• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

by ဧရာဝတီ
1 June 2024
in သတင်း
A A
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

၂၀၁၈ ခုနှစ် စစ်တွေတွင် ဗုံးပေါက်ကွဲအပြီး စစ်ဘက်လုံခြုံရေးက ရှင်းလင်းစဉ် /AFP

3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့အနီး ဗျိုင်းဖြူကျေးရွာအတွင်း စစ်ကောင်စီက ရွာသား ၄၀ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများအား မီးရှို့ဖျက်ဆီးနေကြောင်းဒေသခံရွာသားများထံမှ သိရသည်။

မေလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီဝန်းကျင်တွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သားများသည် ဗျိုင်းဖြူရွာသို့ ဝင်ရောက်လာပြီး ကျေးရွာသားများကို နေအိမ်မှထွက်ခိုင်းကာ ရွာလယ်ကွင်းပြင်၌ လူစုခိုင်းပြီးဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးတဦးက ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
84
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
86

၎င်းက “ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ရွာကိုဝင်လာပြီးတော့ ရွာလယ်ကွင်းပြင်မှာ လူစုခိုင်းတယ်။ ယောင်္ကျား ၊ မိန်းမ ခွဲလိုက်တယ်။ ယောင်္ကျားတွေကိုတော့ ကိုယ့်အင်္ကျီနဲ့ကိုယ် မျက်နှာတွေကိုစည်းခိုင်းပြီးတော့ နေပူပြင်မှာ ထိုင်ခိုင်းတယ်။ ဟိုမေး ၊ ဒီမေး စလုပ်တယ်။ ကျောပြင်တို့ ၊ လည်ပင်းတို့ ၊ လက်တို့မှာ တက်တူးထိုးထားရင် အဲဒီနေရာတွေကို ဓါးနဲ့ ထိုးတယ်။ AA လား ၊ AA ဟုတ်တယ်မလား ဆိုပြီးမေးတယ်။ ပြန်ဖြေချိန် မရလိုက်ဘူး။ ရက်ရက်စ က်စက် သေနတ်နဲ့ တခါတည်းပစ်သတ်လိုက်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဗျိုင်းဖြူကျေးရွာသားအားလုံးကို ဖမ်းဆီးပြီးနောက် ရွာဝင် ၊ ရွာထွက် လမ်းကြောင်းများကို ပိတ်ဆို့ထားကာ ဖမ်းဆီးခံရွာသားများအား အစာရေစာ လုံးဝ မကျွေးဘဲ ယင်းနေရာတွင် ညအိပ်ခိုင်းကြောင်း ဗျိုင်းဖြူကျေးရွာသားများက ပြောသည်။

ဗျိုင်းဖြူကျေးရွာသူ အမျိုးသမီးတဦးက “ ဖမ်းဆီးတဲ့အချိန်ကတည်းက ထမင်းလည်း မကျွေးဘူး။ ရေလည်းမတိုက်ဘူး။ ၂၉ ရက်နေ့ တညဆိုရင် အဲဒီ ကွင်းပြင်မှာပဲ သဲအလူးလူးနဲ့ အိပ်ခဲ့ရတယ်။ အိမ်ကို ခဏ ပြန်ပြီးတော့ကလေးတွေကို ကျွေးဖို့ မုန့်လေး ဘာလေး သွားယူပါရစေဆိုပြီး ငိုယိုပြီး တောင်း ပန်တာတောင် ကိုယ့်အိမ်ကိုယ် ဝင်ခွင့်မပေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ / ဧရာဝတီ

မေလ ၃၀ ရက်တွင် အမျိုးသမီးများနှင့် ကလေးငယ်များက စစ်ကောင်စီတပ်သားများထံ ငိုယိုတောင်းပန်သည့်အတွက် အနည်းငယ် ချက်ပြုတ်စားသောက်ခွင့် ရရှိခဲ့ပြီးနောက် မေလ ၃၁ ရက်တွင် အမျိုးသမီးများကိုကားပေါ်သို့ တင်ဆောင်ပြီး စစ်တွေမြို့လယ် ဝင်္ကဘာကွင်း၌ ချထားခဲ့ကာ သွားချင်ရာသွားကြရန်နှင့် ရွာသို့ပြန်မလာရန် စစ်ကောင်စီ တပ်သားများက မှာကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အမျိုးသားများအား ဆက်လက် ဖမ်းဆီးထားပြီး ယင်းတို့အနက် လူပေါင်း ၄၀ ကျော်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကာ အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့သလို လူငယ်အချို့အား စစ်တွေ တပ်နယ်ထဲသို့ ခေါ်ဆောင်သွားကြောင်းကျေးရွာသားများက ပြောသည်။

ကျေးရွာသားတဦးက “ အသတ်ခံရတာ အားလုံး လူပေါင်း ၄၀ ကျော်လောက် စာရင်းရတယ်။ တချို့က မိသားစုရှေ့မှာ အသတ်ခံရတယ်လို့ မိသားစုကိုယ်တိုင် အတည်ပြုတယ်။ တချို့ကလည်း ရွာက ဘယ်သူ ၊ ဘယ်ဝါ သေနေတာကိုတွေ့ခဲ့တယ်။ တချို့က ဘယ်လို အဝတ်အစားနဲ့ ဘယ်သူ့အလောင်းကို စစ်ကောင်စီက မီးရှို့ ဖို့ ရွာဈေးကွင်းမှာ စုထားတယ် စသဖြင့်ပေါ့။ အတည်ပြု ပြောကြားလာတာကို စာရင်း ပြုစုထားတာ။ အခုလည်း စစ်ကောင်စီကရွာထဲမှာ ရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးထားသည့် အမျိုးသမီးများထဲမှ အမျိုးသမီးငယ် ၃ ဦးကိုခေါ်ယူပြီး ၎င်းတို့၏ ဖုန်းများသည် Password ခံထားသည့်အတွက် စစ်ဆေးရန်အကြောင်းပြချက်ဖြင့်ခေါ်ထုတ်သွားပြီးနောက် ယင်း ၃ ဦးမှာ ပြန်လည် ရောက်ရှိလာခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်း / မင်းအောင်ခိုင် / ဧရာဝတီ

အာရက္ခတပ်တော် ( AA ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင်သတ်ဖြတ်ခံရသည့် ရွာသား ၄၀ ကျော်ရှိကြောင်း ၊ ၎င်းတို့ထဲမှာ ရွာသား ၃၃ ဦး၏ အမည်စာရင်းများကို လက်ခံရရှိထားကြောင်း ၊ အမျိုးသမီးငယ် ၃ ဦးလည်း အဓမ္မပြုကျင့်ခံရသည်ဟု သိရှိရကြောင်း ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

၎င်းက “ လွန်ခဲ့တဲ့ မေလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ကသေနတ်ပစ်ဖောက်ဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တဲ့ဖြစ်စဉ်မှာ သတ်ဖြတ်ခံရတဲ့ ရွာသားအားလုံးကတော့ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲက ရွာသား ၃၃ ဦးရဲ့နာမည်စာရင်းတွေကိုတော့ ကျနော်တို့ လက်ခံရရှိထားပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ အမျိုးသမီးငယ် ၃ ယောက်ကလည်းအဓမ္မပြုကျင့်ခံရပြီးတော့ ၂ ယောက်က သတ်ဖြတ်ခံရတယ်လို့ သိရတယ်။ ကျန်တဲ့ တယောက်ကတော့ အခုချိန်ထိ ပျောက်နေတာပေါ့။ အဲဒီ တယောက်ရဲ့ ကံကြမ္မာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး ” ဟု ဧရာဝတီသို့ပြောသည်။

စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာသားများအပေါ် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းသည် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သလို လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကို လည်း ပြောင်ပြောင်တင်းတင်းကျူးလွန်ရာရောက်ကြောင်း ၊ စစ်ကောင်စီအနေဖြင့် တာဝန်ယူ ၊ တာဝန်ခံ ရမည်ဖြစ်သလို လူသတ် ၊ အဓမ္မပြုကျင့်ရာတွင် ပါဝင်သည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့နှင့်အတူ ပါဝင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီမှ တပ်ဖွဲ့ဝင် တယောက်ချင်းစီကိုလည်း အပြစ်ပေး အရေးယူရန် AA အနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ဦး ခိုင်သုခက ဆက်လက်ပြောကြားသည်။

စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာတွင်အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိစစ်ကောင်စီက ရွာထဲတွင်တပ်စွဲထားသလို သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသည့် ရွာသားတချို့မှာလည်း ရွာထဲ၌ ပိတ်မိနေကြောင်း ကျေးရွာသားများက ပြောသည်။

You may also like these stories:

စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကိုဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: AAစစ်တွေစစ်တွေတပ်နယ်ဒေသခံဗျိုင်းဖြူရွာလယ်ကွင်းပြင်အစုလိုက် အပြုံလိုက်အဓမ္မပြုကျင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ရာသီဥတု ပြောင်းလဲမှု စနစ်

ရာသီဥတု ပြောင်းလဲမှု စနစ်

သံတွဲဒေသ၏ မြေမြှုပ်မိုင်း စာမျက်နှာသစ်

သံတွဲဒေသ၏ မြေမြှုပ်မိုင်း စာမျက်နှာသစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate