မြန်မာတွင် ယာဂီ တိုင်ဖွန်းမုန်တိုင်း၏ ရေလွှမ်းမိုးမှုများ ကျဆင်းလာသောအခါ ထိုရေလွှမ်းမိုးမှုများသည် ရုပ်ဝတ္ထုအပျက်အစီးမျှကိုသာ ဖော်ပြသည် မဟုတ်ပေ။ ထိုရေလွှမ်းမိုးမှုများသည် တရုတ်နှင့် အရှေ့တောင်အာရှ ဗုဒ္ဓဘာသာ-ဟိန္ဒူရိုးရာတွင် အမြစ်တွယ်နေသည့် ရှေးဟောင်း အယူအဆတခုကိုလည်း ဖော်ပြနေသည်။ ညံ့ဖျင်းသော အုပ်ချုပ်ရေးသည် သဘာဝတရား၏ ဒေါသကို ဖိတ်ခေါ်သည်ဆိုသည့် အယူအဆဖြစ်သည်။
တရားမျှတမှုကင်းမဲ့သော အုပ်ချုပ်သူများကြောင့် မိုးခေါင်ရေရှားမှု၊ အငတ်ဘေးနှင့် ကပ်ဆိုးများကို ဖြစ်စေသည်ဟု ထိုယဉ်ကျေးမှုများက ယူဆသည်မှာ ထောင်စုနှစ်များစွာ ကြာပြီဖြစ်သည်။ ထိုအယူအဆ၏ အနှစ်သာရမှာ အုပ်ချုပ်သူများသည် တရားမျှတစွာ အုပ်ချုပ်နေသမျှ ကောင်းကင်ဘုံက လုပ်ပိုင်ခွင့် ပေးအပ်ခံရသည်ဆိုသည့် “ကောင်းကင်ဘုံ၏ အခွင့်အာဏာ” (天命, Tiānmìng) ဆိုသည့် တရုတ်အယူအဆ ဖြစ်သည်။ အုပ်ချုပ်သူများ ပျက်ကွက်သောအခါ ကောင်းကင်ဘုံသည် ထိုအခွင့်အာဏာကို ရုပ်သိမ်းပြီး သဘာဝဘေးအန္တရာယ်များမှတဆင့် ဒေါသကို ဖော်ပြသည်။
ကောင်းကင်ဘုံ၏ ကပ်ဆိုး (天災, tian zai) ဆိုသည့် ဝေါဟာရသည်လည်း ကံကြမ္မာဆိုးများသည် ကျဆုံးနေသည့် အုပ်ချုပ်ရေးကို ကောင်းကင်ဘုံက ဒဏ်ခတ်သည်ဆိုသည့် ထိုအယူအဆကို ဖော်ပြသည်။
ယာဂီ တိုင်ဖွန်းမုန်တိုင်းအပြီးတွင် သေဆုံးမှု ၃၀၀ ကျော်ပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကာ လူပေါင်း ၆၃၀,၀၀၀ ကျော် ထိခိုက်ပြီး ထိုရှေးဟောင်းအယူအဆသည် ထူးဆန်းစွာ ကြိုတင်ဟောကိန်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။ အိမ်ပေါင်း ၂,၀၀၀ ကျော် လုံးဝပျက်စီးပြီး အခြား ထောင်ပေါင်းများစွာ ပျက်စီးကာ ကျောင်းပေါင်း ၁,၀၀၀ နှင့် ဘာသာရေးအဆောက်အအုံ ၃၇၀ ပျက်စီးသည်။ လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းဖြစ်သော စိုက်ပျိုးရေးကဏ္ဍသည် အထူးသဖြင့် ပျက်စီးပြီး စိုက်ပျိုးမြေ ၆၄၀,၀၀၀ ကျော် ပျက်စီးသည်။
ယာဂီ မုန်တိုင်းကို စစ်ကောင်စီက စီမံခန့်ခွဲမှု မှားယွင်းခြင်းသည် စစ်အုပ်စု၏ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းနှင့် ၂၀၂၃ ခုနှစ်က မိုခါ မုန်တိုင်းတွင် ကပ်ဆိုက်စေသည့် တုံ့ပြန်မှုများကို ပဲ့တင်ထပ်လိုက်ခြင်းပင် ဖြစ်သည်။ စစ်အုပ်စုသည် အကူအညီများကို ဟန့်တားခြင်း၊ ကယ်ဆယ်ရေးလုပ်သားများကို ပြည်ဝင်ခွင့် ငြင်းပယ်ခြင်းနှင့် လူ့အသက်များထက် နိုင်ငံရေးထိန်းချုပ်မှုကို ဦးစားပေးခြင်းတို့ဖြင့် သဘာဝ ဘေးအန္တရာယ်ကို လူလုပ်ကပ်ဆိုးအဖြစ် နောက်တကြိမ် ထပ်မံဖန်တီးလိုက်သည်။
ယာဂီ မုန်တိုင်းကို စစ်ကောင်စီက စီမံခန့်ခွဲမှု မှားယွင်းခြင်းသည် စစ်အုပ်စု၏ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းနှင့် ၂၀၂၃ ခုနှစ်က မိုခါ မုန်တိုင်းတွင် ကပ်ဆိုက်စေသည့် တုံ့ပြန်မှုများကို ပဲ့တင်ထပ်လိုက်ခြင်းပင် ဖြစ်သည်။ စစ်အုပ်စုသည် အကူအညီများကို ဟန့်တားခြင်း၊ ကယ်ဆယ်ရေးလုပ်သားများကို ပြည်ဝင်ခွင့် ငြင်းပယ်ခြင်းနှင့် လူ့အသက်များထက် နိုင်ငံရေးထိန်းချုပ်မှုကို ဦးစားပေးခြင်းတို့ဖြင့် သဘာဝ ဘေးအန္တရာယ်ကို လူလုပ်ကပ်ဆိုးအဖြစ် နောက်တကြိမ် ထပ်မံဖန်တီးလိုက်သည်။
နိုင်ငံနှင့် ပြည်သူကို စောင့်ရှောက်ရမည့်အစား စစ်ကောင်စီ၏ ပျက်ကွက်မှုများသည် လွန်စွာ သိသာထင်ရှားပြီး ထိုသဘာဝ ဘေးအန္တရာယ်များကို တားဆီးနိုင်သည့် သဘောသဘာဝသည် အပြောင်းအလဲအတွက် နိုးကြားမှု ဖြစ်သင့်သည်။
သို့သော် စစ်အုပ်စု၏ ရာဇဝတ်မှုသည် သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုထက် ပိုမိုနက်ရှိုင်းသည်။ စစ်အုပ်စု၏ လောဘနှင့် အကျင့်ပျက်ခြစားမှုသည် မြန်မာ၏ သဘာဝပတ်ဝန်းကျင်ကို ဖြုန်းတီးနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကို တချိန်က ဖုံးလွှမ်းထားသည့် သစ်တောများအား စစ်တပ်ကျောထောက်နောက်ခံပြု တရားမဝင် သစ်ခုတ်ခြင်းက မျိုးတုံးစေပြီး သဘာဝ ပတ်ဝန်းကျင် အဆင့်လျော့ကျကာ နိုင်ငံကို ရေလွှမ်းမိုးမှုနှင့် မြေတိုက်စားမှု ထိခိုက်လွယ်စေသည်။ ထိုဖြစ်ရပ်များသည် သဘာဝ ဘေးအန္တရာယ်သက်သက်မျှသာ မဟုတ်ဘဲ စစ်အုပ်စုက ဆင်ခြင်တုံတရားမဲ့စွာ နိုင်ငံကို အမြတ်ထုတ် သွေးစုတ်ခြင်း၏ အကျိုးဆက်များ ဖြစ်သည်။
၎င်းတို့ ကြွယ်ဝချမ်းသာရေးကိုသာ အဓိကထားသည့် စစ်ကောင်စီ၏ စီးပွားရေးမူဝါဒများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပြီး အခြေခံအဆောက်အအုံများ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု လွန်စွာကင်းမဲ့စေသည်။
အိမ်နီးချင်းနိုင်ငံများသည် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ကြိုတင်သတိပေးမှုစနစ်များနှင့် ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံကြသော်လည်း မြန်မာနိုင်ငံ၏ တိုးတက်မှုသည် ရပ်တန့်နေသည်။ ၂၀၁၇ ခုနှစ်က ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့် ဆင်းရဲနွမ်းပါးမှုသည် ၂၀၂၂ ခုနှစ်တွင် နှစ်ဆတိုးပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု မှားယွင်းခြင်း၏ တိုက်ရိုက်အကျိုးဆက်ဖြစ်သည်။
၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့စီးပွားရေးသည် ၁၀ ရာခိုင်နှုန်း ကျုံ့သွားပြီး ယခုနှစ်တွင် တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားကာ နိုင်ငံလူဦးရေ ထက်ဝက်နီးပါး ဆင်းရဲနွမ်းပါးမှုဖြင့် နေရသည်။ ထိုကိန်းဂဏန်းများသည် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျပ်တည်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးများတွင် ရုန်းကန်နေရသည့် နိုင်ငံတနိုင်ငံ၏ဇာတ်လမ်းကို ပြောပြနေသည်။
ထိုသို့ လွန်စွာဆိုးရွားသော အခြေအနေကို ယာဂီ မုန်တိုင်းက ပိုမိုဆိုးရွားစေသည်။ ချို့တဲ့သည့် မြို့ပြရေနုတ်မြောင်းစနစ်က ရေလွှမ်းမိုးမှုကို ပိုမိုဆိုးရွားစေသလို အရေးပေါ် ဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီက ရင်းနှီးမြှုပ်နှံမှု မရှိသောကြောင့် ကယ်ဆယ်ရေး အားထုတ်မှုများ ချိနဲ့ရသည်။
အာဏာထိန်းချုပ်ရေးအတွက်သာ စစ်ကောင်စီက စိတ်ဝင်စားသောကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်နေစဉ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရပြီး သဘာဝဘေးအန္တရာယ်သင့် လူမှုအသိုက်အဝန်းများကို အကူအညီများနှင့် ထပ်မံ အလှမ်းဝေးစေသည်။ ထိုလုပ်ရပ်များသည် အသက်ကယ်ဆယ်ရေးထက် အာဏာဆုပ်ကိုင်ရေးကိုသာ ပိုမိုအလေးထားသည့် အခြေအနေကို ပြသနေသည်။
အာဏာထိန်းချုပ်ရေးအတွက်သာ စစ်ကောင်စီက စိတ်ဝင်စားသောကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်နေစဉ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရပြီး သဘာဝဘေးအန္တရာယ်သင့် လူမှုအသိုက်အဝန်းများကို အကူအညီများနှင့် ထပ်မံ အလှမ်းဝေးစေသည်။ ထိုလုပ်ရပ်များသည် အသက်ကယ်ဆယ်ရေးထက် အာဏာဆုပ်ကိုင်ရေးကိုသာ ပိုမိုအလေးထားသည့် အခြေအနေကို ပြသနေသည်။
ထိုသို့သော အခြေအနေကို တော်လှန်ရေးအင်အားစုများနှင့် လူထုအခြေပြုအဖွဲ့အစည်း ကွန်ရက်များသည် လက်ထိလက်ရောက် အကူအညီပေးခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ ဥပမာအားဖြင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် မိုခါမုန်တိုင်း မတိုင်မီ လူမှုအသိုက်အဝန်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေကာ လက်ထိလက်ရောက် ကယ်ဆယ်ရေး အားထုတ်မှုများတွင်လည်း အရေးပါသော အခန်းမှပါဝင်ခဲ့သည်။
ထိုသို့သော အောက်ခြေအဖွဲ့အစည်းများ၏ လုပ်ရပ်များသည် စစ်ကောင်စီ၏ ပြည်သူလူထုကို အလေးမထားခြင်း သဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် တာဝန်သိသော အုပ်ချုပ်ရေး၏ စံနှုန်းများကို ဖော်ပြနေသည်။ ယာဂီ မုန်တိုင်းအတွင်းတွင် စစ်ကောင်စီသည် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ရန်နှင့် ကယ်ဆယ်ရေးအတွက် ညှိနှိုင်းမှု ပျက်ကွက်ရုံသာမက ကြိုတင်သတိပေးခြင်းမရှိဘဲ ဆည်ရေတံခါးများကို ဖွင့်ချခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သည်။
အပြောတမျိုး အလုပ်တမျိုး ဖြစ်နေသည်မှာ စစ်ကောင်စီသည် နိုင်ငံတကာအကူအညီ တောင်းခံသည့် တချိန်တည်းတွင် အကူအညီပေးခြင်းကို ပိတ်ပင်နေခြင်း၊ အထူးသဖြင့် ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းကဲ့သို့ တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများသို့ အကူအညီပေးခြင်းကို ပိတ်ပင်နေခြင်း ဖြစ်သည်။
ပိုမို စိတ်ဆင်းရဲစရာကောင်းသည်မှာ စစ်ကောင်စီသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လေယာဉ်များကို မသုံးဘဲ ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့်မြို့များကို လေကြောင်းတိုက်ခိုက် ဗုံးကြဲပြီး အမြောက်များဖြင့် ဆက်လက် ပစ်ခတ်နေခြင်းဖြစ်သည်။
နိုင်ငံတကာ အသိုက်အဝန်းသည် အကူအညီပေးရန် ကတိပြုတုံ့ပြန်ပြီး စင်ကာပူနှင့် အိန္ဒိယတို့သည် လေကြောင်းမှ လျှင်မြန်စွာ အကူအညီများ ပေးပို့ကြသော်လည်း စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ထိုအကူအညီ အများစုသည် ထိရောက်ခြင်း မရှိသေးပါ။
စစ်ကောင်စီ ထိန်းချုပ်ဒေသများသို့ အကူအညီအချို့ ရောက်လာသော်လည်း ဒေသအများအပြားသည် ဆက်သွယ်ရေး ပြတ်တောက်နေပြီး သီးခြားကျန်နေဆဲ ဖြစ်သည်။ စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေး လက်နက်အနေဖြင့် အသုံးချခြင်းသည် လူ့ကျင့်ဝတ်အရ ရှုတ်ချသင့်သည်သာမက နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။
ထိုအခြေအနေသည် နိုင်ငံတကာမှ မြန်မာသို့ မည်သည့်နည်းဖြင့် အကူအညီပေးမည်ကို အခြေအမြစ်ကျကျ ပြန်လည် စဉ်းစားသင့်သည့် အခြေအနေဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများသည် တော်လှန်ရေး ထိန်းချုပ်ဒေသများသို့ တိုက်ရိုက် အကူအညီပေးရန် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများကို စဉ်းစားသုံးသပ်သင့်သည်။
နိုင်ငံတကာမှ ပါဝင်ကူညီသူများသည် စွမ်းဆောင်ရည်ရှိပြီး ယုံကြည်ရသည့် ဒေသခံ တော်လှန်ရေး အာဏာပိုင်များနှင့် လူထုအခြေပြုအဖွဲ့အစည်း ကွန်ရက်များဖြင့် ညှိနှိုင်းကာ ဖြစ်နိုင်သည့်နေရာတိုင်းတွင် စစ်ကောင်စီကို ကျော်လွှားရမည်ဖြစ်သည်။ ထို့ပြင် အကူအညီပိတ်ဆိုမှုနှင့် ဆက်သွယ်ရေးကန့်သတ်မှုများကို အမြန်ဆုံး ရုတ်သိမ်းရန် စစ်ကောင်စီကို အမြဲမပြတ် ဖိအားပေးရမည်။ လူသန်းပေါင်းများစွာ၏ အသက်များ အန္တရာယ်ရှိနေပါသည်။ ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲသည် မြန်မာ၏ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျပ်အတည်းတို့ကို ဖြေရှင်းရန် ရေရှည် သေနင်္ဂဗျူဟာအတွက် ရှင်းလင်းသော လိုအပ်မှုများဖြစ်သည်။
ထိုသို့သော ဖြေရှင်းမှုများကို ပြည်သူလူထု ဘဝသာယာစိုပြေရေးထက် ၎င်းတို့ ရပ်တည်ရေးကိုသာ ဦးစားပေးနေသည့် စစ်ကောင်စီအောက်တွင် အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။ သူတို့က နိုင်ငံတကာမှ အကူအညီတောင်းသော်လည်း ပြည်သူအားလုံး အကူအညီ ညီမျှစွာ ပေးဝေခြင်းကို တားဆီးနှောင့်ယှက်နေသည့် စစ်ကောင်စီ၏ အပြောတမျိုး အလုပ်တမျိုး ရပ်တည်ချက်သည် ၎င်းတို့ အခြေခံကျကျ တရားမဝင်မှုနှင့် အုပ်ချုပ်ရန် စွမ်းဆောင်ရည် ကင်းမဲ့မှုကို ပြသနေသည်။
သို့သော် ထိုသို့သော ဖြေရှင်းမှုများကို ပြည်သူလူထု ဘဝသာယာစိုပြေရေးထက် ၎င်းတို့ ရပ်တည်ရေးကိုသာ ဦးစားပေးနေသည့် စစ်ကောင်စီအောက်တွင် အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။ သူတို့က နိုင်ငံတကာမှ အကူအညီတောင်းသော်လည်း ပြည်သူအားလုံး အကူအညီ ညီမျှစွာ ပေးဝေခြင်းကို တားဆီးနှောင့်ယှက်နေသည့် စစ်ကောင်စီ၏ အပြောတမျိုး အလုပ်တမျိုး ရပ်တည်ချက်သည် ၎င်းတို့ အခြေခံကျကျ တရားမဝင်မှုနှင့် အုပ်ချုပ်ရန် စွမ်းဆောင်ရည် ကင်းမဲ့မှုကို ပြသနေသည်။
ယာဂီရေလွှမ်းမိုးမှုများ ကျဆင်းလာသောအခါ ထိုရေလွှမ်းမိုးမှုများက နိုင်ငံရေးအပြောင်းအလဲလုပ်ရန် အရေးပေါ် လိုအပ်ချက်ကို ပြတ်ပြတ်သားသား လိုအပ်ကြောင်း ပြသနေသည်။ စစ်ကောင်စီမှတဆင့် အကူအညီပေးခြင်းသည် ဂေဟဗေဒနှင့် လူသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများထက် စစ်တပ်ကိုသာ အမြဲဦးစားပေးသည့် စစ်ကောင်စီအား တရားဝင်အောင် လုပ်ပေးသည့် အန္တရာယ်ရှိကြောင်း နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရမည် ဖြစ်သည်။
နိုင်ငံရေး ပဋိပက္ခ၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သဘာဝ ဘေးအန္တရာယ်များ၏ ပိုမိုဆိုးရွားလာသည့် အကျပ်အတည်းများသည် အကူအညီပေးရေး ချဉ်းကပ်မှုနည်းလမ်းသစ်တို့ကို လိုအပ်နေကြောင်း သက်သေပြနေပါသည်။ ထိုနည်းလမ်းများအားလုံး၏ အဓိကသည် တာဝန်သိသော အုပ်ချုပ်မှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မူများတွင် ဒေသခံ ပါဝင်ပတ်သက်သူများကို ထောက်ကူသည့် နည်းလမ်းဖြစ်သင့်သည်။
ရိုးရာအစဉ်အလာ ယုံကြည်မှုနှင့်ရော ခေတ်သစ် ပကတိအခြေအနေအရပါ စစ်ကောင်စီသည် အုပ်ချုပ်ပိုင်ခွင့် ဆုံးရှုံးနေသည်။ ယခုအချိန်သည် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်၍ မြန်မာပြည်သူများအား အုပ်ချုပ်ခွင့် အာဏာ ပြန်လည်ပေးအပ်ပြီး စစ်ကောင်စီကို ၎င်းတို့ကြောင့်ဖြစ်စေသည့် ဆင်းရဲဒုက္ခများအတွက် အရေးယူရမည့်အချိန် ဖြစ်ပေသည်။
(Eurasia Review ပါ James Shwe ၏ Myanmar’s Junta: Failed Governance In The Face Of Nature’s Wrath ကို ဘာသာပြန်သည်။ ဂျိမ်းစ်ရွှေသည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်တွင် နေထိုင်သည့် မြန်မာ-အမေရိကန် အင်ဂျင်နီယာဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်တွင် အင်ဂျင်နီယာပညာ အတိုင်ပင်ခံလုပ်ငန်းတခုကို ပိုင်ဆိုင်စီမံနေသည်။)
You may also like these stories:
ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်
ရေဘေးသေဆုံးမှု ၂၉၃ ဦးအထိ တက်လာဟု စစ်ကောင်စီ မီဒီယာပြော
ရေဘေးကြောင့် မြန်မာမှ ကုလသမဂ္ဂအေဂျင်စီများ အဖတ်ဆယ်ခွင့်ရမည်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား
မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ
နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ