စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ မယုံကြည်သလို စောင့်ကြည့်လေ့လာမယ့် ကိုယ်စားလှယ်အဖွဲ့ပါ စေလွှတ်ဖို့မရှိကြောင်း ဥရောပသမဂ္ဂ(EU) လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကာရှာကိုလွန်ဂရန်က ပြောဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ နိုင်ငံရေး ထွက်ပေါက် အတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်ဖို့ အားစိုက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကလည်း စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို ဆက်လက်တရားဝင်ဖြစ်စေဖို့ လှည့်ကွက်တခုအဖြစ် ရှုမြင်ထားကြတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ဥရောပ #EU #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













