• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

by ဧရာဝတီ
22 July 2023
in သတင်း
A A
KNU တပ်မဟာ ၄ စစ်ရေးတာဝန်ခံ ကော်သူးလေတပ် ပစ်ခတ်မှုကြောင့် သေဆုံး

ကော်သူးလေတပ်ဖွဲ့ဝင်များ / KTLA

8.3k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ကော်သူးလေတပ်မတော် (KTLA) ၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ (၄)မှ စစ်ရေးတာဝန်ခံတဦး သေဆုံးသွားကြောင်း KNU ဗဟိုထံမှ အတညျပွုသည်။

KNU တပ်မဟာ ၄ မှ စစ်ရေးတာဝန်ခံနှင့် အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် ကားနှစ်စီးဖြင့် ခရီးထွက်လာစဉ် ထားဝယ်မြို့နယ်၊ ဖောင်းတောရွာနှင့် မိုင် ၄၀ ရွာကြား၌ KTLA တပ်ဖွဲ့ဝင်များ၏ ကြားဖြတ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း KNU က ပြောသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “အဲဒီဖြစ်စဉ်မှာ ကျနော်တို့ဘက်က စစ်ရေးတာဝန်ခံတယောက် နဲ့ သူ့ရဲ့တပည့်တယောက် ကျဆုံးတာပေါ့။ ကျန်တဲ့ ၅ ယောက် ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် စစ်ရေးတာဝန်ခံမှာ ထားဝယ်မြို့နယ်တွင်လှုပ်ရှားနေသော KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၀)မှ ဗိုလ်မှူးစောဖိုးဆီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ပဒိုစောကလယ်စေးက နာမည်ထုတ်ပြောခြင်းမရှိပေ။

ပစ်ခတ်မှုပြုလုပ်ခဲ့သည့်အဖွဲ့မှာ KTLA လက်အောက်ခံ ဗိုလ်အယ်ကွီးတပ်ဖွဲ့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်အယ်ကွီးသည် ယခင်က KNU တပ်မဟာ (၄) လက်အောက်ခံ အရာရှိတဦးဖြစ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ KNU မှခွဲထွက်၍ KTLA ထူထောင်သောအခါ KTLA နှင့်ပူးပေါင်းခဲ့သူ ဖြစ်သည်။

၎င်းသည် KTLA လက်အောက်ခံ ဆာကဆောတပ်မကိုဦးဆောင်၍ ထားဝယ်မြို့နယ်တွင် လှုပ်ရှားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရ သည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ဗိုလ်အယ်ကွီးတို့ကို ခရီးမသွားခင် ကြိုတင်ချိတ်ဆက်ထားတာ ရှိပါတယ်ဗျ။ အဲဒါကြောင့်ပဲ သူတို့အဖွဲ့နဲ့ ချိတ်ဆက်ပြီး သွားလို့ရမရကို သေချာမေးမြန်းပြီးမှသွားတာ။ ဒါကြောင့် သူ့ဘက်ကပစ်တယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ရပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက တနင်္သာရီတိုင်းတွင် KTLA လက်အောက်ခံ အခြားအဖွဲ့များနှင့် KNU တပ်မဟာ ၄ တို့ စစ်ကောင် စီတပ်ကို ပူးပေါင်းတိုက်ခိုက်နေမှုရှိသော်လည်း ဗိုလ်အယ်ကွီးအဖွဲ့နှင့် KNU တပ်မဟာ ၄ တို့ကြား နှစ်ကြိမ်ထက်မနည်း ပစ်ခတ်မှုများဖြစ်ထားကြောင်း ပြောသည်။

“ကျန်တဲ့အဖွဲ့တွေနဲ့က ကျနော်တို့နဲ့ တစုံတရာနားလည်မှုရှိပြီး လက်တွဲဆောင်ရွက်လို့ရတဲ့အရာတွေရှိတယ်။ ဗိုလ်အယ် ကွီးနဲ့က နားလည်မှုအားနည်းတာလည်း ဖြစ်ကောင်းဖြစ်မယ်။ သူနဲ့ ဒီလိုဖြစ်စဉ်တွေဖြစ်တာ နှစ်ခါတော့ရှိပြီဗျ။ အဲဒါ ကြောင့် ကျနော်တို့ သူနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစားပြီးတော့ တခုခုဆောင်ရွက်ဖို့တော့လိုနေပြီ” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA ဆာကဆောတပ်မ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုဖြစ်သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း မည်သည့် အကြောင်းကြောင့် ပစ်ခတ်မှုဖြစ်ရသည်ကိုမူ မသိရသေးကြောင်းသာ ဧရာဝတီကို ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
37
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
54
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
664

ရဲဘော် ကိုချမ်း က “ပစ်ခတ်မှုဖြစ်ကြတာ ဟုတ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ မြေပြင်ဘက်ကနေ သတင်းပို့မလာ သေးပါဘူး။ မိမိတို့အနေနဲ့ တော်လှန်ရေးကိုသာ ဆက်လက်ဦးတည်မှာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့သွေဖည်ပြီး မည်သို့သောလုပ်ရပ်မျိုးကိုမှ လုပ်မှာမဟုတ်ဘဲ ရည်မှန်းချက်ပန်းတိုင်ရသည်အထိ ကြိုးစားသွားကြမှာပါ” ဟု ဆိုသည်။

သို့သော် ရဲဘော်ကိုချမ်းက KTLA တနင်္သာရီတိုင်းစစ်ဌာနချုပ်ခေါင်းဆောင် ဗိုလ်အယ်ကွီးနှင့်အဖွဲ့ကို KNU တပ်မဟာ ၄ မှ ဗိုလ်မှူး စောဖိုးဆီ ဦးဆောင်သည့်အဖွဲ့က နှစ်ဖက်ညှပ်တိုက်ရန်စီစဉ်နေကြောင်း သတင်းရသဖြင့် KTLA က ဦးစွာကြားဖြတ်တိုက်လိုက်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနကို ဖြေထားသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ထားဝယ်မြို့နယ် ဒေသခံတဦးကလည်း “KTLA နဲ့ တပ်မဟာ ၄ ပြဿနာဖြစ်နေ တာတော့ကြာပြီ။ တိုက်ပွဲက ၂ ကြိမ်ထက်မကတော့ဘူး၊ ၇ ကြိမ်လောက်ရှိမယ်။ အဓိကဖြစ်တာက အကျိုးစီးပွား အတွက် နေရာလုကြတာ။ ဗိုလ်အယ်ကွီးတို့အဖွဲ့က ထားဝယ်-ထီးခီးလမ်းကို စိုးမိုးထားချင်တယ်။ KNU တပ်မဟာ ၄ က လက်မခံဘဲ ထားဝယ်-ထီးခီးလမ်းနဲ့ ဝေးတဲ့တနေရာမှာ သူတို့ကို နေရာချပေးတယ်။ အဲဒါကို ဗိုလ်အယ်ကွီးနဲ့အဖွဲ့က လက်မခံဘူး။ အဲဒါကို အခြေခံပြီး နှစ်ဖက်ဖြစ်ကြတာပဲ” ဟု ဆိုသည်။

တဖက်တွင်လည်း KNU တပ်မဟာ ၄ သည် စစ်ကောင်စီနှင့် အကျိုးတူပူးပေါင်းနေကြောင်း၊ အာဏာသိမ်းမှုဆန့်ကျင် သည့် တော်လှန်ရေးတပ်များကိုလည်း တိုက်ခိုက်မှုရှိကြောင်း စသည့် သတင်းများထွက်ပေါ်နေသည်။

တနင်္သာရီတိုင်း ထီးခီးဒေသရှိ ဂရမ်းထီးခီးတောင်ကြားအပန်းဖြေစခန်းနှင့် ရှန်ဂရီလာပျော်ပွဲစားရုံကို KNU တပ်မဟာ (၄) နှင့် စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ အကျိုးတူပိုင်ဆိုင်ကြောင်း တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် စုံစမ်းရေးသားဖော်ပြခဲ့သည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီကို တိုက်နေသည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၏ တနင်္သာရီဒေသ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့ကိုလည်း KNU တပ်မဟာ (၄)၏ တပ်ရင်း(၁၁)မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့်အဖွဲ့က နှစ်ဖက်တပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး လက်ခံဆွေးနွေးပြီးအပြန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း MSDF ၏ တနင်္သာရီဒေသတပ်ရင်း (၃)မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး ထက်မနည်းနှင့် သေနတ် ၆ လက် ဆုံးရှုံးခဲ့ရကြောင်း MSDF က သတင်းထုတ်ပြန်ထားပြီး အရေးယူပေးရန် KNU ဗဟိုကို တိုင်ကြားထားသည်။

You may also like these stories:

ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ

ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

တပ်မဟာ ၇ နယ်မြေ၌ ကော်သူးလေတပ်အား လှုပ်ရှားခွင့် မပြုကြောင်း KNU ထုတ်ပြန်

Your Thoughts …
Tags: KNU တပ်မဟာ (၄)KTLAစစ်ရေးတာဝန်ခံထားဝယ်မြို့နယ်ပစ်ခတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ် / ရွှေကုက္ကိုလ်

ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

by ဧရာဝတီ
9 April 2023
14.7k

ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာ အဖြစ် လိမ်လည်လှည့်ဖြားစေခိုင်းနေသည့်နေရာ ဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင် ငွေကြေး များရှာဖွေပေး သည့် နေရာဖြစ်ပြီး နိုင်ငံရပ်ခြားမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့်...

ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

by ဧရာဝတီ
5 October 2023
1.6k

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Siam Paragon ဈေးဝယ်ကုန်တိုက်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူ နှစ်ဦးအတွက် ထိုင်းနိုင်ငံ တရားမျှတရေး တရားရေးဝန်ကြီးဌာနက နစ်နာကြေးအဖြစ် ဘတ် ၂ သိန်းစီ ပေးမည်ဖြစ်ကြောင်း

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

by ဧရာဝတီ
20 July 2023
837

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားမှု ကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပုံမှန်မလည်ပတ်နိုင်ဘဲ မြဝတီ၊ ကော့သောင်း နယ်စပ် ကုန်သွယ်စခန်းများမှ တဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရသည်။

DKBA ကျားဖြန့်ဆိုက် KNU စီးနင်း

DKBA ကျားဖြန့်ဆိုက် KNU စီးနင်း

by ဧရာဝတီ
24 November 2025
702

ကျားဖြန့်ဆိုက်တခု၌ လုံခြုံရေးယူထားသော DKBA တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုရှိလာ၍ KNLA ပူးပေါင်းတပ်များက အဆိုပါကျားဖြန့်ဆိုက်ကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ကော်သူးလေ သမ္မတနိုင်ငံတော်” ထူထောင်လိုက်ပြီလို့ ကြေညာ

“ကော်သူးလေ သမ္မတနိုင်ငံတော်” ထူထောင်လိုက်ပြီလို့ ကြေညာ

by ဧရာဝတီ
6 January 2026
516

ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံထံက လွတ်လပ်ရေးကြေညာပြီး “ကော်သူးလေသမ္မတနိုင်ငံတော်”အမည်နဲ့ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ နိုင်ငံတော်သစ်တခုတည်ထောင်လိုက်ပြီလို့ ကော်သူးလေအစိုးရ (G.O.K) က ဇန်နဝါရီ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

KTLA တပ်က ရာဇဝတ်မှုကျူးလွန်နေတယ်လို့ အရပ်ဘက်အဖွဲ့ ထုတ်ပြန် (ရုပ်/သံ)

KTLA တပ်က ရာဇဝတ်မှုကျူးလွန်နေတယ်လို့ အရပ်ဘက်အဖွဲ့ ထုတ်ပြန် (ရုပ်/သံ)

by ဧရာဝတီ
18 October 2024
501

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ တပ်ဖွဲဝင်တွေဟာ ဒေသခံ အရပ်သား ၆ဦးထက်မနည်းကို အကြောင်းမဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။

Next Post
ဘားမားဒိုင်ဂျက်စ် ဒေါ်ခင်စီ

ဘားမားဒိုင်ဂျက်စ် ဒေါ်ခင်စီ

ရွှေဘိုခရိုင် PDF နှင့် ကျေးရွာ ပကဖ အကြား သိမ်းဆည်း လက်နက်ပိုင်ဆိုင်မှု အငြင်းပွား

ရွှေဘိုခရိုင် PDF နှင့် ကျေးရွာ ပကဖ အကြား သိမ်းဆည်း လက်နက်ပိုင်ဆိုင်မှု အငြင်းပွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved