• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရက်ရှည်လာသည့် ဖားကန့်တိုက်ပွဲ ကျောက်လုပ်ငန်းများ ရပ်ထားရ

by ဧရာဝတီ
26 September 2024
in သတင်း
A A
ရက်ရှည်လာသည့် ဖားကန့်တိုက်ပွဲ ကျောက်လုပ်ငန်းများ ရပ်ထားရ

၂၀၂၀ခုနှစ်က တွေ့ရသည့် ဖားကန့် (ဧရာဝတီ)

1.4k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ပေါင်းစုနှင့် စစ်တပ်အကြား ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်၌ စက်တင်ဘာ ၇ ရက်က စခဲ့သည့် တိုက်ပွဲများသည် ယမန်နေ့အထိ ဆက်ဖြစ်နေရာ အချိန်ကြာလာသည့်နှင့်အမျှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း အများစု ရပ်နားထားကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ဆိုင်းတောင် Lucky Man ဟိုတယ်မှာရောက်နေတဲ့ စစ်ကြောင်းက မထွက်သေး ဘူး၊ KIA တပ်ပေါင်းစုကလည်း အပြင်ကနေ ပြန်ဝိုင်းထားတာ၊ ဗျူဟာကုန်းကနေမှ သူတို့ကို ပစ်ကူပေးနေတဲ့ လက်နက် ကြီးတွေက လူနေအိမ်တွေပေါ်ကျပြီး မီးလောင်သွားတာတွေရှိတယ်။ စစ်တပ်က လေကြောင်းပစ်ကူနဲ့ လာပြီးတော့ ဗုံးကြဲ တာရှိတယ်” ဟု ပြောသည်။

ဆိုင်းတောင်မြို့ အမှတ် ၄ ရပ်ကွက်ရှိ Lucky Man ဟိုတယ်အား စစ်တပ်က စက်တင်ဘာ ၇ ရက်မှစ၍ ဝင်ရောက်နေရာ ယူသဖြင့် တိုက်ပွဲများစတင်ခဲ့ပြီး လက်ရှိ ဟိုတယ်အတွင်း စစ်သား ၅၀ ခန့်နှင့် ဖမ်းဆီးထားသည့် ဟိုတယ်ဝန်ထမ်းအချို့ ရှိနေသေးကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် Lucky Man ဟိုတယ်ပတ်ဝန်းကျင်ရှိ လူနေအိမ်၊ အဆောက်အဦရာနှင့်ချီ ထိခိုက်ပျက်စီးမှုများရှိကြောင်းလည်း သိရသည်။

ဖားကန့်မြို့နယ်ရှိ တပ်စခန်းနှင့် ကာကင်းစခန်းများ လက်လွှတ်ခဲ့ရသည့် စစ်တပ်က ယခုရက်ပိုင်း အချက်အချာကျသည့် နေရာများ၌ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် KIA တပ်ပေါင်းစုက လိုက်လံပစ်ခတ်သည့်အပြင် ဖားကန့်ဗျူဟာတပ် စခန်း ကြီးကိုလည်း ဒရုန်း၊ လက်နက်ကြီးသုံးကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် တိုက်ပွဲမှာ ရက်ရှည်ကာ ပိုပြင်းထန်လာမည်ကို စိုးရိမ်၍ အဓိကတိုက်ပွဲဖြစ်ရာ ဆိုင်းတောင်ရှိ အရပ်သားများ သာမက အနီးရှိ ရွာများဖြစ်သော မော်ရှန်၊ ဖားပြင်၊ မမုံ စသော ရွာများမှလည်း နေရပ်စွန့်ခွာ တိမ်းရှောင်မှုများရှိနေပြီး ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ရပ်နားထားကြောင်း KIA ဘက်က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “လုံခြုံတဲ့နေရာဘက်မှာ သူတို့ဘာသာ ရှောင်ကြတာပေါ့၊ ဘာသာရေး အဆောက်အအုံတွေမှာ ရှောင် တာတွေလည်းရှိတယ်၊ အဓိကတော့ ဆိုင်းတောင်က များတယ်၊ ဖားကန့်မြို့က ပြည်သူတချို့လည်း ရှောင်ကြတယ်၊ ဘယ် လောက်ရှိသလဲ စာရင်းဇယားတော့ အတိအကျ မရှိသေးဘူး၊ နောက်ပြီး ကျောက်လုပ်ငန်းတွေလည်း တော်တော်များများ ကတော့ ရပ်ထားတာပေါ့” ဟု ပြောသည်။

ဖားကန့်တိုက်ပွဲပြ မြေပုံ (ဧရာဝတီ)

ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဖားကန့်မှ ထွက်ပြေးတိမ်းရှောင်ကြသည့် အရပ်သား ၆ ထောင်ခန့်ရှိ နေပြီး ရိက္ခာ၊ အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကမာ္ဘကျော် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်တူးဖော်ရေးလုပ်ကွက်များစွာရှိပြီး ဒေသအနှံ့မှ လူများ လာရောက် လုပ်ကိုင်နေကြသလို ကျောက်လုပ်ကွက်ပြိုကျမှုများကြောင့် နှစ်စဉ်လူသေဆုံးမှုများလည်းရှိသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ဖားကန့်ဒေသသည် စစ်တပ်အတွက်သာမက KIA အတွက်လည်း ဝင်ငွေအရင်းအမြစ်ကောင်းသည့် ဒေသတခု ဖြစ်ရာ ယခုနှစ်ဆန်း စတင်သော KIA ၏ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်မှုများအတွင်း ဖားကန့်သို့ဝင်ရောက်ရာ မြေပြင်လမ်းကြောင်း များအား KIA တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီး ဖားကန့်မြို့ပေါ်ရှိ ဗျူဟာစခန်းကုန်းကြီးနှင့် စခန်းအချို့သာ ကျန်ရှိတော့ ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်၊ လုံခင်း၊ ကံစီး၊ ဝှေ့ခါ၊ ကာမိုင်း၊ တာမခန်၊ ဆယ်ဇင်းဒေသများသည် ကျောက်စိမ်းတူးဖော်ရာ ဒေသများဖြစ်သဖြင့် စီးပွားရေးအရ အရေးပါသည့်ဒေသဖြစ်ကာ ဖားကန့်ကို ဗဟိုပြု၍ စစ်တပ်၏ တပ်မ ၃၃ နှင့် လက်အောက်ခံ ၈ ရင်းမှ ၁၀ ရင်းအထိ အခြေပြုသလို KIA ဘက်မှ တပ်မဟာ ၉ လက်အောက်ခံ ရင်း ၆၊ ရင်း ၂၆၊ ရင်း ၄၄ နှင့် KPDF များ လှုပ်ရှားကြောင်း စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။

ထို့အတူ ဗန်းမော်နှင့် မိုးမောက်ကြားတွင်လည်း စစ်ကြောင်းထိုးနေသည့်အတွက် KIA တပ်ပေါင်းစု နှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေကြောင်းလည်း သိရသည်။

ဗန်းမော်မြို့လုံခြုံရေးအတွက် အရေးပါသည့် ခမရ-၄၃၇ တပ်ရင်းဌာနချုပ်အား KIA တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်တပ်က စခန်းပြန်ရရေးအတွက် ဗန်းမော်အခြေစိုက်တပ်အင်အားများဖြင့် ဒရုန်း၊ သံချပ်ကာယာဉ်များအသုံးပြုကာ တန်ပြန်ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း KIA ဘက်က ပြောသည်။

မြေပြင်လမ်းကြောင်းအချို့ ပိတ်ဆို့ခံထားရသည့် စစ်တပ်သည် စက်တင်ဘာ ဒုတိယပတ်အတွင်း ဧရာဝတီမြစ်ကြောင်း အတိုင်း မန္တလေးမှ ဗန်းမော်သို့ တွဲရေယာဉ်ကြီးများဖြင့် လက်နက်၊ရိက္ခာများပို့ဆောင်ခဲ့ရာ ထီးချိုင့်၊ ရွှေကူ၊ ဗန်းမော် ရေလမ်းကြောင်း တလျှောက် KIA တပ်ပေါင်းစုက ခုခံတိုက်ခိုက်ခဲ့သောကြောင့် တွဲရေယာဉ်ကြီးနှင့် ရေယာဉ်ငယ် ၇ စီးအား သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပြီး ရေယာဉ်တစီးသာ ဗန်းမော်သို့ ဆိုက်ရောက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့် မြေစာပုံများတွင် ကျောက်ရှာကာ အသက်မွေးနေသူများ (ဧရာဝတီ)

၎င်းက “ စက်တင်ဘာ ၁၈ ရက်နေ့မှာ တစီးပဲ ဗန်းမော်ရောက်လာတယ်။ ၇ စီးလောက်တော့ လမ်းမှာပျောက်သွားတာပေါ့၊ ကျနော်တို့သိမ်းဆည်းရရှိတယ်လို့ ပြောလို့ရပါတယ်။ ဗန်းမော်ရောက်လာတဲ့ တစီးလည်း ပြန်ဆင်းသွားပါပြီ” ဟု ပြောသည်။

စစ်တပ်အနေဖြင့် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသောတပ်စခန်းများနှင့် မြို့ ရွာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်နှင့် မသိမ်းပိုက်နိုင်ပါက လေကြောင်းအသုံးပြုကာ ဖျက်ဆီးရန်ကြုံးဝါးလုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများ အမြဲနားစွင့်နေရန်လိုအပ်ကြောင်းလည်း ၎င်းက သတိပေးသည်။

ဗိုလ်မှူးကြီးနော်ဘူက “ပြည်သူတွေအနေနဲ့ တိုက်ပွဲမရှိဘူး၊ ရန်သူမရှိဘူးဆိုပြီးမှ လေကြောင်းကနေ မလာလောက်ဘူးလို့ ယူဆစရာ အကြောင်းမရှိဘူး။ တိုက်ပွဲတွေ မရှိလည်း သူတို့ကအချိန်မရွေး လာပစ်မှာပါ။ ဒါကြောင့် အမြဲတမ်း စစ်ရေးအခြေ အနေ သတင်းတွေကို သုံးသပ်ဖို့၊ နားစွင့်ဖို့ အရေးကြီးပါတယ်။လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့လိုပါတယ်” ဟုပြောသည်။

စက်တင်ဘာလဆန်းကစ၍ ဆုံးရှုံးထားသည့် မြို့ရွာများအား တိုက်ခိုက်ရန် စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြော ဆိုထားပြီး ရှမ်းမြောက်ဒေသရှိ လားရှိုး၊ သီပေါ၊ နောင်ချိုစသည့်မြို့များနှင့် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ မြေပုံမြို့များ အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူ သေဆုံး ထိခိုက်မှုများ ရှိနေသည်။

You may also like these stories:

ဖားကန့် တန်သုံးထောင်စစ်စခန်းကို KIA ပူးပေါင်းတပ် သိမ်း

ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား

ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေး KIA ထိန်းချုပ်

ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်

ဖားကန့်က စစ်တပ်စခန်းများ KIA ဝင်တိုက်

Your Thoughts …
Tags: KIAကျောက်စိမ်းဆိုင်းတောင်ဖားကန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

တနှစ်အတွင်း ရေချုပ် ၃ ဦး အပြောင်းအလဲနှင့် ရေတပ်စခန်း ပထမဆုံး လက်လွှတ်ခဲ့ရမှု

တောင်ကျရေကြောင့် ပျက်စီးခဲ့ရသည် ကျောက်ထုစစ်ရှောင်စခန်း အကူအညီလို

တောင်ကျရေကြောင့် ပျက်စီးခဲ့ရသည် ကျောက်ထုစစ်ရှောင်စခန်း အကူအညီလို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved