၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီး တရုတ်အစိုးရက မြန်မာပြည်တွင်းစစ်တွင် ကြားနေခြင်းမပြုတော့ဘဲ စစ်အာဏာရှင်များ အသက်ဆက်ရေး၊ မြန်မာစစ်တပ် အသက်ဆက်ရေးအတွက် ဘက်ပေါင်းစုံမှ စတင်ကူညီခဲ့သည်ကို တွေ့ရသည်။
တရုတ်၏ အကူအညီများမှာ ငွေကြေးအကူအညီပေးခြင်း၊ စစ်ဘက်ဆိုင်ရာ ဒရုန်းနည်းပညာ အကူအညီပေးခြင်း၊ စစ်ကော်မရှင် (စကမ) အစိုးရအား နိုင်ငံတဘကာတွင် ပွဲထုတ်ပေးခြင်း၊ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ဖိအားပေး၍ အတိုက်အခိုက်ရပ်စေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ညီညွတ်မှု၊ ပြည်မရှိ နွေဦးအင်အားစုများနှင့် ညီညွတ်မှုများကို ဖြိုခွဲခြင်း၊ စေ့စပ်ဆွေးနွေးရေး ခေါင်းစဉ်အောက်တွင် တရုတ်နယ်စပ် တိုင်းရင်းသားအဖွဲ့များအား မြန်မာစစ်တပ်ကို အညံ့ခံခိုင်းခြင်းတို့ ပြုလုပ်ပြီး တရုတ်တို့က ကူညီပေးခဲ့သည်။
မစ္စတာ ဝမ်ယိ ခရီးစဉ်အတွင်း တရုတ်အစိုးရက စကစ အား ဒေါ်လာ သန်း ၁ ထောင်ခန့် ချေးငွေ၊ သို့မဟုတ် ကြိုတင်ငွေ ထုတ်ပေးခဲ့သည်ဟု သိရ၏။ တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီး မြန်မာငွေကြေး တန်ဖိုးကျဆင်းခြင်း ရပ်တန့်သွားသည်။
အာဏာသိမ်းကတည်းက ကြုံနေရသည့် လောင်စာဆီဝယ်ရန် နိုင်ငံခြားငွေ ပြတ်လပ်မှု ပြဿနာ မကြုံရတော့။ မည်သည့် စီးပွားရေးမှ တိုးတက်ခြင်း မရှိသည့် တိုင်းပြည်တွင် ဤပြဿနာများ ပြေလည်သွားခြင်းသည် နိုင်ငံခြားအကူအညီ၊ တရုတ်အကူအညီ ရခြင်းကြောင့်သာ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြ၏။
ဤစီးပွားရေးအကျပ်အတည်းမှ စကမ အသက်ရှူချောင်သွားခြင်းသည် ပြည်တွင်းစီးပွားရေး အကျပ်အတည်းကြောင့် ကြုံရမည့် ဖိအားများအောက်မှ လွတ်မြောက်သွားသည်။ ကျပ်ငွေဖောင်းပွမှု၊ နိုင်ငံခြားငွေ ပြတ်လပ်မှု၊ လောင်စာဆီ ပြတ်လပ်မှု၊ ဘတ်ဂျက်အသုံးစရိတ် မလုံလောက်မှု၊ စစ်စားရိတ် မလုံလောက်မှု စသည့်ပြဿနာများတွင် ဖိအားအတော်အတန် လျော့ပါးသွားသည်။
ဤစီးပွားရေးအကျပ်အတည်းမှ စကမ အသက်ရှူချောင်သွားခြင်းသည် ပြည်တွင်းစီးပွားရေး အကျပ်အတည်းကြောင့် ကြုံရမည့် ဖိအားများအောက်မှ လွတ်မြောက်သွားသည်။ ကျပ်ငွေဖောင်းပွမှု၊ နိုင်ငံခြားငွေ ပြတ်လပ်မှု၊ လောင်စာဆီ ပြတ်လပ်မှု၊ ဘတ်ဂျက်အသုံးစရိတ် မလုံလောက်မှု၊ စစ်စားရိတ် မလုံလောက်မှု စသည့်ပြဿနာများတွင် ဖိအားအတော်အတန် လျော့ပါးသွားသည်။
ထို့ပြင် စစ်သားသစ် အများအပြား စုဆောင်းခြင်းအတွက် ကုန်ကျမည့် စစ်စရိတ်အတွက်လည်း မပူပင်ရတော့ပေ။ သို့ဖြစ်ရာ တရုတ်၏ ငွေကြေးအကူအညီသည် စကမ၏ တပ်အင်အား ဖြည့်တင်းရေးအတွက် သိသိသာသာ အထောက်အကူပြုခဲ့သည်ကို တွေ့ရ၏။ စကမ၏ စစ်စရိတ် ကောင်းစွာ ထောက်ပံ့နိုင်ခဲ့သည်ဟု ဆိုရမည်။
ဒုတိယအဆင့်မှာ စကမ အား တရုတ်က သံတမန်ရေးအရ အသိအမှတ်ပြုခြင်းဖြစ်၏။ ၂၀၂၄ ခုနှစ် မဲခေါင်အစည်းအဝေးမှစ၍ စကမ ခေါင်းဆောင် မင်းအောင်လှိုင်အား တရုတ်တို့ စတင်ပွဲထုတ်ခဲ့ပြီး အာဆီယံခေါင်းဆောင်များနှင့်လည်း ထိတွေ့စေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စကမ ခေါင်းဆောင်အား တရုတ်တို့က တရုတ်ပြည်သို့ နိုင်ငံတော်အဆင့် အသိမှတ်ပြုဖိတ်ကြားခဲ့ပြီး ကော်ဇောနီခင်း၍ ကြိုဆိုခဲ့၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တရုတ်သမ္မတက လက်ခံတွေ့ဆုံပြီး စကမ၏ အဆင့်ဆင့်အရာရှိများအား တရုတ်အစိုးရက ချောင်းပေါက်မတတ် တရုတ်ပြည်သို့ ဖိတ်ကြားသည်ကို တွေ့ရသည်။ အာဆီယံနှင့် ကုလသမဂ္ဂတွင် နေရာမရသည့် စကမ စစ်အုပ်စုသည် တရုတ်၏ အသိအမှတ်ပြုမှုကြောင့် သံတမန်ရေးအရ အတန်ငယ် ခေါင်းထောင်နိုင်ခဲ့သည်ဟု ဆိုရမည်။ တရုတ်သည် ဒေသတွင်းနိုင်ငံကြီးတခုဖြစ်သည့်အားလျော်စွာ တရုတ်၏ သံတမန်ရေးအသိအမှတ်ပြုမှုသည် ရုရှား၏ အသိအမှတ်ပြုမှုထက် များစွာ အကျိုးရှိခဲ့သည်ဟု ဆိုရမည်။
တရုတ်သည် မြန်မာစစ်တပ်သို့ တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောအပါအဝင် စစ်သုံးပစ္စည်း အများအပြား ရောင်းချခဲ့သည့်နိုင်ငံဖြစ်သည်။ ယခုအခါ ခေတ်မီစစ်ပွဲအတွက် ဒရုန်းများနှင့် ဒရုန်းနည်းပညာ ရောင်းချသည်ကို တွေ့ရသည်။
တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များသည် တရုတ်ဒရုန်းများ သိမ်းဆည်းရမိခဲ့သကဲ့သို့ ထိုတရုတ်ဒရုန်းများတွင် တရုတ်၌ လေ့ကျင့်ပျံသန်းခဲ့သည့် မှတ်တမ်းများလည်း တွေ့ရှိရသည်။ ခေတ်မီစစ်ပွဲအတွင်း အသုံးပြုရန် ဒရုန်းများ၊ ဒရုန်းနည်းပညာများ ရရှိခဲ့ခြင်းသည် မြန်မာစစ်တပ်အတွက် သိသာသည့် အကျိုးရှိခဲ့သည်က အမှန်ဖြစ်၏။
စစ်တပ်အတွက် စစ်ရေးအရ သိသိသာသာအကျိုးရှိစေသည့်အချက်မှာ မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့များအား တရုတ်တို့က ဖိအားပေး ဖြိုခွဲခဲ့ခြင်းဖြစ်သည်။ အများတွေ့ကြသည့်အတိုင်း ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအရ တိုက်ခိုက်ရေးအား ပြင်းထန်ခဲ့ပြီး စစ်တပ်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့သည်။
စစ်တပ်အတွက် စစ်ရေးအရ သိသိသာသာအကျိုးရှိစေသည့်အချက်မှာ မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့များအား တရုတ်တို့က ဖိအားပေး ဖြိုခွဲခဲ့ခြင်းဖြစ်သည်။ အများတွေ့ကြသည့်အတိုင်း ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအရ တိုက်ခိုက်ရေးအား ပြင်းထန်ခဲ့ပြီး စစ်တပ်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့သည်။
ထိုမြောက်ပိုင်းသုံးဖွဲ့အား ဖိအားပေးပြီး တရုတ်တို့ ဖြိုခွဲခဲ့၏။ တရုတ်နယ်စပ်တလျှောက် ဖြတ် ငါးဖြတ်ပြုလုပ်ခဲ့၏။ နယ်စပ်တလျှောက်ရှိ မြောက်ပိုင်းသုံးဖွဲ့သာမက အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကိုပါ ထိခိုက်ခဲ့သည်။

ဒေသခံလူထုပါ ထိခိုက်ပြီး အဖွဲ့အစည်းများအပေါ် ဖိအားကြီးမားခဲ့၏။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် ခေါင်းဆောင်များအား ဖမ်းဆီး၍ အကျပ်ကိုင်ကာ အပစ်အခတ် ရပ်စဲစေခဲ့သည့်အပြင် လားရှိုးမြို့အား စစ်တပ်လက်ထဲသို့ ပြန်ထည့်ပေးခဲ့သည်။
ရှမ်းမြောက်တွင် စစ်ရေးအရ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အား တဖွဲ့တည်း အထီးတည်းဖြစ်စေပြီး TNLA အား တိုက်ခိုက်မည်ဟုပင် ခြိမ်းခြောက်ခဲ့၏။ အလားတူ KIA ကိုလည်း အပစ်ရပ်ရန် ဖိအားပေးသကဲ့သို့ ဗန်းမော်မြို့အား မတိုက်ခိုက်ရန် ဖိအားပေးခဲ့သည်။
သို့ဖြစ်ရာ စစ်ရေးအရ အချက်အချာကျသည့် လားရှိုးကို ပြန်ရခြင်း၊ တိုက်အားကောင်းသည့် MNDAA အပစ်ရပ်သွားခြင်းကြောင့် စစ်တပ်အတွက် ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင်ရန် တပန်းသာသွားခဲ့၏။
တရုတ်၏ အကူအညီသည် အရပ်စကားနှင့်ပြောရပါက မြောက်ပိုင်းအဖွဲ့များအား နောက်က ဖမ်းချုပ်ပေးပြီး စကမကို ထိုးခိုင်းခြင်းနှင့် အလားသဏ္ဍာန်တူသည်ဟု ဆိုရပေမည်။ တရုတ်အကူအညီ မရပါက နောင်ချို၊ ကျောက်မဲတို့ကို စစ်တပ် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်သိမ်းပိုက်နိုင်ရန် မလွယ်သည့်အပြင် မြောက်ပိုင်းအဖွဲ့များ၏ နောက်တဆင့် ထိုးစစ်ကိုပင် စိုးရိမ်တကြီး ကာကွယ်နေရမည်ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့ကို ဖြိုခွဲသည့် တရုတ်၏ အကူအညီသည် မြန်မာစစ်တပ်၏ စစ်ရေးရလဒ်အတွက် စစ်မြေပြင်တွင် အရေးပါခဲ့သည်။
တရုတ်၏ အကူအညီသည် အရပ်စကားနှင့်ပြောရပါက မြောက်ပိုင်းအဖွဲ့များအား နောက်က ဖမ်းချုပ်ပေးပြီး စကမကို ထိုးခိုင်းခြင်းနှင့် အလားသဏ္ဍာန်တူသည်ဟု ဆိုရပေမည်။ တရုတ်အကူအညီ မရပါက နောင်ချို၊ ကျောက်မဲတို့ကို စစ်တပ် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်သိမ်းပိုက်နိုင်ရန် မလွယ်သည့်အပြင် မြောက်ပိုင်းအဖွဲ့များ၏ နောက်တဆင့် ထိုးစစ်ကိုပင် စိုးရိမ်တကြီး ကာကွယ်နေရမည်ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့ကို ဖြိုခွဲသည့် တရုတ်၏ အကူအညီသည် မြန်မာစစ်တပ်၏ စစ်ရေးရလဒ်အတွက် စစ်မြေပြင်တွင် အရေးပါခဲ့သည်။
ထို့ပြင် UWSA သည် စစ်တပ်အတွက် ခေါင်းကိုက်ဆေးဖြစ်၏။ UWSA က ကျန်သည့်အဖွဲ့များကို လက်နက်ခဲယမ်း၊ ငွေရေးကြေးရေး အကူအညီများအပြင် သူ၏နယ်မြေ အသုံးပြုခွင့်ပါ ပေးထားသည်ကို စကမ အသိဖြစ်သည်။
သို့သော် UWSA ကို စကမတို့ မပြောနိုင်ပေ။ ပြောလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။ စစ်တပ်အဖို့ အင်အား ၄ သောင်းခန့်ရှိပြီး စစ်လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားသည့် UWSA တပ်ဖွဲ့ကို စစ်မျက်နှာအသစ်ဖွင့်ရန် မဆိုထားနှင့် UWSA က စစ်မျက်နှာဖွင့်လာမည်ကို စိုးရိမ်ရမည့် အခြေအနေဖြစ်သည်။
ဤသို့သောအခြေအနေတွင် တရုတ်တို့၏ ဖိအားကြောင့် UWSA ၏ ပါဝင်ကူညီမှုကို ကန့်သတ်တားမြစ်နိုင်ခြင်းသည် စစ်တပ်အတွက် စစ်ရေးအရ အားတခုဖြစ်၏။ ထို့ပြင် အစောပိုင်းက UWSA အခြေအနေကို ကြည့်နေရ၍ တြိဂံတိုင်း ကျိုင်းတုံဒေသမှ တပ်အင်အား အကန့်အသတ်နှင့်သာ ထုတ်နုတ်နိုင်သော်လည်း ယခုအခါ တပ်အများအပြား ထုတ်နုတ်နိုင်သည်ကို တွေ့ရသည်။
တရုတ်တို့က လားရှိုးအား စကမ လက်ထဲသို့ ပြန်ပေးခြင်း၊ ဗန်းမော်အား မတိုက်ရန် ဖိအားပေးခြင်းသည် ဒေသအလိုက် အချက်အချာကျသည့် မြို့ကြီးများကို တော်လှန်ရေးတပ်ဖွဲ့လက်သို့ မရောက်စေရန် တရုတ်တို့က အားထုတ်ခြင်းဖြစ်၏။
ဤသို့ အချက်အချာကျသည့် မြို့ကြီးများ တော်လှန်ရေးတပ်ဖွဲ့များလက်တွင်းသို့ ကျရောက်နေပါက မြန်မာပြည်နှင့်ပတ်သက်၍ နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုများမည့်အရေးကို ရှောင်လွှဲရန်၊ မြန်မာစစ်တပ် နိုင်ငံရေးအရ၊ စစ်ရေးအရ သိက္ခာကျမည့်အရေးမှ ရှောင်လွှဲနိုင်ရန် တရုတ်တို့က ကူညီပေးခြင်းဖြစ်သည်။
ဤသို့သော တရုတ်တို့၏ အကူအညီပေးသည့် အခြေအနေအောက်တွင် ၂၀၂၅ ခုနှစ်၌ မြန်မာစစ်တပ်သည် ဘဏ္ဍာရေးအကျပ်အတည်း များစွာမရှိဘဲ စစ်သည်၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်း၊ ဒရုန်းနှင့် ဒရုန်းနည်းပညာများ ဝယ်ယူတပ်ဆင်ခြင်းများ ပြုလုပ်ပြီး ပြန်လှန် ထိုးစစ်များ ပြုလုပ်လာနိုင်သည်။
ဤသို့သော တရုတ်တို့၏ အကူအညီပေးသည့် အခြေအနေအောက်တွင် ၂၀၂၅ ခုနှစ်၌ မြန်မာစစ်တပ်သည် ဘဏ္ဍာရေးအကျပ်အတည်း များစွာမရှိဘဲ စစ်သည်၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်း၊ ဒရုန်းနှင့် ဒရုန်းနည်းပညာများ ဝယ်ယူတပ်ဆင်ခြင်းများ ပြုလုပ်ပြီး ပြန်လှန် ထိုးစစ်များ ပြုလုပ်လာနိုင်သည်။
မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နောက်တဆင့်ကိုလည်း စိတ်ပူစရာ မလိုတော့ပေ။ UWSA က တော်လှန်ရေးတပ်ဖွဲ့များကို အကူအညီပေးနေခြင်းကို စိတ်ပူစရာ မလိုတော့။
ထိုအခြေအနေအောက်တွင် စကမသည် စစ်ရေးအရ မြို့အချို့ကို ပြန်သိမ်းလာနိုင်သည်။ နောင်ချို၊ ကျောက်မဲ၊ မိုးဗြဲတို့ကို ပြန်သိမ်းနိုင်လိုက်၏။ နောင်ချိုနှင့် နောင်ချိုမှမိုးကုတ်လမ်းပေါ်ရှိ ရတနာသိင်္ဂီ မိုင်းတွင်းကို သိမ်းပိုက်နိုင်ခဲ့သည်။
နောင်ချို-ရတနာသိင်္ဂီ လမ်းပိုင်းကို စကမ က ထိန်းချုပ်နိုင်သဖြင့် မတ္တရာအရှေ့ခြမ်းရှိ ဖယောင်းတောင်၊ ဘိလပ်မြေစက်ရုံတို့ကို ထိန်းချုပ်ထားသည့် မန္တလေး PDF တို့အား နောက်ကျောမှ ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် မန္တလေး PDF များ နောက်ဆုတ်ပေးခဲ့ရ၏။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပြင်ဦးလွင်နှင့် မန္တလေးကို စစ်ရေးအရ ခြိမ်းခြောက်ထားသည့် အခြေအနေ ပျက်ပြယ်သွားသည်။ ထို့အတူ မိုးဗြဲကို စစ်တပ်က ပြန်သိမ်းနိုင်ခြင်း၊ လွိုင်ကော်တိုက်ပွဲမှ ပြန်ဆုတ်ပေးလိုက်ရခြင်း၊ အင်းလေးနယ်အချို့မှ ဆုတ်ပေးရခြင်းကြောင့် တောင်ကြီးမြို့ကို ခြိမ်းခြောက်ထားနိုင်သည့် အခြေအနေလည်း ပျက်ပြယ်သွားသည်။
သို့ဖြစ်ရာ ထိုအကျိုးဆက်ကြောင့် ၂၀၂၅ ခုနှစ်တွင် မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး မြို့ကြီးသုံးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ရိုက် ခြိမ်းခြောက်ခံနေရခဲ့သည့် အခြေအနေမှ လွတ်မြောက်သွား၏။

တရုတ်တို့၏ အကူအညီများမှ စကမ ရခဲ့သည့် နောက်ဆက်တွဲ အကျိုးရလဒ်ဟု ဆိုရပါမည်။ တရုတ်တို့၏ ဘက်စုံအကူအညီကြောင့်၊ ဝင်ရောက်စွက်ဖက်မှုများကြောင့် မြန်မာစစ်တပ်အတွက် အကျိုးရှိခဲ့သည်ကတော့ အမှန်ဖြစ်သည်ကို တွေ့ရပေသည်။
ထို့ကြောင့်လည်း မြန်မာ့အရေးတွင် တရုတ်တို့ ဝင်ရောက်စွက်ဖက်မှု မရှိဟု တရုတ်လော်ဘီများက ဗြောင်လိမ်ညာနေသော်လည်း စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်သည် တရုတ်၏ အကူအညီမရပါက အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို ပံ့ပိုးနေခြင်းသည် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး စစ်အာဏာရှင်ကို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း နယူးဇီလန် အလုပ်သမားပါတီမှ လွှတ်တော်အမတ် ဖီးလ် တွီဖို့ဒ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လတ်တလော တရုတ်အကူအညီပံ့ပိုးမှုဖြင့် မြန်မာစစ်တပ်ရရှိသည့် အချက်တခုမှာ ၂၀၂၅ ရွေးကောက်ပွဲ ဖြစ်၏။ မြန်မာပြည်သူများ ဆန့်ကျင်ကြသည့် အနှီရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာစစ်တပ်သည် တရုတ်၏ပံ့ပိုးမှု၊ ကူညီမှု၊ အသိအမှတ်ပြုမှုများရမည့်အပြင် ရွေးကောက်ပွဲက ထွက်လာမည့် အမည်ခံ အရပ်သားအစိုးရကိုလည်း တရုတ်တို့၏ အသိအမှတ်ပြုမှု ရရှိဦးမည်ဖြစ်သည်။
ထို့ပြင် လတ်တလော တရုတ်အကူအညီပံ့ပိုးမှုဖြင့် မြန်မာစစ်တပ်ရရှိသည့် အချက်တခုမှာ ၂၀၂၅ ရွေးကောက်ပွဲ ဖြစ်၏။ မြန်မာပြည်သူများ ဆန့်ကျင်ကြသည့် အနှီရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာစစ်တပ်သည် တရုတ်၏ပံ့ပိုးမှု၊ ကူညီမှု၊ အသိအမှတ်ပြုမှုများရမည့်အပြင် ရွေးကောက်ပွဲက ထွက်လာမည့် အမည်ခံ အရပ်သားအစိုးရကိုလည်း တရုတ်တို့၏ အသိအမှတ်ပြုမှု ရရှိဦးမည်ဖြစ်သည်။
နောက်တချက်မှာ အမျိုးသားရင်ကြားစေ့ရေးအမည်ခံ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တရုတ်တို့ကူညီမှု၊ ပံ့ပိုးမှုရရှိမည့်အပြင် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နည်းမျိုးစုံဖြင့် အကျပ်ကိုင်၍ ထိုဆွေးနွေးပွဲအား တက်ခိုင်းဦးမည်ဖြစ်၏။
ထို့ပြင် တရုတ်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံပြီး မြန်မာနိုင်ငံရေးတွင် စစ်တပ်ချုပ်ကိုင်ချယ်လှယ်မှုအား ဆက်လက်ထောက်ခံနေသည်ဖြစ်ရာ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စကမ တို့အတွက်ကမူ အားတခုဖြစ်ပေသည်။
သို့သော်လည်း မြန်မာလူထု ကောင်းစွာသိရှိသည့်အချက်မှာ တရုတ်လုပ်ပစ္စည်းများသည် ကြာရှည်မခံသကဲ့သို့ တရုတ်လုပ် ၂၀၂၅ ရွေးကောက်ပွဲသည်လည်းကောင်း၊ ဆက်စပ်နေသည့် စကမ၏ နိုင်ငံရေး ရည်မှန်းချက်များသည်လည်းကောင်း ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ် ကော်ဇောနီပေါ်က မြန်မာစစ်ရာဇဝတ်ကောင်
မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ
အတုအယောင် ရွေးကောက်ပွဲ အကြံအစည်နှင့် လူတယောက်
စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ
တရုတ်လုပ် ဒရုန်းများ အားကိုးပြီး စစ်အုပ်စု ပြန်ခေါင်းထောင်
ကျောက်မဲ ပြီးတော့ သီပေါ၊ သီပေါ ပြီးတော့ မိုးကုတ်လား














