• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
in ဆောင်းပါး
A A
စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီ၏ စစ်သင်္ဘော

14.9k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်တွင်းစစ်တွင် ရေတပ်၏ အခန်းကဏ္ဍသည် ပေါ်လွင်လှသည် မဟုတ်ပေ။ ပြည်တွင်းစစ် အစောပိုင်းက မော်လမြိုင်မြို့ကို ကရင်သိမ်းစဉ်ကလည်းကောင်း၊ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အား စစ်ဆင်ရေး ပြုလုပ်စဉ်ကလည်းကောင်း ရေတပ်ကို အသုံးပြုခဲ့သည် ဆိုသော်လည်း ကြီးကြီးမားမား မဟုတ်ခဲ့ပေ။

သို့သော် နောက်ပိုင်း ပြည်တွင်းစစ်ရှိန် မြင့်ခဲ့သည့် ဗကပ၊ KNU, ကချင် KIA, ရှမ်းတို့နှင့် တိုက်ခိုက်ရသည့် တိုက်ပွဲများမှာ ပြင်းထန်သော စစ်ပွဲများဖြစ်သော်လည်း ကချင်၊ ရှမ်း၊ ကရင်တောင်တန်း ဒေသများတွင်သာ ဖြစ်ပွားသဖြင့် စစ်တပ်၏ ရေတပ်ပါဝင်ခဲ့ခြင်း မရှိပေ။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
246
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
2.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
2.4k

ရေတပ်

လွတ်လပ်ရေးယူခါစ ကာလက စတင်ဖွဲ့စည်းခဲ့သော ရေတပ်သည် ယခင်အခါက သာမန်မျှသာ ဖြစ်၏။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရေတပ်ကို တိုးချဲ့တည်ဆောက်လာခဲ့၏။ ယခုအခါ စစ်မှုထမ်းအင်အား ၁၉,၀၀၀ ခန့်ဖြင့် အမှုထမ်းလျက်ရှိပြီး ရေငုပ်သင်္ဘောနှစ်စီးအပါအဝင် စစ်ရေယာဉ်ပေါင်း ၁၂၂ စီးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိသည်ဟု ဆိုပါသည်။

ယခုအခါ စစ်မှုထမ်းအင်အား ၁၉,၀၀၀ ခန့်ဖြင့် အမှုထမ်းလျက်ရှိပြီး ရေငုပ်သင်္ဘောနှစ်စီးအပါအဝင် စစ်ရေယာဉ်ပေါင်း ၁၂၂ စီးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိသည်ဟု ဆိုပါသည်။

ကက (ရေ) အောက်တွင် ဗျူဟာမြောက် ရေတပ်ကွပ်ကဲမှုဌာနချုပ် (နေပြည်တော်)၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် (ဆိပ်ကြီး ခနောင်တို)၊ ရေတပ်သင်္ဘောကျင်း ဌာနချုပ် (သန်လျင်) တို့အပြင် ရေတပ်စခန်းဌာနချုပ်များ၊ ရေတပ်ဗျုဟာ စစ်ရေယာဉ်စုများ (ရဗစ) နှင့် အထူးတပ်ဖွဲ့များရှိ၏။

ရေတပ်စခန်းဌာနချုပ်များ

၁။ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် (ဧရခ) ဌာနချုပ်၊ သန်လျက်စွန်း၊ ရန်ကုန်
၂။ မောရဝတီ ရေတပ်စခန်းဌာနချုပ် (မရခ) ဌာနချုပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
၃။ ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ) ဌာနချုပ်၊ ကျောက်ဖြူ၊ ရခိုင်ပြည်နယ်
၄။ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် (ပရခ) ဌာနချုပ်၊ ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း
၅။ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် (သရခ) ဌာနချုပ်၊ မြိတ်မြို့ ဟူ၍ ရေတပ်စခန်းဌာနချုပ် ငါးခုရှိ၏။

ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ

၁။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စု၊ သန်လျင်
၂။ အမှတ် (၂) ဗျူဟာ စစ်ရေယာဉ်စု၊ ဟိန်းဇဲ၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်း
၃။ အမှတ် (၃) ဗျူဟာ စစ်ရေယာဉ်စု၊ စနဲမြို့၊ ကျောက်ဖြူခရိုင်၊ ရခိုင်ပြည်နယ်
၄။ အမှတ် (၄) ဗျူဟာ စစ်ရေယာဉ်စု၊ ဟိုင်းကြီးကျွန်း ဟူ၍ ဗျူဟာစစ်ရေယာဉ်စု လေးစုရှိသည်။

ရေတပ်၏ ရေငုပ်သင်္ဘောများ (Submarines)၊ Landing Platform Dock (LPD)၊ ဖရီးဂိတ်စစ်ရေယာဉ်များ (Frigate)၊ ကော်ဗက် စစ်ရေယာဉ်များ (Corvette)၊ ကိုယ်ပျောက် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်၊ မိုင်းရှင်း စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘော တိုက်ခိုက်ရေး စစ်ရေယာဉ်များ၊ ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC – Missile)၊ အမြောက်တင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC – GUN)၊ ကမ်းလွန် ကင်းလှည့်စစ်ရေယာဉ်များ (Large Patrol Combatants)၊ ကမ်းရိုးတန်း ကင်းလှည့်စစ်ရေယာဉ်များ၊ ကရူဇာ ကင်းလှည့်စစ်ရေယာဉ်များ၊ အမြန်သွား ကင်းလှည့်စစ်ရေယာဉ်များ၊ တင့်ကားတင် ကမ်းထိုးရေယာဉ်များ (Coastal land craft mechanised)၊ ကမ်းထိုး ရေယာဉ်များ (Coastal Land Craft Utility)၊ ကမ်းရိုးတန်း သုတေသန စစ်ရေယာဉ်များ၊ ကမ်းရိုးတန်း ထောက်ပံ့ပို့ဆောင်ရေး စစ်ရေယာဉ်များ၊ မြစ်ချောင်း ကင်းလှည့်ရေယာဉ်များ၊ ရေပေါ်လွန်းကျင်း စစ်ရေယာဉ်များ၊ မောင်းသူမဲ့ ရေယာဉ်များ (USV)၊ ရေတပ်လေကြောင်း (Naval aviation) စသည်ဖြင့် ရေယာဉ်အမျိုးစုံ ၁၂၂ စီး ရှိသည်ဟုဆို၏။

မြန်မာရေတပ်သင်္ဘောသစ် မုတ္တမ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့ ဆိပ်ကမ်းသို့ ၂၀၁၉ ခုနှစ်က ဝင်ဆိုက်စဉ်

ရေငုပ်သင်္ဘောနှစ်စီး၊ LPD မုတ္တမ သင်္ဘောကြီးတစင်း၊ ဖရီးဂိတ် စစ်သင်္ဘောလေးစီးအပါအဝင် ရေယာဉ်ပေါင်းစုံ ၁၂၂ စီး ရှိသည်ဖြစ်ရာ ကိန်းဂဏန်းများအရ အထင်ကြီးလောက်သည်။ ရေတပ်သည် တိုက်ပွဲအတွေ့အကြုံ မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း နည်းပညာခေတ်ဖြစ်သည့်အပြင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများကို ရခိုင်ကမ်းရိုးတန်း၌ ပုံမှန်ပြုလုပ်နေသည်ဖြစ်ရာ သူ၏ စစ်ရေးစွမ်းရည်ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်က အမှန်ပင်ဖြစ်၏။

ရေတပ်၏ အခန်းကဏ္ဍ

တောင်တန်းဒေသများတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များအဖို့ ရေတပ်သည် ထည့်သွင်းတွက်ချက်စရာ မလိုပေ။ တနင်္သာရီကမ်းရိုးတန်း၊ သံလွင်မြစ်ကြောင်းရှိ မော်လမြိုင်၊ ဘားအံ၊ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြောင်းတို့တွင် ရေတပ်ကို အသုံးပြုနိုင်သည်။

တနင်္သာရီကမ်းရိုးတန်းတွင် ပင်လယ်ကမ်းရိုးတန်းတလျှောက် တိုက်ပွဲဖြစ်ပါက ပစ်ကူပေးသည်ကို တခါတရံ တွေ့ရသော်လည်း ပင်လယ်ကမ်းခြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါး၍ ရေတပ်အသုံးပြုနည်း၏။ တနင်္သာရီကမ်းရိုးတန်းရှိ မြစ်ချောင်းများအား ရေတပ်အသုံးပြုနိုင်မှု နည်း၏။ သံလွင်မြစ်ကြောင်းပေါ်ရှိ မော်လမြိုင်၊ ဘားအံဒေသများတွင် တိုက်ပွဲဖြစ်ပွားပါက ရေတပ်မှ ပစ်ကူနှင့် ထောက်ပို့ပြုလုပ်နိုင်၏။ သို့သော် ယခုအချိန်ထိ တိုက်ပွဲမဖြစ်သေး၍ အသုံးမပြုသေးသော်လည်း ရေတပ်အသုံးပြုနိုင်သည်ကို ထည့်သွင်းတွက်ချက်ရန် လို၏။

ရေတပ်သည် တိုက်ပွဲအတွေ့အကြုံ မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း နည်းပညာခေတ်ဖြစ်သည့်အပြင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများကို ရခိုင်ကမ်းရိုးတန်း၌ ပုံမှန်ပြုလုပ်နေသည်ဖြစ်ရာ သူ၏ စစ်ရေးစွမ်းရည်ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်

မြစ်ဝကျွန်းပေါ်ဒေသ၌ ပင်လယ်ကမ်းရိုးတန်းသာမက မြစ်ချောင်းများအတွင်း ရေတပ်အသုံးပြုနိုင်သည်။ ယခင်ကလည်း အသုံးပြုဖူးသည်။ ယခုလည်း တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုရှိပါက ရေတပ်အသုံးပြုရန် အသင့်ပြင်ထားပုံရ၏။ ဧရာဝတီ၊ ချင်းတွင်းမြစ်များအတွင်း ရေတပ်အသုံးပြုသင့်သည်ဟု အမြင်ရှိသူများ စစ်တပ်အတွင်း ရှိသော်လည်း ယခုအချိန်အထိ ကောင်းစွာ အသုံးပြုခြင်း မရှိပါ။ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များက ရေတပ်အသုံးပြုရန် မလိုဟု ဆုံးဖြတ်ထားပုံရ၏။

မြန်မာရေတပ်အတွက် တရုတ်က ပေးသော ရေငုပ်သင်္ဘော

လက်ရှိအချိန်တွင် ရခိုင်ကမူ ရေတပ်အသုံးပြုနိုင်မှု အားအကောင်းဆုံး ဖြစ်၏။ ရခိုင်တွင် ကမ်းရိုးတန်းတွင်သာမက နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ သံဇိုက်မြစ်၊ ကလိန်တောင်မြစ်စသည့် ရခိုင်ရိုးမမှ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဆင်းလာသည့် မြစ်များမှာလည်း ရှည်လျားကျယ်ပြောသည်ဖြစ်ရာ ရေတပ်သင်္ဘောများ ကောင်းစွာလှုပ်ရှားနိုင်၏။

၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ စစ်ပွဲများအတွင်း ရခိုင်တွင် ဖြစ်ပွားသောစစ်ပွဲများ၌ ရေတပ်ကို အသုံးချသည်ကို တွေ့ရ၏။ ရေတပ်အား အသုံးပြုမှုများမှာ ပစ်ကူပေးခြင်း၊ မြစ်လက်တက်၊ ချောင်းလက်တက်များတွင် ပိတ်ဆို့ခြင်း၊ စစ်သည်များ သယ်ပို့ခြင်း၊ ရိက္ခာ ခဲယမ်း သယ်ပို့ခြင်းများကို အဓိက ပြုလုပ်ခဲ့၏။ မော်တော်ကားလမ်းမှ ပိတ်ဆို့ဖြတ်တောက်ခြင်းကို ရေကြောင်းမှ ကျော်လွှားနိုင်ခဲ့၏။

ရေတပ်အား အသုံးပြုမှုများမှာ ပစ်ကူပေးခြင်း၊ မြစ်လက်တက်၊ ချောင်းလက်တက်များတွင် ပိတ်ဆို့ခြင်း၊ စစ်သည်များ သယ်ပို့ခြင်း၊ ရိက္ခာ ခဲယမ်း သယ်ပို့ခြင်းများကို အဓိက ပြုလုပ်ခဲ့၏။ မော်တော်ကားလမ်းမှ ပိတ်ဆို့ဖြတ်တောက်ခြင်းကို ရေကြောင်းမှ ကျော်လွှားနိုင်ခဲ့၏။

ဓညဝတီရေတပ်စခန်း လက်အောက်တွင် အမှတ် ၇၁ ရေငုပ်သင်္ဘော အခြေစိုက်စခန်းတခု ထားရှိသည့်အပြင် စနဲ၌ အမှတ် ၃ စစ်ဗျူဟာရေယာဉ်စု အခြေပြုသည်ဖြစ်ရာ ရခိုင်တွင် တိုက်ပွဲဝင်မည့် ရက္ခိုင့်တပ်တော် (AA) အတွက် ရေတပ်သည် ဂရုပြုရမည့် ရန်သူအင်အားစု ဖြစ်၏။

ထို့ပြင် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ စစ်ပွဲများအတွင် AA သည် ရေတပ်သင်္ဘောများကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း မရှိရာ စစ်တပ်သည် ရေတပ်ကို အယုံအကြည်ရှိပုံရ၏။ AA က တိုက်ခိုက်နိုင်ခြင်း မရှိသည့် ရေတပ်သင်္ဘောများအဖြစ် မှတ်ယူထားပုံရ၏။

ရခိုင်ရေကြောင်းတိုက်ပွဲ

၂၀၂၃ ခုနှစ် ရခိုင်စစ်ပွဲ စတင်ပြီးနောက် ပလက်ဝဒေသတွင် ရေတပ်အခန်းကဏ္ဍကို မမြင်ရသော်လည်း နိုဝင်ဘာ ၁၆ ရက်တွင် စတင်သည့် ပေါက်တောတိုက်ပွဲမှစ၍ ရခိုင်စစ်မျက်နှာတွင် ရေတပ်အသုံးပြုသည်ကို စတင်တွေ့ရ၏။ ပေါက်တောသို့ စစ်ကူပေးပို့ခြင်း၊ ပစ်ကူပေးခြင်းတို့ဖြင့် ရခိုင်စစ်ပွဲတွင် ရေတပ်ကို စတင်အသုံးပြုခဲ့သည်။

ပေါက်တော၊ မြေပုံ၊ မင်းပြားတို့အား ဘင်္ဂလားပင်လယ်အော်မှပတ်ကာ မြစ်လက်တက်များအား အသုံးပြု၍ လည်းကောင်း၊ မောင်တော်ဒေသကို ပင်လယ်ကမ်းရိုးတန်းအတိုင်း လည်းကောင်း၊ ရသေ့တောင်၊ ဘူးသီးတောင်ဒေသအား မယူမြစ်ကြောင်းအတိုင်း လည်းကောင်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ တင်းမဒေသအထိ ကုလားတန်မြစ်ကြောင်းအတိုင်း လည်းကောင်း၊ ရမ်းဗြဲကျွန်းအား ပင်လယ်ပြင်မှ လည်းကောင်း၊ သံဇိုက်မြစ်၊ ကလိန်တောင်မြစကြောင်းတို့အား အသုံးပြု၍ လည်းကောင်း စစ်ကောင်စီရေတပ်က ပစ်ကူနှင့်ထောက်ပို့ ဆောင်ရွက်ခဲ့၏။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီ၏ စစ်သင်္ဘော

သို့သော် စစ်ကောင်စီရေတပ်သည် ပစ်ကူ၊ ထောက်ပို့ သက်သက်နှင့် ကြည်းတပ် စစ်ဆင်ရေးများကို ကူညီရန်သက်သက်သာ ဖြစ်၏။ ရေတပ်တွင် သီးခြားတိုက်ခိုက်ရေးတပ် မရှိသဖြင့် ရေတပ်သီးခြားစစ်ဆင်ရေး ဆိုသည်မှာ မရှိပေ။ နေဗီဆီးလ် (Navy Seal) ကဲ့သို့ အထူးတပ်ဖွဲ့ရှိသည် ဆိုသော်လည်း စစ်ဆင်ရေးများတွင် မတွေ့ရပေ။ သို့ဖြစ်ရာ ရခိုင်စစ်မျက်နှာတွင် ရေတပ်သည် ပစ်ကူနှင့် ထောက်ပို့တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ရခိုင်စစ်ပွဲ နှစ်လကျော်သည်အထိ ဘေးအန္တရယ်ကင်းနေခဲ့၏။

AA ၏ ပထမဆုံးနှင့် အအောင်မြင်ဆုံး ရေကြောင်းတိုက်ပွဲမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျောက်တော်မှ ဆုတ်ခွာလာသည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ တပ်မမှူးနှင့် စစ်သည်များ၊ အိမ်ထောင်သည်များ ပါဝင်သည့် စစ်သင်္ဘောသုံးစီးအား ကုလားတန်မြစ်၊ အပေါက်ဝရွာအနီး၌ တိုက်ခိုက်နှစ်မြှုပ်ခဲ့ခြင်းဖြစ်၏။ စစ်ကောင်စီသည် ရေတပ်သင်္ဘောများကို ရက္ခိုင့်တပ်တော်က ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း မရှိဟူသည့် အထင်အမြင်သေးသည့် စိတ်ကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့၏။

ရက္ခိုင့်တပ်တော်က လက်နက်ချရန် နာရီဝက်ခန့် အချိန်ပေးသည်ကိုပင် ငြင်းဆန်ခဲ့၏။ သို့နှင့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစီး အပါအဝင် ရေတပ်သင်္ဘောသုံးစီးကို မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် နှစ်မြှုပ်နိုင်ခဲ့ပြီး စစ်ကူလာသည့် သင်္ဘောလေးစီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်ခဲ့ကာ ကောင်းစွာ ဟန့်တားနိုင်ခဲ့၏။ ဤရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက် တိုက်ခိုက်နေခဲ့သည့်ကြားမှ စစ်ကောင်စီ၏ စစ်သင်္ဘောများကို ရက္ခိုင့်တပ်တော်က အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ရေတပ်သင်္ဘောများကို ရက္ခိုင့်တပ်တော်က ထိခိုက်အောင် တိုက်ခိုက်နိုင်ခြင်း မရှိဟူသည့် အထင်အမြင်သေးသည့် စိတ်ကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့၏။

ရေတပ်သင်္ဘောများ နစ်မြုပ်မှုနှင့်အတူ ရေတပ်မှ အရာရှိစစ်သည်များအပြင် စကခ ၉ မှ ဆုတ်ခွာလာသူ ၇၀၀ ခန့် သေဆုံးသည်ဟု သတင်းထွက်ပေါ်လာ၏။ အတိအကျ ကိန်းဂဏန်းကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိပါ။ သို့သော် အကျအဆုံးများပြား၍ မြန်မာစစ်တပ်အတွင်း ပွက်လောရိုက်သွား၏။ စကခ ၉ မှူးနှင့် အားကောင်းမောင်းသန် စစ်သားအချို့ ရေကူး၍ ထွက်ပြေးသည်ကို ရက္ခိုင့်တပ်တော် ဆယ်ယူပေးသည်ကို ဗီဒီယိုဖိုင်များတွင် တွေ့မြင်ရပြီး အင်အားဆယ်ဂဏန်းအချို့ကို ကယ်တင်ပေးနိုင်ကာ အသက်ရှင်လျက် အဖမ်းခံရသည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ မြစ်ကြောင်းတလျှောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်သင်္ဘောတစီးအား ရက္ခိုင့်တပ်တော်က ထပ်မံ၍ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ်တစီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစီးနှင့် ဇက်သင်္ဘော နှစ်စီး၊ စုစုပေါင်း ငါးစီးအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ထို့အတူ ရက္ခိုင့်တပ်တော်၏ စာရင်းများအရ အခြားသော လေးစီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။ ရေတပ်သင်္ဘော အမျိုးအစားများတော့ မသိရသေးပါ။

ရခိုင်စစ်မျက်နှာနှင့် ရေတပ်

လေကြောင်းမှ ပစ်ကူပေးနေသည့်ကြားမှ စစ်ကောင်စီ၏ ရေတပ်သင်္ဘောများကို နှစ်မြှုပ်နိုင်လိုက်သည့်အပြင် ကျဆုံး၊ ဖမ်းမိကလည်း အင်အား ၁ ထောင်နီးပါးရှိပြီး များပြားသဖြင့် စစ်ကောင်စီအတွက် သွေးပျက်ဖွယ် ဖြစ်သကဲ့သို့ စိတ်ပျက်ဖွယ်လည်း ဖြစ်သွား၏။ ထို့အတူ ရေတပ်သင်္ဘောများအတွက် ထိတ်လန့်ဖွယ်လည်း ဖြစ်သွား၏။

ကျောက်တော်မှ ဆုတ်ခွာလာသည့် စကခ ၉ တပ်ဖွဲ့များ တင်လာသည့် စစ်သင်္ဘောများ နှစ်မြှုပ်ခံရပြီးနောက် ဘူးသီးတောင်မှ အိမ်ထောင်သည် မိသားစုများ စစ်တွေသို့ ပို့ဆောင်ရာတွင် ရေတပ်သင်္ဘောများကို အသုံးပြု၍ ရေကြောင်းမှ ပို့ဆောင်ခြင်း မပြုရဲတော့ပေ။ ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှ ပို့ဆောင်သည်ကို တွေ့ရ၏။ ရေတပ်သင်္ဘောများကို ရက္ခိုင့်တပ်တော်က ကောင်းစွာတိုက်ခိုက်နိုင်သည်ဟု စစ်ကောင်စီ မှတ်ယူသွား၏။ စစ်တပ် အရဲမကိုးရဲတော့ပေ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်နှစ်မြှုပ်ခဲ့သော စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးနှင့် ဇက်သင်္ဘောတစီး တည်နေရာပြ မြေပုံ

ထို့အတူ စစ်ကောင်စီ ရေတပ်သင်္ဘောများသည်လည်း ရခိုင် ပင်လယ်ကမ်းရိုးတန်းတွင် သွားလာရဲကြသော်လည်း ရခိုင်ပြည်နယ်၏ မြစ်ချောင်းများအတွင်း ရဲရဲတင်းတင်း သွားလာရဲခြင်း မရှိတော့ဟု သိရ၏။ ပြဿနာမှာ လေကြောင်းပစ်ကူရှိသည့်ကြားက ရေတပ်သင်္ဘောများကို မည်သည့်လက်နက်နှင့် နှစ်မြှုပ်သည်ကို တိတိပပ မသိကြရ၍ဖြစ်၏။ ရက္ခိုင့်တပ်တော်ဘက်ကမူ ထုတ်ဖော်ကြေညာခြင်း ပြုမည်မဟုတ်ပေ။ လောလောဆယ်တွင် စစ်ကောင်စီရေတပ်က မှန်းဆနေသည်မှာ ရေမြှုပ်မိုင်းကြောင့် ဖြစ်နိုင်သည်ဟု တွက်ဆပြီး ရခိုင်ပြည်၏ မြစ်ချောင်းများအတွင်း ရေတပ်သင်္ဘောများ ရဲရဲတင်းတင်း သွားလာရဲခြင်း မရှိကြတော့ပေ။

ရခိုင်ပြည်နယ်ရှိ အထင်ကရများဖြစ်သည့် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ရာမောင်မြစ်တလျှောက် စစ်ကောင်စီရေတပ်သည် ၂၀၁၉၊ ၂၀၂၀ ကတည်းက နှစ်များစွာ၊ ကြိမ်ဖန်များစွာ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြ၏။ မြစ်ဘေးတလျှောက် ရွာများအား ရေတပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ကမ်းကပ်၍ ရွာများတွင် ဝင်ရောက်လုယက်ခြင်း၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့်လည်း ရေတပ်သင်္ဘောများ သွားလာနိုင်သည့် မြစ်ကြောင်းတလျှောက် ရွာများပျက်စီးခဲ့ကြ၏။ မပျက်စီးသေးသောရွာများတွင်လည်း အရပ်သားများ နေထိုင်ရဲခြင်းမရှိတော့ဘဲ ထွက်ပြေးနေကြရ၏။

လောလောဆယ်တွင် စစ်ကောင်စီရေတပ်က မှန်းဆနေသည်မှာ ရေမြှုပ်မိုင်းကြောင့် ဖြစ်နိုင်သည်ဟု တွက်ဆပြီး ရခိုင်ပြည်၏ မြစ်ချောင်းများအတွင်း ရေတပ်သင်္ဘောများ ရဲရဲတင်းတင်း သွားလာရဲခြင်း မရှိကြတော့ပေ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကုလားတန်မြစ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီရေတပ် အထိနာပြီးနောက် လက်တွန့်သွားပြီး မြစ်ကြောင်းတလျှောက် ရမ်းကားခြင်း လျော့ကျသွား၏။

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်၏ လက်ရှိ ရခိုင်ပြည်တွင် တွေ့ရသည့် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဆိုသည်မှာ ပြောပလောက်သည့် စစ်ဗျူဟာမတွေ့ရသည့်အပြင် အရှုံးကြီးရှုံးနေ၏။ လက်ရှိတွင် တပ်မ သုံးခုကျော် ပြုန်းတီးပြီး ပြည်နယ်မြို့တော် စစ်တွေ၊ စစ်တိုင်းဌာနချုပ် အမ်း၊ စီးပွားရေးဇုန်ရှိရာ ကျောက်ဖြူနှင့် အပမ်းဖြေစခန်းရှိရာ သံတွဲတို့တွင် ပတ်လည်စခန်းများမှ ဆုတ်ခွာပြီး မြို့တွင်း၌ ခံစစ်ဆင်နေရသည်ကို တွေ့ရ၏။

ရေတပ်နှင့် လေတပ်၌ရှိသော ခေတ်မီ စက်ယန္တယားများ အားကိုးဖြင့် စစ်တပ်က သူတို့၏ အားသာချက်ဟု မှတ်ယူထားကြ၏။ လေတပ်က လေယာဉ်များ၊ ရဟတ်ယာဉ်များလည်း တစင်းပြီးတစင်း ပစ်ချခံနေရ၏။ စစ်ကောင်စီလော်ဘီများက သူဖာသာပျက်ကျပါသည်ဟု ဆိုနေကြသေး၏။ ယခု စစ်သင်္ဘောများလည်း သူဖာသာပျက်သွားသည်ဟု ဆို၍မရတော့ သောင်တင်သည်ဟု ကြံဖန်ဆိုကြပြန်၏။

ကုလားတန်မြစ်ကြောင်း အပေါက်ဝရွာအနီး ကျောက်တော်မှ ဆုတ်ခွာလာသည့် ရေတပ်သင်္ဘောများအား ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြားမှ နှစ်မြှုပ်ပစ်နိုင်ခဲ့ရာ တိုက်စိတ်ခိုက်စိတ်၊ တိုက်ရည်ခိုက်ရည်အရ မယှဉ်နိုင်ဘဲ လေယာဉ်၊ သင်္ဘောစသည့် ရုပ်ဝတ္ထု၊ စက်ပစ္စည်း တပန်းသာမှုနှင့် အားတင်းနေရသည့် စစ်တပ် မဲတင်းစရာ ပျောက်ဆုံးသွား၏။ စစ်ကောင်စီရေတပ်သည် ဖွဲ့စည်းပုံကိန်းဂဏန်းများအရ အထင်ကြီးလောက်သော်လည်း စစ်မြေပြင်တွင် ထိရောက်သည့် စွမ်းဆောင်ရည် မပြနိုင်ပေ။ တော်လှန်ရေးတပ်ဖွဲ့များအား မယှဉ်နိုင်ပေ။

ရက္ခိုင့်တပ်တော်၏ ရေကြောင်းတိုက်ပွဲ အနိုင်ရမှုသည် ခေတ်သစ် ပြည်တွင်းစစ်၊ နွေဦးတော်လှန်ရေးတွင် ပထမဆုံးအောင်ပွဲ ဖြစ်၏။ စစ်ကောင်စီ၏ ရေတပ်အားသာမှုကို ကောင်းစွာ အနိုင်ယူနိုင်သည်ကို ပြသလိုက်ခြင်း ဖြစ်၏။ ဓညဝတီ ရေတပ်ဌာနချုပ် လက်အောက်တွင် ရေငုပ်သင်္ဘောအခြေစိုက် စခန်းတခုအပြင် စစ်ဗျူဟာရေယာဉ်စု တစုလည်း ရှိသည်ဖြစ်ရာ ရက္ခိုင့်တပ်တော်သည် ပိုမိုခက်ခဲသည့် ရေကြောင်းတိုက်ပွဲများကို ရင်ဆိုင်ရနိုင်၏။

ရက္ခိုင့်တပ်တော်၏ ရေကြောင်းတိုက်ပွဲ အနိုင်ရမှုသည် ခေတ်သစ် ပြည်တွင်းစစ်၊ နွေဦးတော်လှန်ရေးတွင် ပထမဆုံးအောင်ပွဲ ဖြစ်၏။ စစ်ကောင်စီ၏ ရေတပ်အားသာမှုကို ကောင်းစွာ အနိုင်ယူနိုင်သည်ကို ပြသလိုက်ခြင်း ဖြစ်၏။

ခေတ်မီယန္တယားများ၊ စက်ပစ္စည်းများ၊ နည်းပညာများသည် စစ်ပွဲအား အထောက်အကူဖြစ်သည် မှန်သော်လည်း စစ်ပွဲ၏အောင်မြင်မှုသည် လူထုထောက်ခံမှုရှိသော၊ တိုက်စိတ်ခိုက်စိတ် မြင့်မားပြီး တိုက်ရည်ခိုက်ရည်ရှိသော တပ်ဖွဲ့များပေါ်တွင်သာ မူတည်သည်ကို ရခိုင်ရေကြောင်းတိုက်ပွဲက ပြသလိုက်၏။ စစ်ကောင်စီ၏ ရေတပ်သည် ပင်လယ်ပြင်မှနေ၍ ရခိုင်မြို့ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဖျက်ဆီးသည်ထက်ပိုသည့် စစ်ရေးစွမ်းဆောင်ချက် ယခုအထိလည်း မရှိခဲ့သကဲ့သို့ နောင်လည်း ရှိမည်မဟုတ်ပေ။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

မြောက်ဦးနှင့်မင်းပြားတို့တွင် သတင်းထောက် ၁ ဦးအပါ အရပ်သား ၉ ဦး စစ်တပ်သတ်ဖြတ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAASliderစစ်ကောင်စီစစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ရက္ခိုင့်တပ်တော်ရခိုင်ပြည်နယ်ရေကြောင်းတိုက်ပွဲရေတပ်ရေတပ်ပစ်ကူလေကြောင်းပစ်ကူ
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်မှာ ဘယ်ပြည်သူမှ တာဝန်မထမ်းချင်ဘူး (ရုပ်/သံ)

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်မှာ ဘယ်ပြည်သူမှ တာဝန်မထမ်းချင်ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate