• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင်

by Marwaan Macan-Markar
15 October 2025
in ဆောင်းပါး
A A
တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင်

မြန်မာစစ်တပ်၏ ဒရုန်းသင်တန်းတခု

2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ ဆယ်စုနှစ်များစွာကြာပြီဖြစ်သော လူမျိုးစု တော်လှန်ရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်များသည် ယခုနှစ်မိုးရာသီတွင် ခြိမ်းခြောက်မှုသစ်အဖြစ် မီးခိုးရောင်ကောင်းကင်ကို ဂရုတစိုက် စောင့်ကြည့်နေရသည်။ ထိုခြိမ်းခြောက်မှုသစ်သည် မြန်မာစစ်အုပ်စုက ဖြန့်ကြက်ထားသည့် တရုတ်လုပ် ဒရုန်းများပင်ဖြစ်သည်။

KNU ရှေ့တန်းတပ်များမှ တပ်မှူးများကလည်း ဟန့်တားမရသည့် အဆင့်မြင့်ဒရုန်းများကို စစ်အုပ်စုက ပိုမို အသုံးပြုလာကြောင်းပြောသည်ဟု KNU အဆင့်မြင့် ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Nikkei Asia သို့ ပြောသည်။

“အဲဒီကိစ္စဟာ ရှေ့တန်းစစ်မျက်နှာမှာ သူတို့တွေ့လာတဲ့ ပုံစံသစ်ဖြစ်တယ်လို့ပြောပြီး စစ်အုပ်စုဟာ ပြင်ပအကူအညီ မပါဘဲ အဲဒီလို စွမ်းရည်ရှိဖို့ မလုပ်နိုင်ဘူးလို့ ပြောတယ်” ဟု ထိုသတင်းရင်းမြစ်က ဆက်လက် ပြောကြားသည်။

စစ်အုပ်စု၏ ဒရုန်းစစ်ဆင်ရေး အဆင့်မြင့်လာခြင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကိုသာမက အလယ်ပိုင်း ဒေသများကိုပါ သိမ်းပိုက်ထားသည့် အခြား တိုင်းရင်းသားတပ်မတော်များကိုလည်း ရိုက်ခတ်စေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် အများအပြားက ပြောသည်။

စစ်အုပ်စု၏ ဒရုန်းစစ်ဆင်ရေး အဆင့်မြင့်လာခြင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကိုသာမက အလယ်ပိုင်း ဒေသများကိုပါ သိမ်းပိုက်ထားသည့် အခြား တိုင်းရင်းသားတပ်မတော်များကိုလည်း ရိုက်ခတ်စေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် အများအပြားက ပြောသည်။

“စစ်အုပ်စုဟာ စက်တင်ဘာလနှောင်းပိုင်းမှာ ကချင်ပြည်နယ်မြောက်ပိုင်းက နေရာ သုံးခုမှာ တန်ပြန်ထိုးစစ်တွေ ဆင်နေပြီး လေကြောင်းအကူနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သုံးတယ်” ဟု ပြင်းထန်နေသော ပြည်တွင်းစစ်၏ ထိခိုက်သေဆုံးမှုများကို မှတ်တမ်းတင်နေသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းတခုမှ ညှိနှိုင်းရေးမှူးတဦးက ပြောသည်။

ဒေးဗစ် စကော့ မက်သီဆန်ကဲ့သို့ ဝါရင့်လေ့လာသူများက စစ်အုပ်စု၏ ဒရုန်းဖြန့်ကြက်မှုကို မြှင့်တင်ပေးသည့် တရုတ်နည်းပညာသည် လွန်ခဲ့သောနှစ်က စတင်သည့် တရုတ်၏ ဘက်စုံသုံး နည်းဗျူဟာ အစိတ်အပိုင်းအဖြစ် ထောက်ပြသည်။

ထိုသို့သိသာသော ဘက်ပင်းမှုသည် မြန်မာ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြုတ်ချသည်မှ စတင်သည့် တရုတ်၏ ခြံစည်းရိုး ခွထိုင်သောသေနင်္ဂဗျူဟာကို အဆုံးသတ်လိုက်သည်ဟု သူကပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
604

ထိုကာလတွင် တရုတ်သည် ဇဝေဇဝါဖြစ်နေပြီး စစ်အုပ်စုသစ်၊ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ရွေးချယ်ကာ ထောက်ခံမှုပေးသည်။

တရုတ်က စစ်အုပ်စု ပိုမိုလိုလားသည့် အခြားနယ်ပယ်များမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ရေးထောက်ပံ့မှု ဖြတ်တောက်ရန် အားထုတ်မှုများ၊ စစ်ဘက်နည်းပညာအတွက် စစ်အုပ်စုကို အကူအညီပေးခြင်း၊ အပစ်အခတ်ရပ်စဲရေး လိုက်လျောရန် တိုင်းရင်းသားတပ်မတော်များကို ဖိအားပေးခြင်းနှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပိုမို ထိတွေ့ဆက်ဆံခြင်းတို့ဖြစ်ကြောင်း ဒေးဗစ် စကော့ မက်သီဆန်က ပြောသည်။

“တရုတ်ရဲ့ နည်းပညာလွှဲပြောင်းပေးတာဟာ ပဋိပက္ခရဲ့လမ်းကြောင်းကို လိုသလို ပြောင်းလဲစေတယ်” ဟု မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အစီရင်ခံစာ အများအပြားကို ရေးသားသူ မက်သီဆန်က ပြောသည်။ “တရုတ်နယ်စပ်အနီး မြန်မာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်ရဲ့ဖိအားက အရင်က အဲဒီလောက်တခါမှ မပြင်းထန်ဖူးဘူး”

“တရုတ်ရဲ့ နည်းပညာလွှဲပြောင်းပေးတာဟာ ပဋိပက္ခရဲ့လမ်းကြောင်းကို လိုသလို ပြောင်းလဲစေတယ်” ဟု မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အစီရင်ခံစာ အများအပြားကို ရေးသားသူ မက်သီဆန်က ပြောသည်။ “တရုတ်နယ်စပ်အနီး မြန်မာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်ရဲ့ဖိအားက အရင်က အဲဒီလောက်တခါမှ မပြင်းထန်ဖူးဘူး” ဟု ၎င်းကပြောသည်။

မြန်မာ၏ သယံဇာတကြွယ်ဝသည့် မြောက်ဘက်စွန်း ကချင်ပြည်နယ်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း တရုတ်ဖိအားကို ခံရသည်။ “KIA နှင့် အခြား တော်လှန်ရေး အင်အားစုများကို တရုတ်က မကြာသေးမီက ကန့်သတ်ချက်များသည် ဒရုန်းထုတ်လုပ်ရန် ကိရိယာများ ရရှိရန် ပိုမိုခက်ခဲစေသည်” ဟု ဒေသခံအွန်လိုင်းသတင်းဌာန Kachin News Group က ဖော်ပြခဲ့သည်။

ဇွန်လက စတင်သည့် စိုစွတ်သော ရာသီသည် မြန်မာ၏ပြည်တွင်းစစ်လမ်းကြောင်း ပြောင်းလဲနေကြောင်း မီးမောင်းထိုးပြနေသည်ဟု Janes ကာကွယ်ရေးနှင့်လုံခြုံရေးအုပ်စုမှ သုတေသီ အန်ထော်နီ ဒေးဗစ်က ပြောသည်။

“ကျနော်တို့ မြင်တွေ့နေတာက ၂၀၂၃ ခုနှစ်နှောင်းပိုင်းက ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်ရဖို့ စစ်အုပ်စုရဲ့ နိုင်ငံတဝန်း ထိုးစစ်ဖြစ်တယ်” ဟု စစ်အုပ်စု၏ စစ်ရေးဖြန့်ကြက်မှု၊ ယခင်ကထက် အင်အားကောင်းလာသော ခြေလျင်တပ်၊ အမြောက်များ၊ သံချပ်ကာများ အကန့်အသတ်ဖြင့် အသုံးပြုမှု၊ လေယာဉ်နှင့် မောင်းသူမဲ့လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို သုံးသပ်ပြီး သူကပြောသည်။

“ဒရုန်းစစ်ရေးဟာ စစ်အုပ်စုအတွက် အောင်မြင်တဲ့အဖြေလို့ ယူဆရင် မှားလိမ့်မယ်။ ဒါပေမဲ့ ဒရုန်းတွေကို နည်းဗျူဟာ အဆင့်မြင့်မြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးလာတာဟာ စစ်အုပ်စုရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေတာကို သံသယဖြစ်စရာ မလိုဘူး” ဟု အန်ထော်နီ ဒေးဗစ်က ပြောသည်။

စစ်ကောင်စီ၏ ကံကြမ္မာကို ၂၀၂၄ ခုနှစ် အစောပိုင်းက စတင်သည့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကလည်း ကျားကန်ပေးသည်။ ထိုသို့လုပ်ခြင်းကြောင့် စစ်အုပ်စုသည် လေ့ကျင့်ထားသည့် စစ်သားသစ် ၇၀,၀၀၀ ကျော်ကို ရှေ့တန်းသို့ ပို့နိုင်ခဲ့ကြောင်း ခန့်မှန်းချက် အချို့က ဖော်ပြသည်။ စစ်အုပ်စုကို ဝေဖန်သူများက လူငယ်များ နိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ပြေးခြင်းနှင့် စစ်မှုမထမ်းရစေရန် လာဘ်ထိုးခြင်းတို့ကို ထောက်ပြပြီး အခြားအရာများကို မျှော်လင့်နေသည်။

“မြန်မာ့စီးပွားရေးက ပြိုလဲနေပြီ။ အလုပ်အကိုင် မရှိတော့ဘူး။ ဒါကြောင့် စစ်တပ်ထဲဝင်တာဟာ ဘာမှမရှိတာထက် ပိုကောင်းတယ်” ဟု လူသားချင်းစာနာမှု လုပ်သားတဦးက ပြောသည်။

မိုးရာသီ ထိုးစစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တန်ပြန်ထိုးစစ်ထက် အင်အားသာလွန်သည်ဟု အမည်မဖော်လိုသည့် မြန်မာစစ်ရေးကျွမ်းကျင်သူတဦးက ပြောသည်။

မိုးရာသီ ထိုးစစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ တန်ပြန်ထိုးစစ်ထက် အင်အားသာလွန်သည်ဟု အမည်မဖော်လိုသည့် မြန်မာစစ်ရေးကျွမ်းကျင်သူတဦးက ပြောသည်။

“ပွင့်လင်းရာသီကို ရောက်တဲ့အခါ စစ်အုပ်စုဟာ နယ်စပ်တလျှောက်က တော်လှန်ရေးအင်အားစု စခန်းတွေကို ပိုပြီး ထိုးစစ်ဆင်လိမ့်မယ်။ အဆင့်မြှင့်တင်ထားတဲ့ တရုတ်ဒရုန်းတွေနဲ့ ကြားဖြတ်ပစ်ခတ်တဲ့ နည်းပညာက အထောက်အကူဖြစ်စေမယ်” ဟု Nikkei Asia သို့ ၎င်းကပြောသည်။

ဒုက္ခရောက်နေသော စစ်အုပ်စုကို ဗြောင်ကျကျ ထောက်ခံရန် တရုတ်၏ သေနင်္ဂဗျူဟာ ဗဟိုပြုမှုသည် တခုတည်းသော အဓိက မဟာမိတ် ရုရှားထက် ကျော်လွန်ပြီး အားကိုစေနိုင်ရန် မင်းအောင်လှိုင်ကို အခွင့်ပေးလိုက်သည့် ပထဝီနိုင်ငံရေး အစီအစဉ် ပြန်လည်ချမှတ်ခြင်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) ၏ ဇူလိုင်လ အစီရင်ခံစာက ဖော်ပြသည်။

“စစ်အုပ်စုပြိုလဲခြင်းကို တားဆီးရန် တရုတ်သည် စစ်အုပ်စုကို အသက်ဆက်ပေးလိုက်သည်။ စစ်အုပ်စုပြိုလဲခြင်းကို တားဆီးရန် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုသည် ဒေသတွင်းမှ အခြားနိုင်ငံများအနေဖြင့် သံတမန်ရေးဟန်ပန် ပြောင်းလဲစေပြီး စစ်အုပ်စုပြိုလဲမှုအန္တရာယ်ကို လျှော့တွက်ကာ ဗိုလ်ချုပ်များနှင့် ပိုမို အစီအစဉ်ရှိရှိ ထိတွေ့ဆက်ဆံစေသည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။

တရုတ်၏ နောက်ကွယ်မှ စေ့ဆော်မှုသည် စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စီစဉ်ထားသည့် ပိုမိုတရားဝင်သော ရွေးကောက်ပွဲ ကျင်းပနိုင်စေရေး ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောသည်။

“စစ်အုပ်စုကို ဘယ်သူမှ မကြိုက်ဘူးဆိုတာနဲ့ နှစ်ဖက်လုံးက တရုတ်ထောက်ခံမှုအပေါ် မှီခိုမှုဟာ မြန်မာမှာ တရုတ်အနေအထားကို ခိုင်မာစေတယ်ဆိုတာကို တရုတ်ကသိလို့ စစ်အုပ်စုနဲ့ အတိုက်အခံတွေကို ချိန်ခွင်လျှာတခုမှာ ထိန်းထားချင်တယ်လို့ ကျနော်ထင်တယ်” ဟု အနောက်တိုင်း သံတမန်ရေး ရင်းမြစ်တခုက Nikkei Asia သို့ ပြောသည်။

“စစ်အုပ်စုရဲ့ထိုးစစ်က ရွေးကောက်ပွဲမတိုင်မီ နယ်မြေတချို့ ပြန်လည်သိမ်းယူဖို့ အစီအစဉ် တစိတ်တပိုင်းဖြစ်ကြေင်း ထင်ရှားတယ်” ဟု ၎င်းကပြောသည်။

(Nikkei ပါ Marwaan Macan-Markar ၏ China’s tilt boosts regime in Myanmar’s civil war ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်ဟာ ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို ထောက်ပံ့နေတာလို့ နယူးဇီလန်အမတ်ပြော (ရုပ်/သံ)

စက်တင်ဘာ တလလုံး မြန်မာဗိုလ်ချုပ်တွေ တရုတ်ကို သွား

တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်

မြန်မာစစ်အုပ်စုကို တရုတ်က မျက်နှာသာ ပြန်ပေးလိုက်သည်

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်

Your Thoughts …
Tags: KNUNLDစစ်ကော်မရှင်စစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒရုန်းတိုက်ခိုက်မှုပြည်တွင်းစစ်ရွေးကောက်ပွဲ
Marwaan Macan-Markar

Marwaan Macan-Markar

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
မင်းအောင်လှိုင် အသုံးချနေတဲ့ NCA နယ်ရုပ် (ရုပ်/သံ)

မင်းအောင်လှိုင် အသုံးချနေတဲ့ NCA နယ်ရုပ် (ရုပ်/သံ)

နတ်ရေကန် ဗျူဟာစခန်းအားလုံးနီးပါး AA သိမ်းပိုက်

နတ်ရေကန် ဗျူဟာစခန်းအားလုံးနီးပါး AA သိမ်းပိုက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved