• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်ထောက်ပံ့ကြေး ရသည်ဆိုသည့် စွပ်စွဲချက် NUG ငြင်းဆန်

by ဧရာဝတီ
28 September 2024
in သတင်း
A A
အမေရိကန်ထောက်ပံ့ကြေး ရသည်ဆိုသည့် စွပ်စွဲချက် NUG ငြင်းဆန်

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒါးရက် ချိုလက်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ဆုံစဉ် / U.S. Asia Pacific Media Hub

2.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက နေ့စဉ် လေကြောင်းမှ တိုက်ခိုက်နေစဉ် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေတပ်မတော် (TNLA) တို့သည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ထံမှ ဘဏ္ဍာရေးအကူအညီများ ရနေသည်ဆိုသည့် ဆောင်းပါးတပုဒ်သည် လူမှုကွန်ရက်မှ စစ်ကောင်စီ ထောက်ခံသူများအကြား ပျံ့နှံ့နေသည်။

NUG က ငြင်းဆိုသော အကြောင်းအရာများ ပါဝင်သည့် ထိုဆောင်းပါးကို “မြန်မာပြည်သူများ၏ စစ်မှန်သောမိတ်ဆွေ တရုတ်”ဟု ခေါင်းစဉ်ပေးထားပြီး အမေရိကန် ပြည်ထောင်စုကို ရှုတ်ချကာ တရုတ်နှင့် ထိုင်းနိုင်ငံများကို ချီးကျူးသည်။ ထိုသို့လုပ်ခြင်းသည် စစ်ကောင်စီသတင်းစာများမှ ဆောင်းပါးများတွင် ဖော်ပြနေသည့် ထုံးစံဖြစ်သော်လည်း စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များတွင် ကြာသပတေးနေ့က ပါဝင်လာသည်။

ထိုဆောင်းပါးက MNDAA နှင့် TNLA တို့သည် စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် NUG နှင့် မဟာမိတ် ဖွဲ့ထားသည်ဟု စွပ်စွဲသည်။ ထိုတိုင်းရင်းသားတပ်မတော်များသည် လွန်ခဲ့သောနှစ် ‌အောက်တိုဘာလနှောင်းပိုင်းက ထိုးစစ် စတင်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှ အများစုဖြစ်သော မြို့တဒါဇင်ကျော် သိမ်းပိုက်ထားသည်။

သြဂုတ်လလယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် မင်းအောင်လှိုင်နှင့်တွေ့ရန် နေပြည်တော်သို့ သွားရောက်ပြီးနောက် စစ်ကောင်စီသည် ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခု သိမ်းပိုက်ထားသည့် မြို့များကို အရှိန်မြှင့်တင် ဗုံးကြဲနေသည်။

NUG သည် အမေရိကန် ပြည်ထောင်စုထံမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရသည်ဟု ထိုဆောင်းပါးက စွပ်စွဲပြီး ဝါရှင်တန်သည် မြန်မာမှ ၎င်းတို့အကျိုးစီးပွားအတွက် မဟုတ်ဘဲ မြန်မာတွင် အကျိုးစီးပွား အကြီးအကျယ်ရှိသော တရုတ်ကို ထိခိုက်စေလိုသောကြောင့် NUG အတွက် ထိုမျှများပြားသည့် ငွေများ သုံးနေသည်လည်း ဆက်လက်ဖော်ပြသည်။

စင်ပြိုင်အစိုးရသည် အနောက်တိုင်းမှ ဘဏ္ဍာရေးအထောက်အပံ့ရသည်ဟု တရုတ်က ထင်စေရန် လှည့်စားရေးအတွက် ထိုဆောင်ဆောင်းပါးသည် အသရေဖျက်သည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်ကြောင်း NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“ယေဘုယျအားဖြင့် ပြောရရင် ကျနော်တို့ အမေရိကန်ဆီက အဲဒီလို အထောက်အပံ့ရနေတယ်ဆိုတာ လုံးဝမမှန်ဘူး။ NUG က အမေရိကန် အထောက်အပံ့ရနေတယ်ဆိုတာက စစ်ကောင်စီက ဝါဒဖြန့်နေတာတွေပဲ။ တကယ်တော့ မြန်မာမှာ တရုတ်ဆန့်ကျင်ရေး လုပ်နေတာက စစ်ကောင်စီပဲ” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ဧရာဝတီက မှတ်ချက်တောင်းသည်ကို ရန်ကုန်ရှိ အမေရိကန်သံရုံးက အကြောင်းမပြန်ခဲ့ပေ။

ထိုဆောင်းပါးက တရုတ်နှင့်ထိုင်းနိုင်ငံတို့ကို အိမ်နီးချင်းကောင်းများအဖြစ် ချီးကျူးပြီး စစ်ကောင်စီကို ပိတ်ဆို့အရေးယူရန် အနောက်တိုင်းက ဖိအားပေးနေသည့်တိုင် ထိုအစိုးရများသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ထိန်းသိမ်းထားကြောင်း ထောက်ပြသည်။ အိမ်နီးချင်း ငါးနိုင်ငံအနက် တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် အဓိကကျသည့် ကုန်သွယ်ဘက်များဖြစ်ကြောင်းလည်း ထိုဆောင်းပါးတွင် ဖေပြထားသည်။

စစ်ကောင်စီနှင့်အတူ ရပ်တည်ခြင်းအတွက် ထိုဆောင်းပါးက တရုတ်သည် နယ်စပ်ကို ပိတ်ပစ်ခြင်း အပါအဝင် အရေးယူသည့် အစီအမံများဖြင့် MNDAA နှင့် TNLA ကို ဖိအားပေးသောကြောင် အိမ်နီးချင်းကောင်းအဖြစ် ချီးကျူးသည်။

မြန်မာပြည်သူများက တရုတ်သည် နိုင်ငံတွင် ငြိမ်းချမ်းရေးနှင် တည်ငြိမ်ရေး အမြန်ဆုံးရရန် ကူညီပြီး ထိုသို့လုပ်နေသည် နားလည်သောကြောင့် ၎င်းတို့၏ စစ်မှန်သော မိတ်ဆွေတရုတ်က ချမှတ်သည့် အစီအမံများကို ကြိုဆိုထောက်ခံသည်ဟုလည်း ထိုဆောင်းပါးက ဖော်ပြသည်။

ထိုဆောင်းပါးသည် TNLA နှင့်တရုတ်အကြား သပ်လျှိုရန် အားထုတ်မှုဖြစ်ကြောင်း TNLA ဗဟိုကော်မတီဝင်တဦးက ဧရာဝတီသို့ ပြောသည်။

သြဂုတ်က နေပြည်တော်သို့ သွားရောက်ပြီးနောက် မစ္စတာ ဝမ်ယိက တရုတ်အတွက် မြန်မာနှင့်ပတ်သက်သည့် အခြေခံစည်း သုံးခု ရှိကြောင်း ပြောသည်။ “မြန်မာဟာ ပြည်တွင်းစစ်ဒဏ် မခံသင့်ဘူး။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ မကင်းကွာသင့်ဘူး။ ပြင်ပအင်အားစုတွေ စိမ့်ဝင် စွက်ဖက်တာကို ခွင့်မပြုသင့်ဘူး” ဟု ၎င်းကပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် MNDAA နှင့် TNLA တို့ ထိန်းချုပ်ထားသည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မန်တုန်မြို့များကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သည်။

သြဂုတ်လနှောင်းပိုင်းတွင်လည်း တရုတ်က TNLA အနေဖြင့် တိုက်ခိုက်မှု ချက်ချင်းမရပ်ပါက အကျိုးဆက်များ ခံစားရမည်ဟု သတိပေးသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ထိုစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးကို သိမ်းပိုက်ထားသည့် MNDAA သည် မကြာသေးမီက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၎င်းတို့သည် မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်ရန် NUG နှင့် စစ်ရေးအရ သို့မဟုတ် နိုင်ငံရေးအရ မပတ်သက်ကြောင်းနှင့် စစ်ဆင်ရေးများ ချက်ချင်းရပ်ဆိုင်းပြီး တရုတ်၏ ကြားဝင်မှုဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ NUG Rejects Online Claim by Junta Supporters It Is on US Payroll ကို ဘာသာပြန်သည်။)

You may also like these stories:

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

အမေရိကန်-တရုတ် အားပြိုင်မှုကနေ မြန်မာ ဘယ်လို ဖောက်ထွက်မလဲ

Your Thoughts …
Tags: MNDAANUGTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘဏ္ဍာရေးအကူအညီလေကြောင်းတိုက်ခိုက်မှုအမေရိကန်အမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယာဂီမုန်တိုင်းကြောင့် မြန်မာ့ဆန်တင်ပို့မှု မထိခိုက်ဟု ဆို

ယာဂီမုန်တိုင်းကြောင့် မြန်မာ့ဆန်တင်ပို့မှု မထိခိုက်ဟု ဆို

အကူအညီတွေလား…ဒီကိုပေး…

အကူအညီတွေလား…ဒီကိုပေး…

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved