• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း

by မောင်ကဝိ
23 August 2024
in Politics, သတင်း
A A
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် မာကျားက သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင်ထံ ပေးအပ်စဉ်

4.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို တရုတ်က ထောက်ခံနေတယ်လို့ သွယ်ဝိုက်ဝေဖန်မှု လုပ်လို့ တရုတ်က ပညာသားပါပါ ဝေဖန်ခံရပြီးနောက် မြန်မာက တရုတ် စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကတိပေးလိုက်ပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားက သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီခေါင်းဆောင်ထံ နေပြည်တော်မှ ဗုဒ္ဓဟူးနေ့က ပေးအပ်တဲ့အခါ မင်းအောင်လှိုင်က သူ့ရဲ့စစ်ကောင်စီဟာ မြန်မာက တရုတ် စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ ပြောတဲ့အကြောင်း မြန်မာက တရုတ်သံရုံးက ဖေါ်ပြခဲ့ပါတယ်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
222
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
483
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံဖို့ လက်တွေ့ကျတဲ့ အစီအမံတွေလုပ်ဖို့ကိုလည်း သူ ကတိပေးပြီး တရုတ် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဘယ်လုပ်ရပ်ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောတယ်လို့ တရုတ်သံရုံးက ဖေါ်ပြပါတယ်။

ဒါပေမယ့် သြဂုတ်လ ဒုတိယပတ်အတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို မသွားရောက်မီ မင်းအောင်လှိုင်ဟာ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပစွက်ဖက်မှုလို့ မကျေမနပ် ပြောခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဘေ့ဂျင်းသြဇာ လွှမ်းမိုးတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မြို့တွေကို သိမ်းပိုက်နေပါတယ်။

တရုတ်နိုင်ငံအမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေမယ့် မင်းအောင်လှိုင်က ရှမ်းပြည်မြောက်ပိုင်းက စစ်စခန်းတွေကို တရုတ်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ ပြောပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တည်ဆောက်ထားတဲ့ ခဲယမ်းစက်ရုံးတွေရဲ့ ငွေကြေးနဲ့ နည်းပညာရင်းမြစ်ကို အလေးထားဖို့လိုကြောင်းလည်း သူပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကလည်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဖြန့်ချိကြပါတယ်။

မင်းအောင်လှိုင်ကို နေပြည်တော်မှာ သြဂုတ်လ ၁၄ ရက်နေ့မှာ တွေ့ဆုံတဲ့အခါ ဝမ်ယိက “တရုတ်ဟာ မြန်မာက ဖရိုဖရဲတွေနဲ့ ပဋိပက္ခတွေ၊ မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပစွက်ဖက်တွေ၊ တရုတ်နဲ့မြန်မာအကြား သပ်လျှိုဖို့ ကြိုးစားတာတွေနဲ့ တရုတ်ကို အသရေ ဖျက်တာတွေကို ဆန့်ကျင်တယ်” လို့ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

သူ့ရဲ့ အဲဒီစကားဟာ မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲတဲ့ မင်းအောင်လှိုင်ကို သတိပေးတာလို့ လေ့လာသူတွေ ရှုမြင်ပါတယ်။

မြန်မာက တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေ လုံခြုံရေးကို တက်တက်ကြွကြွ ကာကွယ်ဖို့နဲ့ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့လည်း ဝမ်ယိက မင်းအောင်လှိုင်ကို တိုက်တွန်းပါတယ်။

ဝမ်ယိက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ သီးခြားတွေ့ဆုံရာမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးကို ပုံမှန် အားပေးဖို့နဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဘေးကင်းချောမွေ့စွာ လည်ပတ်စေဖို့ တိုက်တွန်းပါတယ်။

လွန်ခဲ့တဲ့ အပတ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဝမ်ယိက မြန်မာက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးနဲ့ မြန်မာ-တရုတ် နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် လိုအပ်ချက်ကို အလေးထားပြောကြားပါတယ်။

အဲဒီနောက်မှာတော့ မင်းအောင်လှိုင်လေသံ ပြောင်းသွားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ရုရှားနဲ့ ကဏ္ဍ အများအပြားမှာ ဆက်ဆရေး မြှင့်တင်ခဲ့ပေးမယ့် မြန်မာရဲ့ ပထဝီနိုင်ငံရေး အနေအထားကြောင့် မင်းအောင်လှိုင်ဟာ တရုတ်ကို ဆန့်ကျင်လို့မရဘူးလို့ လေ့လာသူတွေ ပြောပါတယ်။

တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို မင်းအောင်လှိုင်က အာမခံပေမယ့် ရှမ်းပြည်မြောက်ပိုင်းကနေ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးအထိက တရုတ် စီမံကိန်းအများအပြားဟာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ ထိန်းချုပ်မှုအောက် ကျရောက်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ကုန်သွယ်ရေးအချက်အခြာနေရာကတဆင့် တရုတ်နဲ့ ကုန်သွယ်ရေးဟာ အောက်တိုဘာလက ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ ရပ်ဆိုင်းသွားပါတယ်။ အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူကာကွယ်ရေးတပ်တွေကလည်း စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တရုတ်ကျောထောက်နောက်ခံပြု တကောင်း နီကယ်သန့်စင်စက်ရုံကို ဇူလိုင်လကုန်က သိမ်းပိုက်ထားပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးက တရုတ်ကျောထောက်နောက်ခံပြု အယ်လ်ဖာ ဘိလပ်မြေ စက်ရုံကိုလည်း သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီဟာ တရုတ်ကျောထောက်နောက်ခံပြု ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ အဲဒီဇုန်အနီးက ရေနက်ဆိပ်ကမ်း စီမံကိန်းရှိရာ ရခိုင်ပြည်နယ်မှာလည်း စစ်ရှုံးနေပါတယ်။ အဲဒီရေနက်ဆိပ်ကမ်းဟာ အိန္ဒိယ သမုဒ္ဒရာကို တရုတ်က တိုက်ရိုက်အသုံးပြုခွင့်ရမယ့် ဆိပ်ကမ်းဖြစ်ပါတယ်။

ဝမ်ယိနေပြည်တော်ကို မလာခင် ရက်အနည်းက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဟာ စစ်ကောင်စီစစ်သားတွေ စောင့်ကြပ်နေတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ ပို့လွှတ်ရေး စခန်းတွေကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

You may also like these stories:

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား

ရမခ ကျပြီးနောက် စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

Your Thoughts …
Tags: စစ်ခေါင်းဆောင်စွန့်လွှတ်တရုတ်ဆန့်ကျင်ရေးတရုတ်သံအမတ်သစ် မာကျားလေသံပြောင်းဝမ်ယိ
မောင်ကဝိ

မောင်ကဝိ

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.3k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
24.9k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.7k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

by မောင်ကဝိ
16 August 2024
16.6k

စစ်ကောင်စီလိုလားတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း တရုတ်ကြေးစားစစ်သားတွေ အဲဒီစစ်ပွဲမှာ လာတိုက်နေတယ်လို့ ရေးကြတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

by ဧရာဝတီ
22 July 2023
14.4k

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။

Next Post
ဗန်းမော်ကို မြေပြင်စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားဟု KIA ပြော

ဗန်းမော်ကို မြေပြင်စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားဟု KIA ပြော

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate