နိုင်ငံတိုင်း၏ စီးပွားရေးသည် သဘာဝသယံဇာတများအပေါ် အနည်းနှင့်အများ မှီခိုကြရသည်။ သို့သော်လည်း ထိုသဘာဝသယံဇာတများကို ထုတ်ယူပုံ၊ ထုတ်ယူနည်း၊ သုံးစွဲပုံ၊ သုံးစွဲနည်းအပေါ်လိုက်၍ နိုင်ငံ၏ ဖွံ့ဖြိုးမှု အတိုင်းအတာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အတိုင်းအတာများစွာ ကွာခြားကြသည်ကို တွေ့ရသည်။
ထုတ်ယူပြီး မည်သည့် တန်ဖိုးမြှင့်တင်မှု (value added) မှ မပြုလုပ်ဘဲ ကုန်ကြမ်းအနေဖြင့်သာ ရောင်းချမည်ဆိုပါက နိုင်ငံအတွက် အကျိုးနည်းမည်။ ထို့ပြင် စည်းမဲ့ကမ်းမဲ့ ထုတ်ယူမှုကြောင့် တန်ဖိုးဖြတ်၍ မရနိုင်သော သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုဒဏ်များကို မည်သူတွေက ပို၍ ခံရမည်နည်း၊ မည်သူတွေမှာ တာဝန် ရှိသနည်း ဆိုသည်ကို ဆွေးနွေးတင်ပြလိုပါသည်။
နှစ်စဉ်လိုလို သဘာဝ၏ ဒဏ်ခတ်မှု (ရေကြီးမှု၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းအမျိုးမျိုး) စသည်တို့ကို ခါးစည်းခံနေကြရသည့် မြန်မာနိုင်ငံမှာ ဤမေးခွန်းသည် လွန်စွာအရေးကြီးသည်ဟု ယူဆမိပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာပြည်အနှံ့ ရေဘေးကြောင့် လူရာနှင့်ချီ သေဆုံးမှုနှင့် ပျက်စီး ဆုံးရှုံးမှုများသည် ထင်ရှားသည့် လက်ရှိ သဘာဝဘေးဒဏ် သာဓကတခု ဖြစ်သည်။
သဘာဝသယံဇာတများအပေါ် အခြေခံသော မြန်မာ့စီးပွားရေး
မြန်မာနိုင်ငံသည် အမျိုးမျိုးသော သဘာဝသယံဇာတများ ထွက်ရှိသည့်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး အဆင့်ရှိ ကျောက်စိမ်း၊ ပတ္တမြား၊ ကမ္ဘာ့သက်တမ်းရင့် ပယင်းရတနာ၊ ရေနံနှင့် ဓာတ်ငွေ့သိုက်များ၊ တန်ဖိုးကြီး မြေရှားသတ္ထု၊ ရွှေ၊ ငွေနှင့် အဖိုးတန် သစ်အမျိုးမျိုး စသည့် ရတနာများကို ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်သည်။
ဤမြေပေါ်၊ မြေအောက် ရတနာများကို ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်ဖြင့်သာ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေရသည်။ ဥပမာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို သန့်စင်ပြီး ကုန်ချောအဖြစ် မတင်ပို့နိုင်ပါ။ သန့်စင်နိုင်အောင် ကြိုးစားမှုလည်း မရှိပါ။
သို့သော် ဤမြေပေါ်၊ မြေအောက် ရတနာများကို ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်ဖြင့်သာ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေရသည်။ ဥပမာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို သန့်စင်ပြီး ကုန်ချောအဖြစ် မတင်ပို့နိုင်ပါ။ သန့်စင်နိုင်အောင် ကြိုးစားမှုလည်း မရှိပါ။
ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း ထွက်ရှိသည့်နိုင်ငံ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင်သာလျှင် ထိုဈေးကွက် ထွန်းကားလျက်ရှိပြီး ဈေးကွက်ကို စိုးမိုးထားမှုကြောင့် မူလပိုင်ရှင်များသည် တရုတ်သနားမှ အလုပ်ဖြစ်မည့် အခြေအနေကို ရင်ဆိုင်နေရသည်။
ထို့ပြင် ဤသဘာဝသယံဇာတများကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေကြခြင်းကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်များ ပျက်စီး၊ ခမ်းခြောက်လာခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ တောင်ကတုံး များပြားလာခြင်းတို့ကို ဝမ်းနည်းဖွယ် တွေ့ရသည်။ မြေရှားသတ္တု တူးဖော်နေသည့် ဒေသများတွင် တောင်တန်းများ ပျက်စီးရုံသာမက ရေရင်းမြစ်များ အဆိပ်သင့်ပြီး သောက်သုံး၍မရဖြစ်ကာ ဒေသခံလူထုအတွက် စိန်ခေါ်မှုကြီး ဖြစ်လာနေသည်။
ဤအရင်းအမြစ်များ တူးဖော်ထုတ်ယူမှုကို ဆန်းစစ်ကြည့်လျှင် အာဏာပိုင်များနှင့် ဆက်စပ်၊ နီးစပ်သူများ၊ ငွေကြေးအရင်းအနှီး တတ်နိုင်သူများက လုပ်ငန်းရှင်များ ဖြစ်ကြသည်။ ငွေကြေးမတတ်နိုင်သူ သာမန်လူများက အလုပ်သမားများအဖြစ်၊ ရေမဆေးကျောက် ရှာသူများအဖြစ် ပါဝင်ပတ်သက်နေကြသည်ကို တွေ့ရသည်။
အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဌာနေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း တူးဖော်ကြသည်။ အကြောင်းပြချက်အမျိုးမျိုးဖြင့် အခွန်အကောက်များ ကောက်ယူကြသည်။ သို့သော် မိမိတို့ စီမံအုပ်ချုပ်သည့် နယ်မြေအတွင်းရှိ လူထုအကျိုးပြုလုပ်ငန်းများအတွက် တူးဖော်ခြင်း၊ ကောက်ယူခြင်းက နည်းသည်ဟု ဆိုနိုင်ပါသည်။ မိမိတို့ ပါဝင်နေသည့်၊ ဦးစီးနေသည့် အဖွဲ့အစည်းအတွက်ပင်လျှင် နည်းပါးသည်ဟု သုံးသပ်နိုင်ပါသည်။
အကြောင်းမှာ အဖွဲ့အစည်းအသီးသီးတွင် ခေါင်းဆောင်ပိုင်းကသာလျှင် ကြီးပွားချမ်းသာကြပြီး အောက်ခြေတပ်သားများက မွဲတေနေကြသည်။ အောက်ခြေတပ်သားများသည် (အဝတ်အစား၊ ဖုန်းခ၊ ဆေးလိပ်၊ တောစီးဖိနပ်) ကဲ့သို့သော အခြေခံလိုအပ်ချက်များကို မိသားစုထံမှ တောင်းယူရသည့်အထိ ခက်ခဲနေကြသည်ကို တွေ့ရသည်။
သဘာဝဘေးဒဏ်များကို ပို၍ခံစားကြရသူများ
ယေဘုယျအားဖြင့် သဘာဝဘေးဒဏ်များသည် မည်သူမှ ရှောင်လွဲ၍ မရသည့် အန္တရာယ်မျိုးဖြစ်ပါသည်။ သို့သော် အခြေခံသာမန် လူတန်းစားက သဘာဝဘေးဒဏ်များကို ပို၍ခံစားကြရသည်ဟုဆိုလျှင် မှားမည် မထင်ပါ။ အကြောင်းမှာ ငွေကြေးချမ်းသာသူများသည် မိုးဒဏ်၊ လေဒဏ်ကို ခံနိုင်သည့် အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ကြပြီး အပူဒဏ်ကို လေအေးစက်ဖြင့် ဖြေလျှော့သလို အအေးဒဏ်ကိုလည်း အနွေးဓာတ်ဖြင့် ဖြေလျှော့နိုင်ကြသည်။ ယခုခေတ် တိုက်အိမ်ကြီးများဆိုလျှင် ငလျင်ဒဏ်ကိုပင် အတိုင်းအတာ တခုအထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်နိုင်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ ထုတ်ယူမှုအပေါ် အခြေခံသော စီးပွားရေးမှာ လူနည်းစုသာ အကျိုးအမြတ်ကို ရရှိကြပြီး လူထုအများစုက ဆိုးကျိုးများကိုသာ ရရှိကြသည်ကို တွေ့ရသည်။ ထို့ကြောင့် “သယံဇာတ ကျိန်စာ” ဆိုသည့် စကားသည် သာမန်လူတန်းစားအတွက် ပို၍ မှန်ကန်နေသလိုပင်။
သဘာဝ ပတ်ဝန်းကျင်ကို တိုက်ရိုက်ဖျက်ဆီးပြီး စီးပွားရှာ၍ ကြီးပွားချမ်းသာသူများက သဘာဝဘေးဒဏ်ကို သက်သက်သာသာဖြင့်သာ ခံကြရသည်မှာ “မတရားဘူး” ဟု ညည်းတွားချင်စရာ ဖြစ်သည်။ သို့သော် ယင်းက အရှိတရားတခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ ထုတ်ယူမှုအပေါ် အခြေခံသော စီးပွားရေးမှာ လူနည်းစုသာ အကျိုးအမြတ်ကို ရရှိကြပြီး လူထုအများစုက ဆိုးကျိုးများကိုသာ ရရှိကြသည်ကို တွေ့ရသည်။ ထို့ကြောင့် “သယံဇာတ ကျိန်စာ” ဆိုသည့် စကားသည် သာမန်လူတန်းစားအတွက် ပို၍ မှန်ကန်နေသလိုပင်။
သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းအတွက် မည်သူတွေမှာ တာဝန်ရှိသနည်း
စာရေးသူအမြင်အရ ပြည်သူတရပ်လုံးတွင် အနည်းနှင့်အများ တာဝန်ရှိသည်ဟု ယူဆမိပါသည်။ သို့သော် အဓိက တာဝန်ရှိသူများမှာ (၁) နိုင်ငံကို ဦးဆောင်ခဲ့ကြသည့်၊ ဦးဆောင်နေဆဲဖြစ်ကြသည့် အစိုးရ ခေါင်းဆောင်များ၊ (၂) စီးပွားရေးလုပ်ငန်းရှင်များနှင့် (၃) သာမန်လူထုအားလုံး ဖြစ်သည်။
နိုင်ငံတိုင်း၏ စီးပွားရေးသည် သဘာဝအရင်းအမြစ်များပေါ်တွင် အနည်းနှင့်အများ မှီခိုရသည်။ သို့သော်လည်း ထိုအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားမည့် အတိုင်းအတာသည် နိုင်ငံ့ခေါင်းဆောင်များ၏ စိတ်နေသဘောထား၊ စီမံအုပ်ချုပ်မှုစွမ်းရည်နှင့် တိုက်ရိုက် သက်ဆိုင်ပါသည်။
ရေတိုအကျိုးနှင့် မိမိကိုယ်ကျိုးအတွက်သာ ရှေးရှုပြီး ထုတ်ယူသုံးစွဲမည်ဆိုပါက လူနည်းစုသာလျှင် အကျိုးခံစားရမည်။ စည်းမဲ့ကမ်းမဲ့ ထုတ်ယူသုံးစွဲလျှင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြီးမားမည်။ ထိုပျက်စီးမှုဒဏ်ကို နိုင်ငံရှိ လူထုအားလုံးက ဝိုင်းပြီးခံစားကြရမည်။ ထို့အတူ ရေရှည်အကျိုးနှင့် လူထုအားလုံး၏ အကျိုးအတွက် စနစ်တကျ စီမံပြီး ထုတ်ယူသုံးစွဲမည် ဆိုပါက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပမာဏလည်း နည်းပါး၍ တိုင်းပြည်လည်း သာယာဝပြောမည်။
စီးပွားရေးလုပ်ငန်းရှင်များလည်း မိမိကိုယ်ကျိုးအတွက်သာ ရှေးရှုပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဂရုမစိုက်ဘဲ ဥပဒေကို လက်တလုံးခြားပြီး သယံဇာတများကို ထုတ်ယူနေကြသည်။ အာဏာပိုင်များကို လာဘ်ထိုး၍ ထိုက်သင့်သော အခွန်အခများ ပေးဆောင်ခြင်းကို ရှောင်ရှားကြသဖြင့် နိုင်ငံတော်အတွက် အခွန်ငွေ ဆုံးရှုံးရသည်။ မိမိအကျိုးအမြတ် ရရှိရေးကိုသာ အလေးထားပြီး မိမိတို့၏ အလုပ်သမား၊ ဝန်ထမ်းများကို ခေါင်းပုံဖြတ်ကြသည်။ ထိုကဲ့သို့သော ပြည်ဖျက်လုပ်ငန်းရှင်များ တိုးတက်ခွင့်ရှိနေသရွေ့ တိုင်းပြည် သာယာဝပြောရန် မလွယ်ကူပေ။
သာမန် လူထုများသည်လည်း သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးခြင်းကို သွယ်ဝိုက်သောအားဖြင့် အားပေးကြသူများ ဖြစ်သည်။ ဤတွင် စာရေးသူလည်း ပါဝင်သည်။ ဥပမာ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုအလိုက် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် အလှူကြီးကြီး လုပ်နိုင်သူ၊ စေတီပုထိုးများ တည်နိုင်သူ၊ လှူဒါန်းနိုင်သူ အားလုံးနီးပါးသည် သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်ဖျက်ဆီးသော နည်းလမ်းဖြင့် စီးပွားရှာ၍ ကြီးပွားကြသူများ ဖြစ်ကြသည်။ ဥပမာ ကျောက်စိမ်း၊ ရွှေ၊ ပယင်း၊ ပတ္တမြား၊ မြေရှားသတ္တု၊ သစ်တော စသည့် သဘာဝအရင်းအမြစ်များကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူပြီး ကြီးပွားကြသူများ ဖြစ်ကြသည်။
သူတို့ရရှိသည့် အကျိုးအမြတ်များစွာထဲမှ အနည်းငယ်သော ပမာဏကိုသာ လှူဒါန်းကြသည်။ ထိုလှူဒါန်းမှုကို ကြည့်ပြီး သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက သူတို့ကို သူတော်စင်များအဖြစ် ပုံဖော်၍ ချီးကျူး ဂုဏ်ပြုကြသည်။ သက်ဆိုင်ရာ ဘာသာအလိုက် ယုံကြည်သူများသည်လည်း ထိုအလှူရှင်များကို ပုဂ္ဂိုလ်ထူးများ၊ သဒ္ဓါတရား ထက်သန်သူများ၊ စေတနာရှင်များအဖြစ် မြင်ကြသည်။
တနည်းအားဖြင့် ထိုစေတနာရှင်များ လှူဒါန်းသည့် ငွေကြေးသည် ညစ်ပေသောငွေ၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီး၍ ရရှိလာသောငွေ၊ အလုပ်သမားများ၏ လုပ်အားခကို ခေါင်းပုံဖြတ်၍ ရရှိလာသောငွေ၊ အာဏာပိုင်များကို လာဘ်ပေးခြင်းဖြင့် အကျင့်ဖျက်ပြီး ရရှိသည့်ငွေ ဆိုသည်ကို မေ့နေကြသည်။ လှူဒါန်းငွေ၏ အရည်အသွေး၊ အနှစ်သာရကို စဉ်းစားတွေးခေါ်ရန် ပျက်ကွက်ကြသည်။
ထို့ပြင် လှူဒါန်းမှုအားလုံးသည် အမှန်တကယ်ပင် စေတနာမှန်နှင့် လှူဒါန်းကြခြင်းလား ဆိုသည်မှာလည်း စဉ်းစားစရာဖြစ်သည်။ တချို့သော လှူဒါန်းမှုသည် ကောင်းမှုပြုခြင်းထက် မိမိသြဇာ တည်ဆောက်ရန်၊ ပို၍ကြီးမားသော လုပ်ကွက်များ ရရှိရန် လှူဒါန်းကြသည်ဟု ယူဆနိုင်စရာရှိသည်။
မြန်မာနိုင်ငံတွင် လုပ်ကွက်များများ ရရှိရေးဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်ကို များများဖျက်စီးရေးဟု အဓိပ္ပာယ်ဖွင့်ရမလို ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် လုပ်ကွက်များများ ရရှိရေးဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်ကို များများဖျက်စီးရေးဟု အဓိပ္ပာယ်ဖွင့်ရမလို ဖြစ်နေသည်။
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်းပုံ
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးသည်လည်း သဘာဝသယံဇာတများပေါ်တွင် မှီခိုရသည်။ သို့သော်လည်း သူတို့နိုင်ငံတွင်းရှိ သဘာဝ သယံဇာတများကို နည်းနိုင်သမျှ နည်းအောင် ထုတ်ယူသုံးစွဲကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် မြေရှားသတ္တုသည် လက်ကိုင်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ကား ကဲ့သို့သော နေ့စဉ်သုံး နည်းပညာများ၊ စက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းများ ဖြစ်သောကြောင့် ထိုသတ္တုကို ရှာဖွေတူးဖော်၍ သို့မဟုတ် ပြည်ပမှ ဝယ်ယူတင်သွင်း၍ သုံးစွဲရသည်။
ရေနံသိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမေရိကန်သည် ဆော်ဒီအာရေးဗီးယား၊ ရုရှားတို့ထက် သာလွန်သော ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ အလားတူ ကနေဒါနိုင်ငံလည်း ရေနံသိုက် အမြောက်အများရှိကြောင်း သိရသည်။ တရုတ်နိုင်ငံတွင်လည်း ရေနံသိုက်များစွာ ရှိသည်။ သို့သော်လည်း ရေနံကို အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝယ်ယူသုံးစွဲကြသည်ကို တွေ့ရသည်။
အချုပ်အားဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့နိုင်ငံတွင်းရှိ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှု လျှော့ချခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းအောင် ထုတ်ယူသုံးစွဲကြသည်။ ဤနည်းဖြင့် ၎င်းတို့နိုင်ငံ၏ သယံဇာတများ၊ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကြသည်။ သဘာဝ၏ ဒဏ်ခတ်ခြင်းကို ရှောင်းရှားနိုင်ရန်၊ သဘာဝဘေးဒဏ် သက်သာစေရန်လည်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ကျန်းမာလျှင် သဘာဝဘေးဒဏ် သက်သာမည်
သုတေသီများ၏ လေ့လာဆန်းစစ်ချက်အရ သစ်ပင်သည် မိုးရေကို ပုံစံနှစ်မျိုးဖြင့် ထိန်းသိမ်းပေးသည်။ ပထမ ပုံစံမှာ သစ်ရွက်များနှင့် ပင်စည်များဖြင့် မိုးရေကို ထိန်းသိမ်းသည်။ အကြောင်းမှာ မိုးရွာသည့်အခါ သစ်ရွက်များနှင့် ပင်စည်များကို စိုစွတ်ပြီးမှ မိုးရေသည် မြေကြီးပေါ်သို့ စီးဆင်းသည်။ ဒုတိယပုံစံမှာ မြေကြီးထဲ စိမ့်ဝင်သွားသည့်ရေကို သစ်မြစ်များမှတဆင့် စုပ်ယူခြင်းဖြင့် ထိန်းသိမ်းသည်။ ယေဘုယျအားဖြင့် သစ်ပင်ကြီးများသည် အပင်ငယ်များထက် မိုးရေကို သာ၍စုပ်ယူ နိုင်စွမ်းရှိသည်။
ထိုမျှမက သစ်တောများရှိသောမြေသည် အစိုဓာတ်ပိုများပြီး ရေစုပ်ယူနိုင်စွမ်းလည်း ပို၍များကြောင်း သိရသည်။ သစ်မြစ်များကလည်း မြေဆီလွှာ (top soil) ကို ထိန်းသိမ်းပေးသည်။ သစ်ပင် မရှိလျှင် မြေဆီလွှာသည်လည်း မိုးရေနှင့်အတူ တဖြည်းဖြည်း မျောပါသွားပြီး မြေကြီးက စိုက်ပျိုး၍မရသည့် မြေညံ့အဖြစ် ကျန်ရစ်ခဲ့မည်။
နောက်ဆုံးတွင် တောင်ကတုံးများအဖြစ် ပြောင်လဲသွားပြီး မြစ်၊ ချောင်း၊ အင်းအိုင်များလည်း ခန်းခြောက်ကာ လူနေထိုင်၍ မရသည့် အခြေအနေသို့ ပြောင်းလဲသွားနိုင်ကြောင်း သုတေသီများက သတိပေးနေကြသည်။
သစ်ပင်များသည် မြေပြိုမှုကိုလည်း ကာကွယ်ပေးနိုင်စွမ်း၊ လျှော့ချနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ စာရေးသူ၏ အတွေ့အကြုံအရလည်း မြေပြိုမှုများကို များသောအားဖြင့် သစ်ပင်များ မရှိသည့်နေရာ (သို့မဟုတ်) သစ်တောပြုန်းတီးသွားသည့် နေရာများတွင် ပို၍တွေ့ရတတ်သည်ကို သတိထားမိသည်။
သစ်ပင်များသည် မြေပြိုမှုကိုလည်း ကာကွယ်ပေးနိုင်စွမ်း၊ လျှော့ချနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ စာရေးသူ၏ အတွေ့အကြုံအရလည်း မြေပြိုမှုများကို များသောအားဖြင့် သစ်ပင်များ မရှိသည့်နေရာ (သို့မဟုတ်) သစ်တောပြုန်းတီးသွားသည့် နေရာများတွင် ပို၍တွေ့ရတတ်သည်ကို သတိထားမိသည်။
၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း ရေလွှမ်းမှုတွင် သစ်ပင်တပင်တည်း၌ လူပေါင်းအယောက် ၄၀ ကျော်လောက် ကုပ်တွယ်ကပ်ပြီး အသက်ချမ်းသာရာ ရခဲ့ကြောင်း အသက်ရှင်ခဲ့သူတဦးက ဘီဘီစီသတင်းဌာနကို ပြောပြခဲ့ကြောင်း ဖတ်ရသည်။
ဧရာဝတီတိုင်းတွင် ဒီရေတောပြုန်းတီးနေသည့်နေရာမှ ကျေးရွာများသည် ဒီရေတောကောင်း ရှိသည့်နေရာမှ ကျေးရွာများနှင့် နှိုင်းယှဉ်လျှင် မုန်တိုင်းဒဏ်ကို ပို၍ပြင်းထန်စွာ ခံခဲ့ကြရကြောင်း သိရသည်။ ထို့ကြောင့် သစ်တောများ၊ ဒီရေတောများကို မုန်တိုင်းနှင့် ဒီရေလှိုင်းတို့ကို ကာကွယ်ပေးနိုင်သည့် အစိမ်းရောင် တံတိုင်းကြီးများဟု တင်စားကြသည်။
သားရေပေါ် အိပ် သားရေနား စားနေကြသလား
ဤကမ္ဘာကြီးသည် ကျွန်ုပ်တို့ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် မှီခိုအားထားရသည့် တခုတည်းသော ကမ္ဘာ ဖြစ်သည်။ သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် ကမ္ဘာကြီးကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် အရေးကြီးသည်။ ပျက်စီးသွားသည့်နေရာများကို သစ်တောများ ပြန်လည် စိုက်ပျိုးခြင်းဖြင့် ပြုပြင်ရန် လိုအပ်သည်။ ဤကဲ့သို့ မလုပ်နိုင်လျှင် ကျွန်ုပ်တို့သည် “သားရေပေါ် အိပ် သားရေနား စားနေကြသလား” ဟု တွေးမိသည်။
လူတိုင်းသည် မိမိက မည်ကဲ့သို့သော နိုင်ငံ၊ ပတ်ဝန်းကျင်၊ မြို့၊ ရွာတွင် နေထိုင်လိုသလဲ ဆိုသည်ကို လေးလေးနက်နက် စဉ်းစားဖို့ ဖြစ်သည်။ စိမ်းလန်းစိုပြေသည့် တိုင်းပြည်ကို လိုချင်လျှင် နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေးကို သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် မှီခိုမှု အနည်းဆုံးဖြစ်အောင် စီမံ ဆောင်ရွက်သင့်သည်။
သယံဇာတများကို ထုတ်ယူရာတွင် စည်းကမ်းရှိရှိ၊ စနစ်တကျဖြစ်အောင် ထုတ်ယူ၍ လူထုအားလုံးအတွက် အကျိုးရှိအောင် စီမံခန့်ခွဲရန် လိုအပ်သည်။ ထို့အတူ စီးပွားရေးလုပ်ငန်းရှင်များလည်း နိုင်ငံ (အစိုးရ) ၏ အုပ်ချုပ်ရေးယန္တရား အားနည်းမှုကို အခွင့်ကောင်းယူကာ မိမိကိုယ်ကျိုးစီးပွားကိုသာ မျှော်ကိုးပြီး စည်းမဲ့ကမ်းမဲ့ စီးပွားရှာခြင်းကို ရှောင်ကျဉ်သင့်သည်။
သာမန်လူထုအားလုံးသည်လည်း စီးပွားရေးလုပ်ငန်းရှင်တို့၏ လှူဒါန်းမှုတိုင်းကို မျက်စိမှိတ်ပြီး ဇွတ်အထင် မကြီးရန် လိုအပ်သည်။ အလှူရှင်တို့၏ ဝင်ငွေလမ်းကြောင်း၊ အလှူငွေ၏ သန့်ရှင်းမှု အနှစ်သာရကို စဉ်းစားသုံးသပ်သင့်သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် နည်းလမ်းဖြင့် စီးပွားရှာခြင်းကို အားမပေးသင့်ပါ။
နိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ မှတ်ချက်က တန်ဖိုးရှိလှသည်။ သူပြောခဲ့သည်မှာ “ကမ္ဘာကြီးဟာ လူတိုင်းရဲ့ လိုအပ်ချက်အတွက် လုံလောက်ပေမယ့် လူတိုင်းရဲ့ လောဘအတွက်တော့ မလုံလောက်ပါ” (The world has enough for everyone’s need, but not enough for everyone’s greed.”)။ စီးပွားရှာသည့်အခါ လိုအပ်ချက် (need) ပေါ် အခြေခံပြီး စီးပွားရှာသင့်သည်။ လောဘ (greed) အပေါ် အခြေခံပြီး မရှာသင့်ပါ။
နိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ မှတ်ချက်က တန်ဖိုးရှိလှသည်။ သူပြောခဲ့သည်မှာ “ကမ္ဘာကြီးဟာ လူတိုင်းရဲ့ လိုအပ်ချက်အတွက် လုံလောက်ပေမယ့် လူတိုင်းရဲ့ လောဘအတွက်တော့ မလုံလောက်ပါ” (The world has enough for everyone’s need, but not enough for everyone’s greed.”)။ စီးပွားရှာသည့်အခါ လိုအပ်ချက် (need) ပေါ် အခြေခံပြီး စီးပွားရှာသင့်သည်။ လောဘ (greed) အပေါ် အခြေခံပြီး မရှာသင့်ပါ။
နိုင်ငံကို ဦးဆောင်နေကြသည့် အစိုးရပုဂ္ဂိုလ်ကြီးများ လူထုအပေါ် စေတနာထားပြီး မျှတစွာ စီမံအုပ်ချုပ်ရမည်။ ကျွန်ုပ်တို့အားလုံး လောဘကို အခြေခံပြီး စည်းမဲ့ကမ်းမဲ့ စီးပွားရှာခြင်းကို ရှောင်ကျဉ်နိုင်ကြရမည်။ ဤသို့သော ပြုပြင်မှုမျိုးကို မလုပ်နိုင်လျှင် ယခုနှစ်တွင် ကြုံတွေ့ခဲ့ရသော သဘာဝဘေးဒဏ်များသည် နောက်ဆုံး မဖြစ်နိုင်ပါ။
“သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ” ဆိုသကဲ့သို့ ကမ္ဘာကြီးအပေါ်မှာ ကျနော်တို့ မကောင်းနိုင်ကြဘူးဆိုလျှင် ကမ္ဘာကြီး၏ ဒဏ်ခတ်လာမှုကို ကျနော်တို့ ခံနိုင်ကြမည် မဟုတ်ပါ။ ထို့အတူ ကျွန်ုပ်တို့၏ တောတောင် သဘာဝပတ်ဝန်းကျင်၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့ကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် ပြုပြင်နိုင်ကြမည်ဆိုလျှင် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်နှင့် မျှတသော ရာသီဥတုကို ဆင်းရဲ၊ ချမ်းသာ လူတန်းစားမရွေး စံစားနိုင်၍ ကျန်းမာသော ဘဝကို အသီးသီးရရှိ ခံစားနိုင်ကြမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ
စစ်အုပ်စုအာဏာဆက်ရှိရင် သယံဇာတတွေ မြန်မြန် ပျက်စီးနိုင်တယ် (ရုပ်/သံ)
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
စစ်ကောင်စီလက်အောက် သယံဇာတ ခွင့်ပြုမိန့်၊ လိုင်စင်များ အာမ မခံဟု NUG ဆို
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
ငွေတထောင်၊ ဟင်းတခွက်အတွက် ဖြုန်းတီးလိုက်တဲ့ ကမ္ဘာ့သယံဇာတများ
ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား
“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”