• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း

by ဧရာဝတီ
23 March 2021
in သတင်း
A A
ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) / Ministry of Electricity and Energy,Myanmar

ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) / Ministry of Electricity and Energy,Myanmar

37.2k
VIEWS
Share on FacebookShare on Twitter

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများမှ နိုင်ငံတော်ဝင်ငွေများအား အာဏာသိမ်း စစ်ကောင်စီ ထံ မရောက်ရှိရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ လစဉ်ငွေပေးသွင်းမှုကို ရပ်ဆိုင်းထားပြီး သီးခြား ဘဏ်စာ ရင်းတွင် ထိန်းသိမ်းထားရန်နှင့် ကျောက်မျက်ရတနာကုမ္ပဏီများ အနေဖြင့်လည်း မကြာမီပြုလုပ်ရန် စီစဉ်ထားသည့် ပြပွဲ၌ ပါဝင်ခြင်းမပြုကြရန် CRPH က ခန့်အပ်ထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခေတ္တ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မတ်လ ၂၂ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

ဦးတင်ထွန်းနိုင်က “နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အပြင် အာဏာသိမ်း စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လုပ်ရပ်များကြောင့် ပြည်သူလူထု နေ့စဉ် ထိခိုက်နစ်နာနေသော ယခုကာလတွင် နိုင်ငံ၏ သယံဇာတများကို ရောင်းချခြင်းသည် ခွင့်လွှတ်နိုင်ဖွယ် မရှိသောလုပ်ရပ် ဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ထည့် သွင်း ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ဧပြီ ၁ ရက်မှ ၁၀ ရက်နေ့အထိ ပြည်တွင်းကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရတနာ ပြပွဲတခု အား စီစဉ်လျက်ရှိရာတွင် ကျောက်မျက်ရတနာလုပ်ငန်းရှင် ကုမ္ပဏီများ အနေဖြင့် ပါဝင်ခြင်းမပြုကြရန် တားမြစ်ထား သကဲ့ သို့ ပါဝင်ပူးပေါင်းပြီး ရောင်းဝယ်ပါကလည်း အမည်ပျက်စာရင်း (Black List) သွင်းကာ ပြည်သူ့အစိုးရ အနေဖြင့် မည်သည့် စီးပွားရေးလုပ်ငန်းမျှ လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်းလည်း ၎င်းက သတိပေး ထားသည်။

နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတအားလုံး၏ မူလပိုင်ရှင်သည် နိုင်ငံသူနိုင်ငံသားများသာ ဖြစ်သည်ဟုလည်း CRPH က ဆိုသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်းများအသင်း အနေဖြင့် ပြပွဲပြုလုပ်ရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး ရွှေ့ဆိုင်း ထားသင့်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနထံ စာပေးပို့ခဲ့သည်ဟု သိရပြီး ပြပွဲ ပြု လုပ်ပါကလည်း ကုမ္ပဏီတခုချင်း၏ သဘောသာဖြစ်ကြောင်း ယင်းအသင်း၏ တာ၀န်ရှိသူက ပြောသည်။

၎င်းက “CRPH ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့တော့ မရှိပါဘူး။ အကယ်၍ ပြပွဲလုပ်ရင်လည်း ပါဝင်ခြင်း မပါဝင်ခြင်းက ကုမ္ပဏီတခုချင်းစီရဲ့ သူတို့ရဲ့ သဘောထားပါပဲ” ဟု ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
18
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
21
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
152

နိုင်ငံတော်၏ ကြီးမားသည့် ဝင်ငွေရလမ်း တခုဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ လစဉ်ပေးသွင်းရသည့် ငွေများအား ယခု မတ်လကုန်မှစ၍ ရပ်ဆိုင်းထားရန်၊ စစ်ကောင်စီထံသို့ ထပ်မံပေးသွင်းပါက အသိ အမှတ် ပြုမည်မဟုတ်ဘဲ ပြည်သူ့အစိုးရ တက်လာချိန်တွင် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့်ငွေများ ပြန်လည်တောင်းခံ မည် ဖြစ်ကြောင်းလည်း ခေတ္တဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားသည်။

နိုင်ငံတော်ထံ ပေးသွင်းရမည့် ငွေများအား ရပ်ဆိုင်းထားရန် မတ် ၅ ရက်နေ့က အသိပေးခဲ့သော်လည်း ရေနံ၊ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာနှင့် ၂၀၂၁ ဇန်နဝါရီလတို့အတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့် ငွေများ အား နိုင်ငံသားများအပေါ် နေ့စဉ် အကြမ်းဖက်နှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီထံသို့ ပေးသွင်းခဲ့သည့် အတွက် အပြင်းအထန် ရှုတ်ချကန့်ကွက်သည်ဟုလည်း ၎င်းက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ရရှိသည့် နိုင်ငံတော်၏ အသားတင်ဝင်ငွေမှာ လစဉ် အမေရိကန် ဒေါ်လာ ၇၅ သန်းမှ သန်း ၉၀ ခန့်အထိ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့လုပ်ငန်း ကုမ္ပဏီတခုဖြစ်သည့် ကိုရီးယားနိုင်ငံ အခြေစိုက် POSCO အနေဖြင့် လက်နက်မဲ့အရပ်သားများ တိုက်ခိုက်သတ်ဖြတ် ခံနေရသည့်တိုင် မြန်မာစစ်တပ်နှင့် စီးပွားရေး ဆက် နွယ်မှုများ အဆုံးမသတ်ဘဲ လုပ်ငန်းများပုံမှန်လုပ်ကိုင်နေခြင်းဖြင့် စစ်တပ်ကို အကျိုးပြုနေသည့်အတွက် POSCO နှင့် အ ဆက်အသွယ် ဖြတ်တောက်ကြရန် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများအား မြန်မာနှင့် တောင်ကိုရီးယားမှ တက်ကြွလှုပ်ရှား သူများက တောင်းဆိုကြောင်း Justic For Myanmar အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြသူများအား နေ့စဉ် အကြမ်းဖက်ဖြိုခွင်း၊ ပစ် ခတ်သတ်ဖြတ်မှုများ ရှိနေသော်လည်း ယနေ့ အချိန်ထိ ပြည်သူများက ဆက်လက် ဆန္ဒပြနေကြသလို စစ်တပ်နှင့် ဆက် နွယ်သည့် လုပ်ငန်းများ၊ ထုတ်ကုန်များကိုလည်း သပိတ်မှောက်ကြရန် လှုံ့ဆော်တိုက်တွန်းများလည်း ရှိနေသည်။

You may also like these stories:

အာဏာသိမ်းပြီး ၁ လကျော်အတွင်း စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာ

ထိုးသူမရှိ၍ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းသော်လည်း ဝယ်သူ မရှိဖြစ်နေ

Your Thoughts …
Tags: CRPHကျောက်မျက်ရတနာခေတ္တဝန်ကြီးရေနံသဘာဝဓာတ်ငွေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.3k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

by ဉာဏ်လင်း
27 January 2024
10.9k

တော်လှန်ရေးတရပ်သည် စစ်ရေးချည်းသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ပေ။ စစ်ရေးနှင့် နိုင်ငံရေး “မျှခြေ” ရှိရန် လိုအပ်ပါသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.9k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

by Dr. Paul Lim
7 August 2024
5.5k

စစ်ကောင်စီပြိုကွဲလျှင် ဘေးရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မည်သို့ ဖြစ်မည်နည်း။

Next Post
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး Interpol ထံအကြောင်းကြားထားဟု စစ်ကောင်စီထုတ်ပြန်

ရွှေပြည်သာမြို့နယ်တွင် ဧည်စာရင်းတိုင်နေကြသူများ  / CJ

ရန်ကုန်မြို့နယ်အချို့ ခြိမ်းခြောက်ဖိအားပေး၍ ဧည့်စာရင်းစနစ် ပြန်စတင်

No Result
View All Result

Recommended

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

13 hours ago
1.1k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved