နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ တရုတ်အထူးသံတမန် တိန့်ရှီကျွင်းက “မြန်မာမှာ ပဋိပက္ခမြင့်မားတာ ဒါမှမဟုတ် ဥပဒေမဲ့တာ” တရုတ်က မတွေ့ချင်ဘူးလို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ အရင်ကစကားကို သံယောင်လိုက်ပြီး မစ္စတာ တိန့်ရှီကျွင်းက မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပစွက်ဖက်မှုကို လက်မခံဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ မစွက်ဖက်ရေးဆိုတဲ့စကားကို သုတေသီတွေ မေးခွန်းထုတ်ကြပါတယ်။ “တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တခုတည်းသော နိုင်ငံဖြစ်တယ်” လို့ နိုင်ငံရေးလေ့လာသူတဦးက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။
“တရုတ်က စစ်အုပ်စုကို ကျားကန်ပေးနေတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ကို အားကိုးနေတာကြောင့် တရုတ်အစိုးရက ဆက်လက် စွက်ဖက်နေမယ်” လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့နှစ် သြဂုတ်လမှာ မစ္စတာ ဝမ်ယိက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနဲ့ပတ်သက်တဲ့ အခြေခံစည်းမျဉ်း သုံးခုကို ပြောတယ်။ မြန်မာမှာ ပြည်တွင်းစစ် မဖြစ်သင့်ဘူး။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မိသားစုနဲ့ မကင်းကွာသင့်ဘူး။ ပြည်ပအင်အားစုတွေ စွက်ဖက်မခံသင့်ဘူးလို့ ပြောတယ်။

အဲဒါတွေဟာ မြန်မာရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရတဲ့ ပြောဆိုချက်တွေ ဖြစ်ပါတယ်။
နောက်မကြာခင်မှာပဲ စစ်အုပ်စုဆန့်ကျင်ရေး ထိုးစစ်ရပ်ဖို့ တရုတ်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို ဖိအားပေးပြီး ငြင်းဆန်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ခြိမ်းခြောက်တယ်။ အဲဒီလို သတိပေးလိုက်တာဟာ တိုက်ရိုက် စွက်ဖက်မှုလို့ စွပ်စွဲချက်တွေ ဖြစ်စေတယ်။
တရုတ်နိုင်ငံဟာ မတည်ငြိမ်မှုကို ဆန့်ကျင်တယ်လို့ မစ္စတာ တိန့်ရှီကျွင်းက ပြောပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်အုပ်စု ဆန့်ကျင်ရေး ထိုးစစ်တွေကို တရုတ်ရဲ့ ကနဦးထောက်ခံမှုဟာ မြန်မာမှာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။
အဲဒီတုန်းက တရုတ်ပါဝင်ပတ်သက်မှုကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်မှ အရိပ်အမြွက် ပြောခဲ့တယ်။ အခုမှာတော့ ရှမ်းပြည်မြောက်ပိုင်းက ဆုံးရှုံးသွားတဲ့မြို့တချို့ကို ပြန်လည် သိမ်းပိုက်နိုင်တဲ့ စစ်အုပ်စုရဲ့ စွမ်းရည်ဟာလည်း အလားတူ တရုတ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားပေးမှုနဲ့ တရုတ်က စစ်အုပ်စုကို လက်နက်၊ နည်းပညာနဲ့ ရန်ပုံငွေ ထောက်ပံ့မှုကြောင့် ရလဒ်ကောင်း ထွက်လာစေတယ်။
တရုတ်က မီးစတဖက် ရေမှုတ်တဖက် စစ်ကောင်စီကို ထောက်ခံပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေးပွဲစားနေရာ ယူနေတာဟာ ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောတယ်။ သမိုင်းအရပြောရရင် တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်တပ်ဆင်ပေးပြီး စစ်အုပ်စုအဆက်ဆက်ကိုလည်း လက်နက်ရောင်းရုံသာမက နိုင်ငံတကာစင်မြင့်မှာ စစ်အုပ်စုတွေကို အကာအကွယ်ပေးခဲ့တယ်။

မကြာသေးခင်က စစ်အုပ်စု ပြန်လည်သိမ်းပိုက်လိုက်တဲ့ မြို့တွေဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတာကြောင့် တရုတ်ရဲ့လက်ရှိ ကြားဝင်ရေး အားထုတ်မှုတွေဟာ အခြေခံအားဖြင့် တရုတ်စီးပွားရေး အကျိုးစီးပွားကို အကျိုးပြုတယ်လို့ သုတေသီတွေက ပြောတယ်။
စစ်မြေပြင် အပြောင်းအလဲတွေဟာ ပကတိအခြေအနေကို မီးမောင်းထိုးပြနေတယ်။ တရုတ်ဖိအားကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟာ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်အုပ်စုဆီ ပြန်လည်လွှဲပြောင်းပေးအပ်ရပြီး စစ်အုပ်စုဟာ နောင်ချို ကျောက်မဲနဲ့ အခု သီပေါကို ကို ပြန်လည်ထိန်းချုပ်နိုင်တယ်။
တရုတ်ရဲ့ သေနင်္ဂဗျူဟာကို လေ့လာသူတွေက ဆီးရီးယားကို ရုရှားထောက်ခံမှုနဲ့ နှိုင်းယှဉ်တယ်။ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ မဟာမိတ်ကို ကျားကန်ပေးတာလို့ ပြောတယ်။ “တရုတ်က မြန်မာကို နားမလည်ဘူး။ ကိုယ့်အကျိုးပဲ ကိုယ်သိတယ်” လို့ လေ့လာသူတဦးက ပြောတယ်။
တချိန်တည်းမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးကို ရုံးပိတ်ရက် ကြေညာတာကနေ တရုတ်လုံခြုံရေးလုပ်ငန်းတွေကို မြန်မာမှာ လုပ်ကိုင်ခွင့်ပေးတာအထိ တရုတ်ကို ပြန်လည်ချော့မော့တယ်။ စစ်အုပ်စုက အလျှော့ပေးလေလေ မြန်မာ့အရေးမှာ တရုတ်က သြဇာထူထောင်လေလေပဲလို့ သုတေသီတွေက ပြောတယ်။

လွန်ခဲ့တဲ့နှစ်မှာ မစ္စတာ ဝမ်ယိက မြန်မာနဲ့ပတ်သက်တဲ့ အစည်းအဝေးတခုမှာ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့တော့ အခြေခံစည်းမျဉ်း သုံးခုကိုပြောတယ်။ ဒီနှစ်မှာတော့ သူ့တပည့် တိန့်ရှီကျွင်းက အဲဒီသတိပေးချက်ကို NCA အခမ်းအနားတက်တဲ့ မင်းအောင်လှိုင်ရဲ့ဝန်ကြီးအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်ပသံတမန်ရှေ့မှာ ထပ်မံ သတိပေးတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Beijing Preaches Noninterference While Playing Both Sides in Myanmar’s War ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်အကူအညီရပြီးနောက် စကမ ရရှိသွားသည့် အကျိုးအမြတ်များ
တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်
မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ
စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား
၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ