• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား

by ဧရာဝတီ
14 March 2023
in သတင်း
A A
အာဏာသိမ်း စစ်ကောင်စီတပ်များ

အာဏာသိမ်း စစ်ကောင်စီတပ်များ

4.3k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ အရာရှိတဦးအပါအဝင် လူ ၄၀ ခန့်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက မတ်လဒုတိယပတ်တွင် ဖမ်းဆီးသွားကြောင်း ဖားကန့်ဒေသခံများနှင့် KIO ထံမှသိရသည်။

ဖားကန့်မြို့အခြေချစစ်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လ ၁၁ ရက် နေ့လည် ၁၁ နာရီတွင် ဖားကန့်မြို့တောင်ဘက် ဖားပြင်ရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး KIO အရာရှိတဦးအပါအဝင် ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်အချို့နှင့် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဖားကန့်ဒေသခံ အချို့ကလည်း ပြောသည်။

အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကား ၄ စီးဖြင့် ရုတ်တရက်လာရောက်လာပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ရိုးရာလူကြီးတွေပါတယ်။ အဲဒီရွာမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေလည်းပါတယ်။ သူတို့ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာ ရိုးရာစာပေရုံးထဲကို ဝင်ပြီးတော့ စစ်ကောင်စီဘက်က ဖမ်းဆီးသွားတာတွေ့တယ်။ လူ ၂၀ လောက်ဖမ်းသွားတယ်။ အဲဒီထဲမှာ KIA ဘက်က ဆလန်ကဘာ (အုပ်ချုပ်ရေးအရာရှိ) လည်း ပါသွားတယ်” ဟု ဆိုသည်။

KIO ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကလည်း KIO ဝန်ထမ်းတဦးနှင့် ဒေသခံများ ဖားပြင်ရွာတွင် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

သို့သော်လည်း အဖမ်းခံရသည့် KIO ဝန်ထမ်းမှာ မည်သည့် အဆင့်ဖြစ်သည်ကိုမူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုခြင်းမရှိပေ။

၎င်းက “ကျနော်တို့ KIO ဝန်ထမ်းတယောက်ပါသွားတယ်။ ရန်သူကတော့ လှုပ်ရှားမှုတွေလုပ်နေတာပေါ့။ အထူးသဖြင့် ဖားကန့်ဘက်မှာ သူတို့က အုပ်ချုပ်ချင်နေတာပေါ့။ ကျနော်တို့ KIO ဝန်ထမ်းတွေ ဖားကန့်မြို့ထဲမှာ မရှိစေချင်တဲ့ သဘောကြောင့်လို့ အခုလိုဖမ်းတာလို့ သုံးသပ်ပါတယ်” ဟု မှတ်ချက်ပေးသည်။

KIO အရာရှိတဦးနှင့် ဒေသခံများ အဖမ်းခံရပြီးနောက် မတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီလက်အောက်ခံ ဖားကန့်မြို့နယ် လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးမြင့်လွင်ကို အမည်မသိလူ အချို့က ရဲစခန်းအနောက်ဘက်ရှိ ဝန်ထမ်းအိမ်ယာတွင် သေနတ်ဖြင့် ပစ်သတ်သွားသည်။

ဦးမြင့်လွင် ပစ်သတ်ခတ်ခံရပြီးနောက်တွင် စစ်ကောင်စီဘက်ကလည်း ဖားကန့်မြို့ထဲတွင် လူဖမ်းပွဲများ ဆက်လုပ်လာခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ အချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လ ၁၃ ရက်တွင် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် လူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး အဆိုပါ ရပ်ကွက်ရှိ မျိုးသန့် ဆံသဆိုင်မှ ဆိုင်ပိုင်ရှင်အပါအဝင် လူ ၈ ဦးကို ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၃ ရက်အတွင်း စစ်ကောင်စီ၏ အဖမ်းခံရသူအရေအတွက်မှာ အနည်းဆုံး လူ ၃၈ ဦးရှိကြောင်း ဒေသခံ အချို့က ရှင်းပြသည်။ တဖက်တွင်လည်း KIA ဘက်က ဖားကန့်မြို့နယ်တွင် ကချင်တိုင်းရင်းသား လူငယ်များကို ဦးတည်ကာ တပ်သားသစ်ကောက်ယူမှု ရှိနေကြောင်း ဖားကန့်ဒေသခံ အမျိုးသားတဦးက ဆိုသည်။

ဖားကန့်တွင် တပ်သားသစ်စုဆောင်းမှုအခြေအနေနှင့် ပတ်သက်၍ KIA ဘက်က တစုံတရာ သတင်းထုတ်ပြန်ပြောဆို မှုမရှိ သေးသော်လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA အကြား စစ်ရေးတင်းမာမှု မြင့်တက်နေကြောင်း ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
81
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
22

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
32

၎င်းက “အဲဒီဘက်မှာက တိုက်ပွဲကတော့ ကြိုကြား၊ ကြိုကြားဖြစ်နေတာရှိပါတယ်။ ကျနော်တို့ KIA ဘက်က လာပစ်တာလည်းရှိသလို၊ သူတို့ဘက်ကလည်း ဗုံးကြဲတိုက်ခိုက်တာလည်း ရှိပါတယ်။ ပြောမယ်ဆိုရင်တော့ စစ်ရေးအခြေအနေက တင်းတင်းမာမာဖြစ်နေတဲ့ နယ်မြေဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ဖားကန့်မြို့ဒေသခံ အမျိုးသမီးတဦးကမူ စစ်ကောင်စီဘက်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေသဖြင့် ဖားကန့်မြို့နယ်တွင် နေထိုင်ရသည်မှာ စိုးရိမ်ထိတ်လန့်နေရကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ဖားကန့်ကတော့ လုံခြုံမှုလုံးဝမရှိဘူးပေါ့။ အခုကျမတို့က ၇ နာရီဆိုရင် သိပ်မထွက်ကြတော့ဘူးပေါ့။ တကယ်တမ်းက ကျန်းမာရေးကြောင့် မဖြစ်မနေ မြို့ထဲသွားရတယ်ဆိုတာမျိုးပဲရှိပါတယ်။ အတတ်နိုင်ဆုံးကတော့ ထိတ်ထိတ်လန့်လန့်နဲ့နေ နေရတယ်ပေါ့။ ဖားကန့်ဗျူဟာကုန်းတပ်က တခါတလေ သတင်းတခုခုကြားပြီဆိုရင် သူတို့မြင်မြင်ရာ ရွာထဲကို အမြောက်တွေနဲ့ ပစ်တယ်။ အဲဒီလိုဆိုတော့ ကျမတို့က ကိုယ့်အိမ်ထဲမှာနေပေမယ့်လည်း လက်နက်ကြီးကျလာမှာလား။ စစ်က နေ့ဖြစ်မှာလား ညဖြစ်မှာလားစိုးရိမ်နေရတယ်” ဆိုသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၏ ဒါရိုက်တာ ကို Jacob ကလည်း အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီဘက်က ဒေသခံ အနည်းဆုံး ၁၀၀ ကျော်ကို ပြန်မလွှတ်ဘဲ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ပြောသည်။ ထိုသို့ စစ်ကောင်စီဘက်က ဒေသခံများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖမ်းဆီးနေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ သည် ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာသို့ စစ်ကြောင်းထိုး၍ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် ၂ ရက်အကြာ မတ်လ ၃ ရက်တွင် ဖမ်းဆီးထားသော ဒေသခံများကို စစ်ကောင်စီတပ်ဘက်က ပြန်လွှတ်ပေးခဲ့ကြောင်း ဖားကန့်ဒေသခံ အချို့ထံမှ သိရသည်။

Your Thoughts …
Tags: KIAKIOဖားကန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

KIA ဌာနချုပ် လိုင်ဇာမြို့အတွင်း ၂၀၁၃ ခုနှစ်က မြင်တွေ့ရသော ကချင်စစ်သားများ

လိုင်ဇာအနီးက စစ်ရိပ်စစ်ငွေ့များ

by မိုးစက်ငြိမ်းချမ်း
15 July 2023
14.4k

မြန်မာစစ်တပ်၏ စိတ်ထဲ၌ လိုင်ဇာအား အမှန်တကယ်သိမ်းလိုသည့် ဆန္ဒတော့ရှိပုံရ၏။ လိုင်ဇာသိမ်းမည်ဟူသည့် ဝါဒဖြန့်ပြောဆိုမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

Next Post
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ် / CJ

မြစ်ဆုံအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့၌ ရွှေတူးဖော်မှုများ တိုးလာ

အသတ်ခံလိုက်ရသည့် ကိုသက်နိုင်ဖြိုးနှင့် ကိုေက်ာ္ရဲတို့စီးနင်းလာသည့် ဆိုင်ကယ် / CJ

ခင်ဦးတွင် စစ်တပ်က PDF တဦးကို ခေါင်းဖြတ်သတ်ပြီး သစ်ပင်၌ ချိတ်ဆွဲထားခဲ့

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved