• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယာဂီမုန်တိုင်းကြောင့် မြန်မာ့ဆန်တင်ပို့မှု မထိခိုက်ဟု ဆို

by ဧရာဝတီ
28 September 2024
in သတင်း
A A
ယာဂီမုန်တိုင်းကြောင့် မြန်မာ့ဆန်တင်ပို့မှု မထိခိုက်ဟု ဆို

ယာဂီမုန်တိုင်းကြောင့် စက်တင်ဘာ ၁၄ ရက်နေ့က ပဲခူးတိုင်းအတွင်း ရေကြီးရာ လယ်ယာစိုက်ပျိုးရေးသုံး ကျွဲနွားများ ရေဘေးသင့်နေစဉ်/AFP

396
VIEWS
Share on FacebookShare on Twitter

ယာဂီ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်သောကြောင့် ဒေသတွင်း ဆန်အဓိကတင်ပို့သည့် နိုင်ငံတခုဖြစ်သည့် မြန်မာမှ ဆန်စပါးစိုက်သည့်ဒေသများမှ ဧက ၅, ၀၀၀ ကျော် ပျက်စီးသော်လည်း ယခုနှစ် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို ထိခိုက်မည် မဟုတ်ဟု ဆိုသည်။

မုန်တိုင်းကြောင့် စပါးခင်းများ၊ စပါးစက်များနှင့် သိုလှောင်အဆောက်အအုံများ ပျက်စီးသော်လည်း မြန်မာနိုင်ငံသည် ဆန်စပါး တန်ချိန် ၄ သန်းကျော် သိုလှောင်ထားကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာ Global New Light of Myanmar က သောကြာနေ့တွင် ဖော်ပြသည်။

စပါးခင်းများပျက်စီးကြောင်း၊ ရေလွှမ်းမိုးမှုခံရသည့် စပါးစိုက်ဧက ၅,၀၀၀ အထိရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် တင်ပို့မှုကို သိသိသာသာ ထိခိုက်မည်မဟုတ်ကြောင်း ဖော်ပြသည်။

ဆန်တန်ချိန် ၄ သန်း လက်ကျန်စာရင်းတွင် ရှိနေပြီး ပြည်တွင်းဆန်းစပါး လုံလောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဆန်ဖြန့်ချိရေး ကွင်းဆက်ကို ထိခိုက်မှုနည်းကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် နေပြည်တော်တွင် စပါးဧက ၃ ထောင် ပျက်စီးပြီး ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် သီးနှံအချို့ ပျက်စီးကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အဆိုပါ သတင်းစာသို့ ပြောသည်။

ဆန်စပါးကျွမ်းကျင်သူများ၏ အဆိုအရ စက်တင်ဘာလ အစောပိုင်းမှစတင်ပြီး ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်တွင် မြေဟက်တာပေါင်း ၁၉၀,၀၀၀ နှင့် မြန်မာတွင် မြေဟက်တာပေါင်း ၂၀၀,၀၀၀ ကို ရေလွှမ်းမိုးသည်။ လာအိုသည် မိုးသည်းထန်ခြင်းနှင့် လေပြင်းကြောင့် လယ်မြေ ၂၅,၆၅၉ ဟက်တာနှင့် ရေသိုလှောင်ကန် ၁၂၅ ခု ပျက်စီးသည်။

ဗီယက်နမ်သည် ဆန်တန်ချိန် ၈ သန်းခန့် တင်ပို့သောကြောင့် ဒေသတွင်း အဓိက တင်ပို့သူဖြစ်ပြီး မြန်မာက ဆန်တန်ချိန် ၂ သန်းခန့် ထုတ်လုပ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
31
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
207

မြန်မာ၏ ဆန်နှင့်ဆန်ကွဲ ပို့ကုန်များကို တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်သို့ အဓိက တင်ပို့သည်။

လာအို၊ မြန်မာနှင့် ဗီယက်နမ်မြောက်ပိုင်း တိုင်ဖွန်းအတွင်း အပြင်းထန်ဆုံး ခံစားရသည်။ ဗီယက်နမ်မြောက်ပိုင်းတွင် လူပေါင်း ၅၀၀ သေဆုံးပြီး ဓာတ်အားတိုင်များနှင့် ဆက်သွယ်ရေးတိုင်များကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးသည်။

မြန်မာတွင် စပါးစိုက်ဧက ၁၅ သန်းရှိပြီး တနှစ်လျှင် စပါးတင်း ၁ ဒသမ ၉ ဘီလီယံ ထုတ်လုပ်သည်ဟု ဆန်စပါးအဖွဲ့ချုပ်က ဖော်ပြသည်။

အစိုးရထံမှ နည်းပညာအကူအညီဖြင့် လယ်သမားအချို့သည် ရေလွှမ်းမိုးခံရသည့် နေရာများတွင် စပါးအပါအဝင် သီးနှံများကို ပြန်လည် စိုက်ပျိုးနေသည်။

ကိုးကား ။ ။ Bernama သတင်း Myanmar’s Rive Exports Unruffled By Typhoon Yagi, Stockpile At Four Million Tones

You may also like these stories:

ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး

သဘာဝတရား၏ ဒေါသနှင့် ကျဆုံးနေသော မြန်မာ့စစ်အုပ်ချုပ်ရေး

ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ

သယံဇာတများ စည်းမဲ့ကမ်းမဲ့ ထုတ်ယူခြင်းကြောင့် သဘာဝဘေးဒဏ် ပိုခံရသည်

Your Thoughts …
Tags: စစ်ကောင်စီစစ်အာဏာသိမ်းမှုစိုက်ပျိုးရေးဆန်တင်ပို့မှုယာဂီ တိုင်ဖွန်းမုန်တိုင်းရေလွှမ်းမိုးမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အကူအညီတွေလား…ဒီကိုပေး…

အကူအညီတွေလား…ဒီကိုပေး…

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved