက် ဆိုးရွားပြီး အခြေအနေမလှ ဖြစ်မည်ကို ဘေ့ဂျင်းက စိုးရိမ်နေသည်။

စစ်ကောင်စီအပေါ် ထိုးစစ် ဆက်လက်ဖြစ်ပေါ်နေပါက စစ်ကောင်စီ ဖရိုဖရဲကျဆုံးစေနိုင်ပြီး တရုတ်က ၎င်းတို့နောက်ဖေးတွင် မည်သည်တို့ ဆက်လက်ဖြစ်ပေါ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် အထူးသဖြင့် အဝေးရောက်နှင့် ထိုင်းနယ်စပ်မှ မြန်မာအတိုက်အခံများကို အမေရိကန်ပြည်ထောင်စုက ထောက်ခံနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ထိုကိစ္စသည် တရုတ်က မလိုလားသော ကိစ္စဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ် (PDF) များအပါအဝင် မြန်မာအတိုက်အခံများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် အနောက်နိုင်ငံများ၏ အဆက်အသွယ်ကို တရုတ်က စိုးရိမ်သည်။ မည်သို့ဆိုစေ တရုတ်သည် မြန်မာစစ်အုပ်စုအဆက်ဆက်ကို နိုင်ငံတကာပြစ်တင်ရှုတ်ချမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် အရေးယူပိတ်ဆို့မှုများမှ ကာကွယ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကို အမြဲတမ်းကျင့်သုံးခဲ့သည်။
ဘေဂျင်းမှ အစိုးရ၊ စီးပွားရေးသမားများ၊ သုတေသနအဖွဲ့များနှင့် ပညာရှင်များက မြန်မာ စစ်ကောင်စီကို ထောက်ခံနေကြသည်။ သို့သော် မင်းအောင်လှိုင်သည် အရည်အချင်းရှိသည်ဟု တရုတ်ခေါင်းဆောင်များ မယုံကြည်ဘဲ သူ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံကို အုပ်ချုပ်နိုင်သည့် စွမ်းရည်ကို သံသယရှိကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မင်းအောင်လှိုင်ကို နေပြည်တော်တွင် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံသောအခါ “တရုတ်သည် မြန်မာမှ ဖရိုဖရဲနှင့် ပဋိပက္ခ၊ မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်နှင့်မြန်မာအကြား သပ်လျှိုရန် ကြိုးစားပြီး တရုတ်ကို အသရေဖျက်သည့် မည်သည့် စကား လုပ်ရပ်ကိုမဆို ဆန့်ကျင်သည်” ဟု ပြောကြားခဲ့သည်။
ဝမ်၏ နေပြည်တော်ခရီးစဉ်နောက်ပိုင်း နယ်စပ်မှ သြဇာကြီးမားသည့် တိုင်းရင်းသားခေါင်းဆောင်များကို မကြာသေးမီက တွေ့ခဲ့သည့် တရုတ်၏ မြန်မာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျွင်းကလည်း စစ်ကောင်စီသည် မြန်မာ့နိုင်ငံရေးစနစ်တွင် အရေးပါဆုံး အင်အားစုဖြစ်သည်ဟု ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းမှ မကြာသေးမီက စစ်ရေးအောင်ပွဲများနှင့် (တရုတ်နယ်စပ်မှ အဓိက ကျသည့် တိုင်းရင်းတပ်များအနက် တခုဖြစ်သော) ကိုးကန့်တပ်များ လားရှိုးကို သိမ်းပိုက်ခြင်းသည် အခြေအနေကို အပြင်းအထန် ဆိုးရွားစေပြီး တရုတ်-မြန်မာဆက်ဆံရေး အထူးသဖြင့် ရပ်ဝန်းနှင့် လမ်းအစီအစဉ်ကို ထိခိုက်စေကာ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုက ဝင်ရောက်စွက်ဖက်ပြီး ဖရိုဖရဲ အခြေအနေ ဖန်တီးရန် အခွင့်အလမ်းဖြစ်စေသည်ဟု တိန့် ပြောသည်။
တရုတ်၏ ကြီးထွားနေသည့် စိုးရိမ်သောကမှာ မကြာသေးမီလများက မြောက်ပိုင်းတပ်များ၏ လျင်မြန်သော အောင်ပွဲများဖြစ်ပြီး ထိုအောင်ပွဲများကြောင့် မြန်မာတွင် အနောက်နိုင်ငံများ ပိုမိုကြီးမားသည့် အခန်းမှ ပါဝင်ရန် လမ်းဖွင့်ပေးမည်ကိုလည်း စိုးရိမ်နေသည်။ တရုတ်က မြန်မာကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားရန် လိုအပ်သည်ဟု မြင်သည်။
တရုတ်၏ ကြီးထွားနေသည့် စိုးရိမ်သောကမှာ မကြာသေးမီလများက မြောက်ပိုင်းတပ်များ၏ လျင်မြန်သော အောင်ပွဲများဖြစ်ပြီး ထိုအောင်ပွဲများကြောင့် မြန်မာတွင် အနောက်နိုင်ငံများ ပိုမို ကြီးမားသည့် အခန်းမှ ပါဝင်ရန် လမ်းဖွင့်ပေးမည်ကိုလည်း စိုးရိမ်နေသည်။ တရုတ်က မြန်မာကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားရန် လိုအပ်သည်ဟု မြင်လာသည်။
တရုတ်သည် ပြင်းပြင်းထန်ထန် ပို ဘက်လိုက်ပြီး မြောက်ပိုင်းတပ်များ တိုက်ခိုက်မှုရပ်စဲရန် သတိပေးကာ နယ်စပ်ကို တင်းကျပ်လိုက်သည်။ တရုတ်က မြောက်ပိုင်းအဖွဲ့များအား စစ်ကောင်စီနှင့် ညှိနှိုင်းစေလိုသည်။
ယခုအခါ တရုတ်သည် ဝနှင့် ကချင်အပါအဝင် အခြားတပ်ဖွဲ့များကို လုပ်သည်အတိုင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကို ဒဏ်ခတ်ပြီး လောင်စာနှင့် ဆေးဝါးဖြတ်တောက်သည်။ ထိုအချက်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် တရုတ်သည် အရေးပါဆုံး ပြင်ပနိုင်ငံကြီး ဖြစ်လာကြောင်းလည်း ပြသနေသည်။ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်အတွင်း နယ်မြေအများအပြားကျဆုံးသွားပြီးနောက် တရုတ်သို့ သူ သွားရောက်ရမည်ဟု မင်းအောင်လှိုင် သဘောပေါက်သည်ဟု မြန်မာ့အရေးလေ့လာသူ အများအပြားက ယူဆသည်။ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် ရုရှားနှင့် ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ခဲ့သော်လည်း ယင်းသည် မှားယွင်းသော တွက်ချက်မှုဖြစ်သည်။
တရုတ်နိုင်ငံ၏ တွက်ကိန်းနှင့် လုံခြုံရေးစိတ္တဇကိုမူ မကြာသေးမီက ၎င်း၏ မူဝါဒအပြောင်းအလဲတွင် တွေ့မြင်နိုင်သည်။ တရုတ်၏ ဗိုလ်ကျသော သဘောထားနှင့် ကျူးကျော်ရန်လိုခြင်းသည် ရလိုသော ရလဒ် ရရန် ဖိအားပေးသည်ဟု တိုင်းရင်းသားခေါင်းဆောင်အများအပြားက မြင်ကြသော်လည်း ရေရှည်သေနင်္ဂဗျူဟာ စဉ်းစားမှုလည်း ရှိနေသည်။
သို့သော် တရုတ်သည် မင်းအောင်လှိုင်စစ်ကောင်စီကိုလည်း သဘောကျလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စသည် ရှုပ်ထွေးပွေလီလွန်းသည် မဟုတ်ပါသလော။
မြန်မာစစ်တပ်သည် တရုတ်၏ မဟာမိတ်မဟုတ်ဘဲ ရန်သူဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်သည် နယ်စပ်မှ တရုတ်ကျောထောက်နောက်ခံံပြု တပ်များနှင့် ပြင်းထန်သော တိုက်ပွဲများ တိုက်ခိုက်ခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တရုတ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ထိုင်းကွန်မြူနစ်ပါတီ၊ မလေးကွန်မြူနစ်များနှင့် ခမာနီကို ထောက်ခံခဲ့ပြီး တရုတ်-မြန်မာနယ်စပ်တွင် စစ်အင်အားတိုးချဲ့ခြင်းနှင့် မဆုံးနိုင်သော ပဋိပက္ခများကို မိမိတို့တွေ့မြင်ခဲ့ရသည်။
တရုတ်သည် မြန်မာတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်ရှိပြီး မြန်မာမှတဆင့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုနိုင်သည်ကို အားလုံး သိကြသော်လည်း ယခုအခါ မြန်မာတွင် ပြည်တွင်းစစ်ဖြစ်နေပြီး ပြည်နယ်နှင့် တိုင်းအများအပြားတွင် ဖရိုဖရဲဖြစ်နေကာ လူအများစုသည် မင်းအောင်လှိုင် စစ်ကောင်စီ ပျောက်ကွယ် သို့မဟုတ် ပြိုလဲသည်ကို မြင်လိုကြသည်။
ထိုအကဲဆတ်သော အခြေအနေတွင် မြန်မာသည် တရုတ်ကဲ့သို့ အင်အားကြီး အိမ်နီးချင်းနိုင်ငံတခု၏ သြဇာကို အာခံရန် အားနည်းလွန်းလှသည်။
စစ်ကောင်စီခေါင်းဆောင် တရုတ်သို့သွားရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား တင်းမာမှုမြင့်မားနေချိန်နှင့် တိုက်ဆိုင်နေပြီး အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်နိုင်ပြီး သေနင်္ဂဗျူဟာ မရေရာမှုလည်း ရှိနေသည်။ အရှေ့တောင်အာရှ နိုင်ငံအများအပြားသည် ထိုကြီးထွားနေသည့် အာဏာအားပြိုင်မှုတွင် လမ်းကြောင်းရှာရန် ဖိအားပေး ခံနေရသည်။
စစ်ကောင်စီခေါင်းဆောင် တရုတ်သို့သွားရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား တင်းမာမှုမြင့်မားနေချိန်နှင့် တိုက်ဆိုင်နေပြီး အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်နိုင်ပြီး သေနင်္ဂဗျူဟာ မရေရာမှုကလည်း ရှိနေသည်။ အရှေ့တောင်အာရှ နိုင်ငံအများအပြားသည် ထိုကြီးထွားနေသည့် အာဏာအားပြိုင်မှုတွင် လမ်းကြောင်းရှာရန် ဖိအားပေး ခံနေရသည်။
အာဏာချိန်ခွင်လျှာ ညှိခြင်းနှင့် ပြန်လည်ချိန်ညှိခြင်းများ မကြာမီအနာဂတ်တွင် ပြင်းထန်လာမည် ဖြစ်ပြီး မတည်ငြိမ်သော မြန်မာသည် ထိုကြီးထွားနေသည့် အာဏာအားပြိုင်မှုတွင် ချိန်ညှိရန် အလွန်အင်အားနည်းသည့် နိုင်ငံဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ မြန်မာ့အရေး ကိုင်တွယ်ရန် ပျက်ကွက်နေပြီး အဓိပ္ပါယ် ၂ ခွ သဘောဆောင်နေသောကြောင့် တရုတ်နှင့် ဝမ်ယိတို့သည် အနောက်တိုင်း ဝင်ရောက်စွက်ဖက်မှုအတွက် အိပ်ရေးပျက်ခံစရာ မလိုအပ်ပေ။ မြန်မာပြည်သူများအတွက်မူ မည်သူက ရပ်တည်ပေးမည်နည်း။ သို့မဟုတ် လွန်စွာ အချိန်နှောင်းသွားမည်လား။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Min Aung Hlaing Goes to China: From Pariah to Legitimacy… For Now ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ၏ အယ်ဒီတာချုပ်ဖြစ်သည်။)
You may also like these stories:
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးမှာ မဘသတွေ အသံတိတ်နေ
ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း
အမေရိကန်-တရုတ် အားပြိုင်မှုကြောင့် မြန်မာ့အရေး လမ်းပျောက်














