အရှေ့တောင်အာရှဒေသနဲ့ တကမ္ဘာလုံး ရာသီဥတုဖောက်ပြန်မှု လျှော့ပါးရေးဆိုင်ရာကိစ္စရပ်တွေမှာ မြန်မာနိုင်ငံဟာ အခန်းကဏ္ဍ တခုအနေနဲ့ပါဝင်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ ရေရှည်သဘာဝသယံဇာတ သာယာဝပြောရေးဆိုတဲ့ အချက်တွေကို ဂရုမစိုက်ဘဲ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လိုအပ်နေတဲ့ ငွေကြေးတွေအတွက်ကိုပါ သယံဇာတ ကနေရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတလို့ပြောရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာလဲ တစိတ်တပိုင်းပါဝင်ပတ်သက်နေပါတယ်။ နောက်ပိုင်းမှာ EAOs တွေဟာ သဘာဝသယံဇာတ အရင်းအမြစ်တွေကို စီမံခန့်ခွဲရေးကို အလေးအနက်ထား လုပ်ဆောင်လာနေတာကိုတွေ့နေရပြီလို့ ဝါရင့် မြန်မာ့အရေး သုတေသီ ဒေါက်တာ အက်ရှ်လေ ဆောက်သ် က ဆိုပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေ ရပ်တည်နိုင်ဖို့နဲ့ စစ်အုပ်စုကို အနိုင်ယူနိုင်ဖို့ နိုင်ငံတကာရဲ့ လူသားစာနာမှုအကူအညီအပြင် စစ်ရေးအရ ပံ့ပိုးမှု လက်ငင်းလိုအပ်နေပြီး ဒါဟာ ရာသီဥတု တရားမျှတမှုဆိုင်ရာ လုပ်ဆောင်ချက်တခု ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအရေး၊ တိုင်းရင်းသားနိုင်ငံရေးပြဿနာ၊ ပညာရေးနဲ့ လူသားချင်းစာနာမှု ကိစ္စရပ်တွေအပြင် ဖက်ဒရယ်စနစ်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတဲ့ ဒေါက်တာ အက်ရှ်လေကို မေးမြန်းချက်ကနေ ကောက်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။
#ရာသီဥတုဖောက်ပြန် #သယံဇာတ #စစ်အုပ်စု #EAOs