တရုတ်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို လာမယ့်လမှာ ဧည့်ခံဖို့ စီစဉ်နေပြီး ဒါဟာ တရားဝင်မှု အရမ်းလိုအပ်နေတဲ့ စစ်ကောင်စီအတွက် ရှားပါးတဲ့အခွင့်အလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်လိုလားတဲ့ အမျိုးသားရေးဝါဒီတွေက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ခရီး အလားအလာအတွက် စိတ်မချမ်းသာကြပါဘူး။
စီစဉ်ထားတဲ့ ခရီးစဉ်ဟာ စစ်တပ်လိုလားတဲ့ အမျိုးသားရေးဝါဒီတွေအကြား ၂၀၂၂ ခုနှစ်က မင်းအောင်လှိုင်ရဲ့ ရုရှားခရီးလောက် စိတ်လှုပ်ရှားစရာ မဖြစ်စေပါဘူး။
နိုင်ငံတကာအထီးကျန်မှုအကြား ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်က မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတော့ မြန်မာက အမျိုးသားရေးဝါဒီတွေ ဂုဏ်ယူကြပါတယ်။ သူတို့ရဲ့ တယ်လီဂရမ်တွေမှာ မရေတွက်နိုင်တဲ့ စာတွေရေးသားကြပြီး သူတို့ခေါင်းဆောင်ကို မြန်မာအစိုးရရဲ့ တရားဝင်အကြီးအကဲအဖြစ် ရုရှားက အသိအမှတ်ပြုတယ်လို့ ကြွားဝါကြပါတယ်။ သူတို့ဟာ စစ်ကောင်စီခေါင်းဆောင်ကို လေဆိပ်မှာကြိုဆိုဖို့ အခမ်းအနားတောင် ကျင်းပကြပါတယ်။
စစ်ခေါင်းဆောင်ဟာ ဘေဂျင်းကို သွားဖို့ အကြိမ်ကြိမ်လုပ်ပေမယ့် မအောင်မြင်တဲ့အတွက် အခုတကြိမ်မှာ ဝမ်းမြောက်ကြောင်း ဖော်ပြသင့်ပေမယ့် သူတို့ဟာ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေကြပါတယ်။
စစ်ခေါင်းဆောင်ဟာ ဘေဂျင်းကို သွားဖို့ အကြိမ်ကြိမ်လုပ်ပေမယ့် မအောင်မြင်တဲ့အတွက် အခုတကြိမ်မှာ ဝမ်းမြောက်ကြောင်း ဖော်ပြသင့်ပေမယ့် သူတို့ဟာ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေကြပါတယ်။
တရုတ်ဟာ ရုရှားနဲ့အတူ စစ်ကောင်စီကို အဓိက လက်နက်ထောက်ပံ့ပြီး ထောက်ခံတဲ့နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်မှု ငတ်မွတ်နေတဲ့ စစ်ကောင်စီအတွက် အခုခရီးစဉ်ဟာ အရမ်းအရေးပါ ပါတယ်။
ဒါဆိုရင် အမျိုးသားရေးအုပ်စုတွေ ဘာကြောင့် အဲဒီခရီအတွက် ဂုဏ်မယူကြတာလဲ။
သူတို့ရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေကို လေ့လာသူတွေက ထောက်ပြပါတယ်။
‘အမျိုးသားရေး အုပ်စု’ ဆိုတာဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်တွေ၊ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ စစ်တပ်လိုလားသူတွေက သူတို့ကိုယ်သူတို့ဖော်ပြတဲ့ ဝေါဟာရဖြစ်ပါတယ်။

ဗုဒ္ဓဘာသာအများစုနိုင်ငံမှာ တခြားဘာသာတွေကို အမုန်းစကားတွေနဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်တာကြောင့် သူတို့ ကျော်ကြားနေတာ ဆယ်စုနှစ်တခုကျော် ကြာပါပြီ။
တချိန်တည်းမှာပဲ သူတို့က စစ်တပ်ဟာ မြန်မာမှာ ဗုဒ္ဓဘာသာကို ကာကွယ်အားပေးသူအဖြစ်နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို ပြည်ပခြိမ်းခြောက်မှုကနေ ကာကွယ်တဲ့ အင်စတီကျူးရှင်းအဖြစ် ပုံဖော်ကြတယ်။
စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်ကို ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဆုံးရှုံးတဲ့အတွက် တရုတ်ဟာ တာဝန်ရှိတယ်လို့ အမျိုးသားရေးအုပ်စုတွေ ယူဆကြတယ်။
ရှမ်းပြည်မြောက်ပိုင်းက နေရာတခု ဆုံးရှုံးတိုင်း သူတို့ဟာ တယ်လီဂရမ်မှာ ရေးသားပြီး တရုတ်ဟာ လက်ဝေခံစစ်ပွဲ ဆင်နွှဲကာ မြန်မာကို ကျူးကျော်နေတယ်လို့ ဖော်ပြကြပါတယ်။
သူတို့ဟာ ရန်ကုန်က တရုတ်သံရုံးပြင်ပနဲ့ မန္တလေး၊ နေပြည်တော်နဲ့ အခြားမြို့တွေမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ကြပြီး ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေဟာ ပြည်ပကျူးကျော်စစ် ဖြစ်တယ်လို့ ဖော်ပြကြတယ်။
တချို့အုပ်စုတွေက သူတို့ရဲ့ ဆန္ဒပြပွဲတွေမှာ ကိုးကန့်ဇာတိ တရုတ်လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို အပြစ်တင်ကြတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သြဂုတ်လက နေပြည်တော်ကို သွားရောက်စဉ်မှာ အဲဒီစွပ်စွဲချက်တွေကို တင်းတင်းမာမာ တုံ့ပြန်ပြီး “တရုတ်-မြန်မာဆက်ဆံရေး သွေးကွဲအောင် ဒါမှမဟုတ် တရုတ်ကို အပုပ်ချ လူကြမ်းလုပ်ဖို့ကြိုးစားတဲ့ ဘယ်စကားကိုမဆို ဆန့်ကျင်တယ်” လို့ ပြောပါတယ်။
အမျိုးသားရေးဝါဒီတွေဟာ တရုတ်ကို မုန်းသလိုပဲ အရမ်းပျော့တယ်လို့ သူတို့မြင်တဲ့ မင်းအောင်လှိုင်ကိုလည်း မကျေနပ်ကြဘူး။
စစ်တပ်ထောက်ခံသူ အများအပြားက မင်းအောင်လှိုင်ကို နုတ်ထွက်ဖို့ တောင်းဆိုကြပါတယ်။
စစ်တပ်ထောက်ခံတဲ့ဘုန်းကြီး ပေါက်ကိုယ်တော်က မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှာ အပြင်းအထန် ဝေဖန်ပြီး စစ်တပ်ကိုချစ်တဲ့သူတွေက မင်းအောင်လှိုင်ကို စိတ်ပျက်လာနေတယ်လို့ ရေးပါတယ်။
စစ်တပ်ထောက်ခံတဲ့ဘုန်းကြီး ပေါက်ကိုယ်တော်က မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှာ အပြင်းအထန် ဝေဖန်ပြီး စစ်တပ်ကိုချစ်တဲ့သူတွေက မင်းအောင်လှိုင်ကို စိတ်ပျက်လာနေတယ်လို့ ရေးပါတယ်။
အမျိုးသားရေး အစွန်းရောက် ဦးဝီရသူကလည်း မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှာ ဝေဖန်ပြီး စစ်ကောင်စီခေါင်းဆောင်က ရှမ်းပြည်မြောက်ပိုင်းကို တော်လှန်ရေးအင်အားစုတွေဆီ အလှူပေးတယ်လို့ လှောင်ပြောင်ပြောဆိုတယ်။
ဒီလိုအခြေအနေမှာ မင်းအောင်လှိုင်ကို ကူမင်းသို့ ဖိတ်ခေါ်ခြင်းဟာ အမျိုးသာရေးအုပ်စုတွေအကြား စိတ်ပျက်စရာ ဖြစ်စေပါတယ်။

တရုတ်ဟာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်တပ်နဲ့ဆွေးနွေးဖို့ ဖိအားပေးတဲ့အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထိန်းချုပ် နယ်စပ်စခန်းတွေကို မကြာသေးမီက ပိတ်လိုက်ပါတယ်။
ဒါပေမယ့် ရန်ကုန်က မဘသ အမာခံတယောက်က တရုတ်ရဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေပါတယ်။ “တရုတ်ဟာ မူဝါဒနှစ်ခွရှိတယ်လို့ ကျော်ကြားတယ်။ ဒါကြောင့် တရုတ်ဟာ ညီနောင်မဟာမိတ်ကို လျှို့ဝှက်ထောက်ပံ့နေတုန်းပဲ” လို့ သူကပြောပါတယ်။
မင်းအောင်လှိုင် တရုတ်ကိုသွားမယ်ဆိုတဲ့ သတင်းနောက်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံးဟာ ဖောက်ခွဲပစ္စည်းနဲ့ တိုက်ခိုက်ခံရပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်သံတမန်အဖွဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် တရုတ်ကိုသွားမယ်ဆိုတဲ့ သတင်းနောက်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံးဟာ ဖောက်ခွဲပစ္စည်းနဲ့ တိုက်ခိုက်ခံရပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်သံတမန်အဖွဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်မယူသေးပါဘူး။ အဲဒီတိုက်ခိုက်မှုကို အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကောင်စီနဲ့ တရုတ်အစိုးရက ရှုတ်ချကြပါတယ်။
ထုံးစံအားဖြင့် အဲဒီလို တိုက်ခိုက်မှုတွေအတွက် မဘသအဖွဲ့ဝင်တွေက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို အပြစ်တင်လေ့ရှိပါတယ်။ ဘယ်သူ့လက်ချက်လဲလို့ ဧရာဝတီက မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတယ်လို့ လူသိရှင်ကြားပြောခဲ့တဲ့ ဝါရင့် မဘသ ထောက်ခံသူတဦးက ဖြေဆိုဖို့ ငြင်းပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Why Myanmar’s Ultranationalists Are Unhappy With Junta Boss’s Trip to China ကို ဘာသာပြန်သည်။)
You may also like these stories:
ကူမင်း အစည်းအဝေး မင်းအောင်လှိုင် သွားရတဲ့အခါ
ရမခ ကျပြီးနောက် စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
မြန်မာ့အရေး ချဉ်းကပ်ရာတွင် တရုတ် ဟန်ချက်ပျက်လာနေသလား
တရုတ် ဖြတ်လေးဖြတ်နှင့် မြန်မာ့ အင်္ဂါဂြိုဟ်














