မြန်မာစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခကို တရုတ်နှင့် အမေရိကန် သြဇာအားပြိုင်မှုက ပုံဖော်နေပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား အနည်းဆုံး မူဝါဒပိုင်းတွင် အကွဲအပြဲ ဖြစ်စေသည်။
စက်တင်ဘာလတွင် ရှမ်းပြည်မြောက်ပိုင်းမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတခု ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ၎င်းတို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာသည်။ ထို့ပြင် MNDAA က ၎င်းတို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးကို တိုက်ရန် အနောက်ဘက်သို့ ဆက်လက် ချီတက်မည် မဟုတ်ကြောင်း ကြေညာသည်။
ထိုသို့ ကြေညာခြင်းသည် မြန်မာစစ်ကောင်စီအတွက် သတင်းကောင်းဖြစ်သည်။
MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံ၏ အခြားဒေသများသို့ ပျံ့နှံ့သွားသည့် စစ်ကောင်စီဆန့်ကျင်ရေး ပုန်ကန်အုံကြွမှုကို လုပ်ဆောင်နေသည့် အုပ်စု သုံးခုအနက် တခုဖြစ်သည်။ MNDAA မန္တလေးသို့ ချီတက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည်။
MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံ၏ အခြားဒေသများသို့ ပျံ့နှံ့သွားသည့် စစ်ကောင်စီဆန့်ကျင်ရေး ပုန်ကန်အုံကြွမှုကို လုပ်ဆောင်နေသည့် အုပ်စု သုံးခုအနက် တခုဖြစ်သည်။ MNDAA မန္တလေးသို့ ချီတက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည်။
NUG သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် လှုပ်ရှားနေသည့် အဝေးရောက် အရပ်သားအစိုးရ ဖြစ်သည်။ NUG သည် ဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် ကြိုးစားပြီး အနောက်ဒီမိုကရေစီနိုင်ငံများ၏ ထောက်ခံမှု ရရှိသည်။
MNDAA သည် အောက်တိုဘာလ ၉ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသို့ ခရီးသွားခြင်း၊ မြန်မာနှင့်ပတ်သက်သည့် အချက်များကို ပြည်ပမီဒီယာများသို့ ပေးခြင်းတို့ကို တားမြစ်ပိတ်ပင်သည်။
MNDAA ၏ ထိုလုပ်ရပ်သည် တရုတ်ဖိအားလက္ခဏာများကို ပြသနေသည်။
တရုတ်သည် စစ်ကောင်စီပြိုလဲခြင်းနှင့် NUG ဖြစ်စေ၊ ဆက်စပ် လက်နက်ကိုင်အင်အားစုများဖြစ်စေ အောင်နိုင်ခြင်းကို လက်ခံမည် မဟုတ်ကြောင်း တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းက ရှမ်းပြည်နယ်မှ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို သြဂုတ်လတွင် ပြောသည်ဟု BBC နှင့် အခြားသတင်းဌာနများက ဖော်ပြခဲ့သည့် ပေါက်ကြားလာသော မှတ်တမ်းအသေးစိတ်များအရ သိရသည်။ MNDAA သို့ လက်နက်များ၊ လောင်စာ သို့မဟုတ် အခြား အထောက်အပံ့များ မပေးရန် မစ္စတာ တိန့်ရှီကျွန်းက UWSA အရာရှိများကို ပြောသည်ဟုလည်း ဖော်ပြကြသည်။
တရုတ်၏ထောက်ခံမှုကို ကြာမြင့်စွာရရှိထားသည့် UWSA သည် တပ်အင်အားအရ မြန်မာတွင် အင်အားအကြီးဆုံး တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ UWSA သည် မြန်မာစစ်တပ်နှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားသော်လည်း MNDAA သိမ်းပိုက်ထားသည့် အဓိကနေရာများသို့ ၎င်းတို့တပ်များကို ရွှေ့ပြောင်းသည်။ စစ်ကောင်စီနှင့် တရုတ်နှစ်ဖက်လုံးက UWSA နှင့် MNDAA တို့ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို စိတ်ပူကြသည်။
တရုတ်သည် နယ်စပ်ဂိတ်များကို ထိန်းချုပ်မှု တင်းကျပ်ထားပြီး MNDAA ထိန်းချုပ်ဒေသများသို့ လျှပ်စစ်နှင့် အခြားအထောက်အပံ့များ ဖြတ်တောက်ထားသည်ဟု မစ္စတာ တိန့်ရှီကျွန်းက ပြောကြောင်း သတင်းများအရ သိရသည်။ ထိုဖိအားသည် MNDAA ၏ အရှိန်ကို တန့်သွားစေပုံရသည်။
တရုတ်သည် နယ်စပ်ဂိတ်များကို ထိန်းချုပ်မှု တင်းကျပ်ထားပြီး MNDAA ထိန်းချုပ်ဒေသများသို့ လျှပ်စစ်နှင့် အခြားအထောက်အပံ့များ ဖြတ်တောက်ထားသည်ဟု မစ္စတာ တိန့်ရှီကျွန်းက ပြောကြောင်း သတင်းများအရ သိရသည်။ ထိုဖိအားသည် MNDAA ၏ အရှိန်ကို တန့်သွားစေပုံရသည်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် သို့လည်း စစ်ကောင်စီတပ်များအား တိုက်ခိုက်နေသော စစ်ရှိန်ရပ်တံ့ရန် တရုတ်က ဖိအားပေး တိုက်တွန်းနေသည်။
နယ်စပ်ဒေသများ ငြိမ်းချမ်းစေလိုသည့် တရုတ်၏ဆန္ဒသည် ထိုဒေသတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို ထင်ဟပ်နေသည်။ ပုဂ္ဂလိကသုတေသနအဖွဲ့ ISP Myanmar ၏ အဆိုအရ တော်လှန်ရေးအင်အားစုများသည် ဆည်များနှင့် တံတားများ အပါအဝင် တရုတ်ပိုင် စီမံကိန်း ၁၉ ခုအနက် ၁၀ ခုကို သိမ်းပိုက်ထားသည်ဟု သိရသည်။
တရုတ်အစိုးရသည် မြန်မာစစ်ကောင်စီကို ဖြည့်ဆည်းပေးနေပြီး စစ်ကောင်စီကလည်း တရုတ်သည် ‘အိမ်နီးချင်းကောင်း မိတ်ဆွေအစစ်အမှန် ဖြစ်သည်’ ဟု လွန်ခဲ့သောလက ကြေညာချက်တစောင်တွင် ဖော်ပြသည်။ စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်ဟုပြောပြီး မြန်မာသည် တရားမျှသည့် ရွေးကောက်ပွဲ ကျင်းပရန် အသင့်မဖြစ်သေးကြောင်း မြန်မာနှင့် ပြည်ပမှ ဝေဖန်သူများ ပြောသော်လည်း တရုတ်က ထိုရွေးကောက်ပွဲကို ထောက်ခံသည်ဟု ကြေညာသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖယ်ရှားခံရသည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော NUG တွင်လည်း သီးခြား ပြည်ပ အဆက်အသွယ်များရှိပြီး အမေရိကန် ပြည်ထောင်စုနှင့် ဥရောပမှ ဘဏ္ဍာရေးအကူအညီများ ရရှိသည်။

သြဂုတ်လလယ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများသည် NUG အစိုးရနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။ ထိုမတိုင်မီက ဝါရှင်တန်နှင့် အခြားနေရာများတွင် အလားတူ အစည်းအဝေးများ ကျင်းပခဲ့သည်။
“လက်ရှိအခြေအနေတွင် မည်သည့်ရွေးကောက်ပွဲမှ မြန်မာပြည်သူများ၏ဆန္ဒကို ဖော်ပြနိုင်မည့် အလားအလာ မရှိသောကြောင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်ပြီး လေးလေးနက်နက် စိုးရိမ်ကြောင်း” အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒန်နီရယ် ခရစ်တန်ဘရင့်က အောက်တိုဘာလ ၈ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။
အမေရိကန်-တရုတ် အားပြိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပေါ်တွင်လည်း ကျရောက်နေသည်။ အာဆီယံ၏ အဓိကမူများအနက် တခုမှာ နိုင်ငံတကာရေးရာတွင် ဘက်မလိုက်ရေး ဖြစ်သည်။
အမေရိကန်-တရုတ် အားပြိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပေါ်တွင်လည်း ကျရောက်နေသည်။ အာဆီယံ၏ အဓိကမူများအနက် တခုမှာ နိုင်ငံတကာရေးရာတွင် ဘက်မလိုက်ရေး ဖြစ်သည်။
မြန်မာစစ်ကောင်စီနှင့် ခပ်ကင်းကင်းနေသော အင်ဒိုနီးရှားသည် အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး အလွတ်သဘော အစည်းအဝေးတခု လက်ခံကျင်းပသည်။ ထိုအစည်းအဝေးသို့ အနောက်တိုင်းနှင့် NUG ကိုယ်စားလှယ်များ တက်ရောက်သော်လည်း မြန်မာစစ်ကောင်စီနှင့် တရုတ်မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။
တချိန်တည်းတွင် ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား အပါအဝင် မြန်မာ၏ အိမ်နီးချင်းများသည် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် မြန်မာအပေါ် ထောက်ခံခြင်းကို ပိုမိုလိုလားကြသည်။
အာဆီယံသည် ထိုင်းနိုင်ငံ၏ အဆိုပြုချက်အရ မြန်မာနှင့်ပတ်သက်သည့် ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ နေပြည်တော်မှ နိုင်ငံရေးနှင့်မဆိုင်သည့် ကိုယ်စားလှယ်ကိုလည်း ဖိတ်ခေါ်မည်ဟု ဖော်ပြကြသော်လည်း အတိုက်အခံများ၏ အမြင်များအား မည်သို့ ထင်ဟပ်မည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
ကိုးကား။ ။ Nikkei Asia ပါ Myanmar conflict lines blurred by U.S.-China-rivalry ကို ဘာသာပြန်သည်။
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်ကို တရုတ်ကြိုဆိုရန် ပြင်ဆင်နေ
မြန်မာ စစ်ပွဲနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံ အကျပ်ရိုက်
MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ
တရုတ်ဘာပဲပြောပြော ငြိမ်းချမ်းရေးစားပွဲပေါ် မရောက်နိုင်သေးဘူး
စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား
အမေရိကန်ထောက်ပံ့ကြေး ရသည်ဆိုသည့် စွပ်စွဲချက် NUG ငြင်းဆန်