ရခိုင်ပြည်နယ်ကနေ မကွေးတိုင်း ဝင်ပေါက်ဖြစ်တဲ့ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က အာဏာသိမ်းတပ်ရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းဟာ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ခံစစ်ပျက်နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကိုပြောပါတယ်။
နတ်ရေကန်စခန်းကို ဝန်းရံထားတဲ့ အာဏာသိမ်းတပ်ရဲ့ ကာကင်း စခန်းတွေဖြစ်တဲ့ ဖိုက်တာကုန်းစခန်း၊ MPT တာဝါတိုင် စခန်း၊ ဂုတ်ကြီးရွာအခြေစိုက် ရဲစခန်းနဲ့ ကာကင်းစခန်း၊ စွန်တက်ရွာ စခန်း၊ လင်းတဲရွာစခန်း၊ တုံးကြီးရွာစခန်းတို့ကို AA နဲ့ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ နတ်ရေကန်စခန်း တခုပဲကျန်ရှိတော့ဖြစ်ပါတယ်။
နတ်ရေကန်စခန်းမှာ ကျန်ရှိနေတဲ့ စစ်သားတွေကလည်း စခန်းစွန့်ခွာထွက်ပြေးတာနဲ့ လက်နက်ချ အလင်းဝင်တာတွေ ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












