• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

by ဧရာဝတီ
22 July 2023
in ဆောင်းပါး
A A
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား
14.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နှင့် မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးသည် ပို၍ ပို၍ နွေးထွေးလာနေပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စက်တင်ဘာလတွင် တရုတ်သို့ သွားရောက်လည်ပတ်ပြီး ဘေဂျင်းနှင့် နေပြည်တော် ဆက်ဆံရေးသည် သမိုင်းမှတ်တိုင်သစ်သို့ မကြာမီရောက်တော့မည်ဆိုသည့် သတင်းစကားတခုကို သံတမန်များနှင့် တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာစောင့်ကြည့်နေသူများ ရရှိနေသည်။

ထိုသတင်းမှန်လျှင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အနောက်နိုင်ငံများ၏ ဝိုင်းပယ်ခံထားရပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မြို့တော်များတွင် ပိတ်ပင်ခံထားရကာ ထိပ်သီးဆွေးနွေးပွဲတွင် ဖယ်ထုတ်ခံရသော စစ်ကောင်စီခေါင်းဆောင်အတွက် အလွန်သဘောကျစရာဖြစ်ကြောင်း တရုတ်-မြန်မာဆက်ဆံရေးကို စောင့်ကြည့်နေသူတိုင်း သိသည်။

တရုတ်နှင့်ရုရှားတို့သည် သူ၏မဟာမိတ်များဖြစ်လာပြီး မော်စကိုက မင်းအောင်လှိုင်ကို အကြိမ်ကြိမ်အခါခါ တရားဝင်လာရောက်လည်ပတ်ရန် ဖိတ်ခေါ်သော်လည်း ဘေဂျင်းက ဖိတ်ခေါ်ခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင်သည် သူ၏စစ်ကောင်စီကို ဘေဂျင်းက ကောင်းချီးပေးခြင်းခံယူရန် တရုတ်သို့ သွားရောက်လည်ပတ်ရေးအတွက် မျှော်လင့်ချက်ကင်းမဲ့စွာ ကြိုးစားသည်။ သို့သော် သူ၏ အားထုတ်မှုများကို တရုတ်အရာရှိများက ပယ်ချသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် မင်းအောင်လှိုင်တို့ ၂၀၂၃ ခုနှစ်၊ မေလက နေပြည်တော်တွင် တွေ့ဆုံစဉ် / Cincds

ထိုစက်တင်ဘာခရီးစဉ်၏ ထူးခြားချက်မှာ သူ့ကို တရုတ်က တရားဝင်ဖိတ်ခေါ်သည်ဆိုသည့် အချက်ဖြစ်သည်ဟု အထက်ပါ သတင်းစကားက ဆိုသည်။ သို့သော်တရုတ်က သူ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါမည်လား။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း နေပြည်တော်သို့ လာရောက်ပြီး တလအကြာ ဇွန်လက ထွက်ပေါ်လာသည့် ထိုသတင်းစကားကို ဧရာဝတီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မစ္စတာ ချင်သည် မြန်မာတွင် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း မင်းအောင်လှိုင်ကို တွေ့ဆုံသည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိ ဖြစ်သည်။

မစ္စတာ ချင်၏ ခရီးစဉ်အပြီးတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းသည် တရုတ်နိုင်ငံသို့ ခဏတာ သွားရောက်သည်။ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်း မရှိပေ။

မစ္စတာ ချင်၏ ခရီးစဉ်အပြီးတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းသည် တရုတ်နိုင်ငံသို့ ခဏတာ သွားရောက်သည်။ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယခုလအစောပိုင်းက မင်းအောင်လှိုင်သည် ဇူလိုင်လ ၂ ရက်နေ့တွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မိတ်ဖက်အသင်းများမှ တာဝန်ရှိသူများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆွေးနွေးရန် ရန်ကုန်တွင် တွေ့ဆုံပြီးနောက် လူမြင်ကွင်းမှ ရက်အတန်ကြာ ပျောက်ကွယ်နေသည်။

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။ ထိုသို့ သွားရောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို မသိရပေ။

ထင်ရှားသည်မှာ မင်းအောင်လှိုင်သည် တရုတ်ထိပ်တန်းအရာရှိများက လက်ခံတွေ့ဆုံခံရန် တရုတ်သို့ သွားရောက်ချင်သည်မှာ တပိုင်းသေနေသည် ဆိုသည့်အချက်ဖြစ်ပြီး ထိုသို့ ဖိတ်ခေါ်ခံရရေးအတွက် မလုပ်ရဲသောအရာ မည်သည်မှ မရှိကြောင်း အထောက်အထားများလည်း ရှိနေသည်။

မေလတွင် တရုတ် ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန ထောက်လှမ်းရေးဗျူရို ခေတ္တညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန်သည် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် “စစ်တပ် နှစ်ခုကြား ပူးပေါင်းဆောင်ရွက်ရေး” ဆွေးနွေးသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ဒေသခံများက မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက် ဆန္ဒပြကြစဉ် / Htoi Awng

ထိုသို့တွေ့ဆုံစဉ် စိုးဝင်းသည် ကချင်ပြည်နယ်မှ အငြင်းပွားနေသည့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးအတွက် အဆိုပြုသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ထိုစဉ်က သမ္မတ ဦးသိန်းစိန်က တရုတ်ငွေကြေး စိုက်ထုတ်သည့် မြစ်ဆုံဆည်လုပ်ငန်းများကို ပြည်သူလူထု ဆန့်ကျင်မှု မြင့်မားလာသောကြောင့် ဆိုင်းငံ့ခဲ့သည်။ ထိုစီမံကိန်းသည် ဧရာဝတီမြစ်၏ ရင်းမြစ်များကို ခြိမ်းခြောက်နေသည်ဟု ဆန့်ကျင်သူများက ပြောသည်။

စိုးဝင်းက ထိုအငြင်းပွားဖွယ် အဆိုပြုချက်ကို လာရောက်လည်ပတ်သည့် တရုတ်အရာရှိများကို တင်ပြလျှင် မင်းအောင်လှိုင်သည် တရားဝင် သွားရောက်လည်ပတ်ခြင်း အပါအဝင် ဘေဂျင်း၏ ထပ်မံထောက်ခံမှုကို လိုချင်နေသည်မှာ တပိုင်းသေနေကြောင်း ဖော်ပြသည်

ထိုဆုံးဖြတ်ချက်ကို တရုတ်က စိတ်ပျက်သည်။ ထိုသို့ ရုတ်တရက် ဆိုင်းငံ့လိုက်ခြင်းသည် အမေရိကန် အပါအဝင် အနောက်နိုင်ငံအစိုးရများ၏ အရေးယူပိတ်ဆို့မှုများ သက်သာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ယူဆကြသည်။

မည်သို့ဆိုစေ စိုးဝင်းက ထိုအငြင်းပွားဖွယ် အဆိုပြုချက်ကို လာရောက်လည်ပတ်သည့် တရုတ်အရာရှိများကို တင်ပြလျှင် မင်းအောင်လှိုင်သည် တရားဝင် သွားရောက်လည်ပတ်ခြင်း အပါအဝင် ဘေဂျင်း၏ ထပ်မံထောက်ခံမှုကို လိုချင်နေသည်မှာ တပိုင်းသေနေကြောင်း ဖော်ပြသည်ဟု သုတေသီများက ပြောသည်။

တရုတ်က လက်ခံမည်လား

မင်းအောင်လှိုင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက တွေ့ဆုံစဉ် / AFP

တရုတ်အနေဖြင့် မင်းအောင်လှိုင်ကို တရားဝင်ကြိုဆိုခြင်းသည် ထောက်ခံမှုပေးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ပြီး လုံးဝပြစ်တင်ရှုတ်ချခံနေရသည့် မြန်မာစစ်ကောင်စီကို တရားဝင်မှု အပြည့်အဝပေးခြင်းဟု ရှုမြင်ခံရမည်ဖြစ်သည်။

မင်းအောင်လှိုင်ကို မဖိတ်ခေါ်မီ တရုတ်အနေဖြင့် အပြန်ပြန်အလှန်လှန် စဉ်းစားရမည်ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

နက်ရှိုင်းသော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာမှ တရုတ်သံရုံးသည် နေ့စဉ်ကန့်ကွက်ဆန္ဒပြပွဲများ ရင်ဆိုင်ရပြီး ထိုဆန္ဒပြပွဲများတွင် ထောင်းပေါင်းများစွာသော ဆန္ဒပြသူများက တရုတ်အနေဖြင့် စစ်ကောင်စီကို မထောက်ခံရန် တောင်းဆိုကြသည်။

စစ်အာဏာသိမ်းခြင်းကို ကမ္ဘာတဝန်း ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချသော်လည်း တရုတ်က ထိုအာဏာသိမ်းခြင်းကို “အစိုးရအဖွဲ့ အကြီးအကျယ် အပြောင်းအလဲ” ဖြစ်သည်ဟု သတ်မှတ်ပြီး အာဏာသိမ်းခြင်းသည် ပြည်တွင်းရေးသာဖြစ်သည်ဟု ပြောသောကြောင့် ကြီးမားသော ဆန္ဒပြကန့်ကွက်ခြင်းများ ဖြစ်စေသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း လာရောက်လည်ပတ်ပြီးနောက် ဆန္ဒပြသူများက မင်းအောင်လှိုင်၊ ချင်ကန်း၊ ရှီကျင့်ဖျင် ပုံများနှင့် တရုတ်အလံကို မီးရှို့စဉ်

ထိုစဉ်က တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ရန် တောင်းဆိုမှုများ၊ တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများနှင့် ပိုက်လိုင်းများကို ခြိမ်းခြောက်မှုများ ဖြစ်လာသည်။ ရန်ကုန်ရှိ တရုတ်ပိုင်စက်ရုံများကို တိုက်ခိုက်မှုများလည်း ရှိသည်။ ထို့နောက် မန္တလေးတိုင်းမှ တရုတ် ပိုက်လိုင်းများကို တိုက်ခိုက်မှုများ ရှိသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်းက မြန်မာနိုင်ငံအခြေအနေသည် တရုတ်က လုံးဝ မြင်လိုသည့် အခြေအနေမဟုတ်ကြောင်း ထွက်ပြောရပြီး မြန်မာမှ သက်ဆိုင်သူအားလုံးသည် ပြဿနာကို တွေ့ဆုံဆွေးနွေးပြီး စနစ်တကျတိုင်ပင်ကာ နိုင်ငံကို လမ်းကြောင်းပေါ် အမြန်ဆုံးပြန်တင်နိုင်ရန် တရုတ်က မျှော်လင့်ကြောင်းလည်း ပြောသည်။

မြန်မာပြည်သူများအကြားတွင် ထိုသို့သော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှိသော်လည်း ဘေဂျင်းသည် လွန်ခဲ့သော နှစ်နှစ်ခွဲကာလတွင် စစ်ကောင်စီနှင့် အဆက်ဖြတ်ခြင်း မရှိပေ။

မြန်မာပြည်သူများအကြားတွင် ထိုသို့သော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှိသော်လည်း ဘေဂျင်းသည် လွန်ခဲ့သော နှစ်နှစ်ခွဲကာလတွင် စစ်ကောင်စီနှင့် အဆက်ဖြတ်ခြင်း မရှိပေ။

၂၀၂၃ ခုနှစ်တွင် တရုတ်သည် မစ္စတာ ချင်ကို စေလွှတ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီနှင့် အဆင့်အမြင့်ဆုံး ထိတွေဆက်ဆံမှု ပြုလုပ်သည်။ ထိုခရီးစဉ်မတိုင်မီတွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးရုံး ဒါရိုက်တာ တရုတ်အထူးသံတမန် ဖုန်ရှုဘင်နှင့် ယူနန် ပြည်နယ်မှ အဆင့်မြင့်အရာရှိများ မြန်မာသို့ လာရောက်ကြသည်။

သို့သော် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီဝန်ကြီးများကို ၎င်းတို့၏ သက်ဆိုင်ရာ တရုတ်ဝန်ကြီးများက တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ဘေဂျင်းသို့ သီးခြားဖိတ်ခေါ်ခြင်း မရှိပေ။ တရုတ်သည် မြန်မာ၏ အဓိက မဟာမိတ်နှင့် လက်နက်ရောင်းချသည့် နိုင်ငံဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်တပ် နှစ်ခုအကြား အဆင့်နိမ့် ဆက်ဆံမှုသာ ရှိသည်။

တရားဝင် ခရီးစဉ်ဖြင့် ဘေဂျင်းတွင် မင်းအောင်လှိုင် ခြေချလိုက်သည်နှင့် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို မီးလောင်ရာလေပင့်လိုက်မည် ဖြစ်သည်။ အကျိုးဆက်များလည်း ဖြစ်လာမည်ဖြစ်သည်။ မြန်မာ အတိုက်အခံအင်အားစုများသည် မြန်မာမှ တရုတ်စီမံကိန်းများကို တိုက်ခိုက်နိုင်ပြီး ပြည်တွင်းပြည်ပတွင် ဆန္ဒပြပွဲများ ဖြစ်လာနိုင်သည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင် ခရီးစဉ်အပြီးတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံတဝန်းတွင် နောက်ဆုံးအကြိမ် ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတဝန်းမှ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် အထွေထွေ သပိတ်ကော်မတီများသည် အွန်လိုင်းလှုပ်ရှားမှုများ ပြုလုပ်ပြီး “ဟေ့ … တရုတ်၊ ဖက်စစ်ရာဇဝတ်ကောင်တွေကို ထောက်ခံပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်တာ ရပ်လိုက်” ဟူသည့် သတင်းစကားကို တရုတ်နှင့် အင်္ဂလိပ် ဘာသာများဖြင့် မျှဝေကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Has China Invited Myanmar Junta Boss Min Aung Hlaing to Beijing? ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်

စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်

စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်

စစ်ကောင်စီ ဝယ်ထားသည့် တရုတ်တိုက်လေယာဉ် ၆ စီး မြန်မာသို့ရောက်

Your Thoughts …
Tags: Sliderချင်ကန်းစစ်ကောင်စီစစ်အာဏာသိမ်းမှုဇော်မင်းထွန်းတရုတ်တရုတ်ဆန့်ကျင်ရေးမင်းအောင်လှိုင်မြစ်ဆုံစီမံကိန်းအရေးယူပိတ်ဆို့မှုအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

ဘားမားဒိုင်ဂျက်စ် ဒေါ်ခင်စီ

ဘားမားဒိုင်ဂျက်စ် ဒေါ်ခင်စီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved