• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေမြို့စွန် ရွာ ၂၀ ကျော်မှ အဓမ္မရွှေ့ပြောင်းခံရသူများ စားသောက်ရေးခက်ခဲနေ

by ဧရာဝတီ
25 September 2024
in သတင်း
A A
စစ်တွေမြို့စွန် ရွာ ၂၀ ကျော်မှ အဓမ္မရွှေ့ပြောင်းခံရသူများ စားသောက်ရေးခက်ခဲနေ

ရခိုင်ပြည်နယ် စစ်တွေမြို့

512
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စစ်တွေမြို့စွန်မှ မြို့တွင်းသို့ အဓမ္မရွှေ့ပြောင်းခံရသည့် ရွာပေါင်း ၂၀ကျော်မှ လူများမှာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများ၌ ခိုလှုံနေရသည်မှာ ၆လခန့် ကြာနေပြီဖြစ်ပြီး ကျန်းမာရေးအပါအဝင် နေထိုင်စားသောက်ရေး ကျပ်တည်းမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

မေလ ၂၉ ရက်က စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၈၀ခန့်အား လုံခြံရေးအရဆိုကာ စစ်ကောင်စီက အစုလိုက် သတ်ဖြတ် လိုက်ပြီးနောက် ဇွန်လဆန်းပိုင်းတွင် အနီးရှိရွာများကို စစ်တွေမြို့တွင်းပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ထိုရွာများတွင် အာရက္ခတပ်တော် (AA)တို့ ဝင်ရောက်၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ ရွာသား အယောင်ဆောင်ခြင်းတို့ကြောင့် လုံခြုံရေးယူလိုက်ခြင်းဖြစ်ကြောင်း မီဒီယာတချို့ကို ဖြေဆိုထားသည်။

၎င်းရွာများမှာ ဗျိုင်းဖြူ၊ ရွှေမင်းဂံ၊ ကျေးတောပိုက်ဆိပ်၊ ရွှေပြည်သာ၊ မင်းဒရားချိပ်၊ သုံးဆောင်ရွာ၊ ပါဒလိတ်၊ ရေချမ်းပြင်၊ ကျက်တောပြင်၊ ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ ပိုက်ဆိပ်ကြီး၊ အုံးရေပေါ် ၊ ပန္လင်ပြင်၊ အောင်တိုင်၊ အမြင့်ကျွန်း၊ ပျားလယ်ချောင်း (ရွာသစ်/ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ချောင်းနွယ်၊ ရွာသစ်ကေ၊ နာရီကန်၊ ကျားမသောက် စသည့်တို့ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅ သောင်းကျော် ပြောင်းရွှေခံခဲ့ရသည်။

အဆိုပါ ရွာများအား အဓမ္မပြောင်းရွှေ့ခိုင်းသော်လည်း နေရာအစားထိုးစီစဉ်ပေးခြင်းမရှိသဖြင့် ယင်းရွာသူရွာသားများမှာ လက်ရှိအချိန်ထိ စစ်တွေမြို့ ပေါ်ရှိ ရွှေစေတီ၊ ဓမ္မာရာမ၊ ယပ်တရာ၊ အိမ်စိုးမေမိ၊ စစ်ကဲကျောင်း၊ မဏိရတနာ၊ ရက္ခဏ္ဍိုင်၊ သံဃာရတနာ၊ ဆင်ကူးလမ်းကျောင်းတိုက်၊ သောပိတရာမ စသည့် ဘုန်းကြီးကျောင်း ၂၆ ကျောင်း၌ ခိုလှုံနေရကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များခိုလှုံနေသည့် ကျောင်းတိုက်တခုမှ ဆရာတော်တပါးက “သူတို့အခက်အခဲတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်ပါဘူး။ ပထမ ရောက်တဲ့လကဆိုရင် ကူမယ့်သူတွေလည်းမရှိ ဘုန်းကြီးတွေက တတ်နိုင်သလောက် ကူညီ ပေးတယ်။ ထမင်းမစားရသေးဘူးဆိုရင် ရှိတာပေးလိုက်တယ်။ နောက်တော့ စစ်ရှောင်လည်း ငတ် ဘုန်းကြီးလည်း ငတ် ဖြစ်ကြတော့ အခုတော့ WFP (ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့) က ဆန်နည်းနည်း ထောက်ပံ့တာရှိပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

လတ်တလောအခြေအနေတွင် WFP မှပေးသော လူတဦးလျှင် ၁ ရက် နို့ဆီဗူး ၂ လုံးနှုန်း ထောက်ပံ့မှုသာရရှိပြီး အခြား မည်သည့် အထောက်အပံ့မှ မရရှိကြကြောင်း အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များက ပြောသည်။

ရွှေ့ပြောင်းပေးလိုက်ရသည့် ရွာသားတဦးက “ကျနော်တို့ စားရေးသောက်ရေး အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ အပြင် လည်း မထွက်ရဘူး၊ ကူညီပေးမယ့်သူတွေလည်း မရှိဘူး။ ဘုန်းကြီးကျောင်းထဲက ငှက်ပျောပင်တွေကို ချက်စားတာ။ အခု ငှက်ပျောပင်တွေလည်း ကုန်ပြီ၊ လမ်းဘေးရေမြောင်းတွေမှာ ပေါက်နေတဲ့ ပိန်းစွယ်တွေကို ခူးပြီး စားနေရတယ်။ ငါးဆိုတာ မမြင်ဖူးတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် လူနေထူထပ်သည့်အတွက် အရေပြားရောဂါနှင့် ဝမ်းရောဂါများလည်း ဖြစ်ပွားနေကြောင်း စစ်ဘေးဒုက္ခသည် များက ဆိုသည်။

ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ဖြိုဖျက်ပေးရမည့် ကျေးရွာများစာရင်းကို ဇွန် ၁၀ ရက်က AASYCထုတ်ပြန်ခဲ့စဉ်/ AASYC

ရွှေ့ပြောင်းပေးလိုက်ရသည့် ရွာခံအမျိုးသမီးတဦးက “လူတွေက တအားများတော့ ဘုန်းကြီးကျောင်းအပေါ်မှာ အမျိုးသား တွေက အိပ်ကြတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေက ကျောင်းအောက်မှာ အိပ်ကြရတယ်။ တယောက်နဲ့ တယောက် ပူးကပ်အိပ်ကြရတာ။ တယောက်နေမကောင်းဖြစ်တာနဲ့ ကျန်တဲ့လူတွေလည်း နေမကောင်းဖြစ်ကြတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များသည် စားနပ်ရိက္ခာမလုံလောက်ခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း၊ လူနေထူထပ်ခြင်းတို့ ကြောင့် ဒုက္ခသည်တချို့ အရေပြားရောဂါနှင့် ဝမ်းရောဂါများဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နယ် စည်းမထားဆရာဝန်များအဖွဲ့ (MSF) တို့ ရံဖန်ရံခါ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

ရွှေ့ပြောင်းဒုက္ခသည်အမျိုးသမီးတဦးက “ဒုက္ခတွေက ဘာတွေလဲဆိုရင် အကုန်ပဲ။ ရွာက မောင်းထုတ်ခံရတယ်။ ပစ္စည်း တွေ လည်း ဘာမှယူခွင့်မရခဲ့ဘူး။ ကျမတို့က စစ်ရှောင်မှာ အခု ထမင်းမငတ်ရုံပဲ စားနေရတာ။ ဒီကြားထဲ ထောင်ထဲမှာ ရှိတဲ့ မိသားစုဝင်တွေကိုလည်း ပူပင်နေရတယ်။ ထောင်ဝင်စာတွေ့ဖို့လည်း လက်ထဲပိုက်ဆံ တပြားမှ မရှိဘူး။ ငရဲဘုံဆိုတာ ဒါလားလို့ တွေးပြီးမျက်ရည်ကျရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော မေလ ၂၉ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားများအား အစုလိုက်သတ်ဖြတ်ခဲ့သလို ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ကျန်ကျေးရွာသားများကို မည်သည့် ပစ္စည်းမှယူဆောင်ခွင့်မရဘဲ ရွာမှမောင်းထုတ်ကာ မြို့ တွင်းသို့ ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဗျိုင်းဖြူရွာသားများအား ဩဂုတ် ၃၀ ရက်နှင့် စက်တင်ဘာ ၆ ရက်တို့တွင် AA နှင့် အဆက် အသွယ်ရှိသည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) ဖြင့် စစ်တွေထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

စစ်ဘေးဒုက္ခသည်အရေး ကူညီပေးသည့် အရပ်ဘက်အဖွဲ့တခု၏ စာရင်းများအရ စစ်ကောင်စီ၏ အဓမ္မရွှေ့ပြောင်းမှုကြောင့် လူပေါင်း ၁ သိန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ပွားရကာ ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးအိမ်များ၌ ခိုလှုံခဲ့ရသလို၊ လူဦးရေ ၃၀၀ ဝန်းကျင်မှာလည်း ဖမ်းဆီးအကျဉ်းချခံထားရကြောင်း ဖော်ပြထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ရွှေ့ပြောင်းခံရသည့် ဗျိုင်းဖြူရွာတွင် အိမ်ခြေ ၁၉၀၀ ကျော် လူဦးရေ ၁ သောင်းခွဲကျော်ရှိပြီး၊ ကျေးတောပိုက်ဆိပ်ရွာတွင် လူဦးရေ ၄၀၀၀ ကျော်၊ သုံးဆောင်ရွာတွင် လူဦးရေ ၆၀၀ကျော်၊ ပါဒလိတ်ရွာတွင် အိမ်ခြေ ၇၀၀ ကျော် လူဦးရေ ၃၀၀၀ကျော်၊ ရေချမ်းပြင်ရွာတွင် လူဦးရေ ၁၈၀၀ ကျော်၊ ကျပ်တောပြင်ရွာတွင် အိမ်ခြေ ၂၃၀ ကျော် လူဦးရေ ၁၂၀၀ ကျော်၊ တြွီတဲရွာတွင် အိမ်ခြေ ၇၀၀ နီးပါး လူဦးရေ ၃၂၀၀ ကျော်၊ အောင်တိုင်ရွာတွင် အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၃၀၀ ကျော်၊ အမြင့်ကျွန်းရွာ၌ အိမ်ခြေ ၄၇၀ ကျော် လူဦးရေ ၂၀၀၀ ကျော်၊ သင်းပုန်းတန်းရွာတွင် အိမ်ခြေ ၄၅၀ လူဦးရေ ၂ ထောင်နီးပါး၊ မောင်နီပြင်တွင် အိမ်ခြေ ၆၉၈ လူဦးရေ ၃၀၆၈၊ ချောင်းနွယ်ရွာတွင် အိမ်ခြေ ၄၅၀ လူဦးရေ ၂၃၂၃၊ ရွာသစ်ကေ တွင် ၃၀၄ အိမ် လူဦးရေ ၃၄၁၆ ဦး၊ နာရီကန် တွင် ၇၇၂ အိမ် လူဦးရေ ၃၄၀၀ ကျော်၊ ကျားမသောက်ရွာတွင် ၃၁၈ အိမ်လူဦးရေ ၁၄၀၀ ကျော် တို့ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနစာရင်းများအရ သိရသည်။

စစ်ကောင်စီသည် AA နှင့် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်တွေမြို့ကို ရေလမ်း၊ ကုန်းလမ်း များကို ပိတ်ဆို့ကာ မြို့ခံများကို လူသားဒိုင်းအဖြစ်ပြုလုပ်ထားသလို ပြီးခဲ့သော ဩဂုတ်လ ၁ ရက်မှ စတင်ကာ စစ်တွေမြို့ ပတ်ပတ်လည်အား ခြံစည်းရိုးများကာနေသည်။

လတ်တလောအခြေအနေတွင် စစ်ကောင်စီသည် စစ်တွေမြို့၏ ဝင်ပေါက် ရေလမ်း၊ ကုန်းလမ်းပတ်လည် မိုင်းထောင်ခြင်း၊ ခြံခတ်ခြင်းများပြုလုပ်နေသလို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများကိုလည်း ဧည့်စာရင်းစစ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးခြင်း၊ တချို့ကို နေလှန်းပြီးပြန်လွှတ်ပေးခြင်း စသည့် လူအခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း မြို့ခံများက ပြောသည်။

You may also like these stories:

AA ၏ ထိန်းသိမ်းရေးစခန်း ၂ ခု ဗုံးကြဲခံရ ၆၀ ကျော် သေဆုံး

စစ်တွေ ဗျိုင်းဖြူရွာသား ၁၀၀ ကျော်ကို AA နှင့်ပတ်သက်သည်ဆိုကာ ထောင် ၃ နှစ်ချ

စစ်တွေမြို့ကို စစ်တပ်ခြံစည်းရိုးခတ်နေ

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

Your Thoughts …
Tags: စစ်ကောင်စီစစ်တွေစစ်ဘေးရှောင်စားဝတ်နေရေးဗျိုင်းဖြူရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းကွန်ဒို ရောင်းချမှု မြန်မာဝယ်လက် စံချိန်ကျော်လွန် မြင့်တက်

ထိုင်းကွန်ဒို ရောင်းချမှု မြန်မာဝယ်လက် စံချိန်ကျော်လွန် မြင့်တက်

ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ

ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved