အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ နိုင်ငံရေးထွက်ပေါက်အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နယ်ရုပ်တခုအဖြစ် အသုံးချနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက မှတ်ချက်ပြု ပြောဆိုကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အပေါင်း အပါတွေဟာ NCA ၁၀ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဘဏ္ဍငွေ အမြောက်အများ သုံးစွဲပြီး ကျင်းပပါတယ်။
ဒါပေမယ့် ဒီပွဲမှာ စစ်တပ်နဲ့ တကယ်တိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေး၊ စစ်ရေးအရ ဩဇာရှိတဲ့ အဖွဲ့တွေကို ဖိတ်ကြားမထားဘူးလို့ သိရပါတယ်။
စစ်တပ်ဟာ NCA နဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်၊ အာဏာတည်မြဲရေးအတွက်ပဲ ဦးတည်လုပ်ဆောင်နေပြီး သူတို့နဲ့ အကျိုးတူပူးပေါင်းတဲ့ အဖွဲ့အစည်းတွေဟာလည်း စစ်တပ်ရဲ့ အသုံးချခံပဲဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













