စစ်ကောင်စီက တရုတ်နိုင်ငံထံမှ ဝယ်ယူထားသည့် FTC-2000G တိုက်လေယာဉ် ၆ စီး သည် နိုဝင်ဘာလထဲမှာ ပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံအခြေစိုက် စစ်ကောင်စီလေတပ်အား လေ့လာနေသည့် သုတေသီများ က ဆိုသည်။
မြန်မာနိုင်ငံသို့ ရောက်လာသည့် FTC-2000G တိုက်လေယာဉ် ၆ စီးကို လေကြောင်းအတတ်သင် လေတပ်စခန်း ဌာန ချုပ် (မိတ္ထီလာ-ရှမ်းတဲ)တွင် လိုအပ်သည့် ပြင်ဆင်စစ်ဆေးမှုများ လုပ်ဆောင်ဖို့ရှိကြောင်း၊ ပြီးစီးပါက ရှမ်းပြည်နယ် တောင်ပိုင်းရှိ နမ့်ဆန်လေတပ်စခန်းတွင် နေရာချထားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ လေတပ်မှ လာသည့် သတင်းများအရ သိရသည်။
အပေါ့စား ဘက်စုံသုံး FTC-2000G တိုက်လေယာဉ်များကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် လေယာဉ် အမောင်းသင်ခြင်းများ ပြုလုပ်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားကြောင်း စစ်ကောင်စီလေတပ်အား လေ့ လာနေသည့် သုတေသီများက ပြောသည်။
ဆက်လက်၍ သုတေသီများက စစ်ကောင်စီသည် FTC – 2000G တိုက်လေယာဉ်များကို လက်ရှိလေတပ်တွင် အသုံး ပြုနေသော တရုတ်နှင့် ပါကစ္စတန်ထုတ် K-8 အပေါ့စား တိုက်လေယာဉ်များနေရာတွင် အစားထိုး အသုံးပြုသွားရန် ရည်ရွယ်ထားပုံရကြောင်း ဆိုသည်။
FTC- 2000G တိုက်လေယာဉ်များသည် တရုတ်နိုင်ငံပိုင် အာကာသနှင့် ကာကွယ်ရေးပစ္စည်း လုပ်ငန်းဖြစ်သော တရုတ်လေကြောင်း စက်မှု ကော်ပိုရေးရှင်း (AVIC) ၏ ကြီးကြပ်မှုဖြင့် Guizhou လေကြောင်း စက်မှုကော်ပိုရေးရှင်း (GAIC) က ထုတ်လုပ်သည့် ဘက်စုံသုံး လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး လေယာဉ်များ ဖြစ်သည်။
FTC-2000G တိုက်လေယာဉ်သည် လေယာဉ်မှူးများ လေ့ကျင့်ပေးရာတွင် အသုံးပြုနိုင်သလို လေကြောင်းထောက် လှမ်းရေး၊ ကင်းလှည့်ခြင်း၊ စစ်မြေပြင်ထောက်လှမ်းရေး၊ အီလက်ထရွန်းနစ် စစ်ဆင်ရေး၊ လေကြောင်း အနီးကပ် အကူ အညီနှင့် လိုက်ပါစောင့်ကြပ်သော လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။
ထိုလေယာဉ်များသည် လက်ရှိ တရုတ်လေတပ်နှင့် တရုတ်ရေတပ်တို့တွင် အသုံးပြုနေပြီး တစီးလျှင် အမေရိကန်ဒေါ် လာ ၈ ဒသမ ၅ သန်း တန်ကြေး ရှိသည်။
မြန်မာလေတပ်သည် FTC-2000G တိုက်လေယာဉ်များအား တရုတ်နိုင်ငံမှ ဝယ်ယူရာတွင် ဒေါက်တာ နိုင်ထွဋ်အောင် ၏ Gateways Hong Kong Ltd အား ကြားခံထားကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏ စီးပွားရေး လုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) ထံမှ သိရသည်။
You may also like these stories:
ရုရှား ထိပ်တန်းဗိုလ်ချုပ်က စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံ
စစ်ကောင်စီ ဝယ်ထားတဲ့ JF-17 တိုက်လေယာဉ် ဘာချွတ်ယွင်းချက်တွေ ရှိနေလဲ