စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၇ ဦးကို သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတွက် ကာယကံရှင်မိသားစုဝင်တွေနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
သေဒဏ်စီရင်မှုတွေဟာ လူ့အခွင့်အရေးကိုထိပါးပြီး နိုင်ငံတကာ တရားဥပဒေစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တဲ့ အတွက် ဒါဟာ ထောင်တွင်းလူသတ်မှု ဖြစ်ပြီးနိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးကဆိုပါတယ်။
စစ်ကောင်စီ ဖမ်းဆီးသေဒဏ်ချထားတဲ့ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားအချို့ကို အခုရက်ပိုင်းအတွင်း သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ် ထိတ်လန့် မိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #နိုင်ငံရေးအကျဉ်းသား #ထောင်တွင်းလူသတ်မှု #APHR #HumanRight #NUG #AAPP
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR