• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
in သတင်း
A A
KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

လိုင်ဇာတွင် ကင်းလှည့်နေသည့် KIA တပ်သားများ (AFP)

8.9k
VIEWS
Share on FacebookShare on Twitter

ကချင်အမျိုးသား လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ၏ မြစ်ကြီးနား- ဗန်းမော်ကားလမ်းတလျှောက် စစ်ဆင်ရေးက လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေသော စစ်တပ်စခန်း ၂ ခုအပါအဝင် ကာကင်းစခန်း ၂၀ ခန့် သိမ်းပြီး ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

စစ်ဆင်ရေးကို မတ် ၇ ရက်က စတင်ခြင်းဖြစ်ပြီး KIA ဌာနချုပ် လိုင်ဇာမြို့ကို အမြောက်ဖြင့် ပစ်ခတ်ခြိမ်းခြောက်နေသော ခရာတောင် တပ်စခန်းအပါအဝင် နယ်မြေစိုးမိုးရေးအတွက် အဓိကကျသည့် ဖွန်ပြန်ဘွမ်တောင်၊ အင်တပ်တောင် စခန်း၊ မလိယန်တပ်စခန်း၊ ဒေါ့ဖုန်းယန်းတပ်စခန်းစသည့် တပ်ရင်းစခန်းများလည်း ရရှိထားပြီးဖြစ်သည်။

မြစ်ကြီးနား- ဗန်းမော်ကားလမ်း တလျှောက် စစ်ဆင်ရခြင်းမှာ KIA၏ ဌာနချုပ် လုံခြုံရေးသာမက နယ်မြေစိုးမိုးရေး၊ ပြည်သူ ဘ၀ နေထိုင်စားသောက်မှု တိုးတက်ရေးကိုပါ အရေးပါကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“၂၀၁၁-၁၂ ကတည်း ဒီဒေသက လူအားလုံး နယ်စပ်ဘက်ကို ရောက်သွားပြီး ဒုက္ခသည် ဖြစ်သွားတယ်၊ အသက်မွေးဝမ်း ကြောင်းလည်း နယ်စပ်မှာ ဘာမှ မရှိဘူး၊ လုပ်စားရမယ့် အိမ်တွေ၊ ခြံတွေအကုန်လုံးက ကားလမ်းတကြောမှာပဲ ရှိတယ်၊ ဒီလမ်းကြောက ကျနော်တို့အတွက်လည်း သွားရေး လာရေးကအစ လိုင်ဇာကိုလည်း အမြဲတမ်းခြိမ်းခြောက် နေတဲ့နေရာ တွေ၊ စခန်းတွေဖြစ်ပါတယ်။ ဒါကြောင့် စခန်းတွေကို သိမ်းဖို့ ကြိုးစားတာဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော် KIA ၏ စစ်ရေးအစီမံသည် လိုင်ဇာမြို့ လုံခြုံရေး၊ မြစ်ကြီးနား- ဗန်းမော်လမ်းကြောင်း ထိန်းချုပ်ရေး သာမက မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်မြို့ကြီးများကိုပါ ဝိုင်းပတ်ပိတ်ဆို့ရန် ရည်ရွယ်ပုံရကြောင်း တိုင်းရင်းသားဒေသ စစ်ရေး လေ့လာ သူတဦးက သုံးသပ်သည်။

“ဘာနဲ့တူလည်း ဆိုတော့ “၁၀၂၇ ” အစ ရှမ်းမြောက်မှာ နေရာစုံ လိုက်ပြီး ဖြတ်တောက်လိုက်တာမျိုး ဒီမှာလည်း ဗန်းမော်၊ မြစ်ကြီးနား၊ ဖားကန့်၊ ပူတာအို လမ်းပိုင်းအားလုံး ပိတ်ဆို့ ဖြတ်လိုက်ပြီ၊ တနေရာနဲ့ တနေရာကို စစ်ကူ ကုန်းလမ်းက ပို့လို့ မရတော့ဘူး၊ လေကြောင်းနဲ့ပဲ ပို့လို့ရတယ်၊ ဒီတော့ စရိတ်စကကြီးပြီး အတော်လေး အလုပ်ရှုပ်သွားမယ်” ဟု သူက ပြောသည်။

KIA သည် ယခုနှစ်ဆန်းပိုင်းကစ၍ ဗန်းမော်မြို့ တောင်ဘက် မံစီမြို့ နယ်ရှိ မံဝိန်းကြီး၊ စီခမ်းကြီး၊ မဂျီဂေါင်စသည့် အရေးပါ သော စစ်တပ်စခန်းကြီးများကို စတင်ရှင်းလင်းကာ သိမ်းပိုက်ထားသည်။

လတ်တလော တိုက်ပွဲဖြစ်နေသည့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနှင့် ဖားကန့်ဒေသနေရာများပြ မြေပုံ(ဧရာဝတီ)

အလားတူ မြစ်ကြီးနားမြို့ အနောက်ဘက် စီးပွားရေး အချက်အချာကျသည့် ဖားကန့်ဒေသကိုလည်း တိုက်ခိုက်နေရာ တာမခန်၊ ကသိုင်းတောင်၊ တန်သုံးထောင်စခန်း များကို ရရှိထားသလို ဖားကန့်- မြစ်ကြီးနား၊ မိုးညှင်း- ဟိုပင်- မြစ်ကြီးနား လမ်းကြောင်းများကို KIA နှင့် ပူးပေါင်းတပ်များ၊ PDF များက ဖြတ်တောက်တိုက်ခိုက်နေသည်။

ဖားကန့်ဒေသသည် စစ်ကောင်စီအတွက်သာမက KIA အတွက်ပါ အဓိကငွေဝင်ပေါက်ဖြစ်ပြီး ဆယ်ဇင်း-ဖားကန့် လမ်းပေါ် မှ တာမခန်စခန်းအား သိမ်းပိုက်နိုင်မှုက KIA အနေဖြင့် ဖားကန့်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်း ၃ ခုစလုံး အား ဖြတ်တောက်ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
171
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
54

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
78

ဖားကန့်၏ အခြားဝင်ပေါက်နှစ်ခုဖြစ်သည့် အင်းတော်ကြီး-ဝှေခါ- နမ့်မှော်လမ်းကြောင်းပေါ်မှ ဝှေခါတပ်စခန်းနှင့် ကာမိုင်း-လုံခင်းလမ်းကြောင်းပေါ်မှ နမ့်တိန်တပ်စခန်းတို့အား ယခုနှစ်ဆန်းပိုင်းကတည်းက KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး သည်။

ထို့အပြင် မြစ်ကြီးနား မြောက်ဘက်ရှိ ဆွမ်ပရာဘွမ်၊ ပူတာအိုနယ်တို့၌လည်း နှစ်ဆန်းပိုင်းမှစ၍ စစ်ဆင်ရေးများလုပ် နေသလို မတ်လ ၈ ရက်က ဆွမ်ပရာဘွမ်အနီးရှိ မလိယန်မှ စစ်တပ်စခန်းများကို တိုက်ခိုက်နေရာ ပူတာအိုမှ မြစ်ကြီးနား သို့ဆင်းလာမည့် စစ်ကူများကို ဖြတ်တောက်ထားနိုင်သည့် အခြေအနေရှိရာ ထို့အတွက် မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်မြို့ ကြီးများမှာ ဝိုင်းပတ်ပိတ် ဆို့ ခံရမည့် အနေအထားဖြစ်လာကြောင်း စစ်ရေးလေ့လာသူက သုံးသပ်သည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “ရှမ်းမြောက်နဲ့ဆက်တဲ့ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်၊ ရွှေကူဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်၊ အဲဒီဘက်နေရာတွေမှာ အရင်ကထက်စာရင် နယ်မြေစိုးမိုးမှုက တော်တော်များများရပါတယ်။ ဒါပေမယ့် သူတို့တပ်စခန်းတွေလည်း ကျန်နေပါသေးတယ်” ဟု ပြောသည်။

လက်ရှိ KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့ မြောက်ဘက် မြစ်ကြီးနားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန် တပ်စခန်းအား သိမ်း ထား နိုင်ပြီး မိုးမောက်၊ မြို့သစ်မြို့နယ်အတွင်းက စစ်စခန်းများကိုလည်း တိုက်ခိုက်နေသလို မံစီမြို့နယ်မှ စခန်းများကို သိမ်းပိုက် ထားခြင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း၊ မိုးမိတ်ဒေသတို့နှင့် စစ်ရေးအရ ပိုမိုချိတ်ဆက်ထား နိုင်ပြီဟု ဆိုနိုင် သည်။

စစ်ဆင်ရေး အမည်တပ်ခြင်းမရှိသော်လည်း KIA နှင့်အတူ ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) များလည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ဆင်ရေးအစတွင် မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးနှင့် ပစ်ခတ် ခံရသလို ဝိုင်းမော်မြို့အနီးရှိ ရွှေညောင်ပင်၊ အောင်မြေ-၁၊ ၂ ကျေးရွာစခန်းများအား သိမ်းပိုက်နိုင်ခဲ့သည်။

အောင်မြေ-၁၊ ၂ ကျေးရွာတို့က ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်များ အခြေစိုက် လှုပ်ရှားသည့်နေရာဖြစ်ပြီး ထို တိုက်ပွဲတွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်း သေဆုံးခဲ့သည်။

မြေပြင်လမ်းကြောင်းများ တစတစ ဖြတ်ခံလာရသည့် စစ်ကောင်စီသည် ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းမှ စစ်ကူ ရိက္ခာ ဖြည့်တင်းနိုင်သော်လည်း PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်ဖြစ်သည်။

စစ်ရေးလေ့လာသူတဦးက “ ဗန်းမော်ကို ရေကြောင်းနဲ့ ပို့လို့ရပေမယ့် ရေကြောင်းကလည်း တလမ်းလုံးတိုက်ခိုက်ခံရမယ့် အခြေအနေရှိတယ်၊ မြန်မြန် မရောက်ဘူး၊ ရောက်သွားရင်လည်း ဗန်းမော်ကနေလည်း ဘယ်မှ ဆက်တက်လို့ မရတော့ ဘူး” ဟု သုံးသပ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက် ညနေပိုင်းကလည်း မဘိမ်းနှင့် ကသာမြို့နယ်တို့နယ်မြေထိစပ်ရာ ရွှေလီမြစ်တံတား အနီးရှိ ငါးအိုးရွာမှ ခြေလျင်တပ်ရင်း ခလရ-၁၂၁ အား KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ပါဝင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိသည်။

လက်ရှိအနေအထားအရ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်တို့တွင် လမ်းကြောင်းများကို KIAက ဖြတ်တောက် ထားသော် လည်း အဓိက အရေးပါသည့် တပ်ရင်းဌာနချုပ်ကြီးများ ကျန်နေသေးသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အထူးသဖြင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှ လိုင်ဇာမြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်နေသည့် ဘွမ်ရယ် ဘွမ် တပ်စခန်းကုန်းကြီးနှင့် စခန်းကုန်းအချို့ ကျန်ရှိနေသေးပြီး KIA ဘက်က ဆက်လက်ထိုးစစ်ဆင်နေသကဲ့သို့ စစ်ကောင်စီဘက်ကလည်း ဝိုင်းမော်မှတဆင့် ပြန်လည် စစ်ကြောင်းထိုးမှုများရှိနေကြောင်း သိရသည်။

လက်ရှိ ထိုးစစ်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ ကျန်သေးတဲ့စခန်းတွေကို ဆက်တိုက်ရမှာဖြစ်ပါတယ်၊ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ” ဟု ပြောသည်။

Your Thoughts …
Tags: KIAကချင်ဖားကန့်ဗိုလ်မှူးကြီးနော်ဘူမြစ်ကြီးနား-ဗန်းမော်လမ်းလိုင်ဇာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို  စွန့်ခွာလာ

စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို စွန့်ခွာလာ

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved