• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

by ဧရာဝတီ
23 August 2024
in Crime, သတင်း
A A
ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

စစ်တပ်၏ ပစ်သတ်ခြင်းခံရသော The Nation Voice မှ အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူ (ယာ) နှင့် DVB သတင်းဌာနမှ CJ ကိုဝင်းထွဋ်ဦး (ဝဲ)

1.5k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာရှိ သတင်းသမားတဦး၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သဖြင့် သတင်းသမား ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ပြကျေးရွာတွင် နေထိုင်သည့် သတင်းထောက် ကိုထက်မြတ်သူ၏နေအိမ်သို့ ဩဂုတ်လ ၂၁ ရက် နံနက် ၉နာရီအချိန်က တော်လှန်ရေးတပ်ဖွဲ့များ ရောက်နေသည်ဆိုသောသတင်းပေးမှုကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နယ်မြေခံ အလွတ်သတင်းထောက်များဖြစ်သည့် နေအိမ်ပိုင်ရှင် The Nation Voice သတင်းဌာနမှ ကိုထက်မြတ်သူ ၊ DVB သတင်းဌာနမှ ကိုဝင်းထွဋ်ဦးတို့အပါအဝင် နေအိမ်သို့ရောက်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း DVB CJ Network တာဝန်ခံက ဧရာဝတီကို ပြောသည်။

DVB CJ Network တာဝန်ခံက “ကျမတို့စုံစမ်းသိရသလောက်ဆိုရင်တော့ အမေးအမြန်း မရှိဘဲ နေအိမ်တွေကို ဝင်စီးတယ်။ အရင်ဦးဆုံး ပစ်ခံရတဲ့တယောက်က သွေးအိုင်ထဲမှာလဲပြီး သေနေတယ်။ ပြီးတော့ ကိုဝင်းထွဋ်ဦးက ဆီးခုံနားမှာ သေနတ်ဒဏ်ရာရတယ်။ သူက မသေသေးဘူးဆိုပြီး ကနဦး ကြားရတယ်။ နောက်ပြီး ကိုထက်မြတ်နဲ့ နောက်တယောက်ကိုတော့ လက်မြှောက်ခိုင်းထားပြီး စစ်ဆေးမေးမြန်းနေခဲ့တယ်။ ပြီးတော့ ၂ယောက်စလုံး အသတ်ခံခဲ့ရတယ်” ဟု ပြောသည်။

ကိုထက်မြက်သူ၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းချိန်တွင် သတင်းသမားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ခုခံပစ်ခတ်ခြင်း တစုံတရာမရှိခဲ့ဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း မြို့ပေါ်သို့ ခေတ္တ လာရောက်လည်ပတ်ခြင်းမျိုးသာဖြစ်ကြောင်း သေဆုံးသူများနှင့် နီးစပ်သူများက ပြောသည်။

သေဆုံးသူ သတင်းသမားများနှင့် နီးစပ်သူတဦးက “ထက်မြတ်သူက ကျိုက်ထိုက အိမ်ပိုင်ရှင်။ ဝင်းထွဋ်ဦးက ထက်မြက်သူရဲ့ အိမ်မှာလိုက်နေရင်း ဖြစ်သွားတာ။ ထက်မြတ်သူက KRF အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်။ KRF က လူတွေ ထက်မြတ်သူအိမ်ရောက်နေတယ်ဆိုပြီး လာဝိုင်းရင်း အပစ်ခံရပြီး သေတာ။ သူသေတယ်။ ဝင်းထွဋ်ဦးသေတယ်။ KRF အဖွဲ့က ၂ယောက် သေတယ်။ သူ့ညီနဲ့ အမေက ထွက်ပြေးလို့ လွတ်သွားတယ်”ဟု ပြောသည်။

သတင်းထောက် ကိုထက်မြတ်သူသည် The Voice of Than Phyu Zayat သတင်းဌာနတွင် သတင်းထောက်လုပ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် သတင်းရယူနေစဉ် စစ်ကောင်စီ၏ ပစ်ခတ် ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
35
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
28
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
218

ကိုဝင်းထွဋ်ဦးသည် ၂၀၂၃ ခုနှစ်မှ စတင်ကာ နယ်မြေခံသတင်းထောက်အနေဖြင့် DVB သတင်းဌာနသို့ သတင်းများ ပုံမှန်ရေးသားပေးပို့နေသူတဦးဖြစ်ကြောင်း DVB သတင်းဌာန၏ CJ Network တာဝန်ခံက ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များစုနေသည့် နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း KRF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

၎င်းတို့ဖော်ပြခဲ့သလို ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့သည် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ သတင်းထောက်များသာဖြစ်ကြောင်း ၎င်းတို့ ၂ ဦး သတင်းရေးသားပေးပို့သည့် သတင်းဌာနများကလည်း အတည်ပြု ဖော်ပြထားကြသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း မိသားစုထံ ပြန်လည်မပေးဘဲ မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အသတ်ခံရတဲ့ သတင်းထောက် အခုဆိုရင် ၇ယောက်ရှိသွားပြီ။ သတင်းထောက်တွေ အသတ်ခံရတယ်ဆိုတာ မတရားအမှု သတင်းထောက် သူ့အလုပ်သူ လုပ်တယ်။ ကျနော်တို့က ရှုတ်ချတယ်။ ကန့်ကွက်တယ်ဆိုတာထက် ပိုပြီး ပြောချင်တာ။ ဒါဟာ စစ်ရာဇဝတ်မှုပေါ့။ စစ်ရာဇဝတ်မှုအနေနဲ့ ဘယ်လိုမျိုးအရေးယူနိုင်မလဲ၊ ပိုပြီးတော့ ထိရောက်မှု ဘယ်လိုပေးမလဲပေါ့။ ဒီသင်ခန်းစာယူပြီး သတင်းဆို့စ်ကို ချဉ်းကပ်တဲ့နေရာမှာ ပိုပြီးလုံခြုံအောင် ချဉ်းကပ်မလဲဆိုတာ စဉ်းစားသင့်တာပေါ့။ ကန့်ကွက်တယ် ရှုတ်ချတယ်ဆိုတာထက် သတင်းထောက်အိမ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်တာ။ ဘာလက်နက်မှမရှိဘူး။ ဒါကို ဒီတိုင်းမေ့သွားမှာမဟုတ်ဘူး။ တာဝန်ရှိတဲ့အဆင့်ဆင့်ကို အရေးယူနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ သတင်းသမား ၁၇၆ ဦး မတရား ဖမ်းဆီးခံခဲ့ရပြီး ထိုထဲမှ ယခုပစ်သတ်ခံရသူ ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ကာ သတင်းသမား ၅၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။

You may also like these stories:

မြောက်ဦးနှင့်မင်းပြားတို့တွင် သတင်းထောက် ၁ ဦးအပါ အရပ်သား ၉ ဦး စစ်တပ်သတ်ဖြတ်

ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

Your Thoughts …
Tags: CJDVBကျိုက်ထိုစစ်တပ်စီးနင်းပစ်သတ်သတင်းထောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
အဓမ္မ စစ်သားစုဆောင်းမှု စစ်ကောင်စီ အရှိန်မြှင့်လုပ်ဆောင်လာ (ရုပ်/သံ)

အဓမ္မ စစ်သားစုဆောင်းမှု စစ်ကောင်စီ အရှိန်မြှင့်လုပ်ဆောင်လာ (ရုပ်/သံ)

မြတောင်တံတားထိပ် တိုက်ပွဲ ပြင်းထန်နေ

မြတောင်တံတားထိပ် တိုက်ပွဲ ပြင်းထန်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

20 hours ago
1.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved