• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြား သမိုင်းဝင်အမွေအနှစ်တို့ ထပ်မံပျက်စီးမည်ကို ရှမ်းမြောက်လူထုစိုးရိမ်

by ဧရာဝတီ
14 October 2025
in သတင်း
A A
တိုက်ပွဲကြား သမိုင်းဝင်အမွေအနှစ်တို့ ထပ်မံပျက်စီးမည်ကို ရှမ်းမြောက်လူထုစိုးရိမ်

နမ္မတူမြို့ရှိ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် သတ္တုစက်ရုံဟောင်းကြီး (ဧရာဝတီ)

407
VIEWS
Share on FacebookShare on Twitter

တကျော့ပြန် တိုက်ပွဲများကြောင့် သမိုင်းဝင် အထင်ကရနေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထပ်မံထိခိုက်ပျက်စီး မည်ကို ရှမ်းမြောက်ရှိ ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်တချို့နှင့် ဒေသခံတို့က စိုးရိမ်လျက်ရှိသည်။

၂၀၂၄ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် စစ်တပ်၏ ပြန်လည်စစ်ဆင်သောကာလအတွင်း ရှမ်းမြောက်ဒေသရှိ မြို့ ရွာများ၊ လမ်းတံတားအဆောက်အဦများ ပျက်စီးခဲ့ရသလို ပြည်သူတို့လည်း ရာချီထိခိုက်သေဆုံး၍ အများအပြား စစ်ပြေးခဲ့ရသည်။

ပြီးခဲ့သည့်လပိုင်းက ကျောက်မဲစစ်ဆင်ရေးအတွင်း နှစ်ဖက်တိုက်ပွဲများကြား သမိုင်းဝင်ဂုတ်ထိပ်တားထိခိုက်ပျက်စီးခဲ့ရပြီး မည်သူ့လက်ချက်ဟု ထင်ထင်ပေါ်ပေါ် ထွက်မလာဘဲ အပြန် အလှန်စွပ်စွဲမှုများဖြင့်သာ ပြီးဆုံးသွားသည်။

လက်ရှိစစ်တပ်က ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းထားသည့် ဒုဋ္ဌာဝတီ မြစ်ကမ်း ဘေး မန္တလေး- လားရှိုး မီးရထားလမ်းနှင့် ကားလမ်း ဖြတ်သန်းရာ သီပေါမြို့ကို ပြန်ရရန်ကြိုးစားနေပြီး ရက်ဆက်ဆိုသလို ဗုံးကြဲမှုများ ပြုလုပ်နေသည်။

ထိုမြို့တွင် သမိုင်းဝင် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဟော်နန်းနှင့် စော်ဘွားအဆက်ဆက်နှင့် ဆွေတော်မျိုးတော်များ သင်္ချိုင်းဂူများနှင့် သမိုင်းဝင် ဘော်ကြို (ပေါ့ကြို)ဘုရားတို့တည်ရှိပြီး ပြီးခဲ့သည့်ရက်က ဘော်ကြိုဘုရားတွင် TNLA များရှိ သည်ဆိုကာ စစ်တပ်လော်ဘီများက ဗုံးကြဲခိုင်းနေသည်ကို တွေ့ရသည်။

သီပေါမြို့ခံ နိုင်ငံရေးသမားတဦးက “ကျနော်တို့ သီပေါမြို့ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ ရှေ့ဟောင်းအမွေအနှစ်၊ ယဉ်ကျေးမှု တွေထွန်းကားရာမြို့ဖြစ်တယ်။ လက်ရှိတိုက်ပွဲတွေကြောင့် သာသနိကအဆောက်အအုံတွေ၊ ဟော်နန်းတွေ နောက်ပြီးတော့ အမွေအနှစ်အရ အဖိုးမဖြတ်နိုင်တဲ့ အဆောက်အအုံတွေပျက်စီးမှာ ကျနော်တို့စိုးရိမ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ နေရာတွေ ကို ကြည့်ရင် အများအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေက သာသနိကအဆောက်အအုံတွေနဲ့ ရှေ့ဟောင်းအဆောက် အအုံတွေကြားမှာ နေကြတာများပါတယ်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲဖြစ်တဲ့အခါ အဆောက်အအုံတွေဟာ ကြားခံ အသုံးခံ ဖြစ်မှာစိုးတဲ့အတွက် ဒီနေရာတွေမှာမဖြစ်ကြဖို့၊ မထိခိုက်ဖို့ မေတ္တာရပ်ခံနေရတဲ့ အနေအထားပါ” ဟု ပြောသည်။

သီပေါစော်ဘွားအဆက်ဆက် နေခဲ့သည့် ဟော်နန်း (ဧရာဝတီ)

ကျောက်မဲကို သိမ်းပြီးနောက် စစ်တပ်သည် အောက်တိုဘာ ၂ ရက်မှစ၍ TNLA ထိန်းချုပ်ထားရာ နမ္မတူ၊ မန်တုံ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်စသည့် မြို့ရွာများကို ဗုံးကြဲနေရာ အောက်တိုဘာ ၉ ရက်နေ့ထိ တပတ်အတွင်း ကလေး များ အပါအဝင် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိ သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အဦနှင့် နေအိမ်များစွာ ပျက်စီးခဲ့ သည်။

နမ္မတူမြို့ဆိုလျှင်လည်း ကမ္ဘာ့ ဒုတိယအကြီး သတ္တုသိုက်ကြီးဖြစ်ခဲ့သည့် ဘော်တွင်းသတ္တုမိုင်းသာမက အင်္ဂလိပ် လက်ထက်ကတည်းကရှိခဲ့သည့် သတ္တုစက်ရုံအပါအဝင် သမိုင်းဝင်အထင်ကရရှိသည့် နေရာများ အများအပြားရှိသလို ပလောင်(တအာင်း) အများစုနေထိုင်ရာ လက်ဖက်မြို့တော်ဟု တင်စားနိုင်သည့် နမ့်ဆန်မြို့သည်လည်း အေးချမ်းပြီး ယခင်က ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားသည့် မြို့ဖြစ်သည်။

နမ္မတူမြို့ခံတဦးက “ပန်ဟိုက် ၈၊ ပန်ဟိုက် ၂၊ ပုဗ္ဗာရုံကျောင်း အဲဒီနေရာတွေကို ဗုံးကြဲတာ သုံးခါရှိပြီ၊ အခုလာမကြဲတာ ၅ရက်လောက်ရှိပြီ တနေ့ကတော့ Y 8 နဲ့ ဝဲပြီး ကြည့်သွားသေးတယ်လူတွေအားလုံးတော့ ရှောင်နေပြီ၊ သတလ၊ စတိုကုန်းနဲ့ တောင်ကြားဘက်မှာ တော့ လူတွေကျန်သေးတယ်”ဆိုသည်။

နမ္မတူမြို့တွင် ပန်ဟိုက်ရပ်ကွက်သည် စည်ကားသည့် ဈေးရပ်ကွက်ဖြစ်ပြီး သတ္တုတွင်းရပ်ကွက်များနှင့် နမ္မတူမြစ်က ခြားထားသည်။

တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စပ်ဆုခမ်း/တန့်ယန်း)ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သမိုင်းဝင် အထင် ကရနေရာနှင့် ရှေးဟောင်းအမွေအနှစ်များ မပျက်စီးအောင် အဘက်ဘက်မှ တာဝန်သိစွာဖြင့် ထိန်းသိမ်းစောင့် ရှောက် သွား ရန် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ၎င်း၏လူမှုကွန်စာမျက်နှာတွင် မေတ္တာရပ်ခံ မိန့်ကြားထားသည်။

ကမ္ဘာကျော်ဂုတ်ထိပ်တံတား၊ သမိုင်းဝင်ဘော်ကြိုဘုရား၊ သီပေါမဟာမြတ်မုနိ၊ သီပေါဟော်နန်း၊ သီပေါဒုဋ္ဌဝတီတံတား၊ နမ္မတူမြို့ နှစ် ၁၀၀ ကျော် စက်ရုံဟောင်း၊ ဘော်တွင်းစက်ရုံဟောင်း၊ နမ့်ဆန်ဟော်နန်း(ဆေးရုံ)၊ လွယ်ဆိုင်တောင်တော် (နမ့်ဆန်)၊ စခန်းသာရွာ၊ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် စသည့်နေရာများ အပါအဝင် အခြားသမိုင်းဝင် အထင်ကရများကို ထိမ်းသိမ်းစောင့်ရှောက်သွားကြရန် ဆရာတော်က မိန့်ကြားထားခြင်း ဖြစ်သည်။

သီပေါမြို့ရှိ ဆွေတော်မျိုးတော်များ သင်္ချိုင်းဂူများ(ဧရာဝတီ)

အဆိုပါ တောင်တန်းသာသနာပြုဆရာတော်သည် ရှမ်းမြောက်ဒေသ၌ ဩဇာတိက္ကမ ကြီးမားသည့် ဆရာတော်တပါးဖြစ်ပြီး သာသနာအကျိုးနှင့် ပြည်နယ်လူထုအေးချမ်းသာယာရေးတို့ကို မေတ္တာဖြင့်ဆောင်ရွက်နေသော ရဟန်းတပါးဖြစ်သော ကြောင့် ဆရာတော်၏ မေတ္တာရပ်ခံမိန့်ကြားမှုသည် ရှမ်းမြောက်ဒေသခံတို့၏ဆန္ဒနှင့် ထပ်တူထင်ဟပ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံတို့က ထောက်ခံပြောဆိုသည်။

စစ်ကော်မရှင်ကမြို့များကို ပြန်ထိုးစစ်ဆင်နေရာ မြေပြင်ဝေဟင် အင်အားအလုံးအရင်းဖြင့် ဖျက်အားပြင်း လက်နက်ကြီး မျိုးစုံကို အကြိမ်ရေများစွာ အသုံးပြုတိုက်ခိုက်နေသလို လေယာဉ် ဒရုန်းစသည်တို့ကို သုံး၍ ပေါက်ကွဲအားပြင်းလက်နက် များဖြင့် တိုက်ခိုက်လျှက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းတပ်များဘက်ကလည်း စစ်တပ်၏ထိုးစစ်များ ဟန့်တားနိုင်ရေး ခံစစ် အခိုင်အမာ ပြုလုပ်ထားရာ နှစ်ဖက်တိုက်ခိုက်မှုအတွင်း ဘာသာရေးအဆောက်အဦ၊ လမ်း၊ တံတားများစွာ ပျက်စီးနေကြရ သည်ဟု အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးသမားများက ထောက်ပြသည်။

ရှမ်းမြောက်ဒေသဖွံ့ဖြိုးမှု လူမှုကူညီရေးဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူ ကျောက်မဲမြို့ခံတဦးက “သူတို့(စစ်တပ်)ရဲ့ စစ်ဆင်ရေးအရပြောရရင် လေယာဉ်ဗုံးကြဲတယ်၊ ဒရုန်းနဲ့ဗုံးချတယ်၊ ပါရာမော်တာနဲ့ချတယ်။ မြို့ရွာတွေကို ကြဲတဲ့အခါ အရပ်သားပစ်မှတ်တွေပဲ အဓိကထိခိုက်နေကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ပြည်သူတွေထိရင် သူတို့ကို သွယ်ဝိုက်ဖိအားပေးနိုင်တဲ့ပုံစံမျိုး စစ်တပ်က တောက်လျောက်လုပ်နေတယ်။ ပြည်သူတွေက ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်မှုတွေ အချိန်တိုင်းဖြစ်နေရတယ်” ဟု ပြောသည်။

စစ်တပ်ထုတ်ပြန်ထားသော မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်ထိပ်တံတားလမ်းပိုင်း

စစ်တပ်၏ အရပ်သားပစ်မှတ်များပါမကျန် အပြင်းအထန် တိုက်ခိုက်နေခြင်းနှင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စစ်ရေးအောင်မြင်မှုကိုသာ ဦးစားပေးကြပြီး သမိုင်းဝင်အထင်ကရနေရာများအား တန်ဖိုးမသိ၊ ဆင်ခြင်တုံမဲ့စွာ အကာအကွယ်ပြုနေခြင်း၊ တိုက်ခိုက်ခြင်းများ နောက်ထပ်ပြုလုပ်ကြမည်ဆိုပါက ပြန်လည်အစားထိုးမရသည့် ဆုံးရှုံးမှုများ ထပ်မံဖြစ်ပေါ်လာမည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် စစ်ကော်မရှင်သည် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် TNLA ထိန်းချုပ်ရာ လက်ကျန်မြို့များအား လေကြောင်းတိုက်ခိုက်မှုအပါ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုပြုလုပ်ခဲ့ရာ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ သုံးလအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်မြို့နယ်တို့၌ သံဃာများ၊ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ၇၆ ဦး သေဆုံး၍ ၁၂၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၆၉ လုံး၊ ဘုန်း ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ အခြားအဆောက်အဦ ၁၄ ခု ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန် ထားသည်။

ကျောက်မဲနှင့် ၂၁ မိုင်ခန့်ဝေးပြီး တိုက်ပွဲများမှာလည်း မြို့ပေါ်နှင့် ၁၀ မိုင်ကျော်သာ ဝေးတော့သည့် သီပေါတွင် မြို့ပေါ်ထိ မကြာမီ စစ်မီးရောက်လာနိုင်ကြောင်း စစ်တပ် CDM အရာရှိများနှင့် စစ်ရေးအကဲခတ်တို့က ပြောနေကြကာ တိုက်ပွဲများ ကြောင့် သီပေါမြို့ရှိ သမိုင်းဝင်နေရာနှင့် ယာဉ်ကျေးမှုအမွေအနှစ်နေရာများ ပျက်စီးဆုံးရှုံးမည်ကို ဒေသခံတို့ စိုးရိမ်နေ ကြသည်။

ရှမ်းယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက “အဓိက ဘာသာရေးအဆောက်အဦတွေ၊ တချို့အထင်ကနေရာတွေ ပျက်စီး သွားရင် ဆုံးရှုံးမှုပိုများတာပေါ့။ တိုက်ပွဲတွေက မဖြစ်ရင်အကောင်းဆုံးပဲ။ ဖြစ်လာရင်တော့ အထိအခိုက်တွေက အနည်းနဲ့ အများ ဖြစ်နေမှာပဲ။ အခု ပြည်သူတွေလည်း အတော်ဒုက္ခရောက်နေကြတယ်။ တာဝန်ရှိသူတွေအားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ သွားစေချင် တယ်” ဟု ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

You may also like these stories:

ကျောက်မဲနှင့် သီပေါကြား စစ်တပ်နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ

ကျောက်မဲမြို့တွင်း စစ်တပ် ဝင်

ဂုတ်ထိပ်တံတား၊ စစ်တပ်ဝါဒဖြန့်ချိရေးနှင့် အာဏာရှင်အလိုကျများ

Your Thoughts …
Tags: TNLAစစ်ကော်မရှင်ရှမ်းမြောက်သီပေါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်တဲ့ သုံးသပ်ချက် (ရုပ်/သံ)

စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်တဲ့ သုံးသပ်ချက် (ရုပ်/သံ)

၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ

၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved