၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည်မှာ ၁၀ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်၏။ NCA သည် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးနောက် ၂၀၁၁ ခုနှစ်မှ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းသည်မှ အစပြုခဲ့သည်။
ပြောရလျှင် ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင်များ အာဏာမလွှဲမီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ မွှေးခဲ့သည့်ပြဿနာကို ပြန်လည် ဖြေရှင်းရန် ကြိုးစားရာမှ အစပြုသည်ဟု ဆိုရမည်။
၂၀၀၈ ခုနှစ် နာဂစ်အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြီးသကာလ နအဖ စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အာဏာသိမ်းကတည်းက အပစ်ရပ်ပြီး အထူးဒေသအဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များပြဿနာကို ၂၀၀၈ အခြေခံဥပဒေ ဘောင်အတိုင်း ဖြေရှင်းရန် ဇွတ်အတင်းအဓမ္မ ဖြေရှင်းရန် ကြိုးစားခဲ့၏။
၂၀၀၈ ခုနှစ် နာဂစ်အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြီးသကာလ နအဖ စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အာဏာသိမ်းကတည်းက အပစ်ရပ်ပြီး အထူးဒေသအဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များပြဿနာကို ၂၀၀၈ အခြေခံဥပဒေ ဘောင်အတိုင်း ဖြေရှင်းရန် ဇွတ်အတင်းအဓမ္မ ဖြေရှင်းရန် ကြိုးစားခဲ့၏။
တဖက်ကပြောလျှင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပြဿနာကို ဈေးပေါပေါနှင့် အချိုအချောင် ဖြေရှင်း၍ ရမည်လောဟူသည့်သဘောနှင့် သွေးတိုးစမ်းခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး စစ်တပ်ကွပ်ကဲမှုအောက်ဝင်ရန်၊ နိုင်ငံရေးဆက်လုပ်လိုပါက နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဖိအားပေးခဲ့၏။
နအဖ၏ ဖိအားအောက်တွင် ဇခုန်တိန့်ယိန်း၏ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) အင်အားအချို့ BGF အဖြစ် ကူးပြောင်းဖွဲ့စည်းခဲ့၏။
မထုနော်၏ ကချင်ကာကွယ်ရေးတပ်မတော် (KDA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ လွယ်မောင်းနှင့် ကိုင်ဖ ဦးစီးသည့်တပ်မဟာများ၊ အောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) စသည့်အဖွဲ့များကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့၏။ အချို့အဖွဲ့များက စိတ်ပါလက်ပါ ပူးပေါင်းခဲ့ကြပြီး အချို့အဖွဲ့က အားမတန်၍ မာန်လျှော့ခဲ့ကြသည်။
သို့သော် လက်မခံသည့် အဖွဲ့များလည်း ပေါ်ပေါက်လာခဲ့ရာ ဦးစွာအားဖြင့် နအဖ အစိုးရလက်ထက်တွင် BGF ပြောင်းရန် လက်မခံသည့် ဖုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အား၂၀၀၉ ခုနှစ်တွင် အင်အားအလုံးအရင်းသုံး၍ တိုက်ခိုက်ခဲ့၏။
ဖုန်ကြားရှင်နှင့် သူ၏ အမာခံများ ကိုးကန့်မှ ဆုတ်သွားရပြီးနောက် ဖုန်ကြားရှင်နောက် ဆက်မလိုက်သည့် ပယ်ဆောက်ချိန် ဦးစီးအဖွဲ့အား နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဖွဲ့ပေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းသို့ သိမ်းသွင်းလိုက်သည်။
ဖုန်ကြားရှင်နှင့် သူ၏ အမာခံများ ကိုးကန့်မှ ဆုတ်သွားရပြီးနောက် ဖုန်ကြားရှင်နောက် ဆက်မလိုက်သည့် ပယ်ဆောက်ချိန် ဦးစီးအဖွဲ့အား နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဖွဲ့ပေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းသို့ သိမ်းသွင်းလိုက်သည်။
ဤသို့ ကိုးကန့်အား နအဖ အောင်မြင်စွာ ပုံသွင်းလိုက်သော်လည်း ကျန် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလား၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က လုံးဝလက်မခံဘဲ စစ်တပ်အား ပြန်လည်ခုခံရန် စစ်ပြင်လာကြ၏။
SSPP တွင်လည်း စဝ်ပန်ဖ ဦးစီးသည့် တပ်မဟာက ပြည်သူ့စစ်ဖွဲ့ရန် လက်မခံဘဲ SSPP အနေဖြင့် ဆက်လက် ရပ်တည်ခဲ့၏။ စစ်တပ်သည် KIA, SSPP, KNU, KNPP, NMSP, RCSS စသည့် အဖွဲ့များကို စစ်အင်အားအရ၊ ဖွဲ့စည်းပုံအရ၊ စစ်လက်နက်ခဲယမ်းတပ်ဆင်မှုအရ စစ်ရေးတိုက်ခိုက်အနိုင်ယူနိုင်သည်ဟု ယူဆထားသော်လည်း UWSA နှင့် NDAA ကဲ့သို့ အင်အားတောင့်တင်းသည့်အဖွဲ့များနှင့် တချိန်တည်း တပြိုင်တည်း မတိုက်ခိုက်လိုဘဲ ရှောင်လိုသည်။
ထို့ပြင် အချို့အဖွဲ့ငယ်များကို စည်းရုံးသိမ်းသွင်း ဖြိုခွဲလိုသည်ဖြစ်ရာ ဦးသိန်းစိန် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာခဲ့သည်။
တိုင်းရင်းသားတပ်ဖွဲ့များကလည်း တိုင်းရင်းသားတပ်ဖွဲ့များ တပ်ပေါင်းစုတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် စုစည်းပြီး ပြန်လည်ဆွေးနွေးခဲ့၏။
သို့နှင့် ဦးသိန်းစိန်အစိုးရနှင့်ဆွေးနွေးပွဲတွင် UNFC အနေဖြင့် KNU, KIA, ချင်းအမျိုးသားတပ်ဦး (CNF)၊ SSPP, KNPP, NMSP, DKBA, ကရင်အမျိုးသားအစည်းအရုံး – ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဝအမျိုးသားအစည်းအရုံး (WNO)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (LDU)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ MNDAA, တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) စသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပါဝင်ခဲ့၏။
UWSA, NDAA, RCSS နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကေ) (NSCN (K) တို့က အဆိုပါ ဆွေးနွေးပွဲများတွင် မပါဝင်ဘဲ သီးခြားဆွေးနွေးခဲ့ကြ၏။ ဦးသိန်းစိန်အစိုးရက UWSA, NDAA, RCSS အဖွဲ့သုံးဖွဲ့အား သီးခြား အပစ်ရပ်ထားခဲ့သည်။ အိန္ဒိယအစိုးရနှင့်သာ ထိပ်တိုက်ပဋိပက္ခ ဖြစ်နေသည့် နာဂအဖွဲ့နှင့် ထူးခြားသည့် ဖြေရှင်းပုံ မလိုအပ်ခဲ့ပေ။
UWSA, NDAA, RCSS နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကေ) (NSCN (K) တို့က အဆိုပါ ဆွေးနွေးပွဲများတွင် မပါဝင်ဘဲ သီးခြားဆွေးနွေးခဲ့ကြ၏။ ဦးသိန်းစိန်အစိုးရက UWSA, NDAA, RCSS အဖွဲ့သုံးဖွဲ့အား သီးခြား အပစ်ရပ်ထားခဲ့သည်။ အိန္ဒိယအစိုးရနှင့်သာ ထိပ်တိုက်ပဋိပက္ခ ဖြစ်နေသည့် နာဂအဖွဲ့နှင့် ထူးခြားသည့် ဖြေရှင်းပုံ မလိုအပ်ခဲ့ပေ။
ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ချောချောမွေ့မွေ့တော့ မဟုတ်ပေ။ ဆွေးနွေးပွဲများတွင် တွေ့ရသည့် ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
NCA သဘောတူညီချက် ကြေလည်မှု မရှိခြင်းနှင့် အားလုံးပါဝင်ရေး
NCA တွင် ပါဝင်သည့် သဘောတူညီချက်များကို ညှိနှိုင်းရာတွင် နောက်ဆုံးအချိန်အထိ အပြည့်အဝ တူညီမှုမရပေ။ သို့သော် သမ္မတ ဦးသိန်းစိန် သက်တမ်းကုန်ခါနီးတွင် အောင်မြင်မှုတခုအဖြစ် ရယူရန် အပြည့်အဝ သဘောတူညီမှု မရသော်လည်း KNU ကဲ့သို့ တိုင်းရင်းသားအဖွဲ့အချို့အား ဖိအားပေး၍ NCA သဘောတူညီချက်ကို လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။
NCA သဘောတူညီချက်နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အားလုံး သဘောမတူသော်လည်း ဦးသိန်းစိန် သမ္မတသက်တမ်းမကုန်မီ လက်မှတ်ရေးထိုးပေးပြီး ဆက်လက် ဆွေးနွေးမည်ဟု အစောပိုင်းက လိုက်လျောမှုပြုထားခဲ့၏။
သို့သော် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နောက်ဆုံး ညှိနိုင်းရာတွင် စစ်တပ်က AA, TNLA, MNDAA အဖွဲ့သုံးဖွဲ့ကို လက်မှတ်ထိုးခွင့်မပြုနိုင်ဟု NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးကို ငြင်းပယ်သဖြင့် NCA လက်မှတ်ရေးထိုးရာ၌ အားလုံးပါဝင်နိုင်မှု မရှိပေ။
KIA, SSPP, KNPP, NMSP စသည့် အဖွဲ့ကြီးများက မြောက်ပိုင်းသုံးဖွဲ့အား ပါဝင်ခွင့်မပြုခြင်းကို လက်မခံဘဲ အားလုံးမပါဝင်က လက်မှတ်မထိုးဟု ရပ်ခံခဲ့ကြ၏။ သို့ဖြစ်ရာ UNFC မှ KNU, DKBA, KNU-KNLA (PC), PNLO, ALP, LDU, ABSDF အဖွဲ့ ခုနစ်ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ကြ၏။
UNFC တွင် မပါဘဲ ဦးသိန်းစိန်အစိုးရနှင့် သီးခြားဆွေးနွေးကြသည့် UWSA နှင့် NDAA တို့ လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြ၏။ NSCN (K) နာဂအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အိန္ဒိယအစိုးရနှင့် အဓိကပြဿနာ ရင်ဆိုင်နေရပြီး မြန်မာအစိုးရနှင့် တိုက်ခိုက်ခိုက်မှု မရှိသဖြင့် ဆွေးနွေးပွဲမှ နုတ်ထွက်သွားပြီး RCSS တဖွဲ့သာ လက်မှတ်ရေးထိုခဲ့သဖြင့် စုစုပေါင်း NCA လက်မှတ်ရေးထိုးသည့်အဖွဲ့ ရှစ်ဖွဲ့ရှိခဲ့သည်။
၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့တွင် တရုတ်၏ ညှိနှိုင်းမှုဖြင့် မြောက်ပိုင်း ခုနစ်ဖွဲ့ဖြစ်သည့် KIA, SSPP, UWSA, MNDAA, TNLA, AA, NDAA တို့ တက်ရောက်ကြသော်လည်း NCA ထိုးထားခြင်း မရှိသဖြင့် ညီလာခံ၌ ပါဝင်ဆွေးနွေးခြင်း မရှိပါ။ ထို့ပြင် မြောက်ပိုင်း ခုနစ်ဖွဲ့က NCA အတိုင်းမသွားဟု ထုတ်ပြန်ထားသဖြင့် အခြေအနေသည် ပိုရှုပ်ထွေးနေ၏။
၂၀၁၈ ခုနှစ်တွင် NMSP နှင့် LDU တို့က NCA တွင် ပါဝင်လက်မှတ်ထိုးသဖြင့် NCA လက်မှတ်ထိုးသည့် အဖွဲ့ ၁၀ ဖွဲ့ဖြစ်လာသည်။ ၂၀၂၀ ကိုဗစ်ကာလတွင် စတုတ္ထအကြိမ် ညီလာခံကို အကျဉ်းရုံးပြုလုပ်ခဲ့၏။ ညီလာခံ လေးကြိမ်တွင် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြသော်လည်း NCA ၁၀ နှစ်ပြည့်သည်အထိ မည်သည့် သဘောတူညီချက်ကိုမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။
၂၀၁၈ ခုနှစ်တွင် NMSP နှင့် LDU တို့က NCA တွင် ပါဝင်လက်မှတ်ထိုးသဖြင့် NCA လက်မှတ်ထိုးသည့် အဖွဲ့ ၁၀ ဖွဲ့ဖြစ်လာသည်။ ၂၀၂၀ ကိုဗစ်ကာလတွင် စတုတ္ထအကြိမ် ညီလာခံကို အကျဉ်းရုံးပြုလုပ်ခဲ့၏။ ညီလာခံ လေးကြိမ်တွင် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြသော်လည်း NCA ၁၀ နှစ်ပြည့်သည်အထိ မည်သည့် သဘောတူညီချက်ကိုမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။

လက်ရှိ NCA ထိုးထားသည့် လက်ကျန်အဖွဲ့များ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေးထိုးထားသည့် ၁၀ ဖွဲ့မှ KNU, CNF, ABSDF တို့က NCA ပျက်ပြားသည်ဟု ကြေညာပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသည်မှာ ယခုအထိ ဖြစ်သည်။
လက်ရှိ NCA လက်ကျန်အဖွဲ့များတွင် RCSS, DKBA, KNU-KNLA (PC) သုံးဖွဲ့ကျန်သည်။ NMSP မှ တခြမ်းဖြစ်သည့် NMSP (AD) က စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသဖြင့် တခြမ်းကျန်သည်။ PNLO ကလည်း ပြန်လည် လက်နက်ကိုင်တိုက်နေပြီး ယခင် နာယကဖြစ်သူ ခွန်ဥက္ကာသာ NCA ထိုးထားသည့်အဖွဲ့ဟူ၍ နောက်လိုက်နောက်ပါ မရှိဘဲ ရပ်တည်နေသည်။
LDU အဖွဲ့မှာလည်း အတွင်းရေးမှူး လူအချို့သာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ပြီး LDU ဥက္ကဋ္ဌနှင့် ကျန်သူများက NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ဟုဆို၏။ ALP ကမူ စစ်တွေမြို့တွင် စစ်ကော်မရှင် (စကမ) ၏ ပြည်သူ့စစ်အဖြစ် ရပ်တည်နေပြီး ရခိုင်လူထုအား ကိုယ်စားပြုနိုင်ခြင်း မရှိတော့ပေ။
သို့ဖြစ်ရာ လက်ရှိ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်နေသော လက်ကျန်အဖွဲ့ ခုနစ်ဖွဲ့အနက် RCSS တဖွဲ့သာ လူသူလက်နက် ဖွဲ့စည်းပုံပြည့်စုံ၏။ DKBA နှင့် KNU-PC နှစ်ဖွဲ့ကမူ KNU ခွဲထွက်အဖွဲ့များဖြစ်ပြီး အိမ်ဖြည့်အဆင့်သာရှိ၏။ ကျန်လေးဖွဲ့က လူသူလက်နက်ပင် လောက်လောက်လားလား မရှိကြပေ။
တကယ့် အင်အားရှိသော လက်နက်ကိုင်အဖွဲ့များသည် NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်သကဲ့သို့ နွေဦးတော်လှန်ရေးတွင် NUG နှင့် PDF အပါအဝင် ပြည်မမှ လက်နက်ကိုင်အင်အားစုများစွာ အင်အားတောင့်တင်းစွာ ပေါ်ထွက်လာခဲ့သည်ကို ငြင်းပယ်၍ မရပေ။
အပစ်မရပ်နိုင်သည့်အကြောင်းများ
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးဆွေး နွေးခဲ့ကြပြီး NCA ၁၀ နှစ် ပြည့်သော်လည်း အပစ်မရပ်နိုင်သည့်အကြောင်းများကို သုံးသပ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။
လက်ရှိ စစ်တပ်ပြောဆိုနေသည့် NCA ဆိုသည်မှာ တိုင်းရင်းသားအဖွဲ့များကိုယ်တိုင် ရေးဆွဲသဘောတူခဲ့ကြခြင်း ဆိုသည့်အချက်မှာ အဖြစ်အပျက်မှန် မဟုတ်ပေ။ ဦးသိန်းစိန်အစိုးရလက်ထက်က အတင်းအဓမ္မ ဖိအားပေးပြီး သဘောတူညီချက် ရယူထားခြင်းဖြစ်သည်။
၁။ လက်ရှိ စစ်တပ်ပြောဆိုနေသည့် NCA ဆိုသည်မှာ တိုင်းရင်းသားအဖွဲ့များကိုယ်တိုင် ရေးဆွဲသဘောတူခဲ့ကြခြင်း ဆိုသည့်အချက်မှာ အဖြစ်အပျက်မှန် မဟုတ်ပေ။ ဦးသိန်းစိန်အစိုးရလက်ထက်က အတင်းအဓမ္မ ဖိအားပေးပြီး သဘောတူညီချက် ရယူထားခြင်းဖြစ်သည်။
၂။ NCA လက်မှတ်ရေးထိုးရာတွင် တကယ် လက်နက်ကိုင်အင်အားရှိသော တပ်ဖွဲ့များ မပါပေ။ ဤသို့ မပါဝင်ခြင်းမှာ စစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးပါဝင်ရေးကို ငြင်းပယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၃။ ဤသို့ ဖြစ်ခြင်းမှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သွေးခွဲ၍ ဖြိုခွဲရန် ကြံစည်မှုကြောင့်ဖြစ်၏။ နိုင်ငံရေးအရ၊ စစ်ရေးအရ အားပျော့သော အဖွဲ့များအား ကိုယ်လိုသလို ပုံသွင်းပြီး မရသည့်အဖွဲ့များအား စစ်ရေးအရ ခွဲခြားတိုက်ခိုက်ဖြေရှင်းသည့် စစ်တပ်၏ မူဝါဒကြောင့် ဖြစ်၏။ ဤသို့ စစ်တပ်၏ ခွဲခြားချေမှုန်းလိုသည့် မူဝါဒကို တိုင်းရင်းသားတပ်ဖွဲ့များက ကောင်းစွာသိပြီးဖြစ်သဖြင့် စစ်တပ်ကို အယုံအကြည်ကင်းမဲ့ပြီး ဆွေးနွေးဖြေရှင်းရန် ပို၍ ခက်ခဲလာပေသည်။
၄။ ဦးသိန်းစိန်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်များတွင် NCA ဆွေးနွေးပွဲများ၌ တွေ့ရသည့်အချက်မှာ ဆွေးနွေးပွဲအဆုံးအဖြတ်သည် အရပ်သားအစိုးရလက်ထဲတွင် မရှိဘဲ စစ်တပ်လက်ထဲတွင်သာ ရှိ၏။ စစ်တပ်သဘောမတူလျှင် အရပ်သားအစိုးရ ဘာမှ လုပ်မရပေ။
၅။ NCA လက်မှတ်ရေးထိုးသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပြီး ဆွေးနွေးပွဲများမှ သဘောတူညီချက်များ ရခဲ့သည်ဆိုသော်လည်း မည်သည့်အချက်မှ လက်တွေ့ အကောင်အထည်ပေါ်ခြင်း မရှိပေ။ ဤအချက်က လက်တွေ့တွင် NCA သည် အလုပ်မဖြစ်ကြောင်း ဖော်ပြနေသည်။
၆။ နိုင်ငံရေးအရ NCA ဆွေးနွေးပွဲများ မအောင်မြင်နိုင်သည့်အကြောင်းမှာ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအား အသေဆုပ်ကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း မရှိဘဲ မြန်မာပြည်တွင် ဖက်ဒရယ်ရော ဒီမိုကရေစီပါ မရရှိနိုင်ပေ။
၇။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်တွေ့အလုပ်မဖြစ်သည့် အကြောင်းအချက်တခုမှာ သမာသမတ်ကျသည့် ကြားခံညှိနိုင်းပေးနိုင်သူ မရှိခြင်းဖြစ်၏။ သမ္မတ ဦးသိန်းစိန် လက်ထက်က မြန်မာ့ ငြိမ်းချမ်းစင်တာ (MPC) ထားရှိပြီး ထိုစင်တာမှ ပညာရှင်ဆိုသူများကို ငြိမ်းချမ်းရေးအကျိုးဆောင်ဟု သုံးနှုန်းသော်လည်း လက်တွေ့တွင် ထိုသူများသည် USDP အစိုးရနှင့် စစ်တပ်အတွက် အကျိုးဆောင်သူများသာ ဖြစ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိုသူများအား သမာသမတ်ကျသည့် ကြားနေလူများအဖြစ် ယုံကြည်ကြခြင်း လုံးဝမရှိပေ။
စကမနှင့်အပေါင်းအပါများက NCA ၁၀ နှစ်ပြည့်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသော်လည်း NCA သည် လက်တွေ့အလုပ်မဖြစ်ပေ။ ရှေ့တွင်လည်း ဤပုံစံနှင့် ဆက်သွားပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤ ၁၀ နှစ်ပြည့်ပွဲကို ကျင်းပနေသည်မှာ အကြောင်းမဲ့ ဟုတ်ပုံမရ။ စကမ ပြုလုပ်နေသည့် ရွေးကောက်ပွဲက တက်လာသည့် အမည်ခံ အရပ်သားအစိုးရလက်ထက်တွင် အလုပ်မဖြစ်သည့် NCA ဇာတ်မျောကို ပြန်ကရန် ပြင်ဆင်နေပုံရသည်။
စကမနှင့်အပေါင်းအပါများက NCA ၁၀ နှစ်ပြည့်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသော်လည်း NCA သည် လက်တွေ့အလုပ်မဖြစ်ပေ။ ရှေ့တွင်လည်း ဤပုံစံနှင့် ဆက်သွားပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤ ၁၀ နှစ်ပြည့်ပွဲကို ကျင်းပနေသည်မှာ အကြောင်းမဲ့ ဟုတ်ပုံမရ။ စကမ ပြုလုပ်နေသည့် ရွေးကောက်ပွဲက တက်လာသည့် အမည်ခံ အရပ်သားအစိုးရလက်ထက်တွင် အလုပ်မဖြစ်သည့် NCA ဇာတ်မျောကို ပြန်ကရန် ပြင်ဆင်နေပုံရသည်။
သို့သော် ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ ၂၀၂၁ ခုနှစ်နောက် ပေါ်ပေါက်လာသည့် PDF နှင့် နွေဦးအင်အားစုများအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်ရေးကို ပစ်ပယ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များကို သွေးခွဲဖြိုခွဲရန်သာ ကြိုးစားနေလျှင် တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆိုသည်မှာ အနာဂတ်ကာလတွင်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
၂၀၂၁ မတိုင်မီနှင့် ၂၀၂၅ ကာလ လက်နက်ကိုင်အင်အား ပြောင်းလဲကြီးထွားမှု၊ စစ်ရေးအခြေအနေ ပြောင်းလဲမှုများက ကြီးမားသည်။ လက်ရှိအချိန်ကာလတွင် စကမကို ပုန်ကန်နေသည့်အင်အားစုက သိန်းနှင့်ချီ တိုးပွားနေပြီဖြစ်သည်။ တပြည်လုံးအနှံ့တွင် မြို့ပေါင်း ၉၀ ကျော် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
စကမ စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ တိုင်းစစ်ဌာနချုပ်၊ စကခ ဌာနချုပ်များအပါ တပ်ရင်းတပ်ဖွဲ့ ၁၀၀ ကျော် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီး အခြေစိုက်စခန်းပေါင်း ထောင်နှင့်ချီ၍ စွန့်လွှတ်ခဲ့ရပြီဖြစ်သည်။
စကမ စစ်အင်အား သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ လက်နက်ချ သောင်းဂဏန်း ပြုန်းတီးသွားပြီဖြစ်သည်။ လက်ရှိတွင် စကမသည် စစ်သားအဓမ္မစုဆောင်းနေရပြီး တိုက်စိတ်ခိုက်စိတ် မရှိသည့်၊ တိုက်ရည်ခိုက်ရည် မရှိသည့် တပ်သားများနှင့် စစ်တိုက်နေရခြင်းဖြစ်သည်။
ထို့ပြင် လက်ရှိ စကမ၏ အနေအထားသည် ကိုယ့်နှာခေါင်းပေါက်နှင့် အသက်ရှူရပ်တည်နိုင်ခြင်း မရှိဘဲ တရုတ်နှာခေါင်းပေါက်နှင့် အသက်ရှူနေရခြင်းဖြစ်သည်။
ဤသို့ ပြောင်းလဲနေသည့်အခြေအနေနှင့် ကိုက်ညီသော အပြောင်းအလဲ မပြုလုပ်ဘဲ NCA ဓာတ်ပြားကွဲကြီးကို ပြန်ဖွင့်နေပါက နားထောင်သူ ရှိမည့်မဟုတ်ပေ။ နားငြီးရုံသာ အဖတ်တင်ပေလိမ့်မည်။
နိုင်ငံရေးအရ ၂၀၀၈ အခြေခံဥပဒေဆိုသည်ကို စစ်တပ်က ဆက်လက်၍ ကိုင်စွဲနေဦီးမည်ဆိုပါက မြန်မာပြည်ဖက်ဒရယ်နှင့် ဒီမိုကရေစီပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆိုသည်မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်
စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်
KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား
မိုးဗြဲ၊ နောင်ချိုမှ ပေးသော သင်ခန်းစာ
ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ














