• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကျောက်မဲ ပြီးတော့ သီပေါ၊ သီပေါ ပြီးတော့ မိုးကုတ်လား

by စွယ်တော်
15 October 2025
in သူ့အတွေး သူ့အမြင်
A A
ကျောက်မဲ ပြီးတော့ သီပေါ၊ သီပေါ ပြီးတော့ မိုးကုတ်လား

သီပေါမြို့ ခလရ ၂၃ ကို သိမ်းပြီးနောက် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ/ TNLA

2.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်တပ်အနေဖြင့် ရှမ်းမြောက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ လက်လွှတ်ထားခဲ့ရသည့်မြို့များကို ပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။ ရှမ်းမြောက်တွင် စစ်တပ်ဘက်က ပထမဆုံး ပြန်လည်ရရှိခဲ့သည့်မြို့မှာ လားရှိုးမြို့ဖြစ်ပြီး တရုတ်ကြားဝင်မှုဖြင့် အသာတကြည် ပြန်ရခဲ့ခြင်းလည်းဖြစ်သည်။

လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့်အပြင် စစ်တပ်က နေဝန်းနီဟု တင်စားခဲ့ရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ မြို့လည်းဖြစ်သည်။

လားရှိုးကို စစ်တပ်ဘက်က ပြန်လည်ရရှိခြင်းသည် စစ်အာဏာသိမ်းကာလအတွင်း လက်လွှတ်ခဲ့ရသည့် တိုင်းစစ်ဌာနချုပ် နှစ်ခုအနက်တခု ပြန်ရခြင်းဖြစ်သဖြင့် စစ်တပ်အတွက် လက်အောက်ကို ချွေးသိပ်စရာတခုလည်း ဖြစ်ခဲ့သည်။

ထို့ကြောင့် လားရှိုးကို စစ်တပ်ဘက်က ပြန်လည်ရရှိခြင်းသည် စစ်အာဏာသိမ်းကာလအတွင်း လက်လွှတ်ခဲ့ရသည့် တိုင်းစစ်ဌာနချုပ် နှစ်ခုအနက်တခု ပြန်ရခြင်းဖြစ်သဖြင့် စစ်တပ်အတွက် လက်အောက်ကို ချွေးသိပ်စရာတခုလည်း ဖြစ်ခဲ့သည်။

အဘတပ်ချုပ်ကြီးက တရုတ်နှင့်ဆက်ဆံရေးကောင်းသဖြင့် သေနတ်တချက်မှ မဖောက်ရဘဲ ပြန်ရသည်ဆိုသည့် သဘောဖြစ်သည်။ သို့သော် အများပြည်သူ၏အမြင်တွင်မူ ‘ပြည်ပအားကိုးပုဆိန်ရိုး’ ဟု ကြွေးကြော်တတ်သည့် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် တရုတ်အကူအညီဖြင့် လားရှိုးကို ပြန်တောင်းယူခဲ့ရသလို အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်ဆက်ဆံရေးရုံးလည်း လားရှိုးတွင် ဖွင့်ခွင့်ပေးရသဖြင့် တရုတ်အားကိုး ပုဆိန်ရိုးအဖြစ် ရောက်ခဲ့ရသည်။

ထိုသို့ဖြင့် စစ်ကော်မရှင်ဘက်က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် ထိန်းချုပ်ထားသည့် လားရှိုးကို ဧပြီလ ၂၂ ရက်နေ့က ပြန်တောင်းယူအပြီး ဧပြီလ ၂၈၊ ၂၉ရက်များတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တွေ့ဆုံဆွေးနွေးကာ TNLA သိမ်းထားသည့် မြို့များကို စစ်တပ်က ပြန်တောင်းယူရန် ကြိုးစားခဲ့သည်။

အာဏာသိမ်းစစ်တပ်ဘက်က ထိုဆွေးနွေးပွဲတွင် လားရှိုးကဲ့သို့ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို လက်လွှတ်ပြီး ပြန်ပေးရန် တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် TNLA ဘက်က သဘောတူညီမှုမရသဖြင့် ဆွေးနွေးမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းများအရ သိရသည်။

ထို့သို့ သဘောတူညီမရသော်လည်း တောင်ခမ်းဘက်တွင် တရုတ်၏ဖိအားကြောင့် TNLA ဘက်က တပ်ရွှေ့ပြောင်းမှုများကြောင့် အာဏာသိမ်းစစ်တပ်သည် ခံစစ်အနေအထားမှ နောင်ချိုဘက်သို့ တန်ပြန် ထိုးစစ်ဆင်သည့် ပုံစံပြောင်းလဲလာခဲ့သည်။

ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ/ TNLA

ထို့နောက် TNLA ဘက်က ခွာစစ်ဆင်မှုများကြောင့် စစ်တပ်ဘက်က နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင် ပြန်လည် သိမ်းပိုက်ထိန်းချုပ်သွားခဲ့သည်။ လားရှိုးကဲ့သို့ လက်လွှဲလက်ပြောင်းရယူခဲ့ခြင်း မဟုတ်ဘဲ တန်ပြန်ထိုးစစ်ကြောင့် ရယူနိုင်ခြင်းဟု သတ်မှတ်ကာ နောင်ချိုကို ရခါနီးအချိန်က စတင်ပြီး စစ်တပ်ဘက်က ဝါဒဖြန့်ချိမှုများကို အရှိန်နှင့် ဆောင်ရွက်ခဲ့ကြသည်။ (ဥပမာ-စစ်တပ်က ဒံပေါက်စားပြီး စစ်တိုက်နေသည့် သဘောနှင့် ပြည်သူများကိုပါ ဒံပေါက်နှင့် ဆန်များဝေပေးသည့်ကိစ္စများကို ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။)

ထိုသို့ဖြင့် နောင်ချိုကို ရပြီးသည့်နောက် စစ်တပ်ဘက်က ကျောက်မဲနှင့် မိုးကုတ်ဘက်ကို ထိုးစစ်မျက်နှာမူခဲ့သည်ကို တွေ့ရသည်။ ထိုကာလအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ TNLA နှင့် စစ်ကော်မရှင်တို့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

TNLA အနေဖြင့် ကျောက်မဲနှင့် သီပေါကို စွန့်လွှတ်မည်ဟု ဆွေးနွေးပြောကြားခဲ့သော်လည်း စစ်ကော်မရှင်ဘက်က မန်တုံနှင့် နမ့်ဆမ်ကိုပါပေးဖို့ တောင်းဆိုသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်းသိရသည်။

TNLA အနေဖြင့် ကျောက်မဲနှင့် သီပေါကို စွန့်လွှတ်မည်ဟု ဆွေးနွေးပြောကြားခဲ့သော်လည်း စစ်ကော်မရှင်ဘက်က မန်တုံနှင့် နမ့်ဆမ်ကိုပါပေးဖို့ တောင်းဆိုသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် စစ်တပ်သည် နောင်ချိုမှတဆင့် လမ်းကြောင်းအကွာအဝေးနှင့် မြေအနေထားအရ မိုးကုတ်ထက် ကျောက်မဲကို အရင် ဦးစားပေး ထိုးစစ်ဆင်နိုင်ကြောင်း သုံးသပ်မိခဲ့သည်။

ထင်ထားသည့်အတိုင်းပင် စစ်တပ်သည် TNLA က စွန့်လွှတ်ပေးပါမည်ဆိုသည့် ကျောက်မဲဘက်ကို ဦးစားပေးပြီး တိုက်စစ်ဖွင့်ခဲ့သည်။ ထို့ပြင် မိုးကုတ်ဘက်ကိုလည်း ထိုးစစ်ဆင်ရန် ခေါင်းတည်၍ ထားခဲ့သည်။ အထူးသဖြင့် ကျောက်မဲဘက်ကို အင်အားပိုသုံး၍ ထိုးစစ်ဆင်ခဲ့သည်။

စစ်ရေး ဂုဏ်သိက္ခာအရ ကျောက်မဲတွင် စစ်တပ်ဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဆင့်ဖြစ်သည့် စကခ (၁) ဌာနချုပ်နေရာဟောင်း ရှိသည်။ ထို့ကြောင့်လည်း ကျောက်မဲကို ပြန်ရပါက သိက္ခာဆယ်နိုင်မည့်အပြင် သီပေါကို ပြန်လည်သိမ်းပိုက်ရန်နှင့် လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းကြောင်းကိုလည်း ပြန်လည်ထိန်းချုပ်ရန် အရေးပါသည့်အခြေအနေကို ဖန်တီးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် စစ်တပ်က‌ ကျောက်မဲကို ပြန်လည်ရရှိရေး မြေပြင်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးခဲ့သလို ဝေဟင်မှ လေကြောင်းပစ်ကူ အမြောက်အမြားကိုလည်း အရပ်သားများ နေထိုင်ရာနေရာများကိုပါမချန် ပစ်ခတ်ဗုံးကြဲခဲ့သည်။

ထို့သို့ဖြင့် နောင်ချိုမြို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ပြီး တလခွဲကျော်အကြာတွင် ကျောက်မဲမြို့ကို ထပ်မံ ထိန်းချုပ်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် TNLA က စွန့်လွှတ်ပေးပါမည်ဆိုသည့် ကျောက်မဲကို စစ်တပ်က ပြန်ရသွားခြင်းသည် အင်အားအလွန်အကျွံသုံးခြင်းနှင့် စစ်ရေးအားသာချက်ထက် တရုတ်ရေးသည့် ဇာတ်ညွှန်းကသာ အဓိကဖြစ်သည်။

ကျောက်မဲမြို့တွင်း သွားလာနေသူများ / AP/အောင်ရှိုင်းဦ

မဆုတ်တမ်း ခုခံမည်ဆိုပါက စစ်တပ်အနေဖြင့် ယခုလို ပြန်လည် သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ ဥပမာ တရုတ် ဇာတ်ညွှန်း အသက်မဝင်သေးသည့် ရခိုင်ဒေသဘက်နှင့် AA ၏ ထိုးစစ်များကို ကြည့်မည်ဆိုပါက ထိုသဘောတရားကို မြင်နိုင်သည်။ စစ်တပ်ဘက်က ဆုံးရှုံးသွားသည့်မြို့များကို ပြန်ယူဖို့ မဆိုထားနှင့် နတ်ရေကန်၊ ညောင်ကျိုးနှင့် ကျောက်ဖြူစစ်မျက်နှာများတွင် အလူးအလဲ ခုခံရသည်ကို တွေ့နိုင်သည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
572
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.3k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.8k

ထိုသို့ စစ်တပ်က ရှမ်းမြောက်တွင် ကျောက်မဲမြို့ကို ပြန်လည် သိမ်းပိုက်ရရှိမှုသည် နောင်ချို ထိုးစစ်၏ နောက်ဆက်တွဲလည်း ဖြစ်သည်။ နောင်ချိုမြို့ကို ၁၁ လကြာ တန်ပြန်ထိုး စစ်ဆင်တိုက်ခိုက် ပြီးနောက်မှသာရ ရှိခဲ့ပြီး တလခွဲကျော် ထပ်ကြာပြီးသော်အခါ ကျောက်မဲကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခု ကျောက်မဲမြို့ကို ရရှိပြီးသည့်အခါ စစ်တပ်သည် မြေအနေအထားအရ အလှမ်းမကွာသည့် သီပေါမြို့ကို ထိုးစစ်ဆင်လျက်ရှိကြောင်း တွေ့ရသည်။ သီပေါမြို့သည် လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းပိုင်းတွင် အချက်အချာကျသည့် မြို့ဖြစ်သည့်အပြင် သီပေါ-နမ့်လန် လမ်းပိုင်းမှတဆင့် စစ်တပ်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) နယ်မြေနှင့် ချိတ်ဆက်ရန် အရေးပါသည့်ဒေသလည်း ဖြစ်သည်။

ထို့ပြင် သီပေါတွင် စစ်တပ်က လက်လွှတ်ခဲ့ရသည့် ခလရ (၂၃)၊ ခမရ (၅၀၃)၊ ခမရ (၅၀၄) နှင့် သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း (သတရ ၇၀၁၄) တပ်ဌာနချုပ်နေရာများ ရှိသည်။ ထို့ကြောင့် သီပေါကို ပြန်ရပါက စစ်တပ်အတွက် အရေးပါသော နယ်မြေထိန်းချုပ်မှုကို ရရှိနိုင်သည့်အပြင် လက်အောက်ကိုလည်း ဂုဏ်သိက္ခာဆယ်ပြနိုင်သည့် အနေအထားဖြစ်သည်။

TNLA ဘက်ကလည်း စွန့်လွှတ်ပေးမည့် စာရင်းတွင် သီပေါ ပါဝင်သည့်အတွက် TNLA က အချိန်အကြာကြီးယူကာ ခုခံနေမည့်သဘောတော့ မရှိနိုင်ပေ။ ထို့ကြောင့် တရုတ်ဇာတ်ညွှန်းအရ ပြန်ရဦးမည့်နောက်ထပ် မြို့တမြို့ကို စစ်တပ်က သက်စွန့်ဆံဖျားတိုက် ယူရသည့်ပုံစံပုံဖော်ပြီး ဝါဒဖြန့်ကာ တိုက်ခိုက်ပြဦးမည့်သဘောကို တွေ့ရသည်။

TNLA ဘက်ကလည်း စွန့်လွှတ်ပေးမည့် စာရင်းတွင် သီပေါ ပါဝင်သည့်အတွက် TNLA က အချိန်အကြာကြီးယူကာ ခုခံနေမည့်သဘောတော့ မရှိနိုင်ပေ။ ထို့ကြောင့် တရုတ်ဇာတ်ညွှန်းအရ ပြန်ရဦးမည့်နောက်ထပ် မြို့တမြို့ကို စစ်တပ်က သက်စွန့်ဆံဖျားတိုက် ယူရသည့်ပုံစံပုံဖော်ပြီး ဝါဒဖြန့်ကာ တိုက်ခိုက်ပြဦးမည့်သဘောကို တွေ့ရသည်။

သီပေါကို စစ်တပ်က ပြန်ရပြီးလျှင် မည်သို့ ဆက်လက်ဆောင်ရွက်လာနိုင်သည်ကို ကြိုတင် မျှော်တွေးကြည့်သည့်အခါ အချက် နှစ်ချက်ကို သတိထားမိသည်။ ထိုနှစ်ချက်မှာ MNDAA သိမ်းထားသည့် မြို့များကို စစ်တပ်က သွားမတိုက်ဘဲ တရုတ်ဖိအား အလွန်အကျွံသုံး၍ ရယူတတ်သည့်အချက်နှင့် TNLA သိမ်းပိုက်ထားသည့် မြို့များအား အင်အားအလုံးအရင်းနှင့် ပြန်တိုက်ယူနေသည့်အချက်တို့ ဖြစ်သည်။

လတ်တလော ကြားသိရသမျှ MNDAA ထိန်းချုပ်ထားသည့် သိန္နီကို စစ်တပ်က ပြန်ရနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။ သိပ်မကြာမီကလည်း MNDAA က သိန္နီတွင် ရာဇဝတ်မှု ကျုးလွန်သူများကို တရားစီရင်သည့် အခမ်းအနား ပြုလုပ်ထားသည်။

နောင်ချိုမြို့နယ်ရှိ ပျက်စီးနေသော ဂုတ်တွင်းတံတား / AP/အောင်ရှိုင်းဦး

ထိုပုံစံမှာ လားရှိုးကို ပြန်မပေးမီက လုပ်ဆောင်ခဲ့သည့်ပုံစံနှင့် ဆင်တူနေသည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် လားရှိုးကဲ့သို့ သိန္နီကိုလည်း ပြန်ရနိုင်ကြောင်း ခန့်မှန်းရသည်။

ဒုတိယအချက်ဖြစ်သည့် TNLA ထိန်းချုပ်ထားသည့်မြို့များကို အင်အားအလုံးအရင်းနှင့် တိုက်နေသည့်အချက်တွင် သီပေါပြီးပါက အင်အား ပြန်လည်စုဖွဲ့ပြီး မိုးကုတ်ဘက်ကို ထိုးစစ်ဆင်မည့်သဘောရှိသည်။ မိုးကုတ်တွင် ကျောက်လုပ်ကွက်သစ်များ ချထားပေးမှုအပါအဝင် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် TNLA အပေါ် စစ်ဗိုလ်ချုပ်များက သူတို့ အကျိုးစီးပွားထိခိုက်သည်ဟူသောသဘောဖြင့် အငြိုးရှိသည်။

ထို့ကြောင့်လည်း မိုးကုတ်က နေရာတော်တော်များများကို ဗုံးကြဲနေခြင်းဖြစ်သည်။ မိုးကုတ်ကို စစ်တပ်က ပြန်ရပါက မြေအနေအထားအရ မိုးမိတ်မြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်နိုင်သည့် အနေအထားရှိသည်။ ထိုမှ မိုးမိတ်-သပိတ်ကျင်း-မတ္တရာလမ်းကြောင်းကို ထိန်းချုပ်ရန် ပြင်ဆင်လာနိုင်မည့်သဘောရှိနေသည်။

စစ်တပ်အနေဖြင့် အစောပိုင်း ကူမင်းဆွေးနွေးပွဲများတွင် TNLA ထိန်းချုပ်ထားသည့် မန်တုံနှင့် နမ့်ဆမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးပြီး TNLA ထိန်းချုပ်မှုအောက်တွင် ထားမည်ဟု ကြားသိခဲ့ရသည်။ ယခုနောက်ဆုံး ဆွေးနွေးပွဲအရ ထိုမြို့များကိုပါ စစ်တပ်က ပြန်တောင်းလာသည်ကို တွေ့ရသည်။

သို့သော် ယခင်က လက်လွှတ် ပေးမည်ဟုဆိုခဲ့သည့် ထိုမြို့များသည် စစ်တပ်၏ လတ်တလော စစ်ရေးရည်မှန်းချက်များတွင် ပါဝင်မည်တော့ မဟုတ်နိုင်ပေ။ အစဉ်အလိုက် ဆောင်ရွက်လာနိုင်သည့် စစ်တပ်၏ ရည်မှန်းချက်များကို မှန်းဆကြည့်မည်ဆိုပါက သီပေါကို အရင်သိမ်းနိုင်သည်။

ထိုမှ တရုတ်နှင့် အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းဖြစ်သည့် လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းပိုင်းကို ထိန်းချုပ်ဖွယ်ရှိသည်။ ထို့နောက် တရုတ်ကို အောက်ကျို့တင်ပြကာ ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းပိုင်း ထိန်းချုပ်ပြီးဖြစ်သဖြင့် သိန္နီနှင့်အတူ မူဆယ် ၁၀၅ မိုင်အထိ လမ်းကြောင်းတလျှောက်က်က မြို့များကို MNDAA ထံက ပြန်တောင်းပေးရန် ဆောင်ရွက်လာဖွယ် ရှိနေသည်။

ထိုမှ တရုတ်နှင့် အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းဖြစ်သည့် လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းပိုင်းကို ထိန်းချုပ်ဖွယ်ရှိသည်။ ထို့နောက် တရုတ်ကို အောက်ကျို့တင်ပြကာ ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းပိုင်း ထိန်းချုပ်ပြီးဖြစ်သဖြင့် သိန္နီနှင့်အတူ မူဆယ် ၁၀၅ မိုင်အထိ လမ်းကြောင်းတလျှောက်က်က မြို့များကို MNDAA ထံက ပြန်တောင်းပေးရန် ဆောင်ရွက်လာဖွယ် ရှိနေသည်။

ခြုံငုံသုံးသပ်ရပါက ရှမ်းမြောက်မှ တန်ပြန်ထိုးစစ်များတွင် စစ်တပ်ကအဘက်ဘက်မှ သာလွန်လာ၍ မြို့များကို ပြန်လည်သိမ်းပိုက်နေသည်ဆိုခြင်းထက် နောက်ကွယ်က တရုတ်ဇာတ်ညွှန်းကြောင့်သာ သိမ်းပိုက်နေနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

ကျောက်မဲနှင့် သီပေါကြား စစ်တပ်နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ

ကျောက်မဲမြို့တွင်း စစ်တပ် ဝင်

ဖရိုဖရဲ ကျောက်မဲသို့ ရောက်သွားခြင်း

နတ်ရေကန် စခန်းမှာ အာဏာသိမ်းတပ် ခံစစ်ပျက် (ရုပ်/သံ)

တိုက်ပွဲကြား သမိုင်းဝင်အမွေအနှစ်တို့ ထပ်မံပျက်စီးမည်ကို ရှမ်းမြောက်လူထုစိုးရိမ်

Your Thoughts …
Tags: MNDAATNLAစစ်ကော်မရှင်စစ်အာဏာသိမ်းမှုတရုတ်လေကြောင်းတိုက်ခိုက်မှုဝါဒဖြန့်ချိရေးအပစ်အခတ်ရပ်စဲရေး
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင်

တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင်

မင်းအောင်လှိုင် အသုံးချနေတဲ့ NCA နယ်ရုပ် (ရုပ်/သံ)

မင်းအောင်လှိုင် အသုံးချနေတဲ့ NCA နယ်ရုပ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved