• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်ကျရေကြောင့် ပျက်စီးခဲ့ရသည် ကျောက်ထုစစ်ရှောင်စခန်း အကူအညီလို

by စောလွင်
27 September 2024
in သတင်း
A A
တောင်ကျရေကြောင့် ပျက်စီးခဲ့ရသည် ကျောက်ထုစစ်ရှောင်စခန်း အကူအညီလို

ယောနယ်ရှိ စစ်ရှောင်စခန်းများ ရေကျလာစဉ် /CJ

238
VIEWS
Share on FacebookShare on Twitter

တောင်ကျရေဒဏ် ခံခဲ့ရသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောက်ထုတိုက်နယ် စစ်ရှောင်ခန်းများမှ လူ ၁၂၀၀ ကျော်မှာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းက တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းလာသဖြင့် လယ်ကြီးအိုင်ကျေးရွာရှိ တောင်ဇလပ် စစ်ရှောင်စခန်း၊ ချောင်းခွစစ်ရှောင်စခန်း၊ ကြံတောရွာစစ်ရှောင်စခန်း၊ ရင့်ရဲရွာ စစ်ရှောင်စခန်းတို့ရှိ လူဦးရေ ၁၂၀၀ ကျော် ရေဘေးဒုက္ခကြုံခဲ့ရပြီး အိမ်ခြေ ၈၀ ကျော်နှင့် ဆန်၊ အိုးခွက်၊ အဝတ်အထည် စသည့် ရိက္ခာပစ္စည်း အများအပြား ပျက်စီးခဲ့သည်။

ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူကယ်ပြန်ဝန်ကြီးဌာနထံ အရေးပေါ်တုံ့ပြန်ထောက်ပံ့မှုပေးရန် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် တင်ပြတောင်းခံထားခဲ့သည်ဟု ဆောမြို့နယ်မြောက်ပိုင်း ကျောက်ထုတိုက်နယ်၏ လူမှုကယ်ဆယ်ရေး တာဝန်ခံ ဦးတင်မောင်မြင့်က ပြောသည်။

“ညနေပိုင်း ၃ နာရီ လောက်ပေါ့။ မိုးက ကျနော်တို့အောက်ပိုင်းတွေမှာ ဒီလောက်ကြီး သည်းသည်းမည်းမည်း မရွာဘူး။ အေးအေးဆေး ဆေးနေကြတာ မထင်မှတ်ပဲ တောင်ကျရေတွေ ထိုးဆင်းလာတော့ စစ်ရှောင်စခန်းလေးနေရာကို အရေးပေါ် ကယ်ဆယ် ရေးတွေ လုပ်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

လတ်တလော ဆောမြို့နယ် လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ရေဘေးသင့် စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာများထောက်ပံ့ပေးထားသလို တောင်ဇလပ်စစ်ရှောင်စခန်းရှိ မိသားစု ၈၃ စုအတွက် ချင်းပြည်နယ်မှ ထောက်ပံ့ရေးအဖွဲ့များက တအိမ်ထောင်လျှင် ကျပ် တသိန်းပေးအပ်ခဲ့သော်လည်း ရေရှည်အတွက် ပြန်လည် ထူ ထောင်ရေး အကူအညီများစွာလိုအပ်နေသေးသည်ဟု ကူညီပေးနေသူများက ပြောသည်။

စစ်ရှောင်များအတွက် ရိက္ခာထောက်ပံမှုများ လိုအပ်နေသောကြောင့် တောင်ကျချောင်းရေကြောင့်ပျက်စီးသွားသည့် ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းကို ယမန်နေ့၌ အားချင်းပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ကုန်ကားများ သွားလာနိုင်ပြီဟု သိရသည်။

ယောနယ်တွင် ချင်းတောင်တန်းတွင်မြစ်ဖျားခံကာ ဧရာဝတီမြစ်တွင်း စီးဝင်သည့် ယော၊ စလင်း၊ ရင့်ရဲ၊ ချုပ်၊ ချီ၊ ဆော၊ ကြီး၊ ကတင်၊ ကျောက်စစ် စသည့်ချောင်းတို့ရှိသည်။

ချင်းတောင်တန်းတွင် မြစ်ဖျားခံကာ ချောင်းများစီးဆင်းသည့် ယောနယ်ကို ပြသသည့်မြေပုံ (ဧရာဝတီ)

နာရီပိုင်းအတွင်း အရှိန်ဖြင့် ထိုးဆင်းလာသော တောင်ကျချောင်းရေများကြောင့် မင်းတပ်မြို့နယ် စစ်ရှောင်များနေထိုင် သည့် လူဦးရေ ၃၂၂ ယောက်ရှိ တောင်ဇလပ်စစ်ရှောင်စခန်း၌ ဘားတိုက် ၂ ခုနှင့် အိမ်ခြေ ၂၀ ကျော် ရေမျောသွားခဲ့ပြီး သားမိ ၂ ဦးလည်း အသက်ဆုံးရှုံးခဲ့သည်။

ဦးတင်မောင်မြင့်က “ကယ်ဆယ်ရေးတွေလုပ်နေတုန်းကို ရေအား များပြီးပါသွားတာ သားမိတွေပါ။ မအေဖြစ်သူက သားကို ကျောပိုးထားတာ။ အဲဒီ ကျောပိုးအနေအထားနဲ့ ပါသွားတာ။ ဘယ်လိုမှကို ဆွဲလို့မရထိန်းလို့ မရဘဲ ပါသွားတာ။ ရေက အင်မတန် များတဲ့အခါကျတော့ ဘယ်လိုမှ ကူညီကယ်ဆယ်ခွင့် မရလိုက်ဘူး ” ဟု ပြောသည်။

ယမန်နေ့နံနက်ပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်သောကြောင့် မျောပါသွားသည့် သားမိနှစ်ဦးရှာဖွေရာ စစ်ရှောင်စခန်းနှင့် ၄ မိုင်ခန့်ဝေးသည့် ကျောက်စစ်ချောင်းအတွင်း၌ ၂ နှစ်နှင့် ၈ လအရွယ် ကလေးငယ်၏ ရုပ်အလောင်း ပြန်တွေ့ခဲ့သော် လည်း မိခင်ဖြစ်သူကို ရှာမတွေ့သေးဘဲ ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

ဆောမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး ၃၈၃၂ ပေနှင့် အနိမ့်ဆုံး ၁၀၆၅ ပေကြားတွင်ရှိပြီး တောင်ကုန်းတောင်တန်းနှင့် ချောင်းများ ထူထပ်ပေါများသော ဒေသတခုဖြစ်သည်။

ဆောမြို့နယ်မြောက်ဘက် ကျောက်ထုတိုက်နယ် စစ်ရှောင်စခန်းများသည် ချောက်ကမ်းပါး၊ ကုန်းမြင့်နေရာများ၌ တည်ဆောက်ထားပြီး ချင်းတောင်တန်းတွင်မြစ်ဖျားခံသည့် ရင့်ရဲချောင်း၊ ကျောက် စစ်ချောင်းတို့နှင့် ပိုနီးသည်။

ဆောမြို့နယ်၏ အနောက်တွင် နယ်နိမိတ်ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နှင့် ကန်ပလက် မြို့နယ်တို့၌ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၀၀၀ နှင့် ပေ ၁၀၂၀၀ ရှိ တောင်တန်းကြီးများ ရှိနေသည်။

ဆောမြို့နယ်၏ အမြင့်ဆုံးပေ ၅၀၀၀ ကျော်အထက်ရှိ ချင်းတောင်မှ တောင်ကျချောင်းရေများထိုးဆင်းလာမှုသည် နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးဆုံးဖြစ်သည်ဟု ဆောဒေသခံ စစ်ရှောင်အဘိုးတဦးက ပြောသည်။

၎င်းက “ဒီမှာနေလာတာ အသက် ၆၀ ကျော်လာပြီ။ အဲဒီလောက် ရေများများစားစား ဆင်းလာတာမကြုံဖူးဘူး။ တော်တော်ဆိုးရွားပါတယ်။ ကြောက်စရာလည်း အတော်ကောင်းတယ်” ဟု ပြောသည်။

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်း၌ စစ်ရှောင်စခန်း ၆ ခုတွင် စစ်ရှောင်ဦးရေ ၃၀၀၀ ကျော်ရှိပြီး မင်းတပ်မြို့ နယ်နှင့် ဆောမြို့နယ်မှ ဒေသခံအများဆုံး ခိုလှုံနေကြသည်။

ယောနယ်ရှိ စစ်ရှောင်စခန်းများ ရေကျလာစဉ် /CJ

မင်းတပ်စစ်ရှောင်များသည် ၂၀၂၁ ခုနှစ် မေလကတည်းဖြစ်ပွားခဲ့သော မင်းတပ်မြို့ပေါ်တိုက်ပွဲများကြောင့် ယနေ့ထိ နေရပ်မပြန်နိုင်ကြသူများဖြစ်ပြီး ဆောမြို့နယ်အတွင်းရှိ စစ်ရှောင်များက ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး များဖြင့် အနီးနားရွာများသို့ တောက်လျောက်ပစ်ခတ်နေခြင်း၊ စစ်ကြောင်းထိုးမှုများကြောင့် ရှောင်တိမ်းနေရသည်မှာ တနှစ်နီးပါးခန့် ရှိလာပြီဖြစ်သည်။

ရောင်နီဦးစစ်ရှောင်စခန်းမှ ယောမြို့ရွာသူ စစ်ရှောင်တဦးက “လေယာဉ်က ကျမတို့ခေါင်းပေါ်ကပဲ ဖြတ်ဖြတ်သွားတာ။ လေယာဉ်သံကြားပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းက သံချောင်းခေါက် အချက်ပေးတယ်။ အခုမိုးတွင်းက ဗုံးခိုကျင်းတွေ သုံးလို့မရတော့ တောစပ်တွေကိုပဲ ပြေးပြေးပုန်းနေရတယ်။ အခုနောက်ပိုင်းဆို လေယာဉ်က ည ၁၂ နာရီ၊ ၁ နာရီအချိန် တွေလာတော့ ညအချိန်မတော် ထထ ပြေးနေရတယ်” ဟု ဆိုသည်။

ထိုသို့ လေယာဉ်နှင့် လက်နက်ကြီးအန္တရာယ်များကိုစိုးရိမ်နေကြရသည့် ကျောက်ထုတိုက်နယ်စစ်ရှောင်များသည် ယခုတဖန် ရေဘေးထပ်ကြုံကြရသောကြောင့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ အရေးပေါ် အကူအညီ လိုအပ်နေ သည်ဟု ကူညီပေးနေသူများနှင့် စစ်ရှောင်များက ပြောသည်။

You may also like these stories:

အင်းတော်ဘုန်းကြီးကျောင်းတွင်း ပိတ်မိသူများဆေးကုခွင့်မရ၍ သေသူ ၄ ဦး ရှိလာ

အင်းတော်ဘုန်းကြီးကျောင်းတွင်း ပိတ်မိသူများဆေးကုခွင့်မရ၍ သေသူ ၄ ဦး ရှိလာ

Your Thoughts …
Tags: ကျောက်ထုတိုက်နယ်ဆောတောင်ကျချောင်းရေမင်းတပ်စစ်ရှောင်
စောလွင်

စောလွင်

Similar Picks:

ဆောလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိလာ

ဆောလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိလာ

by ဧရာဝတီ
16 May 2024
451

သတင်းပေးသူများနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သတိပေးခြင်းအဆင့်ကို ကျော်လွန်သွားပြီဖြစ်၍ ထပ်မံပြုလုပ်နေသူများကို ဖော်ထုတ်ပြီး အရေးယူနိုင်ရန် စီစဥ်နေကြောင်း

ဆောမြို့နယ်

ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

by ဧရာဝတီ
17 January 2022
7.4k

အဆိုပါ ကံကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၆ ရက်က ကံကြီး ဆရာတော် အပါအဝင် အသက် ၁၅ နှစ်ခန့်အရွယ်ရှိ လူငယ် ၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရ သည်။

Next Post
ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved