အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲမြို့ပေါ်က စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် စုစုပေါင်း ၁၄ ဦးသေဆုံးပြီး ၂၅ ဦးအပြင်းအထန် ဒဏ်ရာရထားပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အများဆုံး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် နောက်ထပ်သေဆုံး တာတွေလည်း ရှိနိုင်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ အေအေ တပ်ဖွဲ့ဝင်တွေ ရှိတဲ့ နေရာမဟုတ်ဘဲ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေဖြစ်တယ်လို့ သံတွဲမြို့ခံတချို့ကလည်း ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #သံတွဲ #လေကြောင်းဗုံးကြဲ #အမျိုးသမီး #ကလေးငယ် #အရပ်သားပစ်မှတ်